Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ဗီဇာလွတ်ခရီးသွားလာမှုအစီအစဉ်ကိုစတင်လိုက်တဲ့ ထိုင်းနိုင်ငံမှာ တရုတ်ခရီးသွားတွေကို VIP အဆင့်ကြိုဆို

#internationalnews
#reels
#shorts
👍6🔥1
​​Night in Paradise
=================

Night in paradise ကတော့ 2020 မှာထွက်ရှိထားတဲ့ Crime, Drama အမျိုးအစားရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

အသက်ရှင်ရတာကို စိတ်ကုန်နေတဲ့ လူမိုက်ဂိုဏ်းသား ပတ်တယ်ဂိုဟာဂျယ်ဂျူးကျွန်းကို အကြောင်းတစ်ခုကြောင့်ရောက်ရာက သေနေ့ကိုစောင့်နေတဲ့ကောင်မလေး ဂျယ်ယွန်းနဲ့တွေ့ပြီး နှစ်ယောက်သားဘယ်လိုအဆုံးသတ်မလဲဆိုတာကို အက်ရှင်များများနဲ့ကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။

သွေးထွက်သံယိုတွေများတဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့တော့မသင့်တော်ပါဘူး။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

ပြသမည့်ရက်။ ။ 26.9.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
Media is too big
VIEW IN TELEGRAM
ချေပပြောဆိုမှုတွေက လူမျိုးတုံးသတ်ဖြတ်မှုအတွက် လှုံ့ဆော်မှုတွေဖြစ်နိုင်ကြောင်း ကုလသမဂ္ဂသတိပေး

#internationalnews
#reels
#shorts
👍13🔥1
KNU တပ်မဟာ(၃)တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ
🔥4👍3😁1😢1
KNU တပ်မဟာ(၃)တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ
===================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၍ အမျိုးသမီးတဦးအပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း KNU ဗဟိုက စက်တင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

“ခုလက်ရှိတော့ ငြိမ်နေတယ် အသံမကြားရဘူး။ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်နေတာ တွေလည်း မရှိတော့ဘူး။ အရင်ရက်ကတော့ ပစ်တာရှိတယ်။ ဒဏ်ရာရတာတွေ ရှိတယ်လေ " ဟု မုန်းမြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီခြေမြန်တပ်ရင်း ခလရ (၂၆၄)တပ်မှ ကျေးရွာများရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ ထီးပူလူကျေးရွာမှ နေအိမ် ခုနစ်လုံး၊ လိန်ပင်ဝဲကျေးရွာမှ နေအိမ်တလုံး စုစုပေါင်း နေအိမ် ရှစ်လုံး ထိခိုက်ပျက်စီးမှုရှိသည့် အပြင် နွားနှစ်ကောင်ပါထိခိုက်သွားသည်ဟု KNU ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ တောင်ခင်ကျေးရွာ၊ ရွှေဘိုစုရပ်ကွက်မှ နေအိမ်တ လုံး ထိမှန်ပျက်စီးမှုရှိသည်ဟု ဖော်ပြထားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ၁၂၀ မမ အမျိုးအစား လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျောက် ကြီးမြို့နယ်၊ တောင်ခင်ကျေးရွာ၊ ရွှေဘိုစုရပ်ကွက်မှ အသက်ကိုးနှစ်အရွယ်ရှိ ဟန်ထက်အောင်နှင့် အသက် ၂၆ နှစ်အရွယ်ရှိ တင်ကိုလတ်တို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ထား သည်။

စက်တင်ဘာလ ၂၀ ရက်နေ့က မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၉၉) မှ လက်နက်ကြီးဖြင့် ကျေးရွာများအတွင်း သို့ပစ်ခတ်ရာ တခေါပွာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ အသက် ၃၆ နှစ်အရွယ် စောမူတူး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့သေးသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၉၀) ကလည်း ထီးတိုလိုကျေးရွာအတွင်းသို့ လက်နက်ကြီးငါးလုံးပစ်ခတ်ခဲ့ရာ အသက် ၅၂ နှစ်အရွယ်ရှိ ဒေါ်စန်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ စာရင်းပြုစုချက်အရ KNU တပ်မဟာ (၃) နယ်မြေတွင် စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုတို့ကြောင့် စစ်ဘေးရှောင် ပြည်သူ ၂၀၀,၀၀၀ ကျော်ရှိကြောင်း စက်တင်ဘာလ ၇ ရက်နေ့က KPSN ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောကြားထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#KNU
#လက်နက်ကြီးပစ်ခတ်မှု

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရပြည်သူအချို့ ( ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍4🤬4😁1
This media is not supported in your browser
VIEW IN TELEGRAM
ပေါ်တူဂီလူနေမှုဘဝမှာ နေ့စဉ်ဟင်းလျာတစ်ခုဖြစ်တဲ့ ငါးသေတ္တာငါး

#internationalnews
#reels
#shorts
👍9❤‍🔥1🔥1
​​ယန်ဇီမြစ်အတွင်းသို့ ရှားပါးငါးအကောင်ရေ ၈ သိန်းခွဲအား လွှတ်ပေးခဲ့သည့် တရုတ်နိုင်ငံ
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2❤1
Media is too big
VIEW IN TELEGRAM
အဇာဘိုင်ဂျန်နိုင်ငံရဲ့ သီးခြားနာခီချီဗန်နယ်မြေသို့ တူရကီသမ္မတရောက်ရှိ

#internationalnews
#reels
#shorts
👍4🔥1
ကနီက စစ်ဘေးဒုက္ခသည် ၂ ထောင်ကျော် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ
====================

KMN (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင် ၂၅ဝဝ ကျော် အတွက် ဆန်နဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးသူတွေကပြောပါတယ်။

ယင်းမာပင်မြို့နယ် စည်သူ သစ်ကွင်းက သစ်တွေကို သြဂုတ်လ ၆ ရက်နေ့ ဝန်းကျင်က စတင်ပြီး စစ်ကောင်စီတပ်တွေက ခိုးယူသယ်ဆောင်ကာ အနီးပတ်ဝန်းကျင်ရွာတွေကို ပစ်ခတ်မီးရိူ့ခဲ့ပါတယ်။
ဒါ့ကြောင့် သစ်ကွင်းအနီးနားက ကျောက်မော်၊ ကျွန်းပေါ် ၊ ပန်းတိမ်ပြင်ရွာစတဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ကနီမြို့နယ်ထဲ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ကနီမြို့နယ် ချင်းတွင်း မြစ်ကမ်းဘေး တလျှောက်က ကျေးရွာ ၃၀ နီးပါးက ဒေသခံတွေဟာလည်း စစ်ကောင်စီသင်္ဘောတွေ ဝင်ထွက်သွားလာ ပစ်ခတ်နေတာကြောင့် မကြာခဏ စစ်ဘေးရှောင်နေရတယ်လို့ ကနီမြို့နယ် သပိတ် ဦးဆောင်သူက မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/ImWePx-gyGE?si=BdX6MOTBYEkjUFwS

တင်ဆက်၊တည်းဖြတ် - KMN

#ကနီ
#စစ်ဘေးရှောင်
#အကူညီလို
#Mizzima

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🔥1
​​ရီးယဲလ်မက်ဒရစ်အသင်း လာမယ့်ရာသီကနေစပြီး ဇာဘီအလွန်ဆိုကို နည်းပြအဖြစ် ရွေးချယ်
=======================

By PKThawn
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဇာဘီ အလွန်ဆိုကို ၂၀၂၄-၂၅ ရာသီကစလို့ သူတို့ရဲ့ နည်းပြအဖြစ် ရွေးချယ်ခဲ့ပြီဖြစ်ကြောင်း Radio MARCA မှ ဖော်ပြချက်ကို တခြားစပိန်သတင်းဌာနတွေကလည်း အတည်ပြုပြောခဲ့ပါတယ်။ လက်ရှိနည်းပြ အန်ဆယ်လော့တီဟာ လာမယ့် နွေရာသီမှာ အသင်းမှ ထွက်ခွာဖို့ မျှော်လင့်ရပြီး အလွန်ဆိုဟာ သူ့ရဲ့နေရာကို ဆက်ခံမယ့်သူဖြစ်မယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်းဟာ လေဗာကူဆင်အသင်းနဲ့အတူ ထိပ်တန်းဘောလုံးလောကမှာ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေခဲ့ပြီး သူဟာ ကောင်းမွန်တဲ့ နည်းပြတစ်ဦး ဖြစ်ပုံပေါ် ပါတယ်။ ပြောဆိုစရာတောင်မလိုပါဘူး၊ ဒီအချိန်မှာ သူဟာ ဘာအောင်မြင်မှုမှမရှိသေးဘဲ ဒါဟာ လေဗာကူဆင်နဲ့အတူ ဘယ်ဆုဖလားတွေမဆို ရယူနိုင်ဖို့ဆိုတာ သူ့အတွက် မလွယ်ကူပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ ရီးယဲလ်မက်ဒရစ်ကို နည်းပြဖို့ အလွန်ကောင်းတဲ့ နည်းပြလောင်းအဖြစ် သတ်မှတ်ခံရဖို့ လုံလောက်တဲ့ အလားအလာတွေ ပြသနေပါတယ်။

ဒါပေမယ့် အရာရာဟာ အလွန်ပြောင်းလဲသွားနိုင်ပါတယ်။ အန်ဆယ်လော့တီဟာ ရီးယဲလ်မက်ဒရစ်နဲ့အတူ လက်ရှိရာသီကို အဆုံးထိ မရှိခဲ့ဘူးဆိုပါက ကက်စတီလာနည်းပြနဲ့ ကလပ်ဂန္ထဝင်ကစားသမား ရာအူးလ် ဂွန်ဇာလက်ဇ်ကို အစားထိုးလားမှာလား။ ကလပ်အသင်းဟာ ဒီအခြေအနေမျိုးမှာ အလွန်ဆိုကို ခေါ်ယူသေးအုံးမှာလား ဒါမှမဟုတ် သူတို့ဟာ လာမယ့်ရာသီမှာ ရာအူးလ်ကို ဆက်လက်တာဝန်ယူစေမှာလားဆိုတာပါပဲ။

Photo: EPA

#XabiAlonso #Alonso #RealMadrid #အလွန်ဆို
👍7🔥2❤1😱1
စစ်ကောင်စီထုတ်ကုန်မသုံးစွဲရေး “ဘူး” သပိတ်တွင်ပါဝင်ရန် ဇတ်လမ်းတို ဖြန့်ချိ
====================

ပါခွီး(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်းထား သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာပေါင်းစုံသပိတ်ကော်မတီက စစ်ကောင်စီထုတ်ကုန်များ မသုံးစွဲရေး “ဘူး” သပိတ်တွင်ပါဝင်ကြရန် ရိုက်ကူးထားသည့်ဇာတ်လမ်းတိုတပုဒ်ကို မဇ္စျိမသို့ပေးပို့လာ သည်။
ယင်းဇာတ်လမ်းကို ရွာပေါင်းစုံသပိတ်ကော်မတီနှင့် အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု (GSCB) မှ ပူပေါင်းတင်ဆက်ထားခြင်းဖြစ်ကြောင်း သိရသည်။

၁၂ မိနစ်ကျော်ကြာသော ဇာတ်လမ်းတွင် စစ်တပ်ထုတ်ကုန်သုံးစွဲခြင်းအားဖြင့် စစ်အာဏာရှင်သက်ဆိုး ရှည်စေရန် အထောက်အကူပြုပုံနှင့် ထုတ်ကုန်များ မသုံးစွဲခြင်းဖြင့် တော်လှန်ရေးတွင်ပါဝင်ကြတောင်းဆို ပုံများကို သရုပ်ဆောင်တင်ပြထားခြင်းဖြစ်သည်။
“ဘူး”သပိတ်ဇာလမ်းတိုထုတ်လုပ်မှုတွင် ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ကိုစနေမှတာဝန်ယူခဲ့ပြီး ကျေးရွာပေါင်းစုံသပိတ်ကော်မတီမှ ကိုလွမ်းသူ ၊ ကိုအောင်သူ ၊ ကိုမင်းခိုင်နှင့် ယမာကာလုလင် အဖွဲ့သား များပါဝင်သရုပ်ဆောင်ထား ကြောင်းသိရသည်။

စာတည်း။ ။စောဖေ

https://youtu.be/aw9TYiLhDl4?si=K2xBNcvO_do4ZUyH

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#ဘူးသပိတ်

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12👏2❤1🤮1
​​ထန်တလန်မြို့တိုက်ပွဲအတွင်း CNA တပ်ကြပ်ကြီးကျဆုံး
=====================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)မှ တပ်ကြပ်ကြီးတဦး ကျဆုံးသွားကြောင်း CNA ပြောရေး ဆိုခွင့်ရှိသူထံမှ သိရသည်။

“ကျနော်တို့ဖက်က တပ်ကြပ်ကြီး ကျဆုံးသွားတာမှန်ပါတယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုအတည်ပြုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း CNA တပ်ကြပ်ကြီး ဆလိုင်းလိန်းဟုန်း ကျဆုံးသွား ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး ပစ်ခတ်မှုရှိခဲ့သည့်အပြင် တိုက်လေယာဉ်တစီးဖြင့် ထန်တလန်မြို့ဖက်သို့ ပျံသန်းမှု ရှိခဲ့သည်ဟုဆိုသည်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စက်တင်ဘာလ ၁၈ရက်နေ့ကလည်း ထန်တလန်မြို့ရှိ ချင်းတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် CB ဘဏ်နှင့် ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွါးခဲ့သေးကြောင်း ဆိုသည်။
တနေကုန်နီးပါးဖြစ်ပွါးသည့် အဆိုပါတိုက်ပွဲအတွင်း CNA တပ်ဖွဲ့ဝင်တဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဘက်တွင်လည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ဒေသခံ များ နေရပ်စွန့်ခွာ၍ ရှောင်တိမ်းနေကြရပြီး လက်ရှိတွင် မြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းတပ်ဖွဲ့များသာ နေထိုင်လျက်ရှိပြီး ထိတွေ့တိုက်ပွဲများ ကြာခဏဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#ထန်တလန်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😢14❤2🔥1
​​ဝေးလံသည့်ဒေသများအား ဂြိုဟ်တုအင်တာနက်ဖြည့်ဆည်းပေးဖို့ အေအိုင်နည်းပညာအား အသုံးပြု
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
​​အဏ္ဏဝါသက်ရှိများကို ကာကွယ်ပေးသွားမည့် မောင်းသူမဲ့ ရွက်လွှင့်ဒရုန်းများ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
​​အာကာပြင်အား မြေပုံထုတ်သွားမည့် SPHEREx တယ်လီစကုပ်အား ထုတ်ဖော်ပြသ
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
​​၂၀၂၄ UEFA စူပါဖလားကို အိမ်ရှင်အဖြစ် ဝါဆောမြို့က လက်ခံကျင်းပမည်
=======================

By PKThawn
လာမယ့်နှစ်ရဲ့ UEFA စူပါဖလားပြိုင်ပွဲကို ပိုလန်မြို့တော် ဝါဆောမှာ ကျင်းပမှဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်စွဲတဲ့အသင်းတွေကြား ပွဲစဉ်ကို နောက်နှစ် သြဂုတ်လ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဝါဆောမြို့က အမျိုးသား အားကစားကွင်းမှာ ကစားမယ်လို့ UEFA က ပြောပါတယ်။
မန်ချက်စီးတီးဟာ အေသင်မြို့အပြင်ဘက်က Piraeus ရှိ Karaiskakis အားကစားကွင်းမှာ ဆီဗီလာကို ၁-၁ ဂိုးနဲ့ သရေကျပြီးနောက် ပင်နယ်တီဖြင့် အနိုင်ရကာ ဒီနှစ်ပြိုင်ပွဲမှာ ဖလာဆွတ်ခူးရရှိခဲ့ပါတယ်။

(AFP)
Photo: EPA

#UEFASuperCup #warsaw
👍11🔥1
​​လျှပ်စစ်ယာဉ်များ အားသွင်းမှုကို ထက်ဝက်လျှော့ချပေးနိုင်သည့် ဆိုလာကားများ
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1