Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အကြောင်းမဲ့သတ်ဖြတ်ခံရသည့် NLD ပါတီဝင်အမျိုးသမီး ၁၀ဦးအထိရှိ
========================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အကြောင်းမဲ့သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသမီးစုစုပေါင်း ၁၀ဦးရှိသည်ဟု ယနေ့ပြုလုပ်သည့် ပါတီ ၃၅ နှစ်မြောက် အခမ်းအနားတွင် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့် ဖတ်ကြားသည့် ဖက်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်ထားမှုအခြေအနေနှင့်ပတ်သက်သည့် စာတမ်းအရသိရသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စက်တင်ဘာလ ၁၅ရက်နေ့အထိ အကြောင်းမဲ့သတ်ဖြတ်ခံရသည့် အမျိုးသမီး ၁၀ဦး၊ ဖမ်းဆီးခံရသူ ၁၉၂ ဦး၊ နေအိမ်ချိပ်ပိတ်ခံရသူ ၈၄ ဦးရှိသည်ဟု သိရသည်။

NLDပါတီတွင် အမျိုးသမီးများသည် ဘယ်တောင်ပံတွင်ရှိနေပြီး တော်လှန်ရေး၏ ကဏ္ဍအသီးသီးဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေး၊ ပြည်သူ့ အုပ်ချုပ်ရေး၊ သက်မွေးကြောင်းပညာရပ်များ သင်ကြားပေးခြင်းနှင့် ဆေးကုသခြင်းအပါအဝင် နယ်ပယ်ပေါင်းစုံံတွင် ပါဝင်နေသည်ဟု စာတမ်းမှာ ဖော်ပြသည်။

"အမျိုးသမီးလုပ်ငန်းအဖွဲ့အဆင့်ဆင့်သည် ဖက်ဒရယ်နှင့်ဒီမိုကရေစီ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးအတွက် ယုံကြည်ချက်ခိုင်မာစွာဖြင့် အားသွန်ခွန်စိုက် ပြည်သူနှင့်အတူ ကတိပြုအပ်ပါသည်” ဟု ဒေါ်မေဝင်းမြင့်ကပြောသည်။

စစ်အာဏာသိမ်းပြီးသည့်နောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်များဖမ်းဆီးခံခဲ့ရသည်၊ သတ်ဖြတ်ခံခဲ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်မှတ်ထားဖမ်းဆီးမှုများရှိသည့်အတွက် ပါတီဝင်များလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
NLD ပါတီဝင်တဦး၏ နာရေး

#mizzima
#ဖက်ဒရယ်
#ဒီမိုကရေစီ
#NLD
#အမျိုးသမီး

ဓာတ်ပုံ- မီဇိုရမ်ဝန်ကြီးချုပ်ကိုသွားရောက်တွေ့ဆုံကြသည့်ချင်းလူငယ်အဖွဲ့ (ပုံ- ဆလိုင်းယောမာန်)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10👍3😁2🤬1
စက်တင်ဘာလ( ၂၇ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

-စစ်ကောင်စီကျူးလွန်မှုတွေ ICC လွှဲပြောင်းကိုင်တွယ်ဖို့ ကုလလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး တိုက်တွန်းတဲ့သတင်း

- စစ်ကောင်စီခန့်ဝန်ကြီး ဦးအောင်နိုင်ဦး အစားထိုးပြောင်းရွှေ့ခံရတဲ့ဝန်ကြီးဌာန ၃ ခုအထိရှိလာတဲ့သတင်း

- မြင်းမူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘယ်လိုကျဆုံးခဲ့ရတာလဲ

-ဒီကနေ့ မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့စားအုန်းဆီဈေးတွေ အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/BuAiZ9rwsBA?si=CE9bAV84DfClwwiQ

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2❤1
​​ထိုင်းလယ်သမားများ၏ ကြွေးမြီအား ၃ နှစ် ဆိုင်းငံ့ပေး
======================

CNA
ထိုင်းလယ်သမား သန်းပေါင်းများစွာ၏ အစိုးရဆီ ပေးချေရမည့် စုစုပေါင်း ဘတ်ငွေ ၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၀၈ သန်း) ကို သုံးနှစ်တာ ဆိုင်းငံ့ခြင်းအား လွှတ်တော်က အတည်ပြုလိုက်ပြီဟု ဒုတိယ ဘဏ္ဍာရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောသည်။

အလွတ်နှင့် အတိုးဖြင့် ပြန်လည် ပေးဆပ်ရမည့် ကြွေးမြီနှစ်ရပ်စလုံး ဆိုင်းငံ့မှုသည် အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဂျူလာပန် အမ်မွန်ဗီဗက်က သတင်းထောက်များအား ပြောပြီး အတိုးဖြင့် ပေးဆပ်ရန် ရှိနေသည့် လယ်သမားများအနေဖြင့် နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်နှင့် လယ်ယာစိုက်ပျိုးရေး သမဝါယမအသင်းများထံမှ ဘတ်ငွေ ၁၀၀,၀၀၀ ကို ဆက်လက် ချေးငှားနိုင်မည် ဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ လယ်သမားများ၏ ဝန်ထုပ်ဝန်ပိုးကို ပြေလျော့စေပြီး “ပြန်လည် ထူထူထောင်ထောင်” ဖြစ်လာရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။ ကြွေးမြီဆိုင်းငံ့သည့် စီမံကိန်းတွင် လယ်သမား ၂ ဒသမ ၇ သန်း အကျုံးဝင်မည် ဖြစ်သည်။

ကမ္ဘာ့ ဒုတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် အာရှ၌ အိမ်ထောင်စု ကြွေးမြီ အမြင့်ဆုံး တနိုင်ငံပဲ ဖြစ်သည်။
၂၀၂၁ ခုနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေး အိမ်ထောင်စုအားလုံး၏ ၆၆ ဒသမ ၇ ရာခိုင်နှုန်းသည် ကြွေးမြီမကင်းဘဲ ရှိပြီး အများစုမှာ လယ်ယာစိုက်ပျိုးထွန်ယက်မှုနှင့် သက်ဆိုင်သည်ဟု အစိုးရ အချက်အလက်များအရ သိရသည်။

လယ်သမား မိသားစု အများအပြားသည် ကောက်ပဲသီးနှံများ စိုက်ပျိုးရိတ်သိမ်းရေးအတွက် ချေးငှားလုပ်ဆောင်ကြရရာ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး ပိပြီး ယင်း ကြွေးမြီက မျိုးဆက်နှင့်ချီ တင်ရှိတတ်သည်။

ယခု ကြွေးမြီဆိုင်းငံ့သည့် အစီအစဉ်သည် ပြီးခဲ့သည့် လက တာဝန်ယူလာသည့် လူထုအကျိုးမျှော် အစိုးရသစ်က ပြင်ဆင်စိုင်းပြင်းလာသည့် လုပ်ငန်းစဉ်များမှ တခုပဲ ဖြစ်သည်။ ပို့ကုန်ကျဆင်းခြင်းနှင့် ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှု ကျဆင်းခြင်းများ ဖိစီးကာ နှေးကွေးလေးလံနေသော စီးပွားရေးအား ပြန်လည်နိုးထရန် အစိုးရသစ်က ပြင်ဆင်စိုင်းပြင်းနေသည်။

ယခု ကြွေးမြီဆိုင်းငံ့မှုကြောင့် အစိုးရအနေဖြင့် တနှစ်လျှင် ဘတ်ငွေ ၁၁ ဘီလီယံခန့် (ဒေါ်လာ ၃၀၂ ဒသမ ၈ သန်းခန့်) ကုန်ကျမည်ဟု ဂျူလာပန်က ပြောပြီး အစိုးရအဖွဲ့က အင်္ဂါနေ့၌ ဘတ်ငွေ ၁၂ ဘီလီယံကို အတည်ပြုပေးထားသည်ဟု ထပ်လောင်းပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​မြန်မာတွင် စစ်တပ်က တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေပြီး လူ့အခွင့်အရေးအခြေအနေ ယိုယွင်းဆိုးရွားလာဟု ကုလ ပြော
=====================

Anadolu Agency
မြန်မာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသလို နိုင်ငံ၌ လူ့အခွင့်အရေးအခြေအနေသည် ယိုယွင်းဆိုးရွားနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

“မနေ့ကအထိ ဆိုရင် မြန်မာအာဏာသိမ်းစစ်တပ်နဲ့ သူတို့ရဲ့ အပေါင်းပါတွေရဲ့ လက်ချက်ကြောင့် လူ ၄,၁၀၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်တယ်ဆိုတာကို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်” ဟု ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗောလ်ကာ တာ့ခ်က မြန်မာဆိုင်ရာ အထူးအစည်းအဝေးတခု၌ ပြောကြားပြီး မြန်မာနိုင်ငံ၏ အခြေအနေကို “စိတ်ကူး စဉ်းစားပုံအသစ်” ဖြင့် ကိုင်တွယ်ဖြေရှင်းရေး တိုက်တွန်းအကြံပြုသွားသည်။

“စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူအစုအပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ကျေးရွာတွေကို မီးရှို့မှုတွေ ဆိုတဲ့ စစ်ရေးဗျူဟာ သုံးခုကို သုံးပြီး အရပ်သားပြည်သူတွေအပေါ် အကွက်ကျကျ ပစ်မှတ်ထားကျူးလွန်နေတယ်” ဟု တာ့ခ်က ပြောသည်။
အစည်းအဝေးတွင် မြန်မာ ကိုယ်စားပြု ကိုယ်စားလှယ် ပါဝင်ခြင်း မရှိပေ။

အစားအစာ၊ ဆေးဝါးနှင့် နေအိမ်၊ အသက်ဘဝများကို ပြန်လည်ထူထောင်ရန် လိုအပ်သည့် ပစ္စည်းများ ဆက်လက် ပိတ်ပင်ခံနေရသည့် ရိုဟင်ဂျာများ အပါအဝင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လူများကိုလည်း တာ့ခ်က ကိုးကား ပြောဆိုသည်။

မြန်မာတွင် အရပ်ဖက် ဥပဒေစိုးမိုးရေးက ပျောက်ကွယ်သွားပြီဖြစ်ပြီး စစ်တပ်သည် အုပ်ချုပ်မှုနှင့် တရားစီရင်မှုကို တမင် ရည်ရွယ် ဆုတ်ယုတ်တိုက်စားစေပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည် တသန်းကျော် ရှိနေမှုကို အစပျိုးစေခဲ့ကြောင်း တာ့ခ်က ပြောသည်။
“အခြေအနေက ဆက်ပြီး ကြီးလေးလာတာနဲ့ မြေပြင်မှာ ပြစ်ဒဏ်ခတ်မခံရဘဲ ရှိနေတာတို့ကြောင့် လက်ရှိမြန်မာ့အခြေအနေကို အိုင်စီစီ တရားရုံးထံ လွှဲပြောင်းပေးဖို့ ကုလ လုံခြုံရေးကောင်စီကို မိမိ ထပ်လောင်း တောင်းဆိုပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာတွင် စစ်အုပ်စုလက်အောက် လူပေါင်း ၂၄,၈၃၆ ဦး ဖမ်းဆီးခံခဲ့ရပြီး လူ ၁၉,၂၆၄ ဦးသည် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကာ လူ ၁၅၀ ဦးသည် လွတ်လပ်မှု သို့မဟုတ် တရားမျှတသော တရားရုံးစစ်ဆေးမှုအခွင့်အရေးများကို လိုက်နာခြင်း မရှိသည့် စစ်တပ်ထိန်းချုပ်သော တရားရုံးများ၏ သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းကို ခံထားရကြောင်း ကုလ လူ့အခွင့်အရေးအကြီးအကဲက ခိုင်လုံသည့် သတင်းရင်းမြစ်များကို ကိုးကား ပြောသည်။

“အာဏာသိမ်းစစ်တပ်ရဲ့ မြေပြင်ထိုးစစ်တွေကြောင့် လူ ၁၀ ဦး ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အထောက်အထားမှတ်တမ်းတင်ထားတဲ့ဖြစ်စဉ်ပေါင်း ၂၂ ခု ကို ဖြစ်စေခဲ့တယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်၏ ထိုးစစ်အများအပြားတွင် စစ်ကောင်စီစစ်သားများသည် ကျေးရွာများထဲ ဝင်ပြီး ထွက်မပြေးနိုင်သူများကို ဝိုင်းကာ သတ်ဖြတ်ပစ်ကြောင်းကို သက်သေခံချက်များက ညွှန်ပြသည်။

“သူတို့ဟာ သူတို့လက်တွင်း ဖမ်းမိသူတွေကို အရှင်လတ်လတ် မီးရှို့တာ၊ ခြေလက်အင်္ဂါဖြတ်တောက်တာ၊ အဓမ္မကျင့်တာ၊ ခေါင်းဖြတ်တာ၊ တရစပ် ထုနှက်တာ တို့အပြင် ဖမ်းဆီးခံ ရွာသားတွေကို လူသားဒိုင်းအဖြစ် သုံးတာ အပါအဝင် မစဉ်းစားနိုင်လောက်အောင် ထိခိုက်နာကျင်မှုတို့ကို ဖြစ်စေတဲ့ ဆိုးရွားတဲ့ နည်းလမ်းတွေကို သုံးခဲ့ကြတယ်” ဟု တာ့ခ်က ပြောသည်။

“ဒါတွေဟာ မသတီစရာအကောင်းဆုံး၊ အယုတ်မာဆုံးပုံစံနဲ့ လူမဆန် ရက်စက်မှုဖြစ်တယ်” ကလပ်တိုကရက်တစ် လူတစု၏ အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အလို့ငှာ လူ့အဖွဲ့အစည်းကို ဆုတ်ယုတ်တိုက်စားစေပြီး မြန်မာပြည်သူတို့အပေါ် အကျပ်ကိုင်ကာ မပယ်လှန်နိုင်စေရန် ရည်ရွယ်စီစဉ်ထားသည့် အကြင်နာမဲ့၊ ရက်စက်သော ဖိနှိပ်မှု စနစ်တခု ရှိနေကြောင်း တာ့ခ်က ပြောသည်။

မေလက ဆိုင်ကလုန်း မိုခါကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုတို့ဖြစ်ပြီးနောက်ပိုင်း လူသားချင်းစာနာမှု အကူအညီ ဝင်ခွင့်အပေါ် ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ခြင်းကို ကြည့်မည်ဆိုပါက စစ်တပ်သည် အသက်ကယ် အကူအညီများ အသည်းအသန် လိုအပ်နေသည့် ပြည်သူများ၏ အကျိုးထက် ၎င်းတို့၏ နိုင်ငံရေးအကျိုးတရားကို ပိုမို ဦးစားပေးနေပုံကို ပြသနေကြောင်း တာ့ခ်က ပြောသည်။

UN says rights in Myanmar deteriorate as military expands 'assault'
👍17😁2
သမင်ကောင်ရေတိုးမှုကြောင့် သစ်တောပြုန်းနိုင်| VOA On Mizzima
=====================

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ဒေသခံတွေ လေ့ကျင့်ခန်းလာလုပ်လေ့ရှိတဲ့ Rock Creek ဥယျာဉ်မှာ သမင်ပေါက်ဖွားမှုနှုန်းများနေပါတယ်။ ဒီလို သမင်အကောင်ရေ တိုးလာတာနဲ့အမျှ သစ်ပင်ပေါက်လေးတွေကို စားတာလည်း များလာတာကြောင့် သစ်တောပြုန်းမယ့်အရေးကိုလည်း စိုးရိမ်လာကြပါတယ်။ AFP သတင်းဆောင်းပါးတပုဒ်ကို ကိုအောင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/BYQAjX6xIAY?si=RacMMLBNB5Qaibxw
 
#VOA
#mizzimatv
------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁3
ရေးမြို့ မြဝတီဘဏ် လုံခြုံရေးအစောင့် စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်
======================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြဝတီဘဏ်တွင် လုံခြုံရေးယူ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာလ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။

“ရေးမြို့လယ် ရွှေဆံတော်ဘုရားနဲ့ မီတာ ၁၀၀ အကွာမှာရှိတဲ့ ဘဏ်လုံခြုံရေးအစောင့်တွေကို ဝင်ရောက် ပစ်ခတ်ခဲ့တယ်။ ပြည်သူတွေမထိအောင် အသွားအလာရှင်းတဲ့အချိန်မှာ အကောင်အထည်ဖော်ခဲ့တာ”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုပြုလုပ်ချိန်တွင် ဘဏ်အပြင်ဘက် ကတုတ်ကျင်းတွင် စစ်ကောင်စီတပ်သား သုံးဦးနှင့် ဘဏ်အတွင်းစစ်ကောင်စီတပ်သားနှစ်ဦးခန့်ရှိပြီး တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ငါးဦးထိမှန်ခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။
“တပ်ကြပ်ကြီးတဦးပါမယ်။ နောက်ပြီးတော့ ပျူစစ်သားနှစ်ဦးပါမယ်။ အမှတ်(၁၉)က လက်အောက်ခံတွေ ပဲပေါ့” ဟု ၎င်းကပြောသည်။

တိုက်ခိုက်မှုအပြီးတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
“ဘဏ်ကတံခါးပိတ်ထားတော့ အပြင်မှာရှိနေတဲ့ နှစ်ယောက်ကို ထိသွားတယ်။ တစ်ယောက်ကတော့ ထိထိချင်းမှာဆုံးသွားပြီး နောက်တယောက်ကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်” ဟု ရေးမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရေးမြို့လယ်ရှိ ရွှေဈေးမှ ရွှေဆိုင်များအပါအဝင် ဈေးဆိုင်များ ပိတ်သိမ်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများက မြို့အဝင်အထွက်တွင် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီခန့်ကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆) တပ်ရင်းကို အမည်မသိလက်နက်ကိုင်လေးဦးက လာရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
ရုပ်သံ- ရေးမြို့၊ မြဝတီဘဏ်အား ရေးဘီလူးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်စဉ် (ပေးပို့)

https://youtu.be/8WdOeU4XASE?si=fKaY7J04diuqqkvO

#မွန်ပြည်နယ်
#ရေးမြို့
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကျူးလွန်မှုတွေ ICC လွှဲပြောင်းကိုင်တွယ်ဖို့ ကုလလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး တိုက်တွန်း

#PoliticalNews
#reels
#shorts
#MizzimaTV
👍18❤1😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ် တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ရှိ

#InternationalNews #reels #shorts #China
👍5🔥1
စစ်ကောင်စီကျူးလွန်မှုတွေ ICC လွှဲပြောင်းကိုင်တွယ်ဖို့ ကုလလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး တိုက်တွန်း
=====================

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွားလာနေတာနဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူခြင်း မရှိတာတွေကြောင့် ဒီကိစ္စကို ICC - နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ် ဖြေရှင်းနိုင်ရေး လုံခြုံရေးကောင်စီက အဆိုပြုပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Türk က စက်တင်ဘာလ ၂၆ ရက်နေ့ကထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းတဲ့နေရာမှာ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုတွေ တိုးလုပ်လာနေတာဟာ အဓိကတွေ့ရှိချက်အနေနဲ့ ပါဝင်တဲ့အကြောင်း ပြောသွားပါတယ်။

မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ထိတ်လန့် တုန်လှုပ်ဖွယ် တိုက်ခိုက်မှုတွေ ခံနေရတဲ့အပြင် ၊ လူ့အခွင့်အရေးတွေ ပြောင်ပြောင်းတင်းတင်း ချိုးဖောက်ခံနေရပြီး အသက်ရှင် ရပ်တည်မှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း ပြိုကျ ပျက်ဆီးခြင်းနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောဆိုခဲ့ပါတယ်။

Volker Türk က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ အခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အကြားဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိင်ငံအတွင်းက အခြေအနေတွေကို အစီရင်ခံ တင်ပြတာမှာ အဲဒီကာလအတွင်း မြန်မာစစ်တပ်ဟာ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ကျူးလွန်နေတဲ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ စာနာမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ပေးပို့ခွင့်ပြုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြိမ်ကြိမ် တောင်းဆိုတာကိုလည်း လူမဆန်စွာ မျက်ကွယ်ပြုနေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာနဲ့ ရွာတွေကို မီးရှို့တဲ့ နည်းလမ်းသုံးခုနဲ့ အရပ်သားပြည်သူတွေကို ဖိနှိပ်နေတဲ့အကြောင်း၊ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ စက်တင်ဘာလ ၂၅ ရက်နေ့အထိ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ စစ်သွေးကြွအဖွဲ့တွေရဲ့လက်ချက်နဲ့ လူအနည်းဆုံး ၄၁၀၈ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ မြေပြင် စစ်ဆင်ရေးတွေအတွင်းမှာ လူအနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံးတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၂ ကြိမ် ဖြစ်ပွားခဲ့တဲ့အကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းဒေသမှာ နေအိမ်အဆောက်အဦးပေါင်း ၇၅၀၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အဲဒီဒေသဟာ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ပြောသွားပါတယ်။

စစ်တပ်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က ပြောသွားပါတယ်။

ပစ်မှတ်ထားသတ်ဖြတ်မှုတွေနဲ့ အများပြည်သူနေရာတွေကို ဗုံးခွဲတိုက်ခိုက်တာလိုမျိုး စစ်တပ်ဆန့်ကျင်ရေး အုပ်စုတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း ဆက်ဖြစ်နေပါတယ်။ ဒါပေမဲ့ စစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နှိုင်းယှဉ်လို့ မရလောက်အောင် အတိုင်းအတာက သေးငယ်ပါတယ်လို့ဆိုပါတယ်။

အရေးကြီးတာက စစ်တပ်ကို ဆန့်ကျင်တဲ့အုပ်စုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဥပဒေတွေ၊ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစာလိုက်နာမှု ရှိကြတယ်ဆိုတာလည်း ပြောချင်ပါတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် ပါဝင်သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အခုချိန်ထိ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ကိစ္စကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk တင်ပြတဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

https://youtu.be/4ZAmCRZUOqk?si=FVAnt4siruLBznG6

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19❤2😁1🤮1
ကျောက်ဆည်တွင် စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး
=====================

ကိုခင်မောင် (မဇ္စျိမ) ။ ။ ကျောက်ဆည်မြို့နယ်၊ အနောက်ငယ်တိုးကျေးရွာမှ ဦးဖိုးအောင်(ခ)အောင်မင်းဆိုသူသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ လူထုတော်လှန်ရေးအား ဒုက္ခပေးနေ၍ သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

ဦးဖိုးအောင်ကို ကျောက်ဆည်မြို့နယ်၊ညောင်ဝန်းကျေးရွာအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၂၆ရက် နံနက် ၉နာရီခန့်၌ ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

"နောက်ကျောတချက်နဲ့ ဦးခေါင်းတချက် ထိပြီး နေရာမှာတင် သေဆုံးပါတယ်"ဟုဒေသကာကွယ်ရေး ရဲဘော်တဦးကပြောသည်။

ဦးဖိုးအောင်သည် အသက် ၆၅ နှစ်ခန့် ရှိပြီဖြစ်ပြီး စစ်တပ်သတင်းပေးလုပ်ခြင်း၊ ဒေသခံပြည်သူများ၏ မဟုတ်မမှန်သော သတင်းများအား စစ်ကောင်စီကို ပေးပို့တိုင်ကြားခြင်းများ ပြုလုပ်သဖြင့် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း မလိုက်နာ၍ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ၎င်းကပြောသည်။

ကျောက်ဆည်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကလည်း ဦးဖိုးအောင်သည် စစ်ကောင်စီနှင့်ပေါင်းကာ တော်လှန်ရေးအင်အားစုများအား ဒုက္ခပေးနေသူဖြစ်ပြီး သူနေထိုင်ရာရွာတွင် စစ်တပ်ကို လပေါင်းများစွာ တပ်စွဲ‌နေထိုင်အောင် အကူအညီပေးခဲ့သူဟု ပြောသည်။ဦးဖိုးအောင်၏ တိုင်ကြားချက်ကြောင့် ဒေသကာကွယ်ရေးရဲ‌ဘော်တချို့ ဖမ်းဆီးခံရမှုများရှိခဲ့သည်ဟု ဆိုသည်။

ဦးဖိုးအောင်နှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် အနောက်ငယ်တိုးကျေးရွာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။
ယနေ့ စက်တင်ဘာလ ၂၇ရက်တွင် စစ်ကောင်စီတပ်သားများသည် ကျောက်ဆည်မြို့ အဝင်၊အထွက်ဂိတ်များတွင် စစ်ဆေးမှုများတင်းကြပ်စွာလုပ်ဆောင်နေကြောင်း ဒေသကာကွယ်ရဲဘော်တဦးထံမှ သိရသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်သည် စစ်အစိုးရခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ ‌ဇာတိဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း ကျောက်ဆည်မြို့နယ်၌ စစ်အာဏာရှင်တော်လှန်ရေးလူထုလှုပ်ရှားမှုများ ရှိနေသည်။

https://youtu.be/lDKITbe6S0c?si=FJzdNWqPXnxneYxA

စာတည်း - အေးချမ်း

#mizzima
#ကျောက်ဆည်
#စစ်ကောင်စီသတင်းပေး
#ပစ်ခတ်ခံရ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🔥1👏1🥴1
Media is too big
VIEW IN TELEGRAM
စင်ကာပူမှာ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို ဖောက်ခွဲရှင်းလင်းဖို့ ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ

#InternationalNews #reels #shorts #Singapore
👍8🔥1
This media is not supported in your browser
VIEW IN TELEGRAM
တောင်ကိုရီးယားနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး စစ်ရေးပြချီတက်ပွဲပြုလုပ်

#InternationalNews #reels #shorts #Southkorea
👍11🔥1
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု ကျဆင်း
======================

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကို စစ်ကောင်စီရဲ့ စစ်ရေးနဲ့ အုပ်ချုပ်မှု နှစ်ခုစလုံးမှာ သိသိသာသာ ကျဆင်သွားတယ်လို့ ကရင်ငြိမ်းချမ်ရေးအထောက်အကူပြုကွန်ယက် (KPSN) က စက်တင်ဘာ ၂၆ ရက် အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

“အာဏာဟန်ချက် အပြောင်းအလဲ” လို့အမည်ပေးထားတဲ့ အစီရင်ခံစာမှာ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခု ဇူလိုင်လအထိ ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNU/KNLA နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးထိုးစစ်ကြောင့် စစ်ကောင်စီတပ်စခန်း ၆၂ ခု ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ စခန်းတွေဟာ သထုံခရိုင်မှာ ၁၇ ခု ၊ တောင်ငူမှာ ၆ ခု ၊ ညောင်လေးပင်မှာ ၁၃ ခု ၊ တနင်္သာရီမှာ ၁ ခု ၊ဖာပွန်မှာ ၂၁ ခု ၊ ကြာအင်းဆိပ်ကြီးမှာ ၅ ခုတို့ဖြစ်ပါတယ်။
စစ်ကောင်စီတပ်စခန်းလက်လွတ်ရမှုအများဆုံးဟာ ကရင်ပြည်နယ်အတွင်း ဖာပွန်ဒေသမှာဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ရဲ့စာတမ်းအရသိရပါတယ်။

သံလွင်မြစ်ကမ်းတလျောက်က အဓိကစစ်စခန်းတွေကို စစ်ကောင်စီတပ်က ဆုံးရှုံးထားတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ရဲ့တာဝန်ရှိသူတစ်ဦးကပြောကြားထားပါတယ်။
KNU ရဲ့ ဗျုဟာအရ အောင်မြင်မှုအနေနဲ့ ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်နိမိတ်တွေကို ထိန်းချုပ်မှုပိုရလာတယ်လို့ ဆိုပါတယ်။

ကေအန်ယူနဲ့ တခြားပူးပေါင်းတပ်ဖွဲ့တွေ ပေါင်းပြီး စစ်ကောင်စီစခန်းတွေကို ဆက်တိုက်သိမ်းပိုက်မှုနဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ နေရာမရွေး ပစ်ခတ်တိုက်ခိုက်မှုကြောင့်  စစ်ဘေးရှောင်တွေ တနေ့ထက်တနေ့ ပိုမိုများပြားလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ကူသုံးတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီ ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကို ပြန်မရပေမယ့် KNU နယ်မြေမှာ စစ်ရှောင် အရေအတွက် ၆ သိန်းကျော် ရှိလာစေတယ်လို့ သိရပါတယ်။

၂၀၂၃ ခု ဇူလိုင်လအတွင်း  စစ်ဘေးရှောင်အိုင်ဒီပီ ၁ သိန်းကျော်အထိ တိုးလာကြောင်း ပြောပါတယ်။
ဒီလိုစစ်ဘေးရှောင် ၆ သိန်းကျော်ရဲ့လာမယ့် တနှစ်စာအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၄၃ သန်း လိုအပ်နေကြောင်းလည်း ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် အခြေခံစားသောက်ကုန်အပြင် ဆေးဝါး၊ အဆောက်အအုံ၊ ကျောင်းစတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြည်သူလူထုတွေ လိုအပ်နေတဲ့ အကူအညီတွေကို ကောင်းကောင်းမွန်မွန် ရောက်ရှိအောင် နိုင်ငံတကာအနေနဲ့က ဆက်လက်အထောက်အကူပြုပေးဖို့နဲ့ စကစရဲ့ တရားဝင်မှု မရှိစေဖို့  ကြိုးပမ်းလုပ်ဆောင်ဖို့လည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က တိုက်တွန်းပါတယ်။

https://youtu.be/D7nnPZd_3ls?si=QRwk5hp133tGFmvA

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤15👍6🔥1🥱1
This media is not supported in your browser
VIEW IN TELEGRAM
September - 27 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍7❤1😁1🍌1
​​ရုရှားလူငယ်အသင်းများ UEFA ပြိုင်ပွဲများသို့ ပြန်လည်ယှဉ်ပြိုင်ခွင့်ပြု
======================

By PKThawn
UEFA က ရုရှားလူငယ်အသင်းတွေကို ၎င်းရဲ့ပြိုင်ပွဲတွေမှာ ပြန်လည်ထည့်သွင်းလိုက်ခဲ့ပေမယ့် ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် နိုင်ငံရဲ့ ဆီနီယာအသင်းတွေကို ပိတ်ပင်ထားခဲ့တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ ပြောပါတယ်။

ဆိုက်ပရပ်စ်မှာ ၎င်းရဲ့ အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးမှာ UEFA က “လူကြီးတွေအတွက်သာ တာဝန်ရှိတဲ့ လုပ်ရပ်တွေအတွက် ကလေးတွေကို အပြစ်ပေးအရေးယူခြင်း မပြုသင့်ပါဘူး"လို့ ပြောပါတယ်။

“ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် အရွယ်မရောက်သေးသူ မျိုးဆက်တဆက်ဟာ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားရတာ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။"
အဆိုပါ ဆုံးဖြတ်ချက်ဟာ ရုရှား ယူ-၁၇ အသင်းတွေ ဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီး အားလုံးကို ၎င်းရဲ့ ပြိုင်ပွဲတွေမှာ "အခုရာသီ... မဲခွဲပြီးသွားရင်တောင်" ပြိုင်ပွဲတွေဆီ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

ဒါပမေယ့် ရုရှားအသင်းတွေဟာ ရုရှားပိုင်နက်မှာ ကစားနိုင်မှာမဟုတ်သလို နိုင်ငံအလံ၊ နိုင်ငံတော်သီချင်းနဲ့ နိုင်ငံအားကစားဝတ်စုံကိုလည်း ခွင့်ပြုမှာမဟုတ်ကြောင်း UEFA က ပြောပါတယ်။
၂၀၂၂ ဖေဖေါ်ဝါရီလမှာ ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးနောက် ရုရှားအသင်းအားလုံးကို ၎င်းရဲ့ပြိုင်ပွဲတွေမှ ချက်ချင်း ဆိုင်းငံ့ဖို့ အဖွဲ့ချုပ်က လျင်မြန်စွာ လုပ်ဆောင်ခဲ့ပါတယ်။

"ရုရှားနိုင်ငံရှိ တခြားသော အသင်းတွေ (ကလပ်အသင်းများနဲ့ နိုင်ငံအသင်းများ) အားလုံးကို ဆိုင်းငံ့ထားမှုဟာ ယူကရိန်းပဋိပက္ခပြီးဆုံးသည်အထိ ဆက်လက်အသက်ဝင်နေပါလိမ့်မယ်"လို့ ၎င်းက ပြောပါတယ်။

(AFP)
❤7
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု ကျဆင်း

#PoliticalNews
#reels
#shorts
#MizzimaTV
👍11🔥1🥰1🥱1
စက်တင်ဘာလ( ၂၇ )ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

-အကြောင်းမဲ့သတ်ဖြတ်ခံရတဲ့ NLD ပါတီဝင်အမျိုးသမီး ၁၀ဦးအထိရှိဆိုတဲ့သတင်း

-စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁ ထောင်နီးပါးအထိရှိလာကြောင်း ကုလအစီရင်ခံစာဖော်ပြတဲ့သတင်း

-မူးယစ်ဆေး ဖမ်းဆီးတားမြစ်ရေးမှာ ချင်းအဖွဲ့အစည်းတွေ ပူးပေါင်းကူညီစေလိုကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ပြောတဲ့သတင်း

-တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ရှိတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာြဖစ်ပါတယ်။

https://youtu.be/WAqvrJCUHTk?si=xfWLlws2V5sbB18J

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1🤮1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁ ထောင်နီးပါးအထိရှိလာကြောင်း ကုလအစီရင်ခံစာဖော်ပြ

#PoliticalNews
#reels
#shorts
#MizzimaTV
💩6❤2