အီးယူ၏ ဖိအားပေးမှုရှိနေစဉ် မလေးရှားက တရုတ်သို့ စားအုန်းဆီတင်ပို့မှု တိုးမြှင့်မည်
===========================
AFP
သစ်တောပြုန်းတီးစေမှုများအပေါ် ပစ်မှတ်ထားသည့် ဥရောပသမဂ္ဂ (အီးယူ) ၏ ပိတ်ပင်ကန့်သတ်ချက်အသစ်များ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရစဉ် မလေးရှားသည် တရုတ်သို့ စားအုန်းဆီ တင်ပို့မှုများကို တနှစ်လျင် တန်ချိန် ၅၀၀,၀၀၀ မျှ တိုးမြှင့်သွားမည် ဖြစ်ကြောင်း အကြီးတန်းဝန်ကြီးတဦးက စက်တင်ဘာ ၂၅ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။
အီးယူသည် တောပြုန်းစေခဲ့သည့် မြေပေါ်မှ ကုန်ပစ္စည်းများအပေါ် ပိတ်ပင်သည့် စည်းမျဉ်းသစ်များကို ယခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအပေါ် တိုက်ဖျက်ရေးအတွက် အားထုတ်မှုတို့ လုပ်ဆောင်နေခဲ့သည်။
ကမ္ဘာ့ စားအုန်းဆီ ထွက်ရှိမှု ပမာဏ၏ ၈၅ ရာခိုင်နှုန်းကို အတူတကွ ထုတ်လုပ်နေသည့် မလေးရှားနှင့် အင်ဒိုနီးရှားတွင် မိုးသစ်တောများ ပျက်စီးခြင်းကို စားအုန်းဆီက အကြောင်းဖန်တွန်းအားပေးလျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ဝေဖန်ကြသည်။
သို့သော် စားအုန်းဆီ ထုတ်လုပ်သူ နိုင်ငံများတွင် အီးယူ၏ စည်းမျဉ်းများက အလွန်တရာ အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့ပြီး မလေးရှားနှင့် အင်ဒိုနီးရှားတို့က အီးယူစည်းမျဉ်းများကို ဆန့်ကျင်ကန့်ကွက်လျက် ရှိသည်။
မလေးရှား၏ စိုက်ပျိုးရေးနှင့် ကုန်ပစ္စည်းဆိုင်ရာ ဝန်ကြီး ဖာဒီလာ ယူဆော့ဖ်က ၎င်းတို့နိုင်ငံအနေဖြင့် စားအုန်းဆီ အဓိက တင်သွင်းသူ နိုင်ငံတနိုင်ငံဖြစ်သည့် တရုတ်ထံ စားအုန်းဆီ တင်ပို့မှုများ တိုးမြှင့်ပြီဖြစ်ကြောင်း ပြောသည်။
“မလေးရှားဆီကနေ စားအုန်းဆီနဲ့ ဆီအုန်း အခြေပြု ထုတ်ကုန်တွေကို တရုတ်ရဲ့ တင်သွင်းမှုက ၂၀၂၂ မှာ တန်ချိန် ၃ ဒသမ ၁၄ သန်း ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းသည် ပေကျင်းထံမှ နောက်ထပ် စားအုန်းဆီ တန်ချိန် ၅၀၀,၀၀၀ သွင်းယူမှုနှင့်အတူ ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်စတွင် ကြီးထွားလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုကဲ့သို့ တင်ပို့မှု မြင့်တက်ခြင်းက မလေးရှား အခြေစိုက် စားအုန်းဆီ ထုတ်ကုန် ကုမ္ပဏီ Sime Darby Oils International နှင့် တရုတ်နိုင်ငံပိုင် Guangxi Beibu Gulf International Port Group အကြား သဘောတူညီချက်တခု၏ ရလဒ် ဖြစ်သည်။
ယင်းသည် မလေးရှားအတွက် ဥရောပ၏ အထိန်းအချုပ်များကို သေချာပေါက် ကူညီ တန်ပြန်စေလိမ့်မည်ဟု ၎င်းက ပြောသည်။
“တရုတ် သွင်းကုန်သမားတွေဟာ မလေးရှားဆီက ထုတ်လုပ်တဲ့ တန်ဖိုးထပ်ဖြည့်ထားတဲ့ ဆီအုန်း ထုတ်ကုန်တွေကို ဝယ်ယူနေကြပါတယ်” ဟု ၎င်းက ပြောသည်။
စားအုန်းဆီကို ကိတ်၊ ချောကလက်နှင့် မာဂျရင်း ကဲ့သို့ အစားအစာများအပြင် ကော်စမတ်တစ်၊ ဆပ်ပြာနှင့် ခေါင်းလျှော်ရည်တို့တွင် အသုံးပြုသည်။
တရုတ်သို့ မလေးရှား၏ စားအုန်းဆီ တင်ပို့မှုများက ၂၀၂၃ တွင် မက်ထရစ်တန် ၃ ဒသမ ၂ သန်းအထိ ရောက်ရှိဖွယ် ရှိကြောင်း ယူဆော့ဖ်က ပြောသည်။
သို့သော် မလေးရှားအနေဖြင့် ၎င်းတို့၏ စားအုန်းဆီကို လက်ရှိတွင် အိန္ဒိယပြီးလျှင် ဒုတိယမြောက် အများဆုံး တင်သွင်းသည့် ဥရောပသမဂ္ဂကို ဖယ်ခွာရန် ရည်ရွယ်ချက် မရှိကြောင်း သိရသည်။
အီးယူ၏ စည်းမျဉ်းများက “လွတ်လပ်စွာနှင့် ခွဲခြားဆက်ဆံခြင်းမရှိသည့် ဈေးကွက်ဝင်လမ်း ကို ပိတ်ဆို့စေသည့် ကုန်သွယ်မှု အတားအဆီး” တခု ဖြစ်သည်ဟု ယူဆော့ဖ်က ပြစ်တင်ပြောဆိုသော်လည်း အီးယူ၏ ရပ်တည်ချက်က အချိန်ကြာသည်နှင့်အမျှ ပြောင်းလဲလိမ့်မည်ဟု မလေးရှားအနေဖြင့် မျှော်လင့်ထားသည်ဟု ဆိုသည်။
Malaysia boosts China palm oil exports under EU pressure

👍12🔥1
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁ ထောင်နီးပါးအထိရှိလာကြောင်း ကုလအစီရင်ခံစာဖော်ပြ
==================
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်တစ်ထောင်ခန့် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၈၁ ဦးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၃၀၁ ကြိမ်၊ ၂၀၂၂ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၆၈၇ ကြိမ် စုစုပေါင်း ၉၈၈ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဒါကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အာဏာသိမ်ပြီးတစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့နှိုင်းယှဉ်ရင် သိသိသာသာမြင့်တက်လာတယ်လို့ ထောက်ပြထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအလယ်ပိုင်းဒေသတွေမှာ ၂၁၆ ဦးသေဆုံးခဲ့ပြီး ဒါဟာ သေဆုံးမှုအများဆုံးဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ၂၅၈ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရတယ်လို့လည်းဆိုပါတယ်။
ဒီအစီရင်ခံစာကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၁ ရက်ကနေ အောက်တိုဘာ ၆ ရက်နေ့အထိကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၄) ကြိမ်မြောက် အစည်းအဝေးမှာ OHCHR က တင်ပြထားတာဖြစ်ပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကို စစ်ရေးပစ်မှတ်လိုမျိုး တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၂၀၀ ကျော်ရှိခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီကနေ့အထိ ပျက်စီးခဲ့တဲ့ နေအိမ်ပေါင်း ၁၀၈၀ လုံး၊သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၅၄၁ ဦး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရပ်သားပြည်သူ ၄၃၃ ဦး၊စာသင်ကျောင်း ထိခိုက်ပျက်စီးမှု ၃၉ ကျောင်း၊ဆေးရုံ ၂၂ ရုံနဲ့ ဘာသာရေးအဆောက်အအုံ ၅၄ လုံးအထိရှိတယ်လို့ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်တွေဟာ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်သဘောတူညီခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့ ဘုံသ ဘောတူ ညီချက် ၅ ချက်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အ မှတ် ၂၆၆၉ စတာတွေကို လုံးဝလေးစားလိုက်နာမှုမရှိဘဲ လူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ကျူးလွန်နေတာလို့ NUG က ဆိုပါတယ်။
ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံကို အချိန်နဲ့အမျှ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံး ဖြုတ်ချနိုင်ရေးအတွက် NUG က ပြည်သူနဲ့လက်တွဲပြီး အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမှာဖြစ် ကြောင်း ထပ်လောင်းသံန္နိဋ္ဌာန်ပြုတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့မြန်မာ့နွေဦးတော်လှန်ရေးအတွက် အခုထက် ပိုမိုထိရောက်ပြီး လက်တွေ့ကျတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာအကူအညီတွေ၊ ဝန်းရံအားပေး ကူညီကြဖို့ NUG က တိုက်တွန်းထားပါတယ်။
NUG အနေနဲ့ မိမိစိုးမိုးနယ်မြေတွေမှာ အရပ်ဘက်တရားစီရင်ရေးမဏ္ဍိုင်ကို စနစ်တကျဖော်ဆောင် လည်ပတ်နေတဲ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PDF တပ်မတော်တို့မှာလည်း အဆင့်ဆင့်သော စစ်ဖက်တရားစီရင်ရေးစနစ်ကို ဖော်ဆောင်နေတယ်လို့ အသိပေးပါတယ်။
https://youtu.be/LLrVgjUhUvk?si=ZdBqWM-b-x_FgRns
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁ ထောင်နီးပါးအထိရှိလာကြောင်း ကုလအစီရင်ခံစာဖော်ပြ
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်တစ်ထောင်ခန့် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၈၁ ဦးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။…
👍15❤1
China says it will oppose 'expansion of military alliances' in Asia
======================
https://youtu.be/LxPs5uYzoUo?si=D-Ou2kbzV5_KWPWN

Chinese Foreign Minister Wang Yi warns that Beijing will oppose the "wanton expansion of military alliances", the latest in a string of warnings as the US deepens its security ties in the Asia-Pacific region.
-----------------------------------------
မဇ္ဈိမကို…

❤3😁2
This media is not supported in your browser
VIEW IN TELEGRAM
အငြင်းပွားသန္တာကျောက်တန်းနဲ့ ပတ်သက်ပြီး ပြဿနာမရှာဖို့ ဖိလစ်ပိုင်ကိုတရုတ်သတိပေး
#InternationalNews #reels #shorts #China #Philipine

👍7😁2
အငြင်းပွားရေပိုင်နက်အတွင်းရှိ တရုတ်၏ အတားအဆီးများကို ဖိလစ်ပိုင်က အထူးစစ်ဆင်ရေးဖြင့် ဖယ်ရှား
===========================
တောင်တရုတ်ပင်လယ်ရှိ ငါးဖမ်းကွက်များတွင် တရုတ် တပ်ဆင်ထားသော အတားအဆီးတစ်ခုကို ဖယ်ရှားရန် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖိလစ်ပိုင်က စက်တင်ဘာ ၂၅ ရက် တွင်အကောင်အထည်ဖော် လိုက် ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် နှစ်ပေါင်းများစွာ တည်ရှိနေသော အာရှ၏ အပြင်းထန်ဆုံး ရေပိုင်နက် အငြင်းပွားမှု ကို ပိုမို တင်းမာလာစေသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10🔥1
ရှမ်းမြောက်တွင် အရပ်သားပစ်မှတ်ကို ဖျက်အားပြင်းဗုံးဖြင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဟု TNLA ထုတ်ပြန်
🔥4🤬1
ရှမ်းမြောက်တွင် အရပ်သားပစ်မှတ်ကို ဖျက်အားပြင်းဗုံးဖြင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဟု TNLA ထုတ်ပြန်
======================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားများနေထိုင်ရာကျေးရွာကို ဖျက်အားပြင်းပေါင်၅၀၀ဗုံးအပါအဝင် ဗုံးသုံးလုံးဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကသတင်းထုတ်ပြန်သည်။
TNLA တပ်မဟာ(၅)စစ်ဒေသ၊ကွတ်ခိုင်မြို့နယ် မန်နိမ့်အွန်အုပ်စုရှိငေါ့ငါးကျေးရွာအတွင်း ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဂျက်ဖိုက်တာ နှစ်စီးက တိုက်ခိုက်ခြင်းဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ငေါ့ငါးကျေးရွာအပေါ်ပျံသန်းလာပြီး စက်သေနတ်ဖြင့် ကျေးရွာအတွင်းတရစပ်ပစ်ခတ်ကာ ပြင်းထန်သည့် ဖျက်အားပြင်း ဗုံးသည့် ပေါင်၅၀၀ဗုံးတလုံးအပါအဝင် ရိုးရိုးဗုံး သုံးလုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲချခဲ့သည်ဟု TNLA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငေါ့ငါးကျေးရွာနှင့်အနီးဝန်းကျင်တွင် တိုက်ပွဲတစုံတရာမရှိဘဲ ပြည်သူလူထုကိုဦးတည်ပြီးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ထိုတိုက်ခိုက်မှုကြောင့် ငေါ့ငါးကျေးရွာအနီး ဥယာဉ်ခြံအချို့ပျက်စီးခဲ့ကြောင်းသိရပြီး လူထိခိုက်မှုရှိမရှိကိုဖော်ပြထားခြင်းမရှိပေ။
စက်တင်ဘာလ ၂၅ ရက်နေ့ ညကလည်း မူဆယ်မြို့နယ်ရှိ TNLA၏ လွယ်မောက်တပ်စခန်းအား ပေါင်၅၀၀ဗုံးဖြင့်နှစ်ကြိမ်လာရောက်ဗုံးကြဲမှုကြောင့် တပ်စခန်းအဆောက်အဦအချို့ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ထိုနေရာအနီးတွင် စက်တင်ဘာလ ၂၂ ရက်နေ့က နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း TNLA မှ ရှင်းပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအပြင် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA ကြား တိုက်ပွဲများဖြစ်ပွားနေသည်။မိုးကုတ်မြို့နယ်၊ရေထွက်ကြီးကျေးရွာအနီး ယမန်နေ့နံနက်က တိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့် TNLAကြား စစ်ရေးဆက်လက်တင်းမာနေပြီး ယမန်နေ့က တိုက်ပွဲတွင် ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာမြို့၊ရပ်ကွက် (၄)အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီးကလေးငယ်တဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများ၌ ဘာသာရေးအဆောက်အဦများကို အကာအကွယ်ယူ၍တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။
စ
စ်ကောင်စီနှင့် TNLAကြား ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၆ရက်အထိ မူဆယ်မြို့နယ် စယ်လန့်၊ နမ့်ကတ်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်၊ လွယ်ကျယ်လော့၊ ဟိုပေါ်၊ ဆိုင်ခေါင်နှင့် ကောင်ရာရွာ၊ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာ၊ ကောင်မူရာနှင့် လင်းလုံရွာ၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ဖြူရောင်နှင့် ကုန်းစံရွာတို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း TNLAသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
စာတည်း - အေးချမ်း
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီးမှုများကို TNLA က ထုတ်ပြန်ထားစဉ်
Photo/TNLAသတင်းနှင့်ပြန်ကြားရေးဌာန
#mizzima
#ကွတ်ခိုင်မြို့နယ်
#ပေါင်၅၀၀ဗုံး
#စစ်ကောင်စီလေကြောင်းတိုက်ခိုက်
#TNLA
------------------------

🤬6👎3👍2🔥1
This media is not supported in your browser
VIEW IN TELEGRAM
လျှို့ဝှက်ချက်တွေကို တမလွန်ဘဝဆီ သယ်ဆောင်သွားပြီဖြစ်တဲ့ မာဖီးယားခေါင်းဆောင်
#InternationalNews #reels #shorts #Mizzima

👍8🔥2
ဇူးရစ်မြို့မှ မိုင်ယာမီသို့ အလုပ်အကိုင် ၁၀၀ ကျော်ကို ပြောင်းရွှေ့ဖို့ရှိတဲ့ FIFA
=======================
By PKThawn
FIFA ဟာ ၎င်းရဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်တဲ့အနေနဲ့ ၎င်းရဲ့ တရားရေးဌာနအပါအဝင် ဝန်ထမ်းအလုပ်အကိုင် ၁၀၀ ကျော်ကို ဇူးရစ်မြို့မှ မိုင်ယာမီသို့ နေရာပြောင်းရွှေ့သွားမှာဖြစ်ကြောင်း အဆိုပါအပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ သတင်းရင်းမြစ်တစ်ခုက AFP ကို အင်္ဂါနေ့မှာ ပြောပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ၎င်းရဲ့ အဖွဲ့ဝင်အသင်းအဖွဲ့ကြီးတွေဌာနရဲ့ တစ်စိတ်တစ်ပိုင်းကို ပဲရစ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပံ့ပိုးဆောင်ရွက်ပေးဖို့ မကြာသေးခင်က မိုင်ယာမီမှာ ရုံးတွေဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
မတူညီတဲ့ ဌာနလေးခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ အတည် ရောက်ရှိလာခြင်းနဲ့အတူ အခုအခါမှာ အဆိုပါရုံးတွေဟာ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာမှာဖြစ်ပါတယ်။
ဥပဒေရေးရာနဲ့ လိုက်နာမှုရေးရာ၊ အန္တရာယ်စီမံခန့်ခွဲရေးနဲ့ အကြံပေးဌာနတွေအားလုံးဟာ အဖွဲ့အစည်းရဲ့ တရားစီရင်ရေးအဖွဲ့အစည်းတွေနဲ့အတူ မိုင်ယာမီကို ပြောင်းရွှေ့သွားမှာဖြစ်ကြောင်း အဆိုပါကိစ္စရပ်နဲ့ နီးစပ်သူတစ်ဦးက AFP ကို ပြောခဲ့ပါတယ်။
လာမယ့် ကမ္ဘာ့ဖလားအပြင် မြောက်နဲ့ ဗဟိုအမေရိကနဲ့ ကာရစ်ဘီယံတို့ကို လွှမ်းခြုံကာ တောင်အမေရိကနဲ့ လွယ်ကူသော ဆက်သွယ်မှုရှိတဲ့ ကွန်ကာကတ်ဒေသ (CONCACAF)ရှိ အဖွဲ့ဝင် ၄၁ ဖွဲ့နဲ့ နီးကပ်စွာ တည်ရှိတာကြောင့် မိုင်ယာမီကို မဟာဗျူဟာကျတဲနေရာအဖြစ် ရှုမြင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြင် FIFA ရဲ့ အသင်းရေတိုးချဲ့ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားကိုလည်း ၂၀၂၅ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။
FIFA မှ ဝန်ထမ်းတွေကို အင်္ဂါနေ့မှာ ဖြန့်ဝေထားတဲ့ အီးမေးလ်တစ်စောင်မှာ အဆိုပါ ပြောင်းရွှေ့မှုနဲ့ ပတ်သက်လို့ အကြောင်းကြားခဲ့ပါတယ်။
FIFA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဝန်ထမ်းတွေဟာ မိုင်ယာမီသို့ ပြောင်းရွှေ့နေကြောင်း အတည်ပြုခဲ့ပေမယ့်လည်း ဖလော်ရီဒါသို့ သွားမယ့် ရာထူးနေရာအရေအတွက်ကိုမူ မဖော်ပြထားပါဘူး။
"FIFA ဟာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တခုဖြစ်ပြီး တချို့သော ဌာနတွေကို မိုင်ယာမီရှိ အမြဲတမ်းရုံးအသစ်သို့ ပြောင်းရွှေ့ဖို့ စီစဉ်ထားကြောင်း အကြောင်းကြားထားပြီးဖြစ်ပါတယ်"လို့ ပြောရေးဆိုခွင့်ရှိသူက AFP ကို ပြောကြားခဲ့ပါတယ်။
"ဒါဟာ အဖွဲ့ဝင်အသင်းပေါင်း ၂၁၁ ခုရှိတဲ့ အဖွဲ့အစည်းတခုရဲ့ ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းချက်နဲ့ ကိုက်ညီပါတယ်။ မိုင်ယာမီနဲ့ စင်္ကာပူမှာရှိတဲ့ ကျနော်တို့ရဲ့ ရုံးခွဲအသစ်ဟာ ပါရီရုံးနဲ့ ကမ္ဘာတဝှမ်း ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးရုံးတွေအပြင် FIFA ရုံးချုပ်ဟာ ဇူးရစ်မှာ ဆက်လက်တည်ရှိနေပါတယ်"လို့ ပြောရေးဆိုခွင့်ရှိသူက ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။
ဇူးရစ်အထက်တောင်ကုန်းတွေမှာရှိတဲ့ FIFA ရဲ့ ဌာနချုပ်ကို 'The Home of FIFA'လို့ လူသိများပြီး ၂၀၀၇ ကတည်းက အဖွဲ့အစည်းရဲ့ အခြေစိုက်ရာနေရာဖြစ်ပါတယ်။
FIFA ကို ၁၉၀၄ မှာ ပဲရစ်မှာ တည်ထောင်ခဲ့ပြီး ၁၉၃၂ မှာ ဇူးရစ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။
(AFP)
#FIFA #miami #zurich

👍7🔥3
အောက်တိုဘာ၌ အမေရိကန်နှင့် ဖိလစ်ပိုင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မည်
======================
ဖိလစ်ပိုင်နှင့် အမေရိကန် ရေတပ်များကြား နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သော ၂၀၂၃ အတွက် “Samasama” စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာအစောပိုင်းတွင် ဖိလစ်ပိုင် အိမ်ရှင်အဖြစ် ပြုလုပ်မည် ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ဖိလစ်ပိုင်နှင့် အမေရိကန် ရေတပ်များကြား နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သော ၂၀၂၃ အတွက် “Samasama” စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာအစောပိုင်းတွင် ဖိလစ်ပိုင် အိမ်ရှင်အဖြစ် ပြုလုပ်မည် ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3❤1
This media is not supported in your browser
VIEW IN TELEGRAM
September - 27 [4 Pm] Mizzima News Hour
Mizzima Headline News
#4pmnews #mizzimanewshour #reels #shorts

👍5🍌1
ကျုံဒိုးတွင် ၂၅ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၈ ဦးသေဆုံး
======================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၆) ဂဠုန်စစ်ေကြာင်း၊ Lion Battalion Commando တပ်ခွဲ (၂) ၊ကျားဖြူစစ်ကြောင်း တပ်ခွဲ (၃) ပူးပေါင်းတပ်ဖွဲ့များအကြား ၂၅ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃၈ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၂၅ ရက်တာအတွင်း ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်တွင် အရာရှိများအပါအဝင် ၃၈ ဦးသေဆုံး၍ ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ကျုံဒိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများ အခြေချရာ ခြေလျင်တပ်ရင်း ခလရ (၂၃၀)၊ (၂၀၈)၊ ခြေမြန်တပ်ရင်း ခမရ (၅၄၅)၊ (၅၄၆)တို့အပြင် ငါးတိုင်တောင်ပြ၊ ခုနစ်တိုင်လမ်းဆုံ၊ တောင်ကြာအင်းရဲစခန်း၊ မြောက်ကြာအင်းတံတားထိပ် စစ်ကောင်စီကင်းပုန်းတို့အား တပ်မဟာ (၆) KNDO ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှသာမက လေကြောင်းမှပါ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တောင်ကြာအင်း စံပြကျေးရွာအတွင်းသို့ အင်အားဖြည့်ရန် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ကိုလည်း တပ်မဟာ (၆) KNDO ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှသာမက လေကြောင်းမှပါ ဒရုန်းဖြင့်ပါ တိုက်ခိုက်သဖြင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများသည် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားများသည် တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းအတွင်း အထိုင်ချတပ်စွဲထားလျက်ရှိကြောင်း သိရသည်။
"လက်ရှိ စစ်ရေးအခြေအနေကတော့ ဟိုဘက်ဒီဘက် အပြန်အလှန် စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။ ဒေသခံတွေက လက်ရှိ ပုံမှန်သွားလာနေကြပေမယ့် တချို့စျေးဆိုင်တွေတော့မဖွင့်ဘူး" ဟု ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မဟာ (၆) KNDO ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် ဟိုက်ဂျက်ကားတစ်စီးကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ဖော်ပြသည်။
ထို့ပြင် ကျုံဒိုးမြို့နယ်အတွင်း အထိုင်ချ စစ်ကောင်စီတပ်များနှင့် စစ်ကြောင်းထိုး စစ်ကောင်စီတပ်သားများ၏ ကျေးရွာများအတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း တောင်ကြာအင်း စံပြကျေးရွာနှင့် နောင်တလာကျေးရွာမှ ဒေသခံနှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ကျုံဒိုးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေတွင်း တည်ရှိပြီး နယ်မြေခံ တပ်မဟာ (၆) KNLA၊ KNDO ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်သားများသည် မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိကာ ဒေသအတွင်း အထိုင်ချနေသော စစ်ကောင်စီတပ်ရင်းများ၊ ဂိတ်စခန်းများသည်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံရလေ့ရှိသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း- ဂဠုန်စစ်ကြောင်းမှ ရဲဘော်များ ဝေဟင်စစ်ဆင်ရေးပြုလုပ်နေစဉ် (ဓါတ်ပုံ- ဂဠုန်စစ်ကြောင်း (ပုံဟောင်း))
#mizzima
#ကျုံဒိုးမြို့နယ်
#KNU #KNLA

👍8😁4❤1👏1
စက်တင်ဘာလ( ၂၇ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
-NLD ၃၅နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို စိုးရိမ်ကြောင်း အလေးပေးဖော်ပြတဲ့သတင်း
-ရေးမြို့ မြဝတီဘဏ် လုံခြုံရေးအစောင့် စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်း
-မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု ကျဆင်းတဲ့သတင်း
-အမေရိကန်ရဲ့ တိုက်ခိုက်ရေးတင့်ကားတွေ ရောက်ရှိလာပြီးဖြစ်ကြောင်း ယူကရိန်းပြောတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/hnBwF-0LIpc?si=dB4blNfLDCSTKncH
#4pmnews
#Mizzimanewshour
#MizzimaTV

01:00-NLD ၃၅နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို စိုးရိမ်ကြောင်း အလေးပေးဖော်ပြတဲ့သတင်း
02:42-ရေးမြို့ မြဝတီဘဏ် လုံခြုံရေးအစောင့် စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်း
03:46-မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီရဲ့…

👍11
မှတ်ပုံမတင်ထားသည့် ဆင်းကတ်များ မရောင်းရန် စစ်ကောင်စီ သတိပေး|Business Round Up(27.9.2023)
==================
- တရုတ်နိုင်ငံကို ဓာတ်ငွေ့အများဆုံးတင်ပို့နေတဲ့ ထိပ်ဆုံးသုံးနိုင်ငံထဲ မြန်မာပါဝင်
- မှတ်ပုံမတင်ထားသည့် ဆင်းကတ်များ မရောင်းရန် စစ်ကောင်စီ သတိပေး
- အွန်လိုင်းမှ ကုန်ပစ္စည်းရောင်းချ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ မှတ်ပုံတင်ဖို့ စစ်ကောင်စီအမိန့်ထုတ်
- ဒေသတွင်းနိုင်ငံတွေ မြန်မာ့သကြားဝယ်ယူဖို့ ထပ်မံကမ်းလှမ်းလာ
https://youtu.be/a-Of3il4x9o?si=axhzNQDQxoPmwjwS
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

- ဒေသတွင်းနိုင်ငံတွေ…

😁6👍4
This media is not supported in your browser
VIEW IN TELEGRAM
လောင်စာဆီကန်ပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးမှုနဲ့အတူ ထိုးစစ်နောက်ပိုင်း ကရာဘက်ကနေ အစုလိုက်အပြုံလိုက် ထွက်ခွာနေ
#InternationalNews #reels #shorts #Mizzima
#InternationalNews #reels #shorts #Mizzima
👍8🔥1
EU trade chief warns China data laws could have 'unintended consequences'
==================
https://youtu.be/S93BtL4159c?si=RZPqKZtGqWBLcA7r

The EU trade commissioner Valdis Dombrovskis warned Tuesday that Chinese regulations governing the transfer of data out of the country, including a revised anti-espionage law, could have "unintended consequences".
"This may be an issue of systemic concern…

👍5🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ရဲ့ တိုက်ခိုက်ရေးတင့်ကားတွေ ရောက်ရှိလာပြီးဖြစ်ကြောင်း ယူကရိန်းပြော
#InternationalNews #reels #shorts #Ukraine #American #Mizzima

Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍7❤1🤮1
ထားဝယ်တွင် လူမှုကူညီရေးအဖွဲ့ တည်ထောင်သူကို PDF အဖွဲ့ ပြန်လွှတ်၊ သိမ်းယူထားသည့် ဖုန်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် အချက်အလက်များတွေ့ရှိ
=====================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင်အား ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့(DDT)က ယမန်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး ၎င်းထံမှ သိမ်းယူထားသည့် ဖုန်းနှစ်လုံးတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အချက်အလက်များကို တွေ့ရှိရ DDT အဖွဲ့ တာဝန်ရှိသူ ကိုပီတာက ပြောသည်။
ဦးနိုင်မျိုးသွင်အား စက်တင်ဘာလ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ဝန်ကြီး၊ နယ်လုံဝန်ကြီးတို့ စတဲ့ အကြီးပိုင်းတွေနဲ့ပေါင်းပြီး တရားမဝင်ကားလုပ်ငန်းအပါအဝင် တရားမဝင်ငွေမဲလုပ်ငန်းလုပ်ကိုင်ထားတာတွေကိုလည်း ဖုန်းထဲမှာ သက်သေအထောက်အထားတွေနဲ့ တကွစစ်ဆေးတွေ့ရှိရတယ်” ဟု ကိုပီတာက ပြောသည်။
ထို့ပြင် တော်လှန်ရေးအဖွဲ့၊ သပိတ်အဖွဲ့နှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ကောင်စီထံ ပေးပို့ထားသည့် သက်သေများကိုတွေ့ရပြီး လိုင်စင်မဲ့ကားဖမ်းခံရသူများထံက ကားတစီးလျှင် ကျပ်သိန်း ၅၀ ကောက်ခံထားသည့် အချက်အလက်များလည်း တွေ့ရှိရကြောင်း ၎င်းကဆိုသည်။
ဦးနိုင်မျိုးသွင်ထံမှ သိမ်းယူထားသည့် ဖုန်းနှစ်လုံးဖုန်းပါ အချက်အလက်များကို အသေးစိတ် စိစစ်နေဆဲဖြစ်ပြီး စစ်ဆေးမှုပြီးစီးပါကာ ပြန်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့က မြေပြိုမှု ဖြစ်ပွားသည့် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပြီး အရေးပေါ် ကားများဖြင့် ပြန်လာသည့် ဦးနိုင်မျိုးသွင်အား ညင်းမော်ရွာ ဆီအုန်းတော အနီး (ကြယ်တောင်) တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း DDT အဖွဲ့ထံက သိရ သည်။
“ဟုတ်ပါတယ်။ မနေ့ကပဲ ခံဝန်ထိုးပြီး ပြန်လွတ်ပေး လိုက်တာပါ ။ သူကို ကျွန်တော်တို့ အဖွဲ့က တာဝန်ရှိသူတွေ ဖမ်းဆီးထားစဉ် ကာလ အတွင်း နှိက်စက် ရိုက်နက်ခြင်း မရှိဘဲ ကောင်းကောင်း မွန်မွန်ပဲ စစ်ဆေး စရာရှိတာလေးတွေကို စစ်ဆေးပြီး ပြန်လွတ်ပေးလိုက်တာ ဖြစ်တယ်”လို့ DDT အဖွဲ့မှ ရဲဘော် တစ်ဦးက ဆို သည်။
လက်ရှိ ဦးနိုင်မျိုးသွင် ပြန်လည် လွတ်မြောက်လာမှုနှင့် ပတ်သက်ပြီး ဇမ္ဗူသီရိပရဟိတအဖွဲ့ထံ ဆက်သွယ် မေးမြန်းခဲ့ရာ ပြန်လည် လွတ်မြောက်လာသည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုထားပြီး သက်ဆိုင်ရာ စစ်ကောင်စီ တပ်ဖွဲ့က လာရောက် ခေါ်ယူ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု ယင်း အဖွဲ့ထံက သိရ သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း-ဖမ်းဆီးခံခဲ့ရသည့် လူမှူကူညီရေးအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင်(ဓာတ်ပုံ- ပေးပို့)
#Mizzima
#ထားဝယ်မြို့
#စစ်ကောင်စီနှင့်ပူးပေါင်း

👍22😁2