Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
လျှို့ဝှက်ချက်တွေကို တမလွန်ဘဝဆီ သယ်ဆောင်သွားပြီဖြစ်တဲ့ မာဖီးယားခေါင်းဆောင်


#InternationalNews #reels #shorts #Mizzima
👍8🔥2
​​ဇူးရစ်မြို့မှ မိုင်ယာမီသို့ အလုပ်အကိုင် ၁၀၀ ကျော်ကို ပြောင်းရွှေ့ဖို့ရှိတဲ့ FIFA
=======================

By PKThawn
FIFA ဟာ ၎င်းရဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်တဲ့အနေနဲ့ ၎င်းရဲ့ တရားရေးဌာနအပါအဝင် ဝန်ထမ်းအလုပ်အကိုင် ၁၀၀ ကျော်ကို ဇူးရစ်မြို့မှ မိုင်ယာမီသို့ နေရာပြောင်းရွှေ့သွားမှာဖြစ်ကြောင်း အဆိုပါအပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ သတင်းရင်းမြစ်တစ်ခုက AFP ကို အင်္ဂါနေ့မှာ ပြောပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ၎င်းရဲ့ အဖွဲ့ဝင်အသင်းအဖွဲ့ကြီးတွေဌာနရဲ့ တစ်စိတ်တစ်ပိုင်းကို ပဲရစ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပံ့ပိုးဆောင်ရွက်ပေးဖို့ မကြာသေးခင်က မိုင်ယာမီမှာ ရုံးတွေဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မတူညီတဲ့ ဌာနလေးခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ အတည် ရောက်ရှိလာခြင်းနဲ့အတူ အခုအခါမှာ အဆိုပါရုံးတွေဟာ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာမှာဖြစ်ပါတယ်။
ဥပဒေရေးရာနဲ့ လိုက်နာမှုရေးရာ၊ အန္တရာယ်စီမံခန့်ခွဲရေးနဲ့ အကြံပေးဌာနတွေအားလုံးဟာ အဖွဲ့အစည်းရဲ့ တရားစီရင်ရေးအဖွဲ့အစည်းတွေနဲ့အတူ မိုင်ယာမီကို ပြောင်းရွှေ့သွားမှာဖြစ်ကြောင်း အဆိုပါကိစ္စရပ်နဲ့ နီးစပ်သူတစ်ဦးက AFP ကို ပြောခဲ့ပါတယ်။

လာမယ့် ကမ္ဘာ့ဖလားအပြင် မြောက်နဲ့ ဗဟိုအမေရိကနဲ့ ကာရစ်ဘီယံတို့ကို လွှမ်းခြုံကာ တောင်အမေရိကနဲ့ လွယ်ကူသော ဆက်သွယ်မှုရှိတဲ့ ကွန်ကာကတ်ဒေသ (CONCACAF)ရှိ အဖွဲ့ဝင် ၄၁ ဖွဲ့နဲ့ နီးကပ်စွာ တည်ရှိတာကြောင့် မိုင်ယာမီကို မဟာဗျူဟာကျတဲနေရာအဖြစ် ရှုမြင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြင် FIFA ရဲ့ အသင်းရေတိုးချဲ့ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားကိုလည်း ၂၀၂၅ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

FIFA မှ ဝန်ထမ်းတွေကို အင်္ဂါနေ့မှာ ဖြန့်ဝေထားတဲ့ အီးမေးလ်တစ်စောင်မှာ အဆိုပါ ပြောင်းရွှေ့မှုနဲ့ ပတ်သက်လို့ အကြောင်းကြားခဲ့ပါတယ်။

FIFA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဝန်ထမ်းတွေဟာ မိုင်ယာမီသို့ ပြောင်းရွှေ့နေကြောင်း အတည်ပြုခဲ့ပေမယ့်လည်း ဖလော်ရီဒါသို့ သွားမယ့် ရာထူးနေရာအရေအတွက်ကိုမူ မဖော်ပြထားပါဘူး။
"FIFA ဟာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တခုဖြစ်ပြီး တချို့သော ဌာနတွေကို မိုင်ယာမီရှိ အမြဲတမ်းရုံးအသစ်သို့ ပြောင်းရွှေ့ဖို့ စီစဉ်ထားကြောင်း အကြောင်းကြားထားပြီးဖြစ်ပါတယ်"လို့ ပြောရေးဆိုခွင့်ရှိသူက AFP ကို ပြောကြားခဲ့ပါတယ်။

"ဒါဟာ အဖွဲ့ဝင်အသင်းပေါင်း ၂၁၁ ခုရှိတဲ့ အဖွဲ့အစည်းတခုရဲ့ ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းချက်နဲ့ ကိုက်ညီပါတယ်။ မိုင်ယာမီနဲ့ စင်္ကာပူမှာရှိတဲ့ ကျနော်တို့ရဲ့ ရုံးခွဲအသစ်ဟာ ပါရီရုံးနဲ့ ကမ္ဘာတဝှမ်း ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးရုံးတွေအပြင် FIFA ရုံးချုပ်ဟာ ဇူးရစ်မှာ ဆက်လက်တည်ရှိနေပါတယ်"လို့ ပြောရေးဆိုခွင့်ရှိသူက ဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။

ဇူးရစ်အထက်တောင်ကုန်းတွေမှာရှိတဲ့ FIFA ရဲ့ ဌာနချုပ်ကို 'The Home of FIFA'လို့ လူသိများပြီး ၂၀၀၇ ကတည်းက အဖွဲ့အစည်းရဲ့ အခြေစိုက်ရာနေရာဖြစ်ပါတယ်။

FIFA ကို ၁၉၀၄ မှာ ပဲရစ်မှာ တည်ထောင်ခဲ့ပြီး ၁၉၃၂ မှာ ဇူးရစ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

(AFP)

#FIFA #miami #zurich
👍7🔥3
​​အောက်တိုဘာ၌ အမေရိကန်နှင့် ဖိလစ်ပိုင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မည် 
======================

ဖိလစ်ပိုင်နှင့် အမေရိကန် ရေတပ်များကြား နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သော ၂၀၂၃ အတွက် “Samasama” စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာအစောပိုင်းတွင် ဖိလစ်ပိုင် အိမ်ရှင်အဖြစ် ပြုလုပ်မည် ဖြစ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3❤1
This media is not supported in your browser
VIEW IN TELEGRAM
September - 27 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍5🍌1
​​ကျုံဒိုးတွင် ၂၅ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၈ ဦးသေဆုံး
======================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၆) ဂဠုန်စစ်ေကြာင်း၊ Lion Battalion Commando တပ်ခွဲ (၂) ၊ကျားဖြူစစ်ကြောင်း တပ်ခွဲ (၃) ပူးပေါင်းတပ်ဖွဲ့များ​အကြား ၂၅ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃၈ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၂၅ ရက်တာအတွင်း ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်တွင် အရာရှိများအပါအဝင် ၃၈ ဦးသေဆုံး၍ ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ကျုံဒိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများ အခြေချရာ ခြေလျင်တပ်ရင်း ခလရ (၂၃၀)၊ (၂၀၈)၊ ခြေမြန်တပ်ရင်း ခမရ (၅၄၅)၊ (၅၄၆)တို့အပြင် ငါးတိုင်တောင်ပြ၊ ခုနစ်တိုင်လမ်းဆုံ၊ တောင်ကြာအင်းရဲစခန်း၊ မြောက်ကြာအင်းတံတားထိပ် စစ်ကောင်စီကင်းပုန်းတို့အား တပ်မဟာ (၆) KNDO ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှသာမက လေကြောင်းမှပါ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တောင်ကြာအင်း စံပြကျေးရွာအတွင်းသို့ အင်အားဖြည့်ရန် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ကိုလည်း တပ်မဟာ (၆) KNDO ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှသာမက လေကြောင်းမှပါ ဒရုန်းဖြင့်ပါ တိုက်ခိုက်သဖြင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများသည် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားများသည် တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းအတွင်း အထိုင်ချတပ်စွဲထားလျက်ရှိကြောင်း သိရသည်။

"လက်ရှိ စစ်ရေးအခြေအနေကတော့ ဟိုဘက်ဒီဘက် အပြန်အလှန် စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။ ဒေသခံတွေက လက်ရှိ ပုံမှန်သွားလာနေကြပေမယ့် တချို့စျေးဆိုင်တွေတော့မဖွင့်ဘူး" ဟု ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မဟာ (၆) KNDO ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် ဟိုက်ဂျက်ကားတစ်စီးကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ဖော်ပြသည်။
ထို့ပြင် ကျုံဒိုးမြို့နယ်အတွင်း အထိုင်ချ စစ်ကောင်စီတပ်များနှင့် စစ်ကြောင်းထိုး စစ်ကောင်စီတပ်သားများ​၏ ကျေးရွာများအတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း တောင်ကြာအင်း စံပြကျေးရွာနှင့် နောင်တလာကျေးရွာမှ ဒေသခံနှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ကျုံဒိုးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေတွင်း တည်ရှိပြီး နယ်မြေခံ တပ်မဟာ (၆) KNLA၊ KNDO ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ​နှင့် စစ်ကောင်စီတပ်သားများသည် မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိကာ ဒေသအတွင်း အထိုင်ချနေသော စစ်ကောင်စီတပ်ရင်းများ၊ ဂိတ်စခန်းများသည်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ​၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံရလေ့ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း- ဂဠုန်စစ်ကြောင်းမှ ရဲဘော်များ ဝေဟင်စစ်ဆင်ရေးပြုလုပ်နေစဉ် (ဓါတ်ပုံ- ဂဠုန်စစ်ကြောင်း (ပုံဟောင်း))

#mizzima
#ကျုံဒိုးမြို့နယ်
#KNU #KNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁4❤1👏1
စက်တင်ဘာလ( ၂၇ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

-NLD ၃၅နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို စိုးရိမ်ကြောင်း အလေးပေးဖော်ပြတဲ့သတင်း

-ရေးမြို့ မြဝတီဘဏ် လုံခြုံရေးအစောင့် စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်း

-မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှု ကျဆင်းတဲ့သတင်း

-အမေရိကန်ရဲ့ တိုက်ခိုက်ရေးတင့်ကားတွေ ရောက်ရှိလာပြီးဖြစ်ကြောင်း ယူကရိန်းပြောတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/hnBwF-0LIpc?si=dB4blNfLDCSTKncH

#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11
မှတ်ပုံမတင်ထားသည့် ဆင်းကတ်များ မရောင်းရန် စစ်ကောင်စီ သတိပေး|Business Round Up(27.9.2023)
==================

- တရုတ်နိုင်ငံကို ဓာတ်ငွေ့အများဆုံးတင်ပို့နေတဲ့ ထိပ်ဆုံးသုံးနိုင်ငံထဲ မြန်မာပါဝင်

- မှတ်ပုံမတင်ထားသည့် ဆင်းကတ်များ မရောင်းရန် စစ်ကောင်စီ သတိပေး

- အွန်လိုင်းမှ ကုန်ပစ္စည်းရောင်းချ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ မှတ်ပုံတင်ဖို့ စစ်ကောင်စီအမိန့်ထုတ်

- ဒေသတွင်းနိုင်ငံတွေ မြန်မာ့သကြားဝယ်ယူဖို့ ထပ်မံကမ်းလှမ်းလာ

https://youtu.be/a-Of3il4x9o?si=axhzNQDQxoPmwjwS
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁6👍4
This media is not supported in your browser
VIEW IN TELEGRAM
လောင်စာဆီကန်ပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးမှုနဲ့အတူ ထိုးစစ်နောက်ပိုင်း ကရာဘက်ကနေ အစုလိုက်အပြုံလိုက် ထွက်ခွာနေ

#InternationalNews #reels #shorts #Mizzima
👍8🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ရဲ့ တိုက်ခိုက်ရေးတင့်ကားတွေ ရောက်ရှိလာပြီးဖြစ်ကြောင်း ယူကရိန်းပြော

#InternationalNews #reels #shorts #Ukraine #American #Mizzima
👍12🔥1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍7❤1🤮1
​​ထားဝယ်တွင် လူမှုကူညီရေးအဖွဲ့ တည်ထောင်သူကို PDF အဖွဲ့ ပြန်လွှတ်၊ သိမ်းယူထားသည့် ဖုန်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် အချက်အလက်များတွေ့ရှိ
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင်အား ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့(DDT)က ယမန်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး ၎င်းထံမှ သိမ်းယူထားသည့် ဖုန်းနှစ်လုံးတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အချက်အလက်များကို တွေ့ရှိရ DDT အဖွဲ့ တာဝန်ရှိသူ ကိုပီတာက ပြောသည်။

ဦးနိုင်မျိုးသွင်အား စက်တင်ဘာလ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ဝန်ကြီး၊ နယ်လုံဝန်ကြီးတို့ စတဲ့ အကြီးပိုင်းတွေနဲ့ပေါင်းပြီး တရားမဝင်ကားလုပ်ငန်းအပါအဝင် တရားမဝင်ငွေမဲလုပ်ငန်းလုပ်ကိုင်ထားတာတွေကိုလည်း ဖုန်းထဲမှာ သက်သေအထောက်အထားတွေနဲ့ တကွစစ်ဆေးတွေ့ရှိရတယ်” ဟု ကိုပီတာက ပြောသည်။

ထို့ပြင် တော်လှန်ရေးအဖွဲ့၊ သပိတ်အဖွဲ့နှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ကောင်စီထံ ပေးပို့ထားသည့် သက်သေများကိုတွေ့ရပြီး လိုင်စင်မဲ့ကားဖမ်းခံရသူများထံက ကားတစီးလျှင် ကျပ်သိန်း ၅၀ ကောက်ခံထားသည့် အချက်အလက်များလည်း တွေ့ရှိရကြောင်း ၎င်းကဆိုသည်။

ဦးနိုင်မျိုးသွင်ထံမှ သိမ်းယူထားသည့် ဖုန်းနှစ်လုံးဖုန်းပါ အချက်အလက်များကို အသေးစိတ် စိစစ်နေဆဲဖြစ်ပြီး စစ်ဆေးမှုပြီးစီးပါကာ ပြန်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က မြေပြိုမှု ဖြစ်ပွားသည့် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပြီး အရေးပေါ် ကားများဖြင့် ပြန်လာသည့် ဦးနိုင်မျိုးသွင်အား ညင်းမော်ရွာ ဆီအုန်းတော အနီး (ကြယ်တောင်) တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း DDT အဖွဲ့ထံက သိရ သည်။

“ဟုတ်ပါတယ်။ မနေ့ကပဲ ခံဝန်ထိုးပြီး ပြန်လွတ်ပေး လိုက်တာပါ ။ သူကို ကျွန်တော်တို့ အဖွဲ့က တာဝန်ရှိသူတွေ ဖမ်းဆီးထားစဉ် ကာလ အတွင်း နှိက်စက် ရိုက်နက်ခြင်း မရှိဘဲ ကောင်းကောင်း မွန်မွန်ပဲ စစ်ဆေး စရာရှိတာလေးတွေကို စစ်ဆေးပြီး ပြန်လွတ်ပေးလိုက်တာ ဖြစ်တယ်”လို့ DDT အဖွဲ့မှ ရဲဘော် တစ်ဦးက ဆို သည်။

လက်ရှိ ဦးနိုင်မျိုးသွင် ပြန်လည် လွတ်မြောက်လာမှုနှင့် ပတ်သက်ပြီး ဇမ္ဗူသီရိပရဟိတအဖွဲ့ထံ ဆက်သွယ် မေးမြန်းခဲ့ရာ ပြန်လည် လွတ်မြောက်လာသည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုထားပြီး သက်ဆိုင်ရာ စစ်ကောင်စီ တပ်ဖွဲ့က လာရောက် ခေါ်ယူ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု ယင်း အဖွဲ့ထံက သိရ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း-ဖမ်းဆီးခံခဲ့ရသည့် လူမှူကူညီရေးအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင်(ဓာတ်ပုံ- ပေးပို့)

#Mizzima
#ထားဝယ်မြို့
#စစ်ကောင်စီနှင့်ပူးပေါင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁2
စစ်ကောင်စီကျင်းပမည့် အင်းလေးဖောင်တောင်ဦးဘုရားပွဲ မပူးပေါင်း မပါဝင်ခြင်းဖြင့် တော်လှန်ကြရန် JMC Innlay အဖွဲ့ တိုက်တွန်း
👍19😁3
စစ်ကောင်စီကျင်းပမည့် အင်းလေးဖောင်တောင်ဦးဘုရားပွဲ မပူးပေါင်း မပါဝင်ခြင်းဖြင့် တော်လှန်ကြရန် JMC Innlay အဖွဲ့ တိုက်တွန်း
===================

ရောင်နီ
(မဇ္စျိမ)။ ။ကိုဗစ်ကပ်ရောဂါကာလနှင့် စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကြာရပ်ဆိုင်းခဲ့ရသည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲ စစ်ကောင်စီက ပြန်လည်ကျင်းပမည့်အပေါ် ပြည်သူများအနေဖြင့် မပူးပေါင်း မပါ ၀င်ခြင်းဖြင့် တော်လှန်ကြရန် Justice Movement for Community-Innlay က တိုက်တွန်းသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီ ကြွချီပူဇော်ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်မှ နို၀င်ဘာလ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများက ဇူလိုင်လတွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ အင်းလေးဘုရားပွဲကို အမှီပြုပြီး အကြမ်းဖက်စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်မယ်။ နိုင်ငံရေး အမြတ်ထုတ်မယ်။ ဒီအခြေအနေအပေါ်မှာ လူထုက ပါးပါးနပ်နပ်ရှောင်ကြဖို့ လိုအပ်ပါတယ်” ဟု JMC-Innlay အဖွဲ့မှ ဒေါ်ယုလှိုင်သင်းက မဇ္စျိမကို ပြောသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲသည် ကမ္ဘာတွင်ထင်ရှားကျော်ကြားသည့် မြန်မာ့ရိုးရာပွဲလမ်းသဘင်ဖြစ် သည့်အတွက် စစ်ကောင်စီက ဘုရားပွဲကျင်းပကာ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြိုးစားနေခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

“အခုအချိန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့ လူငယ်တွေက တောထဲမှာ။ တချို့က ဖမ်းဆီးခံ ထားရတယ်၊ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း ရှိတယ်။ နောက်ပြီး ဒေသတွင်းမှာလည်း စားဝတ်နေ ရေးကျပ်တည်းတာတွေရှိနေတဲ့အချိန် ရိုးရာပျက်မှာစိုးလို့ ဘုရားပွဲလုပ်တယ်ဆိုတာမျိုးက မဖြစ်သင့်ပါ ဘူး” ဟု လည်းပြောသည်။

ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံသည့်သဘော မသက်ရောက်စေရန်အတွက် ဘုရားပွဲတွင် မပူးပေါင်း မပါ၀င်ခြင်းဖြင့် တော်လှန်ဆန့်ကျင်ကြရန် အင်းလေးဒေသခံများနှင့် ပြည်သူများ ကို JMC-Innlay အဖွဲ့က တိုက်တွန်းသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် တာ၀န်ထမ်းဆောင်နေသည့် အင်းသားလူမျိုး ရဲဘော်ကိုဗင်းက “သံဃာတော်တွေအပါအဝင် အင်းသူအင်းသားတွေအနေနဲ့ ဘုရားပွဲဖြစ်မြောက်ရေးအတွက် လုပ်ကြမယ့် အစား ကျွန်တော်တို့အထွတ်အမြတ်ထားတဲ့ ဖောင်တော်ဦးဘုရားကိုအုပ်ထားတဲ့ ဖန်အုပ်ဆောင်းကြီးကို ဖယ်ဖို့ပဲ ကြိုးစားစေချင်တယ်။ အဓိကနဲ့သာမညကို သိစေချင်တယ်။

ဘုရားပွဲလုပ်ခြင်းကြောင့် နောက် ဆက်တွဲကိစ္စရပ်တွေမှာ တော်လှန်ရေးအပေါ် အာရုံစိုက်မှုနည်းလာတာတွေ၊ ထောက်ပံ့ကူညီမှု လျော့ နည်းလာတာတွေဖြစ်မှာ စိုးရိမ်ပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့များကလည်း အင်းလေးကန်ဝဲယာ ၂၁ ဌာနကို ၁၈ ရက်ကြာ ဒေသစာရီလှည့်လှည်အပူဇော်ခံမည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားပွဲအား စည်ကားစွာကျင်းပနိုင်ရန် တရွာလျှင် ဘုရားဆွဲလှေတစီး မဖြစ်မနေလိုက်ပါခိုင်းခြင်းအပြင် ဘုရားပွဲကို ဒေသခံများအားလုံး ပူးပေါင်းပါ၀င်ကြရန် ဖိအားပေးညွှန်ကြားမှုများရှိနေကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်တွင် ပြန်လည်ကျင်းပမည့် ဖောင်တော်ဘုရားပွဲလုံခြုံရေးကို ပအိုဝ်းတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့(PNA/PNO)ကတာ၀န်ယူဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ လုံခြုံရေးဆောင်ရွက်နိုင်ရန် ငွေ ကြေးကောက်ခံမှုပြုလုပ်နေသည့်အပေါ် ဒေသခံများအကြား ဝေဖန်မှု ရှိနေသည်။

“ အစကတော့ ရိုးရာဘုရားပွဲဆိုတော့ ဖြစ်မယ်ဆိုရင် ဒေသခံတွေက ပွဲလုပ်စေချင်ကြတယ်။ ဒါပေမယ့် အခုက ဘုရားပွဲလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ဘုရားပွဲလုံခြုံရေးကို PNO အဖွဲ့က တာ၀န် ယူမယ်ဆိုတာ ဖြစ်လာတယ်။ အဲဒီတော့ ဘုရားပွဲလုံခြုံရေးအတွက် PNO အဖွဲ့ကို အိမ်ထောင်စုတစု ကျပ် ၁၀,၀၀၀ ပေးရမယ်။ အရင်က ဘုရားပွဲဆို ညောင်ရွှေရဲစခန်းနဲ့ နန်းပန်ရဲစခန်းက ရဲတွေက လုံခြုံရေးလုပ် ပေးတယ်၊ သူတို့ကို ဘာမှပေးစရာမလိုဘူး။ အခုက စစ်ကောင်စီက အတင်းအကျပ် ဖိအားပေးလုပ်ခိုင်းလို့ လုပ်ရတဲ့ပွဲမှာ PNO ကို ပိုက်ဆံပေးရမယ့်အပေါ် အင်းသားတွေကမကြိုက်ကြဘူး” ဟု အင်းလေးဒေသခံ တဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသသို့ ပြည်ပခရီးသွားလာရောက်မှု မရှိ သလောက်နည်းပါးခဲ့ပြီး ပြည်တွင်းခရီးသွားများလည်း အနည်းငယ်သာ လာရောက်တော့သည့်အတွက် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

သို့သော် ယခုအခါ အင်းလေးဖောင်တော်ဦးဘုရားပွဲ ပြန်လည်ကျင်းပမည်ဖြစ်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့်စက်လှေသမားများက စားဝတ်နေရေးအခက်အခဲ ပြေလည်လာနိုင်မည်ဟု မျှော် လင့်နေကြသော်လည်း နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုသင့်ကြောင်း ညောင်ရွှေဒေသခံတဦး က ပြောသည်။
👍27😁2
​​ဘင်္ဂလားဒေ့ရှ်တွင် အဆိုးရွားဆုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအတွင်း သေဆုံးသူ ၁,၀၀၀ နီးပါး ရှိနေ
=====================

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြုံစဖူး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအတွင်း လူ ၂၀၀,၀၀၀ နီးပါး ကူးစက်ဖြစ်ပွားပြီး ထိုရောဂါကြောင့် သေဆုံးသူ ၁,၀၀၀ နီးပါးအထိ ရှိလာသည်။ လက်ရှိတွင် အာဏာပိုင်များသည် နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် သေဆုံးသူဦးရေ မြင့်တက်မှုကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးပမ်းနေရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6🔥2
​​လူမှုမီဒီယာပေါ်မှ ကုန်ပစ္စည်းအရောင်းအဝယ်ကို အင်ဒိုနီးရှား တားမြစ်
=======================

အင်ဒိုနီးရှားနိုင်ငံသည် လူမှုမီဒီယာပေါ်မှ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှု e-commerce transactions (ကုန်ပစ္စည်းအရောင်းအဝယ်) ကို တားမြစ်လိုက်ပြီ ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးက စည်းမျဉ်းသစ်ကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံး နိုင်ငံအတွင်း မြေပြင် ကုန်သည်များနှင့် ဈေးကွက်များကို ကာကွယ်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အစိုးရက ပြောပြီး လူမှုမီဒီယာ ပလက်ဖောင်းများပေါ်မှ အမြတ်ကြီးစား ဈေးဖြတ်ခြင်းများက အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ခြိမ်းခြောက်လျက် ရှိသည်ဟု ထပ်လောင်းဆိုသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1