Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခိုးဆိုးလုနှိုက် ဓားပြတိုက်နေတဲ့ စစ်ကောင်စီအဖွဲ့
==================

စစ်ကောင်စီ အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းပြီးတဲ့နောက် မြန်မာနိုင်ငံအနှံ့မှာ ခိုးဆိုးလုနှိုက်တွေ ပေါများလာပါတယ်။
ပြည်သူတွေဟာ တောရော မြို့ပါမကျန် မလုံမခြုံနဲ့ နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ ဘတ်စ်ကားစီးလည်း ခါးပိုက်နှိုက်ကြောက်ရ၊ အိမ်မှာနေတော့လည်း သူခိုးရန်၊ ဓားပြရန်ကြောက်ရ၊ စစ်ကောင်စီ တပ်တွေ ဝင်ရှာ ဝင်မွှေမှာ ကြောက်ရနဲ့ ပြည်သူတွေဘဝတွေက ကျီးလန့်စာစား နေထိုင်နေရတာပါ။

https://youtu.be/OR-5d7i50OI?si=vtmp6dfgsCR2ToBt

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14❤1
Media is too big
VIEW IN TELEGRAM
Gates ဖောင်ဒေးရှင်းစီစဉ်တဲ့ ဖွံံ့ဖြိုးရေးဦးတည်ချက်များ သုံးသပ်မှု | VOA On Mizzima

Watch more detail - https://youtu.be/y0oePmR_rLA

#VOA #Gates ဖောင်ဒေးရှင်း#သုံးသပ်မှု#Mizzima #shorts #reels
👍3🔥2
​​Love Story
=========

ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာတဲ့ ကောင်လေး ရာဗန်နဲ့ ချမ်းသာတဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ ကောင်မလေး မိုနီတို့ရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

ငယ်စဉ်က ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရပြီး လူချမ်းသာတွေရဲ့ ခွဲခြားဆက်ဆံခြင်းခံခဲ့ရတဲ့ ရာဗန်ဟာ မြို့မှာ ကိုယ်ပိုင် အကသင်တန်းလေး တစ်ခုကို ထူထောင်ပြီးတော့ အောင်မြင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

မိုနီကတော့ မြို့မှာ အလုပ်တစ်ခုရှာဖို့ သူငယ်ချင်းဆီ ရောက်လာခဲ့ရာကနေ ရာဗန်ရဲ့တောင်းဆိုမှုအရ အကသင်တန်းမှာ သင်တန်းနည်းပြ ဆရာမ ဝင်လုပ်ခဲ့ပါတယ်။ သူတို့ရဲ့သင်တန်းက အောင်မြင်လာခဲ့ပြီး နှစ်ဦးသားလည်း ချစ်ကြိုးသွယ်မိ သွားကြပါတယ်။
သူတို့ အချစ်ရေးမှာ အဓိက အတားအဆီးကတော့ မိုနီတို့ မိသားစု စီးပွားရေးကို အပိုင်စီးထားတဲ့၊ ကိုယ်ကျင့်တရားလည်း မကောင်းတဲ့ ဦးလေး လူမိုက်ကြီး ဖြစ်ပါတယ်။

ဦးလေးဖြစ်သူကြောင့် ငယ်စဉ်ထဲက စိတ်ဒဏ်ရာ ရရှိခဲ့ရတဲ့ မိုနီဟာ လက်ရှိအချိန်မှာလည်း ဦးလေးဖြစ်သူရဲ့ မတရားတဲ့၊ မကောင်းတဲ့ လုပ်ရပ်တွေကြောင့် စိုးရိမ်ပူပန်နေရပါတယ်။
ရာဗန်နဲ့ မိုနီတို့ရဲ့ ချစ်သူနှစ်ဦးသား လူမိုက်ကြီးရန်ကို တွန်းလှန်ပြီး တရားမျှတမှု ရရှိဖို့ ကြိုးစားကြပုံတွေကို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 28.9.2023
ပြသမည့် အချိန် ။ ။ည (၈:၀၀ )နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 29.9.2023
အချိန်။ ။နေ့လည် ၂နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

#Mizzimplushd
#indiamoviereview
👍7🔥1
အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနိုင်ခြေ ရှိ | VOA On Mizzima
================

ရီပတ်ဘလစ်ကန်ကြီးစိုးထားတဲ့ အမေရိကန်အောက်လွှတ်တော်ကနေ ဒီသီတင်းပတ်ကုန်မှာ အစိုးရအသုံးစားရိတ်ချမှတ်ပေးဖို့ သဘောတူညီမှုမရဘူးဆိုရင်တော့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ့် အခြေအနေ ဆိုက်ရောက်မှာပါ။ ရီပတ်ဘလစ်ကန်ပါတီတွင်းမှာပဲ အစိုးရအသုံးစရိတ်နဲ့ ပတ်သတ်ပြီး ဒါဇင်နဲ့ချီတဲ့ ဥပဒေပြဌာန်းပေးဖို့ သဘောတူညီမှု မရနိုင်သေးတဲ့အပြင် တချို့ သဘောထားတင်းမာတဲ့ ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်တွေက အောက်လွှတ်တော်ဥက္ကဌ နှုတ်ထွက်ဖို့အထိတောင် ခြိမ်းခြောက်ပြောဆိုနေပါတယ်။ VOA သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။ 

https://youtu.be/SDvNVSDBqJw?si=YYX7tBRVrv2VVPDy

#VOA
#MizzimaTv
 ------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
​​ဂျန်နာရို ဂတ်တူဆိုကို နည်းပြချုပ်အဖြစ် မာဆေးလ်အသင်း ခန့်အပ်
===================

By PKThawn

မာဆေးလ်အသင်းဟာ မာဆယ်လီနို နုတ်ထွက်ပြီးနောက် ဂျန်နာရို ဂတ်တူဆိုကို ၎င်းတို့ရဲ့ နည်းပြချုပ်အသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဂတ်တူဆိုဟာ နောက်ထပ်တစ်ရာသီအတွက် စာချုပ်သက်တမ်းတိုခွင့်အပါအဝင် ၂၀၂၄ ဇွန်လအထိ စာချုပ်ချုပ်ဆိုထားကြောင်း သိရပါတယ်။

“ကျနော့်ရဲ့ အသင်းသစ်နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့နဲ့ ကျနော်တို့ကို စောင့်နေတဲ့ လာမယ့်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျနော် စောင့်မျှော်နပါတယ်”လို့ သူက ကလပ်ရဲ့ ဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့ပါတယ်။

ပြင်သစ်ကလပ်အသင်းရဲ့ ပရိသတ်တွေနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ ထွက်ခွာသွားတဲ့ စပိန်လူမျိုးမာဆယ်လီနိုရဲ့ နေရာကို အီတလီသားနည်းပြက အစားထိုးဝင်ရောက်ခဲ့တာပါ။

မာဆေးလ်ဟာ လီဂူးဝမ်းမှာ အဆင့် ၈ မှာ ရှိပြီး ယူရိုပါလိဂ်မှာ ဘရိုက်တန်အသင်းကို အောက်တိုဘာ ၅ ရက်မှာ လက်ခံကစားရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဂတ်တူဆိုက "ပြင်းထန်တဲ့ စိတ်အားထက်သန်မှုတို့ကြောင့် ပြည်တွင်းမှာပဲမဟုတ်ပဲ ဥရောပတစ်ခွင်မှာပါ အောင်ပွဲခံခဲ့တဲ့ ကလပ်အသင်းတစ်သင်းနဲ့ အားကစားကွင်းတစ်ခုပါ။"

သူ့ရဲ့ မကြာသေးခင်က မန်နေဂျာကိုင်တွယ်မှုက ဗလင်စီယာအသင်းမှာ ဖြစ်ခဲ့ပေမယ့် ၇ လကြာ တာဝန်ယူပြီးနောက် သူဟာ ၂၀၂၃ ဇန်နဝါရီလမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။

ရိန်းဂျားအသင်းနဲ့ အီတလီကွင်းလယ်ကစားသမားဟောင်းဟာ နည်းပြလောကမှာ ဆယ်စုနှစ်တစ်ခုကျော်သာ ကျင်လည်နေခဲ့ပြီး အရင်က ပီဆာ၊ အေစီမီလန်နဲ့ နာပိုလီတို့ကို တာဝန်ယူခဲ့ဖူးပါတယ်။

ဂတ်တူဆိုဟာ ၁၉၉၉ ကနေ ၂၀၁၂ အတွင်း အေစီမီလန်အသင်းအတွက် ပွဲပေါင်း ၄၆၈ ပွဲ ကစားခဲ့ပြီး အာဇူရီတို့အတွက် ၇၃ ပွဲ ကစားပေးခဲ့ပါတယ်။

(BBC)

Photo: #marseille

#Gattuso #Marcelino #ဂတ်တူဆို #မာဆေးလ်
👍6🔥2❤1
စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================

https://youtu.be/pFFdmUAylIM?si=oMsTeVLLSYIr69He

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
Gates ဖောင်ဒေးရှင်းစီစဉ်တဲ့ ဖွံံ့ဖြိုးရေးဦးတည်ချက်များ သုံးသပ်မှု | VOA On Mizzima
================

ကမ္ဘာတဝှမ်း မိခင်နဲ့ကလေးသေဆုံးမှု လျှော့ချနိုင်ရေးကိစ္စတွေကို အဓိကထားဆွေးနွေးသွားကြောင်းနဲ့ မြန်မာနိုင်ငံတွင်းက လိုအပ်နေသူတွေကိုလည်း အိန္ဒိယရုံးခွဲကနေတဆင့် ထောက်ပံ့ကူညီနေကြောင်း စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ဂိုးဖမ်းသမားများလို့ တင်စားခေါ်တဲ့ Goalkeepers ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ဒေါက်တာ မျိုးမြင့်အောင်က ပြောပါတယ်။ ကောင်းမွန်တိုးတက်တဲ့အနာဂတ်ကို ရှေ့ရှုဆွေးနွေးခဲ့ကြပြီး ဒီပွဲကို Bill and Melinda Gates Foundation က ကမကထပြု ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊Nebraska ပြည်နယ်အခြေစိုက် CHI Health ပရဟိတဆေးရုံကွန်ယက်က အရည်အသွေးမြှင့်တင်ရေး ညှိနှိုင်းရေးမှူး ဒေါက်တာမျိုးမြင့်အောင်ကို မအိသန့်စင် Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/y0oePmR_rLA?si=DCOz9zMbingo6eud

#VOA
#MizzimaTv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
မဏိပူရမှာဆန္ဒပြမှုတွေဖြစ်ပွာပြီးနောက်ပိုင်း အိန္ဒိယအစိုးရကအင်တာနက်ပိတ်ပင်မှုတွေ ပြန်လည်စတင်
==================

https://youtu.be/vsKsSTLfEbo?si=tML0pAoLsxMsU6CD

#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
Media is too big
VIEW IN TELEGRAM
အီရတ်မှာ မင်္ဂလာခန်းမအတွင်းမီးလောင်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံး

#internationalnews #reels #shorts
👍5🔥1
​​OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://tinyurl.com/mwI39
👍5🔥1
This media is not supported in your browser
VIEW IN TELEGRAM
September - 28 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍7😁1🍌1
လားရှိုးမြို့က Denko ဆီဆိုင် ပေါက်ကွဲမှု လူ ၂ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
👍6🔥3
လားရှိုးမြို့က Denko ဆီဆိုင် ပေါက်ကွဲမှု လူ ၂ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
=======================

007၊ ဂျူချန်း
(မဇ္စျိမ) ။ ။ လားရှိုးမြို့က Denko ဆီဆိုင်တွင် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးပရဟိတအသင်း တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးဘေး၊ မန္တလေး-လားရှိုးလမ်းပိုင်း၊ မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာအနီးရှိ Denko စက်သုံးဆီ အရောင်းဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆိုင်သို့ ဆီလာဖြည့်သည့်ဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းရာမှ အနီးရှိ ခရီးသည်တင်ကားကိုပါ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကာ မီးလောင်မှုဖြစ်စဥ်အတွင်း အမျိုးသား ကိုးဦးနှင့်အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၅ ဦး ဒဏ်ရာရသွားကြောင်း ဆိုသည်။

ယင်းအနက် အမျိုးသားနှစ်ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း မြိုခံပရဟိတ အသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
"ဆီလာဖြည့်တဲ့ ဆိုင်ကယ်ကနေ ထပေါက်ကွဲပြီးမီးလောင်တာ၊ အနားမှာ ရပ်ထား (ဆီဖြည့်ရန်)တဲ့ ခရီးသည်ကားကိုပါ မီးဆက်ကူးတယ်၊ ကျား၊ မ အားလုံးပေါင်း ၁၅ ယောက်လောက် မီးလောင်ဒဏ်ရာတွေ ရတယ်၊ အဲဒီအထဲက နှစ်ယောက်က စိုးရိမ်ရဒဏ်ရာတွေနဲ့ သေတယ် " ဟု မြို့ခံပရဟိတအသင်းတခုမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယခုပေါက်ကွဲမှု ဖြစ်ပွားသည့် အကြောင်းအရင်းကို မဇ္ဈိမက သီးခြားအတည်မပြုနိုင်သေးပေ။ လက်ရှိမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများ အားလုံးကို လားရှိုးဆေးရုံသို့ ပို့ဆောင်ဆေးကုသထားကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ခရီးသည်တင်ယာဥ် တစီးနှင့်အတူ အိမ်စီးကားတစီး၊ ဆိုင်ကယ်သုံးစီးထက်မနည်း မီးလောင်သွားကြောင်း နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တဦးကလည်း မဇ္ဈိမကို ပြောသည်။
"မီးလောင်ခံလိုက်ရတဲ့ ခရီးသည်ကားက မူဆယ်-လားရှိုး- နေပြည်တော်ပြေးဆွဲတဲ့ သစ္စာဟိဏ်းကားပါ၊ အဲဒီကား ပေါ်ပါလာ သူတွေထဲက မီးလောင်ဒဏ်ရာရကြတယ်၊ သေဆုံးနှစ်ဦးလည်း အဲဒီကားပေါ်ကလို့ ကနဦးသိရတယ်" ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော သစ္စာဟိဏ်းကားပေါ်တွင် ခရီးသည် ၂၃ ဦးနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် စုစုပေါင်း ၃၀ ဦးခန့် ပါဝင်ကြောင်း သစ္စာဟိဏ်းယာဉ်လိုင်းက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ကားပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရမှု အခြေအနေ အရေအတွက်ကို တိတိကျကျ မသိရကြောင်း ၎င်းက ပြောသည်။

“(ထိခိုက်ဒဏ်ရာရတဲ့သူအရေအတွက်) အဲလိုမျိုး အတိအကျတော့ မသိသေးပါဘူး၊ ကျား၊ မ တော့ မသိပါဘူး၊ (ကားပေါ်မှာ) ကလေးတွေတော့ မပါပါဘူး” ဟု သစ္စာဟိဏ်း ယာဉ်လိုင်းက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိ CS Hotel အနီး ပြီးခဲ့သည့်စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး တဦးသေဆုံး လေးဦးဒဏ်ရာရခဲ့သည်။

အလားတူ သြဂုတ်လ ၂၉ ရက်နေ့ကလည်း၊ ရပ်ကွက် (၈)၊ နယ်မြေ (၃) လားရှိုး-မူဆယ်လမ်းဘေးရှိ Luxury Lounge ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဟိုတယ်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့သည်။

စာတည်း။ ။ နောင်နောင်
ပုံညွှန်း- ပေါက်ကွဲဖြစ်ပြီးနောက် Denko ဆီဆိုင်မြင်ကွင်း (ဓာတ်ပုံ- ပေးပို့)

#Denko
#ဆီဆိုင်
#သစ္စာဟိဏ်း
#Mizzima
#ရှမ်းမြောက်
👍10🔥1
This media is not supported in your browser
VIEW IN TELEGRAM
မဏိပူရမှာဆန္ဒပြမှုတွေဖြစ်ပွာပြီးနောက်ပိုင်း အိန္ဒိယအစိုးရကအင်တာနက်ပိတ်ပင်မှုတွေ ပြန်လည်စတင်

#internationalnews #reels #shorts #India #Mizzima
👍8🔥3👏1