မင်းတပ်နှင့် မတူပီမြို့ပေါ်မှ ကုန်သည်အချို့နှင့် ကုန်စုံဆိုင်များကို စစ်ကောင်စီ ခေါ်ယူစစ်ဆေး
👍6🔥1

==========================
မဇ္ဈိမ။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်နှင့် ကုန်သည်အချို့ကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စည်ပင်ဝန်ထမ်းများက ခေါ်ယူစစ်ဆေးမှုများရှိနေကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့က မတူပီမြို့ပေါ်ရှိဆိုင်ခန်းများကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စည်ပင် ဝန်ထမ်းများက ဝင်ရောက်စစ်ဆေးခဲ့ပြီး မင်းတပ်မြို့တွင်လည်း ကုန်သည်အချို့ကို ခေါ်ယူစစ်ဆေးခြင်း များရှိကြောင်း သိရသည်။
“တနေ့က မင်းတပ်ဆောက်လုပ်ရေးဝင်းနားမှာရှိတဲ့ ဆန်၊ ဆီ၊ ကုန်ခြောက်ရောင်းတဲ့ ကုန်သည်တယောက် နဲ့ အရက်၊ အချိုရည်ရောင်းတဲ့ ကုန်စုံဆိုင်ကအမျိုးသားတဦးကို စစ်ဆေးစရာရှိလို့ဆိုပြီး ရဲတွေလာခေါ် သွားတယ်” ဟု ခေါ်ယူစစ်ဆေးခံရသည့်ကုန်သည်နှင့် ဆွေမျိုးနီးစပ်သူတဦးက ပြောသည်။
“ကုန်စုံဆိုင်တွေကိုစစ်တယ်ဆိုတာ မြို့ပေါ်ကို ဘယ်လိုသယ်လာတာလည်းဆိုတာ သိချင်လို့မေးတာ။ ဘာ လို့လည်းဆိုတော့ စစ်တပ်အတွက် စားသောက်ကုန်တွေကို ပခုက္ကူကနေသယ်ရင် လူငယ်တွေ (ဒေသခံ ကာကွယ်ရေးတပ်)က ဘယ်သူ့ပစ္စည်းလဲမေးပြီး လမ်းတဝက်နေ သိမ်းတာရှိတယ်။ မြို့ပေါ်က ကုန်သည် တွေရဲ့ပစ္စည်းတွေကျတော့ လူငယ်တွေက လွှတ်ပေးတယ်လေ၊ အဲဒီတော့ မင်းတို့ကုန်သည်တွေ PDF တွေ နဲ့အဆက်အသွယ်ရှိ တယ်ဆိုပြီး ပြောဆိုတာတွေရှိတယ်။ စစ်လား၊ ဆေးလားတွေလုပ်တာပေါ့” ဟု မတူပီ မြို့ခံတဦးက ပြောသည်။
မတူပီမြို့ အဝင်အထွက်ကို စစ်ကောင်စီကကန့်သတ်ထားပြီး နယ်ဘက်အဝင်အထွက်များ၊ လမ်းကြောင်း များကို မတူပီဒေသခံကာကွယ်ရေးတပ်ဖွဲ့များ(CDF)က ထိန်းချုပ်ထားကြောင်း သိရသည်။
မတူပီမြို့မှ ခရီးသည်ယာဉ်လိုင်းများအနေဖြင့် ပခုက္ကူ-မင်းတပ်-မတူပီလမ်းကြောင်းကိုပြန်လည် အသုံးပြု နေရပြီး မြို့အဝင် လည်မြိုချောင်းအနီးတွင် ကားအားလုံးရပ်နားရကာ ခရီးသည်နှင့် ပစ္စည်းများကို မြို့ပေါ် သို့ သုံးဘီးဆိုင်ကယ်ဖြင့် တဆင့်သယ်ယူနေရကြောင်းနှင့် လိုင်းကားတစီးထွက်ခွာမည်ဆိုပါက စစ်ဗျူဟာ ထံ အကြောင်းကြားစာနှင့်အတူ ဒီဇယ် ငါးဂါလံပေးရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#ချင်းပြည်နယ်
#မင်းတပ်မြို့
#မတူပီမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11🔥1
ဝန်းသိုမှကြားကာလစာသင်ကျောင်းကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု ကလေး၁၈ဦး ဒဏ်ရာရ
===================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ထားသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြောက်ဦးဒဏ်ရာပြင်းထန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဌာန(MOD)က သတင်းထုတ်ပြန်သည်။
ဝန်းသိုမြို့နယ်၊ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်ခန့်တွင် စစ်ကောင်စီကလက်နက်ကြီးသုံးလုံး ပစ်ခတ်တ််ိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
" ခမရ (၁၀၂) ထဲကနေ ပစ်တာ။ ရက်ရက်စက်စက်ပစ်တာ။ ကလေးတွေ စာသင်နေတဲ့ ကျောင်းကို ပစ်တာပါ"ဟု ဝန်းသိုမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
ခမရ (၁၀၂) မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် စာသင်ကြားနေသည့် ကလေးငယ် ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီးခြောက် ဦး ဒဏ်ရာ ပြင်းထန်ကြောင်း MOD က ယနေ့ စက်တင်ဘာလ ၂၈ရက်နေ့လယ်တွင် သတင်းထုတ်ပြန်သည်။ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက်စစ်ဘက်ခွဲခြားမှုမရှိ၊ကျိုးကြောင်းမဲ့ ပစ်ခတ်ခြင်းဟု MOD က ဆိုသည်။စစ်ကောင်စီက စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည့် ဖြစ်ရပ်ဟုလည်း MOD ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
" ဒါက တော်တော်လူမဆန်တဲ့ လုပ်ရပ်ပဲ။ သူတို့ဖွင့်ထားတဲ့ကျောင်းတွေမှာကျတော့ စိတ်ပါပါမပါပါ တက်ခိုင်းနေပြီး NUG ကျောင်းတွေကို အခုလို အကြမ်းဖက်တာဟာ ခွင့်လွတ်လို့မရဘူး"ဟု စစ်ကိုင်းတိုင်းမှ CDM ကျောင်းဆရာမတဦးကပြောသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊တနင်္သာရီတိုင်း၊ မကွေးတိုင်းတို့မှ အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်ထားသည့် ကြားကာလပညာသင်ကျောင်းများကို ပစ်မှတ်ထား၍ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏပြုလုပ်နေသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာမှစာသင်ကျောင်းဖွင့်ထားသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကလေးငယ်ခြောက်ဦးသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
စာတည်း - အေးချမ်း
#mizzima
#ဝန်းသိုမြို့နယ်
#စာသင်ကျောင်း
#လက်နက်ကြီးပစ်ခတ်မှု
ပုံအညွှန် − ဝန်းသိုမြို့ အဝင် ဆိုင်းဘုတ်ကိုတွေ့ရစဉ်

👍7🤬4❤1
မြင်းခြံတွင် PDF စစ်ဆေးရေးဂိတ်များကြောင့် Non CDM များ မှတ်ပုံတင်ကတ်အသစ်ပြောင်းရန် စာထွက်
===================
ဓါတု
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ မြင်းခြံမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မှတ်ပုံတင်ကတ်အသစ်ပြောင်းရန် စက်တင်ဘာလ ၂၆ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှစာထွက်ရှိလာကြောင်း ၎င်းတို့နှင့်နီးစပ်သည့်ဒေသခံများထံက သိရသည်။
စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုတွင်မပါဝင်သူ Non CDM များအနေဖြင့် ခရီးသွားလာသည့်အခါ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်များ ဖြတ်သန်းရ၍ မှတ်ပုံတင်ကတ်၌ အလုပ်အကိုင်ရာထူးများကို ပြောင်းလဲရမည်ဖြစ်ကြောင်းသိရသည်။
" ကတ်ရဲ့အလုပ်အကိုင်နေရာမှာ ဝန်ထမ်းဆိုရင် ကုန်သည်အရောင်းအဝယ်ဆိုပြီးထည့်ဖို့ မှတ်ပုံတင်ကတ်ပြောင်းရမယ်လို့စာထွက်တယ် ။ အဓိက ကတော့ခရီးသွားရင် PDF တွေရဲ့ဂိတ်ဖြတ်ရင် ဝန်ထမ်းဆိုရင် CDM လား Non CDM လားဆိုတာလိုက်မှာကြောက်လို့"ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက မဇ္စျိမကိုပြောသည်။
မြင်းခြံမြို့ရှိ ဌာနဆိုင်ရာအစိုးရဝန်ထမ်းများတွင် ၆၅ ရာခိုင်နှုန်းမှာ CDM ဝန်ထမ်းများဖြစ်ကြပြီး အများစုမှာ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း မြို့နယ်အထွေထွေဦးစီးဌာနအုပ်ချုပ်ရေးအဖွဲ့၏ CDM ဝန်ထမ်းတဦးက ပြောသည် ။
မြင်းခြံမြို့အဝင်အရှေ့ဘက်၊ပုဂံ-ညောင်ဦးလမ်း မြင်းခြံမြို့အထွက် အနောက်ဘက်နှင့်တိုးဂိတ်များတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရံဖန်ရံခါစစ်ဆေးလေ့ရှိပြီး ထိုဂိတ်များဖြတ်၍ ခရီးသွားလာရမည့် Non CDM ဝန်ထမ်းများမှာ စိုးရိမ်ပူပန်မှုများရှိနေ၍ ထိုသို့ စာထုတ်ခြင်းဖြစ်ကြောင်း သိရသည်။
မြင်းခြံ၊ နွားထိုးကြီးအစရှိသည့်မြို့များတွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများ အပါအဝင် အုပ်ချုပ်ရေးရုံးအဖွဲ့မှာ ပြည်သူများအား ဖိနှိပ်အကြမ်းဖက်ခြင်း ၊ သတ်ဖြတ်ခြင်းများမကြာခဏလုပ်ဆောင်နေသဖြင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့မှာ အုပ်ချုပ်ရေးရုံးအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် ပျူစောထီးအဖွဲ့ဝင်များကိုလည်း ရှင်းလင်းလျက်ရှိကြောင်းဒေသခံများ၏အဆိုအရသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြင်းခြံ
#မှတ်ပုံတင်

👍5😁3❤2
ဘိုကလေးနှင့်မအူပင်မြို့နယ်မှ အမျိုးသား ၃ ဦး သေဒဏ်ချမှတ်ခံရ
====================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်နှင့် မအူပင်မြို့နယ်တို့မှ အမျိုးသား သုံးဦး၊ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ်ချမှတ်ခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံမှသိရသည်။
ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဦးဝင်းဌေး၊ ဘုရားကျောင်းကျေးရွာအုပ်စု ပြင်းမကုန်းကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ကိုကျော်မိုးလွင်နှင့် မအူပင်မြို့နယ်နေ ကိုဝေယံကျော်တို့ သုံးဦး သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့ သုံးဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်က ဖျာပုံမြို့ ကျုံကျိုက်ကျေးရွာနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအေးကိုနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရမှုအားကျူးလွန်သူများဟုဆိုကာ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးက သေဒဏ်ချမှတ်ခဲ့ခြင်းဟု နိုင်ငံရေးအကျဥ်းသားတဦး၏ မိသားစုဝင်ကပြောသည်။
သေဒဏ်မချမီက ဘိုကလေးမြို့နယ်မှ ကိုကျော်မိုးလွင်အား အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ မအူပင်မြို့နယ်မှ ကိုဝေယံကျော်အား အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ထားသေးသည်ဟုသိရသည်။
"ဝေယံကျော်က အစက ထောင်ဒဏ် ၁၇ နှစ် အမိန့်ချခံထားရတယ်။ ဒီနေ့မှာ မအူပင်ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၃၀၊ ဖျာပုံခရိုင် တရားရုံးထောင်ဒဏ် ၁၀ နှစ်နဲ့ သေဒဏ်ချတာပါ။ သူက စုစုပေါင်း ထောင်ဒဏ် ၅၇ နှစ်နဲ့ သေဒဏ်ပေါ့။ သုံးယောက်လုံး ပုဒ်မ ၃၀၂ - ၁(ခ)နဲ့ သေဒဏ်ချတာလို့သိရတယ်"ဟု နိုင်ကျဥ်းတဦး၏ မိသားစုဝင်ကဆိုသည်။
သေဒဏ်ချမှတ်ခံထားရသူများအနက် ကိုကျော်မိုးလွင်နှင့်ကိုဝေယံကျော်တို့အား PDF အဖွဲ့ဝင်ဟု စစ်ကောင်စီဘက်မှစွပ်စွဲထားပြီး၊ ဦးဝင်းဌေးအား PDF ထောက်ပို့ဟု စွပ်စွဲထားသည်ဟု ၎င်းကဆိုသည်။
"ကိုကျော်မိုးလွင်ကို ဘိုကလေး PDF လို့စွပ်စွဲပြီး၊ ကိုဝေယံကျော်ကို မအူပင် PDF လို့ စစ်တပ်နဲ့ ရဲတွေကစွပ်စွဲထားတယ်။ ဦးဝင်းဌေးကတော့ သေဒဏ်ချခံထားရတဲ့အပြင် အမှုကျန်တွေရှိသေးတယ်"ဟု ဆက်လက်ပြောသည်။
လက်ရှိတွင် သေဒဏ်ချမှတ်ခံရသူ သုံးဦးကို ပုသိမ်အကျဥ်းထောင်သို့ ပို့ဆောင်ရန် စစ်ကောင်စီလက်အောက်ခံ ရဲများက စီစဥ်နေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ အသက် ၂၀ ဝန်းကျင် လူငယ်လေးဦးကို လူသတ်တရားခံများဟုစွပ်စွဲကာ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးက သေဒဏ်ချမှတ်ခဲ့သေးသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်သည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၅၀ ဦးရှိနေပြီဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နိုင်ငံရေးအကျဉ်းသား
#သေဒဏ်
#ဘိုကလေးမြို့နယ်
#မအူပင်မြို့နယ်
#hardnews
ဓာတ်ပုံ - သေဒဏ်ချမှတ်ခံရသူ ကိုဝေယံကျော်
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

👍15😢6❤2🔥2🤬2
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားမှာ ဆိုရှယ်မီဒီယာပေါ်က အွန်လိုင်းဈေးရောင်းချမှုတွေကို ပိတ်ပင်
#InternationalNews #reels #shorts
#InternationalNews #reels #shorts
👍5🔥2
၁၀ လဆက်တိုက် ကျဆင်းနေသည့် ထိုင်းနိုင်ငံ၏ ပို့ကုန် ပထမဆုံး မြင့်တက်
==========================
ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၁၀ လ ဆက်တိုက် ကျဆင်းခဲ့သည့်နောက်တွင် ဩဂုတ်လအတွင်း၌ ပထမဆုံးအဖြစ် ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ကီရာတီ ရတ်ချာနိုက စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၁၀ လ ဆက်တိုက် ကျဆင်းခဲ့သည့်နောက်တွင် ဩဂုတ်လအတွင်း၌ ပထမဆုံးအဖြစ် ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ကီရာတီ ရတ်ချာနိုက စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1
ထိုင်းဝန်ကြီးချုပ်က ၎င်း၏လစာနှင့် စရိတ်ငွေများကို ဖောင်ဒေးရှင်းများသို့ လှူဒါန်းသွားမည်
====================
ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းသည် ၎င်း၏ ရာထူးသက်တမ်းအတွင်း ရရှိမည့် လစဉ် လစာငွေအားလုံးနှင့် အကျိုးခံစားခွင့် စရိတ်ငွေများကို နိုင်ငံရှိ ဖောင်ဒေးရှင်းအသီးသီးသို့ လှူဒါန်းရန် ကတိပြုထားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ချိုင် ဝါချရွန်က စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းသည် ၎င်း၏ ရာထူးသက်တမ်းအတွင်း ရရှိမည့် လစဉ် လစာငွေအားလုံးနှင့် အကျိုးခံစားခွင့် စရိတ်ငွေများကို နိုင်ငံရှိ ဖောင်ဒေးရှင်းအသီးသီးသို့ လှူဒါန်းရန် ကတိပြုထားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ချိုင် ဝါချရွန်က စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍3🤔1
တောင်တရုတ်ပင်လယ်၌ ပြတ်ပြတ်သားသား ရပ်တည်သွားမည်ဟု ဖိလစ်ပိုင် ပြော
======================
တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်များ ပါဝင်သည့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည့်နောက်တွင် ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်၌ ၎င်း၏ ရပ်တည်ချက်ကို ပို၍ ပြတ်သားစေမည်ဟု ရေတပ်ဦးစီးချုပ်က မနေ့က ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်များ ပါဝင်သည့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည့်နောက်တွင် ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်၌ ၎င်း၏ ရပ်တည်ချက်ကို ပို၍ ပြတ်သားစေမည်ဟု ရေတပ်ဦးစီးချုပ်က မနေ့က ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဂျပန်ရုပ်သံလွှင့်ဌာနက ဂုဏ်သိက္ခာကျဆင်းစေခဲ့တဲ့ အမျိုးသားဂီတအဖွဲ့ရဲ့အေဂျင်စီကို အစီအစဉ်မှဖယ်ရှား
#InternationalNews #reels #shorts
#InternationalNews #reels #shorts
🔥4👍2
ဗီယက်နမ်တရားရုံးက ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူကို အခွန်ရှောင်မှုအတွက် ထောင်ဒဏ်ချမှတ်
=====================
ဗီယက်နမ်နိုင်ငံတွင် ရာသီဥတုအရေး ဦးဆောင် တက်ကြွလှုပ်ရှားသူတဦးကို အခွန်ရှောင်တိမ်းမှု စွဲချက်ဖြင့် တရားရုံးတခုက စက်တင်ဘာ ၂၈ ရက်တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ရာ ထို ပြစ်ဒဏ်သည် “တရားမျှတမှုမရှိ” ကြောင်း တက်ကြွလှုပ်ရှားသူ၏ မိသားစုက ဝေဖန်ပြစ်တင်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ဗီယက်နမ်နိုင်ငံတွင် ရာသီဥတုအရေး ဦးဆောင် တက်ကြွလှုပ်ရှားသူတဦးကို အခွန်ရှောင်တိမ်းမှု စွဲချက်ဖြင့် တရားရုံးတခုက စက်တင်ဘာ ၂၈ ရက်တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ရာ ထို ပြစ်ဒဏ်သည် “တရားမျှတမှုမရှိ” ကြောင်း တက်ကြွလှုပ်ရှားသူ၏ မိသားစုက ဝေဖန်ပြစ်တင်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥3
၅ လအတွင်း စစ်ကောင်စီတပ်ကို ၃၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ထားကြောင်း ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ ထုတ်ပြန်
======================
ရောင်နီ
(မဇ္စျိမ)။ ။မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီအထိုင်တပ်နှင့် စစ်ကြောင်းများအား ငါးလ တာကာလအတွင်း တိုက်ခိုက်မှု ၃၇ ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ် ပြန်သည်။
ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ် ဧပြီလတွင်ဖွဲ့စည်းပြီးနောက် ဒေသတွင်း မဟာမိတ် ကာ ကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒရုန်းမစ်ရှင်များအား ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုများကို ဧပြီလ ၁၃ ရက်နေ့တွင်စတင်ခဲ့ပြီး ယခုစက်တင်ဘာလ ၅ ရက်နေ့အထိ စစ်ကောင်စီ တပ်အထိုင်စခန်းများ၊ စစ်ဆေးရေးဂိတ်စခန်းများ၊ စစ်ကြောင်းများကို ဦးတည်ကာ ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု ၃၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းတွေမှာ တော်တော်များများ ဒရုန်းဖြတ်တောက်ရေးစက် (Jammer) တွေရှိတယ်။ စစ်ကြောင်းတွေမှာလည်း အဲဒီလိုစက်တွေပါတော့ ၃၇ ကြိမ်လုံး လွယ်လွယ်ကူကူ ပျံသန်း နိုင်ခဲ့တာမျိုးမရှိဘူး။ သူတို့ ဖြတ်တောက်မှုကို ကျော်လွှားရင်း အကြိမ်တိုင်း ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ ရပါ တယ်” ဟု ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့တာ၀န်ခံ ဆရာလေးက ပြောသည်။
ယင်းသို့ တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၂၉၃ ဦးသေဆုံးကာ ၉၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ကြောင်း တပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မည်သို့အတည်ပြုခဲ့သည်ကို မဇ္ဈိမကမေးမြန်း ရာတွင် “ မြေပြင်မှာရှိတဲ့ သတင်းပေးတွေကတဆင့် အတည်ပြုနိုင်ခဲ့တာပါ”ဟု တပ်ဖွဲ့တာ၀န်ခံဆရာလေး ကဆိုသည်။
ဒရုန်းစစ်ဆင်ရေးပြုလုပ်ရာတွင် ဗုံးသီးတလုံးလျှင် ငွေကျပ် ၁၀၀,၀၀၀ ၀န်းကျင် ကုန်ကျပြီး ငါးလတာ စစ်ဆင်ရေးကာလအတွင်း ဒရုန်းဗုံးသီး စုစုပေါင်း ၄၂၇ လုံး အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်၏ တုံ့ပြန်ပစ်ခတ်မှုနှင့် ဒရုန်းပျံသန်းမှုဖြတ်တောက်သည့် စက် များကြောင့် ဒရုန်းအချို့ ထိခိုက်မှုရှိခဲ့သော်လည်း ပျက်ကျဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။
“ တိုက်ခိုက်မှုတွေမှာ ဒရုန်းပျက်စီးမှုရှိပေမယ့် ကျွန်တော်တို့တွေ ပြန်ပြုပြင်နိုင်တဲ့ အနေအထားအထိရှိနေ ပါပြီ။ ဒါပေမယ့် ပြန်ပြင်တဲ့အချိန်နဲ့ ကုန်ကျစရိတ်တွေအတွက်တော့ အခက်အခဲရှိနေပါတယ်” ဟု တပ်ဖွဲ့တာ၀န်ခံက ဆက်ပြောသည်။
ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်တွင်ရှိပြီး ကျောက်ဆည်ခရိုင်တခုလုံးတွင် စစ်ဆင်ရေးလုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဒရုန်းမစ်ရှင်များ ဆက်လက်ဖော်ဆောင်နိုင်ရန် ကုန်ကျစရိတ် လိုအပ်ချက်များရှိနေ သည့်အတွက် ဝိုင်းဝန်းပံ့ပိုးပေးကြရန်လည်း ပြည်သူများကို မေတ္တာရပ်ခံသည်။
“ အခုဆို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေက စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်နေပါပြီ။ တဖက်မှာလည်း ဒရုန်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေက ကုန်ကျစရိတ်ပိုရှိတယ်။ သွားလာရေးစရိတ်တွေ က အစပေါ့။ တော်လှန်ရေးကာလအချိန်ကြာလာတော့ ထောက်ပံ့မှုတွေနည်းလာတဲ့အတွက် ဒရုန်းတပ်ဖွဲ့ တွေမှာ အခက်အခဲတွေရင်ဆိုင်လာရတယ်” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ မြေပြင်ကာကွယ်ရေးရဲဘော် တဦးက မှတ်ချက်ပြုသည်။
စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကြာလာချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုအားကောင်း လာခြင်းနှင့်အတူ နည်းပညာမြင့် ဒရုန်းများအသုံးပြုကာ ဗုံးသီးကြဲချတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိလာခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်အတွက် မြန်မာနိုင်ငံအနှံ့အပြားတွင် ဒရုန်းအစင်းရေ ၄၀၀ ကျော် ဖြန့်ဝေထားကြောင်း ပြောကြားထားသည်။
စာတည်း။ ။စောဖေ
#မန္တလေးတိုင်း
#စစ်ကိုင်းတိုင်း
#ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့

👍11👏2😁2❤1
ကလေးမြို့တွင် အမျိုးသမီး၂ ဦးအပါအဝင် ဆန္ဒပြသူ ၄ ဦးကို အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်ချ
==================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသဖြင် အမျိုးသမီးနှစ်ဦးအပါ အဝင်လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၀ နှစ် စီ ထပ်မံချမှတ်ခဲ့ကြောင်း ကလေးမြို့ပင်မသပိတ်ကော်မတီထံမှ သိရသည်။
ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ တပ်ဦးသီတာရပ်ကွက်တွင် တော်လှန်သင်္ကြန်သပိတ်လှုပ်ရှားမှုကို ယခုနှစ် ဧပြီလ ၁၆ ရက်နေ့က မကျိန်ဒိတ်ကိမ်၊ မအိစံ၊ ကိုသန်းစိုးဦးနှင့် ကိုမျိုးဝင်းတို့မှပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်ကဖမ်းဆီးပြီးနောက် ယခုကဲ့သို့ ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများကို မေလ ၂၁ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ကလေးမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့သည်။
စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း ကလေးမြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၀(ဇ) နှင့် ၅၂(က)များဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူလေးဦးကို ဖမ်းဆီးပြီးနောက် ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် မကျိန်ဒိတ်ကိမ်၊ မအိစံနှင့် အခြား သပိတ်အဖွဲ့ဝင်များဖြစ်သော ကိုထန်ရှစ်ကစ်ပ်၊ မပွားလေးတို့၏ နေအိမ်များကို စစ်ကောင်စီတပ်က ဖြိုချဖျက် ဆီးခဲ့သည်။
“ဆန္ဒပြတယ်ဆိုတာ လူသားတိုင်းမွေးရာပါအခြေခံရပိုင်ခွင့်ဖြစ်တယ်။ ဒီနေ့ ခေတ်ကာလအာဏာရှင်စနစ် ကိုတွန်းလှန်တဲ့နေရာမှာ လူထုရဲ့ပါဝင်လှုပ်ရှားမှုက စစ်အာဏာရှင်အရှိုက်ကို ထိုးနှက်နေတယ်ဆိုတာ၊ လက်နက်မဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေ၊ ဆန္ဒပြသပိတ်လမ်းစဥ်တွေကို တုန်လှုပ်ခြောက်ခြားနေတယ်၊ ကြောက်ရွံ့နေတယ်ဆိုတာ သူတို့တွေရဲ့ မတရားပုဒ်မတပ်ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်နေခြင်အားဖြင့် ပြလိုက်တာဖြစ်တယ်” ဟု ကလေးမြို့ပင်မသပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မဇ္စျိမကိုပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ကလေးမြို့တွင် ကျောင်းသားပြည်သူ ၃၀ အသက်ပေးခဲ့ ရပြီး လူထုသပိတ်လှုပ်ရှားမှုနှင့်ဆက်စပ်ပြီး ၆၀ ကျော် ဖမ်းဆီးခံခဲ့ရကာ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော် မတရားချုပ်နှောင်ခံထားရကြောင်း ကိုဗိုက်ပူက ဆက်ပြောသည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း(AAPP)၏ စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ်ပြန် ချက်အရ နိုင်ငံတဝှမ်း ပြည်သူ ၁၉,၂၇၈ ဦး ထိမ်းသိမ်းခံရနေပြီး ၎င်းတို့အနက် ၇,၃၈၂ ဦးမှာ ထောင်ဒဏ် များချမှတ်ခံထားရကြောင်းသိရသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်တိုင်း
#ကလေးမြို့
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#အကြမ်းဖက်ဥပဒေ

🤬14👍7❤1😡1
စက်တင်ဘာ ၂၈ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================
-စစ်ကောင်စီကို ပံ့ပိုးနေပေမယ့်လည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ လွတ်မြောက်နေသူတယောက်အကြောင်းကို Justic For Myanmar က ထုတ်ပြန်လိုက်တဲ့သတင်း
- ၂လ နီးပါးအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် CDM ဝင်ရောက်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနပြောတဲ့အကြောင်း
-ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းထဲ မြန်မာနိုင်ငံ ထိပ်ဆုံးကရပ်တည်နေတဲ့သတင်း
-ကလေးမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မောင်နှမ ၃ ယောက် အပါအဝင် ၄ ယောက် သေဆုံးခဲ့ရတဲ့သတင်း
-မြန်မာနယ်စပ်အနီး ကန့်သတ်ဇုန် တည်ထောင်ဖို့ တရုတ်အာဏာပိုင်တွေပြင်ဆင်နေတဲ့အကြောင်းနဲ့
-အင်ဒိုနီးရှားမှာ ဆိုရှယ်မီဒီယာပေါ်က အွန်လိုင်းဈေးရောင်းချမှုတွေကို ပိတ်ပင်လိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/fiMQk6Kgd0I?si=c3i3r_c3f4qoTZDk
#MizzimaTV
#7pmnews
#mizzimaprimetime
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စက်တင်ဘာ ၂၈ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
စက်တင်ဘာ ၂၈ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
————————————————————————————————————————
-စစ်ကောင်စီကို ပံ့ပိုးနေပေမယ့်လည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ လွတ်မြောက်နေသူတယောက်အကြောင်းကို Justic For Myanmar က ထုတ်ပြန်လိုက်တဲ့သတင်း
- ၂လ…

👍8❤1🔥1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

🔥3👍1
ကော့ကရိတ်မြို့နယ်လဝကရုံး မီးရှို့ဖျက်ဆီးခံရ
==================
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၇) ရပ်ကွက်၊ ဗောဓိကျောင်းလမ်းရှိ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးရုံး မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ကော့ကရိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး မီးရှို့ ခံလိုက်ရခြင်းဖြစ်ပြီး ည ၂ နာရီကျော်မှ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ရုံးအဆောက်အဦတခုလုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
“ရှို့မီးလို့ပြောတယ်၊ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိဘူး။ PDF တွေလာလုပ်တယ်လို့တော့ ပြောကြ တာပဲ။ မှတ်ပုံတင်ရုံးအတွင်းပိုင်းကတော့ ပြာဖြစ်သွားတယ်” ဟု ကော့ကရိတ်မြို့ခံတဦးက မဇ္ဈိမကိုပြော သည်။
မြို့နယ်လဝကရုံးကို လုံခြုံရေးအရ ကော့ကရိတ်မြို့ ဒေါနခန်းမသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသဖြင့် မီးရှို့ခံရ ချိန်တွင် အဆောက်အဦး ပျက်စီးမှုမှလွဲ၍ စာရွက်စာတမ်း၊ လူ ထိခိုက်၊ ဆုံးရှုံးမှု မရှိကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြသည်။
ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးအား မီးရှို့ဖျက်ဆီးခြင်းကို တပ်မဟာ(၆) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( KNLA) တပ်ရင်း (၁၈)ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကပြု လုပ်ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ ညကလည်း ကရင်ပြည်နယ်၊ ဖာပွန်မြို့ပေါ်ရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေး ရုံး၊ မြို့နယ်တရားရုံး၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ်အခွန်ရုံးနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးနေအိမ်၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအိမ်ရာတို့ကို တပ်မဟာ (၅) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က တပြိုင်နက် တည်း ဗုံးခွဲတိုက်ခိုက်ခြင်း ရှိခဲ့သည်။
စာတည်း။ ။စောဖေ
#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#လဝကရုံး
#မီးရှို့ဖျက်ဆီးခံရ
အညွှန်း- ကော့ကရိတ်မြို့နယ် လဝကရုံး မီးလောင်နေစဉ် (ဓါတ်ပုံ- Crd )

👍14👏2🔥1
မြဝတီ ဒရုန်းတိုက်ခိုက်မှုကို ဖော်ဆောင်သည့် Federal Wings ကို ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်
==========================
ခိုင်မင်းမြတ်
(မဇ္ဈိမ) ။ ။ စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက် အရာရှိနှင့် အခြားအဆင့် ဝန်ထမ်း ငါးဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့သည့် မြဝတီဒရုန်းစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့သော Federal Wings ဒရုန်းတပ်ဖွဲ့ကို မြန်မာကျပ်ငွေ သိန်း ၁၀၀ ချီးမြှင့်ကြောင်း NUG ကာကွယ်ရေးဌာနက ယနေ့ စက်တင်ဘာလ ၂၈ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။
NUG- MOD ၏ အသိအမှတ်ပြု ဆုချီးမြှင့်မှု အပေါ် ကျေးဇူးတင်ပြီး စိတ်ဓာတ်ခွန်အားလည်းဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုနေမင်းထွန်းက မဇ္ဈိမကို ပြောသည်။
“အမှတ် (၁၈၀၁) လက်ရုံးတပ်ရင်း Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ NUG- MOD, EROs အဖွဲ့အစည်းတွေနဲ့ အတူတကွပူးပေါင်းပြီး စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” ဟု ကိုနေမင်းထွန်းက မဇ္ဈိမကို ပြောသည်။
Federal Wings ဒရုန်းတပ်ဖွဲ့သည် စက်တင်ဘာလ ၃ ရက်နေ့ ည ၆ နာရီခွဲကျော် အချိန်မှာ ထိုင်း- မြန်မာ နယ်စပ်က မြဝတီခရိုင်ရဲရုံးကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ခလရ (၂၇၅) တပ်ရင်း၏ ယာယီတပ်ရင်းမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီ အရာရှိများ သေဆုံးခဲ့သည်။
ဒရုန်းသည် စစ်ကောင်စီအတွက် "လုံးဝ အိမ်မက်ဆိုး" ဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုနေမင်းထွန်းက မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးတခုတွင် ပြောဆိုထားပြီး Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များသည်လည်း အချိန်မရွေး တိုက်ပွဲဝင်နိုင်အောင် အမြဲတမ်းအသင့်အနေအထား ပြင်ဆင်ထားကြောင်း ၎င်းက ပြောသည်။
ယင်းမြဝတီ ဒရုန်းတိုက်ခိုက်မှုမျိုးကဲ့သို ဒရုန်းစစ်ဆင်ရေးများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မြဝတီ
#FederalWings
#Mizzima
ပုံညွှန်း- Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ဓာတ်ပုံ- Federal Wings Fb)

❤22👍8👏1😁1🍓1
Media is too big
VIEW IN TELEGRAM
Sep - 28 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍7🖕1
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ NLD နဲ့ တော်လှန်ရေးအင်အားစုတွေ လက်မခံ (ရုပ်/သံ)
=======================
မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ နိုင်ငံတော်အာဏာကို မတရား သိမ်းယူထားတဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ အသိ အမှတ်မပြု တဲ့ အပြင် ဆန့်ကျင်ရပ်တည်သွားမယ်လို့ NLD ပါတီ ၃၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ကြေညာလိုက်ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး စက်တင်ဘာလ ၂၇ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီဟာ မနေ့က ၃၅ နှစ် ပြည့်မြောက်ခဲ့တာပါ။
ဒီသတင်း အပြည့်အစုံကိုတော့ မဇ္ဈိမ ဝိုင်းတော်သား မောင်ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။
https://youtu.be/4Cm3YXpI6o4?si=XZTl_DrAut_gjLWR
တည်းဖြတ်= မောင်ခက်နွေ
#စစ်ကောင်စီ
#ရွေးကောက်ပွဲ
#NLD
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ နိုင်ငံတော်အာဏာကို မတရား သိမ်းယူထားတဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ အသိ အမှတ်မပြု တဲ့ အပြင် ဆန့်ကျင်ရပ်တည်သွားမယ်လို့ NLD ပါတီ ၃၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ကြေညာလိုက်ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး စက်တင်ဘာလ ၂၇ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီဟာ မနေ့က ၃၅ နှစ် ပြည့်မြောက်ခဲ့တာပါ။
ဒီသတင်း အပြည့်အစုံကိုတော့ မဇ္ဈိမ ဝိုင်းတော်သား မောင်ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။
https://youtu.be/4Cm3YXpI6o4?si=XZTl_DrAut_gjLWR
တည်းဖြတ်= မောင်ခက်နွေ
#စစ်ကောင်စီ
#ရွေးကောက်ပွဲ
#NLD
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ NLD နဲ့ တော်လှန်ရေးအင်အားစုတွေ လက်မခံ
မောင်ခက်နွေ (မဇ္ဈိမ) ။ ။ နိုင်ငံတော်အာဏာကို မတရား သိမ်းယူထားတဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ အသိ အမှတ်မပြု တဲ့ အပြင် ဆန့်ကျင်ရပ်တည်သွားမယ်လို့ NLD ပါတီ ၃၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ကြေညာလိုက်ပါတယ်။…
👍11👏1🤮1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ စက်တင်ဘာ ၂၀၂၃)
======================
တော်လှန်ရေးတပ်ဖွဲ့အသီးသီးသည် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ရန် မိမိတို့၏ သက်ဆိုင်ရာဒေသ အသီးသီးတွင် တော်လှန်ရေးအရှိန်မြှင့်လုပ်ဆောင်နေသလို တချို့ဒေသများတွင် စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ချေမုန်းရေးလုပ်ဆောင်နေသည့်အတွက် တော်လှန်ရေးအဖွဲ့များသည် လက်နက်ခဲယမ်းများ လိုအပ်နေသည်ကို သိရသည်။ယင်းကြောင်း ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးတပ်ဖွဲ့များအတွက် တတ်နိုင်သမျှထောက်ပံ့ပေးရန် လိုအပ်နေသည်။

🤮4👍2