Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ပညာသင်ကြားဖို့ အခက်အခဲ ရှိနေ
=======================

မဇ္ဈိမ- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ကလေးငယ်တွေဟာ ပညာသင်ကြားရေးအပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက NGO ကျောင်းတွေမှာ လက်ရှိတက်ရောက်နေတဲ့ ရိုဟင်ဂျာကျောင်းသားတွေကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနကတဆင့် အဆင့်မြင့်ပညာတွေ သင်ကြားခွင့်ရဖို့ အခွင့်အလမ်းတွေ ဖန်တီးသင့်တယ်လို့ ဆိုပါတယ်။

လူမျိုးရေး ပဋိက္ခဆန်တဲ့ ၂၀၁၂ ခုနှစ် ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ရိုဟင်ဂျာတွေဟာ တက္ကသိုလ်၊ ကောလိပ်ပညာသင်ကြားခွင့် ပိတ်ပင်ခံထားရတာပါ။

ဒီလို ပိတ်ပင်ခံထားရလို့ အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမတွေ ရှားပါးလာတာဟာ
ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။


ပြီးခဲ့တဲ့နှစ်မှာ UNICEF က မြန်မာသင်ရိုးညွှန်းတမ်း ရှေ့ပြေးအစီအစဉ် (MCP) ကို စတင်ခဲ့ပေမယ့် အရည်အချင်းပြည့်မီတဲ့ ဆရာတွေမရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဒီရှေ့ပြေးအစီအစဉ် စတင်ဖို့ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးမှု မရှိခဲ့တာက အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာကိုယ်စားပြုမှုမှာလည်း ကျား၊ မ ကွာဟမှုတွေ ရှိနေပြီး အမျိုးသမီး ဆရာမတွေ ရှိမနေတာကြောင့် အမျိုးသမီးကျောင်းသားတွေ ကျောင်းတက်ရောက်တာကို ဟန့်တားသလို ဖြစ်နေကာ ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့ကြောင့် UNHCR နဲ့ UNICEF အနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှုနဲ့ စွမ်းဆောင်နိုင်မှုကို မြှင့်တင်ဖို့အတွက် အမျိုးသမီးဆရာမတွေကို စုဆောင်းပြီး ထိတွေ့ဆက်ဆံကြဖို့လည်း တိုက်တွန်းထားကြပါတယ်။

https://youtu.be/Sviw2ZoWH8c?si=vPaQ1S08hkOu9sAA

#postmocha
#ep13
#ရိုဟင်ဂျာ
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍5🔥1
​​ကမ္ဘာ့ဈေးနှုန်း ထိုးတက်မှုကြား မလေးရှား၌ ဆန်ရှားပါးမှု ကြုံ 
=======================

မလေးရှားနိုင်ငံတွင် ပြည်ပမှ တင်သွင်းသော ဆန်ဈေးနှုန်း မြင့်တက်ခြင်းကြောင့် စားသုံးသူများသည် ပို၍ ဈေးချိုသော ပြည်တွင်းဆန်များကို တိုးဝှေ့ဝယ်ယူကြရသကဲ့သို့ ဈေးကြီးမြင့်သော စားနပ်ရိက္ခာ ဈေးနှုန်းကို တတ်နိုင်ဖို့အရေး အခက်အခဲတွေ့ရကာ အိမ်ထောင်စုများ၏ အသုံးစရိတ် ထောင်းလျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​အောက်တိုဘာလအတွင်း မြစ် ၆ စင်း စိုးရိမ်ရေမှတ်အထက်မြင့်တက်နိုင်ဟုဆို
===================

ရောင်နီ
(မဇ္စျိမ)။ ။ လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ခြောက်စင်း စိုးရိမ်ရေမှတ်အထက် ပြန်လည်မြင့်တက်လာနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်ကို စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့စက်တင်ဘာလ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်တောင်းမြစ်၊ပဲခူးမြစ်၊သံလွင်မြစ်၊သောင်ရင်းမြစ်၊ငဝန်မြစ်နှင့် တိုးမြစ်ရေသည် သက်ဆိုင်ရာ ဒေသများအလိုက် မဒေါက်မြို့၊ပဲခူးမြို့၊ဘားအံမြို့၊မြ၀တီမြို့၊ပုသိမ်မြို့နှင့်မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တကြိမ်စီကျော်လွန်နိုင်ကြောင်း သတိပေးထားသည်။

အောက်တိုဘာလတွင် ပုံမှန်ထက်မိုးကောင်းမည့်သတိပေးချက်များလည်း ရှိနေပြီး မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာပါက မြေနိမ့်ပိုင်းဒေသများ ရေကြီးနစ်မြုပ်မှုကြုံတွေ့နိုင်ကြောင်း မိုးလေဝသဆိုင်ရာအ‌ခြေအနေများကို လေ့လာနေသူများက သတိပေးသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လတွင်လည်း မြန်မာနိုင်ငံဒေသအများစု၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ချောင်းများ စိုးရိမ်ရေမှတ်အထက်မြင့်တက်ခဲ့ကာ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ် ခဲ့သည်။

လတ်တလောတွင် တောင်တရုတ်ပင်လယ်ဘက်မှ လေဖိအားနည်းရပ်ဝန်းတခုသည် ထိုင်းနိုင်ငံကို ဖြတ်ကျော်နေရာ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း၌ မိုး‌သည်းထန်စွာရွာသွန်းနေသည်။ ဘင်္ဂလားပင်လယ်အော်၌လည်း မကြာမီ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်သည်ဟု မိုးဇလဌာနက သတိပေးထားသည်။ နောက်နှစ်ရက်အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးများနိုင်ကြောင်း မိုးဇလဌာနက ယနေ့ ညနေ ၄ နာရီအချိန်တွင် သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဥ်ကြောင့် မိုးများကာ မြစ်၊ချောင်းများ ရေတိုးလာပြီး ရေကြီးကာလထပ်မံကြုံတွေ့နိုင်ကြောင်းစက်တင်ဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#မြစ်‌ရေသတိပေးချက်
#စိုးရိမ်ရေမှတ်
#မြင့်တက်နိုင်

ပုံအညွှန်း - ပြီးခဲ့သည့် သြဂုတ်လက သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ကရင်ပြည်နယ်အတွင်း ရေကြီးမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း။ (ပုံ-လူမှုကွန်ရက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍3🔥3
ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်
👍5🔥3
ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်
========================

ဓါတု
(မဇ္ဈိမ)။ ။၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှ လူငယ် သပိတ်အင်အားစုက သရုပ်ပြလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် ရွှေဝါရောင်အရေးအခင်း၌ သံဃာတော်များ သွေးမြေကျသည့်ဖြစ်ရပ်များနှင့် သင်္ကန်းများ လမ်းပေါ်တွင် ပြန့်ကျဲခဲ့သည့်ဖြစ်ရပ်များအား ပြည်သူလူထုအနေဖြင့် မမေ့လျော့ရန် ဖော်ညွှန်း သရုပ်ပြသည့် လှုပ်ရှားမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်လူငယ်သပိတ်အင်အားစုမှ တက်ကြွလှုပ် ရှားသူ တဦးကမဇ္စျိမကိုပြောသည်။

“အဓိကတော့ အဲဒီအရေးအခင်းတုန်းက သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်တာကို ဖော်ညွှန်းချင်တာလည်း ပါတယ်။ စစ်တပ်က အစိုးရလုပ်အုပ်ချုပ်တဲ့ခေတ်တုန်းက အေးအေးချမ်းချမ်းဆန္ဒ ထုတ်ဖော်တဲ့ သံဃာတွေ၊ ပြည်သူတွေကို ဒီလို တရားမဲ့ အကြမ်းဖက် ဖမ်းဆီးနှိမ်နင်းတာတွေကို လူတွေ မမေ့သွားဖို့ ပြောချင်တာလည်းပါတယ်” ဟု ၎င်းကပြောသည်။

လှုပ်ရှားမှုပြုလုပ်ခဲ့သည့်နေကို မဖော်ပြခြင်းမှာ စစ်ကောင်စီက CCTV မှတ်တမ်းများကိုခြေရာခံပြီး လိုက် လံဖမ်းဆီးမည့်အတွက်ကြောင့်ဖြစ်ကြောင်းလည်း ရန်ကုန်လူငယ်သပိတ်အင်အားစုမှ လူငယ်တဦးက ပြောသည်။

၂၀၀၇ ခုနှစ် နအဖ စစ်အစိုးရခေတ်က ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ၎င်းတို့သဘောဖြင့် လောင်စာဆီ ထောက်ပံ့ပေးခြင်းအား ရပ်ဆိုင်းလိုက်၍ စက်သုံးဆီဈေး ၆၆ ရာခိုင်နှုန်းအထိ ရုတ်တရက် တိုးမြင့်စေခဲ့ရာမှ မကွေးတိုင်း၊ ပခုက္ကူမြို့တွင် လောင်စာဆီစျေးပြန်ချပေးရန် သံဃာတော်များက မေတ္တာပို့ တောင်းဆိုခဲ့ သည်။

အဆိုပါသံဃာတော်များအား စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်း၊ ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက် နှက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ရာမှ စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ အတွင်းမှ မြို့အများစုတွင် ထောင်ပေါင်းများစွာသော သံဃာတော်နှင့် ပြည်သူလူထုမှ သိပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် သံဃာတော်များနှင့်ပြည်သူများကို စက်တင်ဘာလ ၂၆ ရက် နေ့တွင် စစ်တပ်က အကြမ်းဖမ်းဖြိုခွင်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ရာမှ ရွှေဝါရောင်တော် လှန်ရေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#ရွှေဝါရောင်တော်လှန်ရေး
#ရန်ကုန်မြို့
#ပတ္တနိက္ကုဇ္ဇနကံဆောင်

ဓါတ်ပုံ- CJ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၂၈ ရက်ထုတ်လွှင့်မှုများ
======================

https://youtu.be/lZRSM4wrQD8?si=xHW2sm3tJQeaHl-2

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🤮1
​​မတူကွဲပြားမှုများအတွက် ညှိနှိုင်း အဖြေရှာပေးသူအဖြစ် အိန္ဒိယကို ရှုမြင် 
==========================

ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွင် ‘နယူးဒေလီ ကြေညာချက်’ ကို အတည်ပြုနိုင်ခဲ့သော အိန္ဒိယသည် နိုင်ငံ၏ ခိုင်မာသော စီးပွားရေးတိုးတက်မှုနှင့် ယုံကြည်စိတ်ချရသော စွမ်းအားကို ထုတ်ပြရင်း စိတ်ဝမ်းကွဲမှုများကို ရင်ကြားစေ့ပေးရန် နှင့် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော ပြဿနာများအတွက် အဖြေရှာပေးသူအဖြစ် ရှုမြင်ခံရကြောင်း နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်းရှန်ကာ က စက်တင်ဘာ ၂၆ ရက် တွင် ပြောကြားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2😁1🤮1
စက်တင်ဘာလ (၂၈)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/Jn4TgbTr8qA?si=_D5mUerQvCV_bl85

#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
စက်တင်ဘာလ(၂၉)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
===============

ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့ 

မင်းတပ်၊မတူပီမြို့နယ်ဖက်ခြမ်းရှိ ကုန်သည်တချို့နှင့်ဈေးဆိုင်များကိုစကစမှဖမ်းဆီး စစ်ဆေးမှုများရှိနေတယ်ဆိုတဲ့သတင်း‌‌ေတွပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွားရေးသတင်းတွေနဲ့ နိုင်ငံတကာ သတင်း ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်၊ အပတ်စဉ်ကဏ္ဍအဖြစ် “ကျန်းမာသုတလူမှုဘဝ” အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/kNeTJ3eUpdc?si=pNVodG9vlkhVnvnM
 
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ) | VOA On Mizzima
===============

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာ အာရုံစိုက်ဖို့ လိုအပ်၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/H6vSDvuSGJo?si=Qo-RRI2WqY6veuJP

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
တော်လှန်ခရီးမှာ မိတ်ဆွေကနေ ရန်သူမဖြစ်သွားဖို့တော့ အရေးကြီးတယ်(ဆောင်းပါး)
========================

နွေဦးတော်လှန်ရေးကို အားလုံးတူညီစိတ်တစ်ခုတည်းနဲ့ စခဲ့ကြတာဖြစ်ပါတယ်။

အာဏာရှင်စနစ်ကိုအပြီးတိုင် တိုက်ထုတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုတဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့ စခဲ့ကြတာဖြစ်ပါတယ်။

ဒီလို တူညီတဲ့စိတ်ဆန္ဒနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့်ပဲ တော်လှန်ရေးခရီးဟာ နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာအတိုင်းအတာတစ်ခုထက်ပိုပြီး ခရီးရောက်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စစ်ကောင်စီဘက်မှာအလဲလဲအကွဲကွဲနဲ့ မညီညွတ်မှုတွေကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။

အဓိပ္ပာယ်မရှိတဲ့တိုက်ပွဲအတွက်အလကားအသက်အသေမခံ ဘူးဆိုပြီး CDM လုပ်လာတဲ့ စစ်သားတွေတိုးလာသလိုတပ်တွင်းကနေထွက်ပြေးပြီး တစ်ဘက်နိုင်ငံတွေမှာသွား ရောက်ခိုလှုံနေသူတွေလည်းရှိနေတာပါ။

https://youtu.be/5K0ZLbofgNY?si=hsL4CLJt1Hrx6MZw

#politics
#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
​​29.9.2023 (Friday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================

Highlight

အနာဂတ်အတွက် ကြယ်နှစ်စင်း (ညနေ - ၆ နာရီ)
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ နှစ်လုံးသားတစ်စုံ (ည- ၇ နာရီ)
India Movie - Saani Kaayidham ( ည - ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍5🔥1
​​Saani Kaayidham
===============

"၂၀၂၂ ခုနှစ်ထွက် တမီလ်စကားပြော ဇာတ်လမ်းတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်။

နာမည်က Sanni Kaayidham - တွန့်ကြေနေသော စာတစ်ရွက်တဲ့။
ဘဝမှာ ကိုယ့်အိပ်မက်တွေ ကျကွဲဖူးလား။ ကိုယ်ချစ်တဲ့သူတွေကို ဆုံးရှုံးဖူးလား။

သေမထူး နေမထူးဖြစ်သွားတဲ့ အချိန်မှာ လူတစ်ယောက်ကို ရူးသွားပြီလို့ ပြောလို့ မရပေမဲ့ သူ့စိတ်ကတော့ လူအမြင်မှာ ကြောက်စရာအကောင်းဆုံးအရာတွေကို ကြံစည်ပြီး တကယ် လက်တွေ့ အကောင်အထည် ဖော်တော့မှာပါ။

ဒီထဲက ရဲမေတစ်ယောက်ဖြစ်တဲ့ ပိုနီလည်း အလားတူပါပဲ။
ဘဝကို ရုန်းကန်ဖြတ်သန်းနေရတဲ့အထဲ လူတစ်စုက နောက်ပြန်လှည့်ကြည့်စရာမလိုတော့တဲ့ အခြေအနေတစ်ခု ရောက်အောင် တွန်းပို့လိုက်တယ်။ ဒီဇာတ်ကားဟာ ဟောလိဝုဒ်က ဒါရိုက်တာကြီး တော်ရန်တီနိုရဲ့ Kill Bill ဇာတ်ကားနဲ့ ဆင်တူပါတယ်။
မတူတာကတော့ ဒီတမီလ်ကားက ပိုပြီးတော့ မြေပြင်ဘဝနဲ့ ပိုနီးစပ်တာပါ။

သောက်စားရမ်းကားပြီး ပိုက်ဆံနဲ့ အာဏာကို အသုံးပြု၊ လက်အောက်ငယ်သားအလုပ်သမားကို အနိုင်ကျင့်၊ အရာရာကို ပိုက်ဆံနဲ့ရှင်းလို့ရတယ်ဆိုပြီး ထင်ရာစိုင်း၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားပြီး အမျိုးသမီးဆိုရင် စိတ်ထင်သလို စော်ကားမယ်၊ အထင်အမြင်သေးမယ်၊ ဒီလိုစရိုက်မျိုးတွေရှိတဲ့ လူတစ်စုနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ကိုယ်ဆိုရင်ရော ဘယ်လောက်ထိ စိတ်ထိန်းချုပ်ပြီး ခေါင်းငုံ့ခံနိုင်မလဲ။

ဇာတ်ကောင်တွေက သဘာဝကျ ပီပြင်ရတဲ့အထဲမှာမှ စရိုက်အလိုက် လူကြမ်း၊ စိတ်ကြမ်း သေမထူး နေမထူးဘဝတွေကို ပီပီပြင်ပြင် သရုပ်ဖော်နိုင်ပါတယ်။

ဘုကြည့်မကြည့်နဲ့ သတ်မယ်တကဲကဲဖြစ်နေကြတဲ့ စီကနဲဆို လက်ပါပြီးသား၊ အရာရာလက်နဲ့ ဖြေရှင်းကြသူတွေ အပြည့်ပါပဲ။ သွေးသံတရဲရဲနဲ့ သတ်ဖြတ်ခန်းတွေ၊ လူယုတ်မာတွေရဲ့ မျက်နှာအမူအရာကြည့်ရုံနဲ့ ရွံရှာစက်ဆုပ်မိတဲ့အခန်းတွေ၊ ဘဝကို ကြုံသလို ဖြတ်သန်းပြီး အရက်ကိုပဲ အဖော်ပြုလိုက်ရတဲ့ ဘဝအဖုံဖုံကို ကြည့်ရှူကြရမှာပါ။ ခြစားနေတဲ့ တရားရေးစနစ်ကပေးတဲ့ တရားမျှတမှုကို ပိုက်ဆံအာဏာနဲ့ လက်တစ်လုံးခြားလုပ်ကြတဲ့အခါ ကိုယ့်လက်နှစ်ဖက်ကိုသာ အားကိုးရတော့တာပါပဲ. . .

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 29.9.2023
ပြသမည့် အချိန် ။ ။ည (၈:၀၀ )နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 30.9.2023
အချိန်။ ။နေ့လည် ၂နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

#Mizzimplushd
#indiamoviereview
👍7🔥1
မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာ အာရုံစိုက်ဖို့ လိုအပ်| VOA On Mizzima
==========================

ယူကရိန်းနဲ့ အာဖဂန်နစ္စတန်အရေးလိုမျိုး ကမ္ဘာ့ပြဿနာတွေကြားမှာ မြန်မာ့အရေး နိုင်ငံတကာက အာရုံစိုက်ဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၊ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးဖို့ လိုသလို လူ့အခွင့်အရေးချိုးဖောက်သူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ ဆောင်ရွက်ဖို့လိုကြောင်းလည်း သူက ပြောပါတယ်။ မအိသန့်စင်က ဝါရှင်တန်ဒီစီမြို့တော် ဗွီအိုအေစတူဒီယိုမှာ သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

https://youtu.be/pknZBQpWJGo?si=UGXk9hy1JfWCZCAq

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍4🔥2