Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​လီဗာပူးလ်ရှိ ရှယ်ယာအနည်းငယ်ကို FSG က ပုဂ္ဂလိကရှယ်ယာအုပ်စု Dynasty Equity သို့ ရောင်းချ
======================

By PKThawn
လီဗာပူးလ်အသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ Fenway Sports Group က ၎င်းတို့ဟာ ပရီးမီးယားလိဂ်ကပ်အသင်းကြီးရဲ့ ရှယ်ယာအနည်းစုကို အမေရိကန်ပုဂ္ဂလိကရှယ်ယာအုပ်စု Dynasty Equity သို့ ရောင်းချလိုက်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။

အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်တွေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ အသုံးစရိတ်တွေအတွက် ကိုဗစ်ကပ်ရောဂါကာလအတွင်း ဖြစ်ပေါ်လာတဲ့ အကြွေးတွေကို လျှော့ချဖို့ ရင်းနှီးမြှုပ်နှံမှုကို အသုံးပြုမှာဖြစ်ကြောင်း ကလပ်က ပြောပါတယ်။

FSG တည်ထောင်သူ ဂျွန်ဟင်နရီက ယခုနှစ်အစောပိုင်းမှာ ကြိုးကြာနီတို့ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း "ကလပ်တသင်းအနေနဲ့ လီဗာပူးလ်ရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ်ဆိုပါက အစုရှယ်ယာရှင်အသစ်တွေ"ကို ဖွင့်ပေးထားခဲ့ကြောင်း အဆိုပါအုပ်စုက ဝန်ခံခဲ့ပါတယ်။

FSG က ၂၀၁၀ မှာ လွှဲပြောင်းရယူပြီးနောက်ပိုင်း လီဗာပူးလ်ဟာ အင်္ဂလိပ်နဲ့ ဥရောပပြိုင်ပွဲရဲ့ ထိပ်တန်းအဆင့်ကို ပြန်လည်တည်ဆောက်လာနိုင်ခဲ့ပြီး ၂၀၁၉ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးကာ နောက်ရာသီမှာ ကလပ် ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို နှစ်ပေါင်း ၃၀ အကြာမှာ ကိုင်မြှောက်နိုင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် (၅) နေရာရရှိပြီးနောက် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ပထမ (၆)ပွဲမှာ (၅)ပွဲအနိုင်ရရှိပြီးနောက် လက်ရှိရာသီကို အားကောင်းမောင်းသန်နဲ့ စတင်ကစားလိုက်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
FSG ဥက္ကဌ မိုက်ဂေါ်ဒွန်က "လီဗာပူးလ်နဲ့ ကျနော်တို့ရဲ့ ရေရှည်ကတိကဝတ်တွေဟာ အရင်ကထက် ခိုင်မာနေဆဲပါ။

"တကယ်လို့ လီဗာပူလ်းအတွက် မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ဖော်ကိုင်ဖက်ရှိမယ်ဆိုရင် ကလပ်ရဲ့ ရေရှည်ဘဏ္ဍာရေး ခံနိုင်ရည်ရှိမှုနဲ့ အနာဂတ် တိုးတက်မှုကို သေချာအောင် ကူညီပေးဖို့ အခွင့်အလမ်းကို ကျနော်တို့ လိုက်လံမယ်လို့ ကျနော်တို့တွေက အမြဲပြောထားပါတယ်။"

Dynasty Equity မှ ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာသန်း ၁၀၀ (ပေါင် ၈၂ သန်း)နဲ့ ဒေါ်လာသန်း ၂၀၀ ကြားရှိကြောင်း Athletic က ဖော်ပြခဲ့ပါတယ်။

Forbes ရဲ့ တွက်ချက်မှုအရ ကလပ်အသင်းရဲ့ ဒေါ်လာ ၅.၃ ဘီလီယံတန်ဖိုးအပေါ်အခြေခံပြီး Dynasty Equity ဟာ ၁.၉ နဲ့ ၃.၈ ရာခိုင်နှုန်းကြားရှိတဲ့ အနည်းစုရင်းနှီးမြှုပ်နှံမှုကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။

(AFP)
Photo: #liverpool
#FSG #FenwaySportsGroup #လီဗာပူလ်း #dynastyequity
👍6❤1🔥1
​​စီးပွားရေး ဆက်ဆံမှု ခိုင်မာရေး ထိုင်းနှင့် ကမ္ဘောဒီးယား သဘောတူ
=========================

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆမ်ဒက်ရှ် သီပါဒီ ဟွန် မာနက်နှင့် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းတို့၏ တွေ့ဆုံဆွေးနွေးမှုတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုက အခရာ ဖြစ်ခဲ့သည်။ အဆိုပါ ဆွေးနွေးမှုမှာ ထိုင်းဝန်ကြီးချုပ်၏ အိမ်နီးချင်းနိုင်ငံသို့ ပထမဆုံး တရားဝင် ခရီးစဉ် ရောက်ရှိချိန်၌ တွေ့ဆုံဆွေးနွေးကြခြင်း ဖြစသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားက နျူကလီးယားနိုင်ငံဖြစ်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းရေးဆွဲထား

#InternationalNews #reels #shorts #Mizzima
❤3😁2
မုံရွာမြို့တွင် အထိုင်ချစစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၅ဦး သေဆုံး ဟုဆို
======================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အတွင်းရှိ အထိုင်ချတပ်စွဲထားသော စခန်းကို ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) က စက်တင်ဘာလ ၂၉ရက် ယနေ့တွင်ထုတ်ပြန်သည်။

မုံရွာမြို့တောင်ဘက်အထွက် မုံရွာ - အမြင့်လမ်းပေါ်ရှိ ညောင်ပင်သာရပ်ကွက်တွင် အင်အား ၅၀ခန့်ဖြင့် အထိုင်ချထားသောတပ်ကို စက်တင်ဘာလ ၂၈ရက် ညနေ ၄နာရီ ၁၅မိနစ်မှ စတင်ပြီး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ် ​ေ- (စစ်ကောင်စီတပ်သား) တွေ နေရာယူထားတဲ့ သုံးထပ်တိုက်ပေါ်ကို ပန်းတိမ် (လက်နက်ကြီး) နဲ့ စပစ်လိုက်တာ အူယားဖားယားနဲ့ ပြေးဆင်းလာကြတာကို အသင့်နေရာယူထားတဲ့ ရဲဘော်တွေက ဝိုင်းပစ်ခဲ့တာ ငါးယောက်ပွဲချင်းပြီးသေတာကို မျက်မြင်တွေ့ခဲ့ရတယ် ၊ နောက် ဒဏ်ရာရတဲ့ အယောက် ၂၀ထဲက ၁၀ယောက်ထပ် သေတယ်ဆိုတာ ခိုင်မာတိကျတဲ့ အတွင်းသတင်းကနေ ပြန်သိရတာပါ” ဟု Chindwin Attcak Force တပ်ရင်း (၄) ပြန်ကြားရေးတာဝန်ခံက မဇ္စျိမ ကို ပြောသည်။

အသင့်နေရာယူထားသည့် ကာကွယ်ရေးရဲဘော်များက ၄၅မိနစ်ကြာ လက်နက်ကြီး ငယ်များဖြင့် အနီးကပ်ဝင်ရောက်ချေမှုန်းခဲ့သဖြင့် စစ်ကောင်စီတပ်သားများ အကျအဆုံးများခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖက်မှလည်း စက်လတ်များ ၊ လက်နက်ကြီးငယ်များဖြင့် ပြန်လှန်ပစ်ခတ်ခဲ့ပြီး ကညန ရုံးဖက်မှလည်း ၆၀မမ များဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း(၄) အထူးကွန်မန်ဒို (Monywa The Boys) မှ ဦးဆောင်ပြီး Spring Dove ၊ ဗိုလ်ဒဿပြောက်ကျားတပ်ဖွဲ့ ၊ 5/ UG Task Force ၊Democratic Guerrilla Force (DGF) ၊ Monywa Commando Force ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ အရာတော် ပကဖ ၊ peacock King PDF နှင့် God of Snake တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဖက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီတပ်သည် လွန်ခဲ့သည့် သုံးလခန့်မှစ၍ ထိုနေရာတွင်တပ်စွဲထားခြင်းဖြစ်၍ လမ်းအသွားအလာပြည်သူများကို စစ်ဆေးပြီး ၎င်းတို့ဂိတ်ရှေ့မှ ဖြတ်သန်းသွားသော စက်ဘီး ၊ ဆိုင်ကယ်နှင့် ကားများ ပေါ်မှလူများဆင်း၍ လမ်းလျှောက် ဖြတ်ခိုင်းကြောင်းသိရသည်။

မုံရွာမြို့အတွင်းမှ တောင်ဘက်သို့ထွက်လျှင် ဘိုးဘွားရိပ်သာအဝိုင်းအနီး ၊ ရေဦးဆန် ဆိုင် ၊ လဝကရုံးဟောင်း ၊ ကညန ရုံး ၊ မအူဂိတ်နှင့် ညောင်ပင်သာရပ်ကွက်တို့ တွင် စစ်ကောင်စီတပ်သားများ နေရာယူတပ်စွဲထားကြောင်းသိရသည်။

စက်တင်ဘာလ ၂၈ရက် နံနက် ၉နာရီ ၁၉မိနစ်အချိန်ကလည်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း(၄) တပ်ခွဲများ နှင့် မဟာမိတ်များပူးပေါင်းပြီး ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် စစ်ကောင်စီတပ် ရေယာဥ်အုပ်စုကို မုံရွာမြို့နယ်အတွင်း ပြောင်းတိုက်များ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

ရုပ်သံအညွှန်း - စစ်ကောင်စီတပ်အခြေချနေရာကို တိုက်ခိုက်နေစဥ်
ရုပ်သံ - Chindwin Attcak Force တပ်ရင်း (၄)

https://youtu.be/Bl8X2RGF4_g?si=rt8aIRma76fgm-KY

#mizzima
#မုံရွာခရိုင်
#ChindwinAttcakForce
#စစ်ကောင်စီတပ်

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍18❤4😁2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်ရဲ့ကိုယ်ပိုင်ရေငုပ်သင်္ဘောတည်ဆောက်မှုဟာ အဓိပွါယ်မဲ့လုပ်ရပ်ဖြစ်ကြောင်း တရုတ်ပြော

#InternationalNews #reels #shorts #Mizzima
😁15
ဗြိတိန် နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံမှုမှာ မြန်မာစစ်တပ်အပေါ် လက်နက် ရောင်းချမှုအကြောင်း ဆွေးနွေးခဲ့ခြင်းမရှိ
======================

ယခုလ အစောပိုင်း G 20 ထိပ်သီး အစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံစဉ် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် Rishi Sunak ဟာ မြန်မာစစ်တပ်ကို အိန္ဒိယက လက်နက်တွေ ရောင်းချခဲ့တဲ့ကိစ္စ မပြောဖြစ်ခဲ့ဘူးလို့ လွှတ်တော်မေးခွန်းကို ယူကေအစိုးရက ပြန်လည် ဖြေကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီကို လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့အပေါ် အိန္ဒိယကို ဆွေးနွေးပြောဆိုဖို့ ဗြိတိန်လွှတ်တော်က ဗြိတိန်ဝန်ကြီးချုပ်ကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“မြန်မာကို လက်နက်ပေးနေတဲ့ကိစ္စ မဆွေးနွေးခဲ့ပေမယ့်၊ အဲဒီလို မြန်မာစစ်တပ်ကို လက်နက်ပေးနေသူတွေနဲ့ ဆက်လက် ဆွေးနွေးပါမယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက စာနဲ့ ဖြေကြားခဲ့ပါတယ်။
အိန္ဒိယ နိုင်ငံဟာ တရုတ်၊ ရုရှား၊ စင်ကာပူတို့နဲ့အတူ မြန်မာစစ်တပ်ကို လက်နက်အများဆုံး ရောင်းချနေတဲ့ နိုင်ငံဖြစ်တယ်လို့ Burma Campaign UK က ပြောပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာ အဆုံးသတ်အောင် ဆော်ဩစည်းရုံးရေးဟာ ဗြိတိန်ရဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်ပေမယ့် ဒီကိစ္စအပေါ် နှုတ်ဆိတ်နေခဲ့တာ ဖြစ်တယ်လို့ ဘားမားကမ်ပိန်း ယူကေရဲ့ အင်တာနက် စာမျက်နှာက ဝေဖန်ပြောဆိုပါတယ်။

ဗြိတိန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နှစ်ဦး တွေ့ဆုံရာမှာ၊ ပညာရေး၊ သုတေသန၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားပေမဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုအကြောင်း ဆွေးနွေးပြောဆိုသွားတာ မရှိတဲ့ အကြောင်း၊ Burma Campaign UK အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေကို ဖိအားပေးရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆူးနက်ခ် အရင် ဝန်ကြီးချုပ်တွေ လက်ထက်တုန်းကတော့ မြန်မာစစ်တပ်ကို လက်နက် မရောင်းချဖို့ ဆားဘီးယား၊ ယူကရိန်းနဲ့ ဂျပန်နိုင်ငံတွေကို ဗြိတိန်နဲ့ မဟာမိတ်တွေက အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ကြတာပါ။

အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီကို လက်နက်ပစ္စည်းတွေ ရောင်းနေတာဟာ စစ်ရာဇဝတ်မှုအားပေးရာ ရောက်တာကြောင့် နိုင်ငံတကာက တားဆီးဖို့လိုအပ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

အိန္ဒိယပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက ၂၀၂၂ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၃ ဧပြီလအထိ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုး စစ်လက်နက် ပစ္စည်းတွေကို မြန်မာ စစ်တပ်ကို တင်ပို့ ရောင်းချခဲ့ကြောင်း Justice For Myanmar အဖွဲ့က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်တွေနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုရမယ့် လက်နက်တွေကို မြန်မာစစ်တပ်ဟာ ပြည်သူတွေကို တိုက်ခိုက်၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲခဲ့ပြီး၊ လူပေါင်း ၂ သောင်းခွဲနီးနီးကို ဖမ်းဆီးခဲ့ပြီး လူ ၂ သန်းကျော်ဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ လက်နက်ရောင်းခွင့် ပိတ်ထားသလို၊ မြန်မာစစ်တပ်ရဲ့ လက်နက်နဲ့ ငွေကြေးဝင်ပေါက်တွေကို ပစ်မှတ်ထား ပိတ်ပင်အရေးယူနိုင်ဖို့ တခြားမိတ်ဖက် နိုင်ငံတွေနဲ့ပေါင်းပြီး ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

ဗြိတိန်လိုပဲ တခြားကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချခွင့် ပိတ်ဖို့လည်း တိုက်တွန်းထားတာပါ။

မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ချမှတ်ရာမှာ ဗြိတိန်နိုင်ငံက ဦးဆောင်ခဲ့တာဖြစ်ပြီး မြန်မာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ တရားလက်လွတ် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဆုံးဖြတ်ချက်ပါအချက်တွေကို လိုက်နာဖို့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

https://youtu.be/HQvYHDjjZD0?si=Wr64AjLAdHtr2rBh

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬6😁2
မတ္တရာရှိ ရေနံသာရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက် ၊ ရဲ ၁ ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ
❤18🔥1
မတ္တရာရှိ ရေနံသာရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက် ၊ ရဲ ၁ ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ
======================

007
(မဇ္စျိမ) ။ ။ မတ္တရာမြို့နယ်ရှိ ရေနံသာရဲစခန်းကို ဒရုန်းဖြင့်ဗုံးသီးသုံးလုံးကြဲချတိုက်ခိုက်ရာ ရဲတဦးသေဆုံးပြီး လေးဦးဒဏ်ရာသွားကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ပြန်ကြားရေးဗျူရိုက ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
မြနန္ဒာစစ်ဆင်ရေး(မန္တလေး)နှင့် မတ္တရာမြို့နယ် ပကဖတို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား ၅၀ ကျော်ဖြင့် အထိုင်ချထားသော ထိုရဲစခန်းကို စက်တင်ဘာလ ၂၇ ရက် နံနက် ၆ နာရီခွဲခန့်ကစ၍ Fixed Wings Drone(မောင်းသူမဲ့လေယာဉ်ငယ်)ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

“Fixed Wings Drone(မောင်းသူမဲ့လေယာဉ်ငယ်)နဲ့ သုံးကြိမ်ဗုံးကြဲချတယ်။ ပထမတစ်လုံးက Error တက်ပြီး မပေါက်ကွဲဘူး။ နောက်နှစ်လုံးကတော့ ပစ်မှတ်နေရာကို တိတိကျကျရောက်သွားပြီးပေါက်ကွဲတယ်။ ထိခိုက် သေဆုံး စာရင်းကို မြေပြင်ကင်းထောက်အဖွဲ့ဆီက သိရတယ်” ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး)၏ တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ရွာအား ပိတ်ဆို့စစ်ဆေးပြီး ထိခိုက်ဒဏ်ရာရသူများအား နာရေးကား နှစ်စီးဖြင့်သယ်ထုတ်သွားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းတို့ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခန့်ကလည်း မတ္တရာမြို့နယ် အတွင်း အင်အား ၁၀၀ ကျော်ဖြင့်လှည့်လည်စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏စစ်ကြောင်းတစ်ခုကို၊ မြောင်းသစ်တံတားအနီးတွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုတွင် ၎င်းတို့၏ဒရုန်းတစီးပစ်ချခံရပြီး စစ်ဆင်ရေးမအောင်မြင် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြနန္ဒစစ်ဆင်ရေး(မန္တလေး)အဖွဲ့ကို ယမန်နှစ် နှစ်ကုန်ပိုင်းခန့်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အောင်မြင်တိုက်ပွဲ ၄၀ နီးပါးဆင်နွှဲပြီးဖြစ်ကာ စစ်ဆင်ရေးအရှိန်မြှင့်တင်နိုင်ရန် ငွေကြေးအဆင်မပြေသဖြင့် အခက်အခဲများဖြစ်နေကြရသည်ဟု ၎င်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် ပြည်သူလူထုက ငွေအားဖြင့်ထောက်ပံ့ကူညီပေးကြရန် မေတ္တာရပ်ခံတောင်းဆိုထားပြီး ငွေကြေး ထောက်ပံ့ကူညီလိုသူများအနေနှင့် မြနန္ဒာစစ်ဆင်ရေးဖေ့စ်ဘွတ်ပေ့ခ်ျ(https://www.facebook.com/profile.php?id=100089059954095...)

သို့မဟုတ် မြနန္ဒာစစ်ဆင်ရေး(မန္တလေး)၏ တရား၀င်သတင်းထုတ်ပြန်ရေး တယ်လီဂရမ်ချန်နယ်(https://t.me/myanadar)
တို့ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
“အခုထက်ပိုမိုထိရောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ ငွေကြေးလိုအပ်ချက်အများကြီးရှိပါတယ်၊ ဒီအတွက် ပြည်သူတွေက ပါ၀င်ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုပါတယ်” ဟု အဖွဲ့တာ၀န်ရှိသူကပြောသည်။

ပုံအညွှန်း- ရေနံသာရဲစခန်းအားတိုက်ခိုက်မှုမှတ်တမ်းဓာတ်ပုံများ (ဓာတ်ပုံ- မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ပြန်ကြား ရေးဗျူရို)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤1🔥1
Media is too big
VIEW IN TELEGRAM
အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ထိုင်းရဲတွေသိမ်းဆည်းရမိ

#InternationalNews #reels #shorts
👍9🔥1
Media is too big
VIEW IN TELEGRAM
ဗြိတိန် နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံမှုမှာ မြန်မာစစ်တပ်အပေါ် လက်နက် ရောင်းချမှုအကြောင်း ဆွေးနွေးခဲ့ခြင်းမရှိ

#PoliticalNews
#reels
#shorts
#MizzimaTV
👍3👎1😁1