Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ထိုင်းရဲတွေသိမ်းဆည်းရမိ

#InternationalNews #reels #shorts
👍9🔥1
Media is too big
VIEW IN TELEGRAM
ဗြိတိန် နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံမှုမှာ မြန်မာစစ်တပ်အပေါ် လက်နက် ရောင်းချမှုအကြောင်း ဆွေးနွေးခဲ့ခြင်းမရှိ

#PoliticalNews
#reels
#shorts
#MizzimaTV
👍3👎1😁1
ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် အိမ်ကို ရောင်းချရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ အခြားနည်းဖြင့် အသုံးချရန် ကြိုးစားမှုများ ရှိသည်ကို အချက်အလက်ခိုင်မာစွာ ရရှိထားသည်ဟု NUG ထုတ်ပြန်
👍13😁2👏1
ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် အိမ်ကို ရောင်းချရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ အခြားနည်းဖြင့် အသုံးချရန် ကြိုးစားမှုများ ရှိသည်ကို အချက်အလက်ခိုင်မာစွာ ရရှိထားသည်ဟု NUG ထုတ်ပြန်
========================

(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် အိမ်ကို ရောင်းချရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ အခြားနည်းဖြင့် အသုံးချရန် ကြိုးစားမှုများ ရှိသည်ကို အချက်အလက် ခိုင်မာစွာ ရရှိထားသည်ဟု NUG အစိုးရက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့်အမှတ်(၅၄-၅၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော ခြံဝန်းဧရိယာ (၁.၉၂၃)ဧကနှင့် ယင်းမြေပေါ်ရှိ မရွှေ့မပြောင်း နိုင်သည့် အဆောက်အအုံ အားလုံးအား ကြားကာလ အမျိုးသား အဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ‌ကြေညာထားသည်။

ထိုအမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း အခြားနည်းအသုံးချခြင်းတို့အား တင်းကျပ်စွာတားမြစ်ကြောင်း၊ ထိုတားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက ဆက်စပ်ဥပဒေများနှင့်အညီ အရေးယူ မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ် ပြန်ကြေညာခဲ့သည်ဟု NUG က ထုတ်ပြန်သည်။

ယခုအခါ ယင်းအမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း အချက်အလက် ခိုင်မာစွာ ရရှိထားပြီးဖြစ်သဖြင့် တားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက ဖောက်ဖျက်ရန် အားထုတ်သူနှင့်အတူ အကြံပြုသူ၊ ခွင့်ပြုသူ၊ ကူညီအားပေးသူ၊ ပြင် ဆင်သူစသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အသီးသီးအား မြန်မာနိုင်ငံက ပါဝင် အတည်ပြုထားပြီးဖြစ် သည့် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များနှင့်စပ်လျဉ်းသော နိုင်ငံတကာကွန်ဗင်းရှင်းများ၊ အမွေ အနှစ်ဆိုင်ရာတည်ဆဲဥပဒေ များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် ဆက်စပ် ဥပဒေများ ဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း အလေးအနက် သတိပေးထုတ် ပြန်ကြေညာသည်ဟု NUG က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ယင်းအဆောက်အအုံအား ကျူးလွန်ဖောက်ဖျက်မှုများ မရှိစေရေးအတွက် အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့၊ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ ဥပဒေဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပရှိ တာဝန်သိပြည်သူများ၊ သတင်းမီဒီယာများ၊ အမွေအနှစ်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်ဟု NUG က ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - ဒေါ်အောင်ဆန်းစုကြည်၏ ခြံ အမှတ်(၅၄-၅၆) (ဓာတ်ပုံ- ပုံဟောင်း)

#Mizzima
#ခြံ အမှတ်(၅၄-၅၆)
#ဒေါ်အောင်ဆန်းစုကြည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥1🤬1
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်မှာ တရားမဝင်နေထိုင်တဲ့ အာဖဂန်တွေကို နှိမ်နင်းမှုလုပ်ဆောင်

#InternationalNews #reels #shorts
🔥5
ဗြိတိန်တို့ရဲ့ အထင်ကရ Sycamore Gap သစ်ပင် ခုတ်လှဲခံရ
================

(Photo News) ဗြိတိန်နိုင်ငံ၊ နော့သမ်ဘာလန်းရှိ ဟာဒရီယန်ရဲ့Wall နံဘေးရှိ Sycamore Gap မှာ သစ်ပင်အကြွင်းအကျန်တွေကို ၂၀၂၃ စက်တင်ဘာ ၂၈ ရက်နေ့က မြင်တွေ့ရတာဖြစ်ပါတယ်။ သစ်ပင်ဟာ ကီဗင် ကော်စနာရဲ့ ၁၉၉၁ ရုပ်ရှင် Robin Hood: Prince Of Thieves မှညာ ပါဝင်ခဲ့ပြီး နှစ်ပေါင်း ၂၀၀ အတွက် ရှုခင်းရဲ့ တစိတ်တပိုင်းဖြစ်ခဲ့ပါတယ်။ အဆိုပါသစ်ပင်ကို ညတွင်းချင်း ခုတ်လှဲခံရကြောင်း National Trust က အတည်ပြုခဲ့ပြီး နော့သမ်ဘီယား ရဲတပ်ဖွဲ့ရဲ့ အဆိုအရ Sycamore Gap သစ်ပင်ကို ခုတ်လှဲခြင်းနဲ့ ပတ်သက်လို့ ရာဇဝတ်မှုဆိုင်ရာ ထိခိုက်မှုဖြစ်စေတယ်လို့ သံသယဖြင့် ၁၆ နှစ်အရွယ် ကောင်လေးတယောက်ကို ဖမ်းဆီးထားခဲ့ကြောင်း သိရပါတယ်။ (ဓာတ်ပုံ - EFE-EPA)
🔥6👍2
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
🤮3🥰1
This media is not supported in your browser
VIEW IN TELEGRAM
September - 29 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍4🖕1
မြန်မာ့အရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီး အစီရင်ခံစာကို စစ်ကောင်စီကန့်ကွက်
========================

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီး Volker Türk တင်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအရင်ခံစာနဲ့ စက်တင်ဘာ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးမှုတွေဟာ မလိုအပ်တဲ့ကိစ္စတွေအဖြစ် ဂျနီဗာမြို့မှာရှိတဲ့ ကုသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

လူ့အခွင့်အရေးကောင်စီဟာ စစ်ကောင်စီက အတည်ပြုထားတဲ့အချက်အလက်တွေကို တမင်ထိန်ချန်ပြီး ဘက်လိုက်ဖော်ပြထားတယ်လို့ တုံ့ပြန်ထားပါတယ်။

ကလေးငယ်နဲ့ ဒေသခံပြည်သူအများအပြားသေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာတိုက်ခိုက်မှု၊ ကချင်ပြည်နယ် အနန့်ပါကျေးရွာတိုက်ခိုက်မှုအပါအဝင် အရပ်သားတွေ‌ပါ သေဆုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီက ပယ်ချတုံ့ပြန်ခဲ့ပါတယ်။

ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနားမှာ NUG/ CRPH နဲ့ PDF ရုံးချုပ်ဖွင့်မယ်ဆိုတဲ့သတင်းအရ စစ်တပ်က အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးအနေနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ လက်နက်တွေ ပေါက်ကွဲမှုကြောင့် အများအပြားသေဆုံးခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ တုံပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျေးရွာတွေ မီးရှို့ခံရတာနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာမှာ လက်သည်ဘယ်သူဆိုတာ မသိနိုင်ဘဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားတာဟာ အစီရင်ခံစာရေးသူရဲ့ အားနည်းချက်ကို ပြသနေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဆိုအရ PDF အကြမ်းဖက်တွေရဲ့ ဆိုးဝါးတဲ့ပြစ်မှုတွေကို အစီရင်ခံစာထဲမှာ မထင်သာအောင် လျှော့ပေါ့ဖော်ပြထားရုံမက သူတို့ရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို လုပ်သင့်လို့ လုပ်တာဆိုတာမျိုး အကြောင်းပြထားတယ်လို့လည်း စွပ်စွဲထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ရေးသားခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စုံစမ်းတွေ့ရှိချက်တွေအရ စစ်တပ်ရဲ့ ကျူးလွန်မှုတွေထဲက အများအပြားဟာ ရက်ရက်စက်စက်လုပ်ရပ်တွေဖြစ်သလို လူ့အခွင့်အရေး၊ လူ့အသက်နဲ့ လူသားသိက္ခာတို့ကို စနစ်တကျ လှစ်လျူတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆွေးနွေးတဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)က လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တောင်းဆိုချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) အနေနဲ့ ကြိုဆိုကြောင်း ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ တနေ့တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာတဲ့အကြောင်း၊ နိုင်ငံတကာက လုံလောက်တဲ့ အရေးစိုက်မှုမရှိတဲ့ မြန်မာ့အရေးကို ICC တရားရုံးဆီ လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်က လုံခြုံရေးကောင်စီကို တောင်းဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုဟာ အာဏာသိမ်းပြီး နောက်ပိုင်း ၁၄ လအတွင်းမှာထက် နှစ်ဆကျော်ပိုမိုများပြားခဲ့သလို ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုဟာ စုစုပေါင်း ၆၈၇ ကြိမ်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောသွားပါတယ်။

https://youtu.be/nR6iGgQsEIM?si=eO6T3zNKBjEuEQgi

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁7❤2🤮2
စက်တင်ဘာလ( ၂၉ )ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့

00:52- စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ NLD နဲ့ တော်လှန်ရေးအင်အားစုတွေ လက်မခံတဲ့သတင်း

05:24- မြန်မာ့အရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီး အစီရင်ခံစာကို စစ်ကောင်စီကန့်ကွက်တဲ့သတင်း

08:35- အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ထိုင်းရဲတွေသိမ်းဆည်းရမိ တဲ့သတင်း

12:21- ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/4gKqYT0js-I?si=CXgavF1SIHKllsRA

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍5🍌2❤1