Balochistan ရှိ ဗလီအနီး ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၅၂ ဦး သေဆုံး
=============
(Photo News)၂၀၂၃၊ စက်တင်ဘာ ၂၉ ရက်နေ့က ပါကစ္စတန်နိုင်ငံ၊ Balochistan ပြည်နယ်၊ Mastung ရှိ ဗလီတခုမှာ အသေခံဗုံးခွဲမှုတရပ် ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို ပြည်နယ်မြို့တော် ကွက်တာရှိ ဆေးရုံဆီ ပို့ဆောင်ခဲ့ကြပါတယ်။ တမန်တော် မုဟမ္မဒ် ဖွားမြင်ခြင်းကို ဂုဏ်ပြုတဲ့ Eid-e-Miladun Nabi ပွဲတော်ကို ချီတက်ဆင်နွှဲနေစဉ် စက်တင်ဘာ ၂၉ ရက်က Mastung မှာ အသေခံ ဗုံးခွဲမှု တခုအတွင်း အနည်းဆုံး လူ ၅၂ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Mastung ရှိ ရဲစခန်းတာဝန်ခံ Mohammad Javed Lehri ရဲ့ ပြောဆိုအရ သိရပါတယ်။ ကဘူးလ်ကျဆုံးပြီး အာဖဂန် တာလီဘန်လက်ထဲ ရောက်ရှိပြီးနောက် အစ္စလမ္မစ်များကြား ဂိုဏ်းဂဏအကြမ်းဖက်မှုတွေအပါအဝင် အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တဲ့ ဖြစ်ရပ်တွေမှာ ပါကစ္စတန်မှာ မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။
(ဓာတ်ပုံ - EFE-EPA/AFP)

👍6🔥1👏1😢1
၂ နှစ်ခွဲကျော်အတွင်း စစ်ကောင်စီဝင် ၇ ဦး နှင့် ပြည်ထောင်စုဝန်ကြီး ၃ ဦးသာ နေရာ မပြောင်းမလဲ ကျန်ရှိ
==================
001
(မဇ္စျိမ) ။ ။ အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီနှင့် စစ်ကောင်စီအစိုးရအဖွဲ့ကို အကြိမ်ကြိမ်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် စတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သည့် စစ်ကောင်စီဝင် ခုနစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီး သုံးဦးသာလျှင် လက်ရှိတွင် နေရာမပြောင်းမလဲ ကျန်ရှိခဲ့သည်ကို တွေ့ရသည်။
လက်ရှိတွင် စစ်ကောင်စီအဖွဲ့၌ ၁၈ ဦးအထိ ရှိနေပြီဖြစ်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မန်းငြိမ်းမောင်တို့သာ အပြောင်းအလဲမရှိ ဆက်လက်ကျန်ရှိနေခြင်းဖြစ်သည်။ စစ်ကောင်စီအစိုးရအဖွဲ့တွင် ပညာရေး ဝန်ကြီး ဦးညွန့်ဖေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီတို့သာလျှင် အပြောင်းအလဲမရှိ ဆက်လက်ခန့်အပ်ခံထားရသည်ကို တွေ့ရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်ကောင်စီ စတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သည့် အခြားသူများသည် ရာထူးနေရာ ထုတ်ပယ်ခြင်းနှင့် အပြောင်းအရွှေ့ပြုလုပ်ခြင်းများကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ခြောက်လတကြိမ် အရေးပေါ်ကာလ သက်တမ်းတိုးမှု ပြုလုပ်တိုင်း စစ်ကောင်စီနှင့် စစ်ကောင်စီအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလေ့ရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အရေးပေါ်ကာလသက်တမ်းတိုးမှုနှင့် မသက်ဆိုင်ဘဲ စစ်ကောင်စီအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်း ပြုလုပ်ခဲ့သည်။
အဆိုပါ ပြန်လည်ဖွဲ့စည်းမှုတွင် စစ်ကောင်စီစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖယ်ရှားခံလိုက်ရသည်ကို တွေ့ရသည်။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအနေဖြင့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်နှစ်နှစ်ခွဲကျော်ပါဝင်ခဲ့ရပြီးနောက် ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။
ကုန်စျေးနှုန်းများ ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ရာဂဏန်းနီးပါးကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ဒေါ်လာ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အရေးပါသည့် ကော်မတီ သုံးခု၏ ဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စီးပွား၊ ကူးသန်း ဒုတိယဝန်ကြီး ဦးညွှန့်အောင်တို့ လာဘ်စားမှုဖြင့် စစ်ဆေး ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများဖြစ်ကြသည့် မြထွန်းဦး၊ တင်အောင်စန်း၊ မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အရပ်သားအဖွဲ့ဝင်များအဖြစ် မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေ စသည့် လူပုဂ္ဂိုလ် ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
နောက်တစ်ရက်တွင် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့ကို အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ထည့်သွင်းခဲ့သည့် စုစုပေါင်း ၁၆ ဦး ဖြစ်လာသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ စစ်ကောင်စီပြန်လည်ဖွဲ့စည်းမှုတွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံရသည့် နောက်တဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဖြစ်ပြီး ၎င်းသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ( ၁ ) ပြည်ထောင်စုဝန်ကြီးအဖြစ်ပါ ဖယ်ရှားခံခဲ့ရသည်။
စစ်ကောင်စီက ၎င်းအား စစ်ဘက်မူလတာဝန်များ ပြန်လည်ပေးအပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပေသော်လည်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား စစ်ဘက်တာဝန်ပြန်လည်ပေးအပ်ခြင်းရှိ၊ မရှိကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကာ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ကိုယ်ကျိုးစီးပွားပြုလုပ်မှုကြောင့် အဖွဲ့ဝင်အချို့ကို အနားပေးခဲ့ပြီး ထိရောက်သည့်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
-

😁18👍9❤4🖕4💩3
စက်တင်ဘာလ (၂၉) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
======================
- ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားသည့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့်ခြံဝန်းကို ဖျက်ဆီးဖို့ ကြိုးစားသူတွေကို အရေးယူမယ်လို့ NUG ကြေညာတဲ့ သတင်း
- ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရတဲ့ သတင်း
- ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေအတွက် ရိက္ခာနဲ့ကူညီထောက်ပံမှုတွေလိုနေတဲ့သတင်း
-ထိုင်းမှာ တစ်နှစ်အတွင်း ဖမ်းဆီးခံရသူ မြန်မာ ၂ ထောင်ခန့်ရှိတဲ့ သတင်းနဲ့
- ထိုင်ဝမ်က သူ့ရဲ့ ပထမဆုံးပြည်တွင်းဖြစ်ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသ တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/a7kvxAEO7Jw?si=WdXd6c0MfUT9GLkq
#MizzimaTV
#7pmnews
#mizzimaprimetime
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ (၂၉) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
- ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားသည့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့်ခြံဝန်းကို ဖျက်ဆီးဖို့ ကြိုးစားသူတွေကို အရေးယူမယ်လို့ NUG ကြေညာတဲ့ သတင်း
- ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရတဲ့ သတင်း
- ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေအတွက်…

👍10❤3🍌1
၂၆ ရက်အတွင်း အင်္ဂါဂြိုဟ်ဆီ အရောက်သွားနိုင်သည့် ဆိုလာရွက်လွှင့်အာကာသယာဉ်
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8🔥1
စစ်ဘက်ဆိုင်ရာဂြိုဟ်တုသစ်အား အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့သည်ဟု အီရန်နိုင်ငံ ပြောကြား
=======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံချီတက်သည့် ရွာပေါင်းစုံသပိတ်
======================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံသည့် ချီတက်ပွဲကို ယနေ့စက်တင်ဘာလ ၂၉ရက်တွင် ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “Our Ambassador – Our Voice” “ငါတို့သံအမတ်၊ငါတို့အသံ” စာတန်းကို ကိုင်ဆောင်ပြီး ကြွေးကြော်ချီတက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးသော ကာကွယ်ရေးရဲဘော်များကို အာဇာနည်သူရဲကောင်းများအဖြစ် အလေးပြုချီတက်ခဲ့ကြသည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ရာ ယနေ့သပိတ်သည် ၉၂၀ရက်မြောက်ဖြစ်သည်။
ယင်းမာပင် - ဆားလင်းကြီးကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များနှင့်မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များသည် ယမန်နေ့စက်တင်ဘာ ၂၈ရက်တွင် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) ဥက္ကဌ ဦးမြင့်ထွေးဦးဆောင်သောအဖွဲ့နှင့် မြေပြင်တနေရာတွင်တွေ့ဆုံခဲ့ပြီး သပိတ်ကော်မတီများ၏ အခက်အခဲများ၊ တော်လှန်ရေးနှင့် ပတ်သက်သောကိစ္စများဆွေးနွေးခဲ့ကြောင်းသိရသည်။
စာတည်း - အေးချမ်း
#mizzima
#ယင်းမာပင်မြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်
#ဦးကျော်မိုးထွန်း
#CRSH
ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ်
ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ

👍15❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
September - 29 [7 Pm] Mizzima News Hour
Mizzima Headline News
#7pmnews #mizzimanewshour #reels #shorts

❤6👍1🍌1
စက်တင်ဘာလ (၂၉) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=================
ခိုင်ခိုင်မာမာ ရရှိထားတယ်လို့ NUG ထုတ်ပြန်၊နိုင်ငံတကာသတင်း၊စီးပွားရေး၊အနုပညာသတင်းတွေ အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကို ထုတ်လွှင့်သွားဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကိုကြားကြရမယ့် BNI ရေဒီယိုအစီအစဉ်တွေကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။
https://youtu.be/77zdUPFZPF4?si=nBC3vHPmzjNXmsMh
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
ခိုင်ခိုင်မာမာ ရရှိထားတယ်လို့ NUG ထုတ်ပြန်၊နိုင်ငံတကာသတင်း၊စီးပွားရေး၊အနုပညာသတင်းတွေ အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကို ထုတ်လွှင့်သွားဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကိုကြားကြရမယ့် BNI ရေဒီယိုအစီအစဉ်တွေကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။
https://youtu.be/77zdUPFZPF4?si=nBC3vHPmzjNXmsMh
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၂၉) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ကိုယ်ကျိုးစီးပွားလုပ်တဲ့ ကောင်စီဝင်တွေကို အရေးယူမယ် လို့ စစ်ခေါင်းဆောင်ပြော၊ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ အိမ်ကို ရောင်းချဖို့ ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ အခြားနည်းနဲ့ အသုံးချဖို့ ကြိုးစားတာတွေရှိတာကို အချက်အလက်ခိုင်ခိုင်မာမာ ရရှိထားတယ်လို့ NUG ထုတ…
❤6❤🔥1👍1👏1🤮1