Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စက်တင်ဘာလ (၂၉) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=================

ခိုင်ခိုင်မာမာ ရရှိထားတယ်လို့ NUG ထုတ်ပြန်၊နိုင်ငံတကာသတင်း၊စီးပွားရေး၊အနုပညာသတင်းတွေ အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကို ထုတ်လွှင့်သွားဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကိုကြားကြရမယ့် BNI ရေဒီယိုအစီအစဉ်တွေကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။

https://youtu.be/77zdUPFZPF4?si=nBC3vHPmzjNXmsMh

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤6❤‍🔥1👍1👏1🤮1
ညောင်ဦးတွင် ရေကျော်ချောင်းဖြတ်ကူးသည့်ကား ရေစီးဖြင့်မျောပါ ၂ဦး သေဆုံး
👍5🔥1
ညောင်ဦးတွင် ရေကျော်ချောင်းဖြတ်ကူးသည့်ကား ရေစီးဖြင့်မျောပါ ၂ဦး သေဆုံး
=======================

ရွှေနွယ်
(မဇ္ဈိမ) ။ ။မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် လျှော်ပင်ကျေးရွာအနီးတွင် ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့ ညနက်ပိုင်း ည ၁၂ ခန့်က ရေကျော်ချောင်းအား ဖြတ်သန်းမိသည့် Light Truck အမျိုးအစားမော်တော်ယာဉ်တစီးသည် ရေစီးနှင့်အတူမျောပါသွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားနှစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေ လျှော်ပင်ကျေးရွာအနီးတွင် တောင်ကျချောင်းရေသည် မိုးရွာသွန်းထားသဖြင့် ချောင်းရေကျော်တံတိုင်းမှာ ကျိုးကျနေစဉ် ကျောက်ပန်းတောင်းဘက်မှ မောင်းနှင်လာသော ကားတစီးသည် နယ်မြေခံမဟုတ်သည့်အတွက် အခြေအနေကိုမသိရှိဘဲ ဖြတ်သန်းမောင်းနှင်မိသောကြောင့် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦးမီးသတ်တပ်ဖွဲ့ထံမှသိရသည်။

"အများပြည်သူအဓိကသုံးနေတဲ့လမ်းပေါ့နော်။ အဲ့မှာ ချောင်းကိုရေကျော်လုပ်ပေးထားတာ။ အဲ့ရေကျော်က ပြီးခဲ့တဲ့ သုံးရက်လောက်ကရွာတဲ့မိုးနဲ့ ခါးပြတ်သွားတယ်။ ကျောက်ပန်းတောင်းဘက်ကပြန်လာတာ ည ၁၂ လောက်ဖြစ်မယ်၊ စျေးရောင်းအပြန်ပါ။ မိုးထဲရေထဲမှောင်မှောင်မဲမဲဆိုတော့ ရေကျော်ခါးပြတ်ထားမှန်းလည်းမသိဘူးထင်ပါတယ်" ဟု ညောင်ဦးမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောသည်။

ထိုသို့ရေစီးနှင့်မျောပါသွားသည့်ကားအား ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်မှ ချောင်းရေကျနေစဉ် သဲနှုန်းများအတွင်းတွေ့ရှိပြီး ညောင်ဦးခရိုင် မီးသတ်စခန်း၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းနှင့် တောင်ဇင်းနယ်မြေ မီးသတ်စခန်းတို့မှ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း သိရသည်။

သွားရောက်ကူညီကယ်ဆယ်သည့်အချိန်တွင် ယာဉ်ပေါ်၌ လိုက်ပါလာသူ အမျိုးသားနှစ်ဦးမှာ သေဆုံးနေပြီဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးသူများမှာ သဲရာချောင်းကျေးရွာနေ ဦးကျော်မိုး (အသက် ၆၀နှစ်) နှင့် သားဖြစ်သူ ဦးမိုးအောင် (အသက်၂၅ နှစ်)တို့ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများအား ချောင်းရေကျော်၏အောက်ဘက် ပေ ၄၀၀ ခန့်အကွာတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တာဝန်ရှိသူ၏ ပြောပြချက်အရသိရသည်။
ထို့နောက် သေဆုံးရုပ်အလောင်းများအား ညောင်ဦးမြို့နယ် ဂရုဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းယာဉ်ဖြင့် ညောင်ဦးမြို့ ကုတင် ၂၀၀ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ညောင်ဦးမီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ချောင်းသည် တောင်ကျချောင်းဖြစ်သောကြောင့် ယနေ့မိုးပြတ်နေစဉ်တွင် ချောင်းရေကျသွားပြီး သဲနှုန်းများသာ တင်ကျန်လျက်ရှိကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတိုင်းထွာချက်များအရ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရမ်ရေမှတ် ၂,၁၂၀ စင်တီမီတာတွင်ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည်။
လာမည့် စက်တင်ဘာ ၃၀ ရက်နေ့ နံနက်အထိ ခန့်မှန်းချက်အရ မန္တလေးမြို့နှင့်အနီးတဝိုက်တွင် မိုးတကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ညောင်ဦးမြို့နယ်
#မိုးဇလ
#တောင်ကျချောင်း

ဓာတ်ပုံ - ညောင်ဦးမီးသတ်မှပေးပို့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10👍1🔥1
​​စစ်ဗိုလ်ချုပ်ကြီးများက ထုတ်ပယ်ရှင်းလင်းမှုများ လုပ်နေချိန် ဗြိတိန်၊ ကနေဒါနှင့် ထိုင်ဝမ်တို့က ပြစ်တင်ဝေဖန် 
=======================

မြန်မာ အာဏာသိမ်းခေါင်းဆောင်များ၏ တင်းကြပ်စွာ ထိန်းချုပ်သော ရွေးကောက်ပွဲများ ကျင်းပမည့် အစီအစဉ်များကို အမေရိကန်၏ ရှုတ်ချရာတွင် ဗြိတိန်နှင့် ကနေဒါတို့က ပူးပေါင်းပါဝင်လာပြီး ထိုင်ဝမ်ကလည်း စစ်အာဏာသိမ်းအုပ်စု၏ အတိုက်အခံများအပေါ် ရက်စက်ကြမ်းကြုတ်မှုများနှင့် ဖြိုခွင်းမှုများကို ပြင်းပြင်းထန်ထန် အပြစ်တင်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👎1🤣1
​​အတင်းအဓမ္မခွဲခြားခြင်းနှင့် ဘာသာစကားဆိုင်ရာ မူဝါဒများက ဝီဂါ ကလေးများအတွက် အန္တရာယ် ရှိ ကြောင်း ကုလ ကျွမ်းကျင်သူများ ပြောကြား 
======================

ဝီဂါ နှင့် အခြားသော လူနည်းစု မူဆလင်ကလေးများကို မိခင်ဘာသာစကားဖြင့် ပညာသင်ကြားပေးရန် ပျက်ကွက်ခြင်း နှင့် ၎င်းတို့၏ မိသားစု အသိုက်အဝန်းမှ အတင်းအကျပ် ခွဲထုတ်၍ ဖိအားပေး ထိန်းချုပ်ရန် ရည်ရွယ်သော ရှင်ကျန်း ပြည်နယ် အစိုးရပိုင် ဘော်ဒါကျောင်းစနစ်ကျင့်သုံးမှု အပေါ် များစွာ စိုးရိမ်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများ က ပြောကြားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉ စက်တင်ဘာ ၂၀၂၃) 
======================

အကြမ်းဖက်မင်းအောင်လှိုင်ကတော့ လုပ်ပိုင်ခွင့်အသုံးချပြီး မိသားစုကောင်းစားရေးလုပ်နေသော်လည်း လက်အောက်စစ်ဗိုလ်ချုပ်များ အခွင့်အာဏာအသုံးချလျှင် အဂတိဆိုပြီး အရေးယူနှိပ်ကွပ်ပြီး တိုင်းပြည် သယံဇတကို လက်ဝါးကြီးအုပ်ထားသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😁1
မုံရွာမြို့တွင် ဗိုလ်ကြီးအဆင့်ရှိသူ ဆရာဝန်ကို PDF ဖမ်းဆီး
👍10🔥1👏1
မုံရွာမြို့တွင် ဗိုလ်ကြီးအဆင့်ရှိသူ ဆရာဝန်ကို PDF ဖမ်းဆီး
=====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် ဗိုလ်ကြီးအဆင့်ရှိသူ ဆရာဝန်ကို နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Black Falcon Guerrilla Forces အဖွဲ့က ယနေ့စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည်။

မုံရွာမြို့တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အမှတ်(၂) တပ်မတော် ဆေးရုံမှ ဗိုလ်ကြီး အောင်ဖြိုးသိန်းကို စက်တင်ဘာလ ၄ ရက် နံနက် ၇နာရီ ၃၀မိနစ်အချိန်တွင် ၎င်းနေအိမ်သို့ပြန်ရောက်စဉ် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“သူ့ရဲ့အိမ်မှာ လုံခြုံရေးပတ်ပတ်လည်ချထားတယ်၊ မုံရွာမြို့အလယ်ခေါင်မှာလည်းဖြစ်တဲ့အတွက် ပုံစံတူပြုလုပ်ပြီး ဝင်ရောက်စီးနင်းတဲ့ပုံစံကို အချိန်တပတ်လောက်ယူ လေ့ကျင့်ပြီးမှ လုပ်ဆောင်ခဲ့တာပါ” ဟု Black Falcon Guerrilla Forcesအဖွဲ့မှ ကိုဒီမွန် က မဇ္စျိမကိုပြောသည်။

ကာကွယ်ရေးအဖွဲ့ဝင်များက ဥပဒေအတိုင်းဆောင်ရွက်မည်ဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ပေးရန် ပြောဆိုရာ လိုက်ပါရန်ငြင်းဆန်သဖြင့် နေအိမ်တွင် မိနစ် ၂၀ခန့် အချိန်ယူ ပြောဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဗိုလ်ကြီးအဆင့်ရှိသူ ဆရာဝန်နှင့်အတူ ဟွန်ဒိုင်းအမျိုးအစား အိမ်စီးကား တစီး၊ လက်ကိုင်ဖုန်းနှစ်လုံး ၊ လက်တော့ပ်ကွန်ပျူတာ တလုံးတို့ကို သိမ်းဆည်းခဲ့ပြီး မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ လွှဲပြောင်းပေးအပ်ထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

မုံရွာမြို့အဝင်အထွက်လမ်းအားလုံးကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ထားပြီး လုံခြုံရေး အပြည့်ယူထားသည့်ကြားမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းကြရန် သတိပေးခြင်း ဖြစ်ကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

အဆိုပါဆရာဝန် ဖမ်းဆီးခံရပြီးနောက် မုံရွာမြို့အနီးရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုး လိုက်လံရှာဖွေနေသဖြင့် ဖမ်းဆီးခဲ့သည့်သတင်း အသိပေးရန် နှောင်နှေးကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း Black Falcon Guerrilla Forcesအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၂၄ရက်နေ့ကလည်း မုံရွာမြို့ ၊ အလယ်ရပ်ကွက်၊ အထက (၁)ကျောင်း အနီးရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့များက လက်ပစ်ဗုံးနှစ်လုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်သားတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#ဖမ်းဆီးမှု

ပုံအညွှန်း - ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှင့် ဆက်စပ်ပစ္စည်းများ
ဓါတ်ပုံ - Black Falcon Guerrilla Forces

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥1👏1😁1
​​ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ဆောင်ရွက်မည်ဟု စစ်ကောင်စီခေါင်းဆောင်ပြော
=========================

001
(မဇ္စျိမ) ။ ။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသည့် နိုင်ငံများရှိသော်လည်း တနိုင်ငံနှင့် တနိုင်ငံ ကျင့်သုံးမှုချင်း တူညီမှုမရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

စစ်ကောင်စီအနေဖြင့် ဒေသအလိုက် စစ်တပ်၏ မဟာဗျူဟာအခင်းအကျင်းနှင့် ကိုက်ညီအောင် လုပ်ဆောင်လိုသည့်သဘောဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

"သူတို့က အမျိုးသားရေးကို ပြောနေပေမယ့် တကယ်က ဗမာလူမျိုးကြီးဝါဒသာ သူတို့က ကိုင်ဆွဲပြီးတော့ တိုင်းရင်းသားတွေရဲ့ အမျိုးသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လျစ်လျူရှု မျက်ကွယ်ပြုဖို့ သဘောထားရှိတဲ့အတွက်ကြောင့် အခုလို လူမျိုးရေးကို အခြေမခံဘူး၊ ဒေသကို အခြေခံမယ်လို့ ပြောတာပါ။" ဟု ဦးသန်းစိုးနိုင်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရန်လည်း ဆောင်ရွက်နေပြီး တိုင်းရင်းသားခေါင်းဆောင်များ လက်လှမ်းမီသလောက် ဖိတ်ကြားထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

NCA လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့သည် လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည်ဖြစ်ကာ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ အကုန်တက်ရောက်ရန် စစ်ခေါင်းဆောင်က မျှော်လင့်နေခြင်းဖြစ်ပြီး လက်မှတ်မထိုးထားသည့်အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေးကို လိုချင်ပါက အခမ်းအနားကို တက်ရောက်ပြီး လမ်းခင်းရန်လိုကြောင်း ဆိုထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များအကြား လက်ရှိ နေရာအများအပြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#NCA
#စစ်ကောင်စီ
#ဖက်ဒရယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮16👍11😁4🖕3
​​Twenty
======

မိန်းကလေးတွေနဲ့ ကလပ်တက်၊ အပျော်အပါးကလွဲရင်တခြားဘာကိုမှစိတ်မဝင်စားတဲ့ ချီဟို

အထည်ကြီးပျက်မိသားစုကပေါက်ဖွားလာပြီး အလုပ်တစ်ဖက်နဲ့ ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး

ချီဟိုလောက် ခံစားမှုမပြင်းထန်၊ ဒုန်ဝူးလောက် ရည်မှန်းချက်မကြီးပေမယ့် သူငယ်ချင်းနှစ်ယောက်နဲ့အတွဲညီတဲ့ ရိုးသားတဲ့ ဂျောင်ဂျယ်

အရာရာကို စမ်းသပ်နိုင်တယ်၊ ရွေးချယ်နိုင်တယ်.. အမှား တစ်ခုခုလုပ်မိရင်လည်း ပြန်ပြင်ဆင်ခွင့်ရှိတယ်

အချစ်ဆိုတာကို စတင်ခံစားကြတယ်.. ရင်ခုန်ကြတယ်..လိင်ကိစ္စတွေစမ်းသပ်ကြတယ်.. အသဲကွဲ ကြတယ်
.. ဝမ်းနည်းကြတယ်
..
ဒီလို အသက် ၂၀အရွယ်ရဲ့ အတွေ့အကြုံတွေကို ဒီချာတိတ်လေး ၃ယောက်က ဘယ်လို ဖြတ်သန်းခဲ့ကြလဲဆိုတာ ရယ်မောစရာဟာသလေးတွေနဲ့အတူ ကြည့်ရှုခံစားလိုက်ပါ..

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 29.9.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍11😁1
​​မိုးနှင့်လေပြင်းကြောင့် သေဆုံးထိခိုက်မှုအချို့ရှိနေ၊ မိုးဆက်ကြီးမည့်သတိပေးချက်ထုတ်ပြန်ထား
========================

ရောင်နီ
(မဇ္စျိမ)။ ။ လက်တလော ရာသီဥတုအခြေအနေကြောင့် ထိခိုက်ပျက်စီးမှုများရှိနေပြီး ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း ပိုအား ကောင်းလာကာ တိုင်းနှင့်ပြည်နယ် ခုနစ်ခုနှင့် ကမ်းရိုးတန်းဒေသများ၌ မိုးကြီးနိုင်ကြောင်းစစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှ နို၀င်ဘာလ ၃ ရက်နေ့အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ လေတိုက်နှုန်း ၁နာရီလျှင် ၃၅မိုင်မှ မိုင်၄၀အထိ တိုက်ခတ်နိုင်ကြောင်းမိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့် အတွက် သတိပြုနေထိုင်ရန် အကြံပြုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)ကလည်း လတ်တလောကာလ မိုး‌ကြီးမှုကြောင့် မြစ်၊ချောင်းများ ရေများကာ ရေကြီးကာလထပ်မံကြုံတွေ့နိုင်ကြောင်း သတိပေးထားသည်။ရေဘေး၊ မြေပြိုဘေးနှင့် လမ်းတံတားများ ထိခိုက်ပျက်စီးခြင်းများကို သတိပြုသွားလာကြရန် တိုက်တွန်းထားသည်။

ယခုရက်ပိုင်းအတွင်း မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကျချောင်းရေများ ဝင်ရောက်ခြင်း၊ လေပြင်းကြောင့်သစ်ပင်များလဲပြိုခြင်းအပြင် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်။ ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်က မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လျှော်ပင်ကျေးရွာအနီးရှိ ရေကျော်ချောင်းအား ဖြတ်သန်းသည့် light truck ကားတစီး ရေစီးနှင့်မျောပါကာ ကားပေါ်မှအမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။မကွေးတိုင်း ချောက်၊အောင်လံ၊ တောင်တွင်းကြီးမြို့နယ်တို့တွင် လေပြင်းကြောင့် သစ်ပင်ပြိုလဲမှုများဖြစ်ခဲ့သည်။ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျခဲ့သည်။ယင်းဖြစ်စဉ်၌ နေအိမ်တလုံး ပျက်စီးခဲ့ပြီး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈) နာရီအတွင်း ပို အားကောင်းလာနိုင်ကြောင်း မိုးဇလက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#ဘင်္ဂလားပင်လယ်အော်
#လေဖိအားနည်းရပ်ဝန်း
#မိုးကြီးသတိ‌ပေးချက်

စက်တင်ဘာလ ၂၈ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်း-ပုပ္ပါး-မြင်းခြံကားလမ်း ချောင်းရေလျှံနေစဉ်
Photo - Myanmar Fire Services Department

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍10🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၂၉ ရက်ထုတ်လွှင့်မှုများ
====================

https://youtu.be/NzsFBiObP4A?si=bIsFIS_J73KSCAkp

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤2🤮1