GMMTV ကထွက်ခွါပြီး ကိုယ်ပိုင် Entertainment တည်ထောင်ခဲ့တဲ့ Bright Vachirawit
👍5❤1🔥1

=================
ထိုင်းသရုပ်ဆောင်နှင့် အဆိုတော် Bright သည် GMMTV ကထွက်ခွါပြီး 2023 ခုနှစ် September လ 26 ရက်နေ့ မှာ သူ၏ကိုယ်ပိုင်ကုမ္ပဏီဖြစ်တဲ့ Cloud9 Entertainment ကို စတင်လိုက်ပြီဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်တစ်ခုတွင် Bright က Cloud 9 Entertainment ဟာ ထိုင်းနိုင်ငံအတွင်းရော နိုင်ငံတကာမှာပါ ပူးပေါင်းလုပ်ဆောင်သွားမဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။
“ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ကတော့ ပြည့်စုံတဲ့ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်ရန်ဖြစ်ပြီး အနုပညာရှင်များကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာဖို့နဲ့ ကျွန်ုပ်တို့ ဖောက်သည်များ၏လိုအပ်ချက်များ၊ အမျိုးမျိုးသောထုတ်လုပ်မှုဝန်ဆောင်မှုများနှင့်ဖြည့်ဆည်းပေးရန်ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဦးတည်ချက်နဲ့ ပတ်သက်ပြီးတော့ ထိုင်းဖျော်ဖြေရေးနယ်ပယ်နဲ့ ထိုင်းအနုပညာရှင်တွေကို နိုင်ငံတကာအဆင့်မှာ အောင်မြင်အောင် တွန်းအားပေးဆောင်ရွက်သွားဖို့ လည်း ကတိပြုထားပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဒေသတွင်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲပြီး လုပ်ငန်းနယ်ပယ်အသီးသီးက အဓိကကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကားပြောဆိုမှုတွေကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး ထိုင်းဖျော်ဖြေရေးနယ်ပယ်နဲ့ နိုင်ငံတကာမှာ ထိုးဖောက်နိုင်တဲ့ ထိုင်းအနုပညာရှင်တွေရဲ့ အလားအလာကို အားလုံးက ငြင်းဆိုလို့မရပါဘူး။” လို့ဆိုခဲ့ပါသေးတယ်။
Bright ရဲ့ပထမဆုံးအင်္ဂလိပ်အယ်လ်ဘမ်အပါအဝင် ၎င်းတို့၏တေးဂီတဖြန့်ချိမှုအတွက် Cloud9 Entertainment သည် Universal Music Thailand နှင့် ပူးပေါင်းသွားမှာဖြစ်သည်။ Cloud 9 ရဲ့ လာမယ့် ပရောဂျက်တွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းမှာရော ပြည်ပမှာပါ ကျင်းပမယ့် 'BRIGHT's HOME PARTY' လည်း ရှိပြီး Universal Music Thailand နဲ့ ပူးပေါင်းပြီး အင်္ဂလိပ်အယ်လ်ဘမ် အပြည့်အစုံကို လုပ်ဆောင်နေပါလို့ဆိုပါတယ်။
Photo Credit - Cloud 9 Entertainment

❤9👍4🥰2🔥1
My india အစီအစဉ် | 30 September 2023
===============
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
-ဂျမ်းမူနဲ့ ကတ်ရှ်မီးယားရှိ အနန်းနက်ဂ် ခရိုင် ချိုင့်ဝှမ်းတစ်လျှောက်က နှစ်စဉ်ကျင်းပသည့် ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ အမာနာ့သ်ယာထရာ အခမ်းအနားမြင်ကွင်း
-အိန္ဒိယရဲ့ အကြီးမားဆုံးကားထုတ်သူ Maryti Suzuki ကဝယ်သူများက ပိုထူးခြားကောင်းမွန်သော ကားများကို ရွေးချယ်လာသောကြောင့် ၇ယောက်စီး ကားအသစ်ဖြင့် ပရီမီယံကား အပိုင်းသို့ ဝင်ရောက်ရန်ကြိုးပမ်း
-တောင်တန်းတွေရဲ့ ဘုရင်မလို့ တင်စားခေါ်ဝေါ်ကျတဲ့ ရှင်းမလားမြို့ဟာ လူငယ်များကြား စာဖတ်ခြင်းအလေ့အထကို မွေးမြူပေးဖို့ ရည်ရွယ်ချက်ဖြင့် ၉ရက်ကြာ စာအုပ်ပွဲတော်တစ်ခုကို ကျင်းပ
-အိန္ဒိယရဲ့ နို့လုပ်ငန်းတိုးတက်လာပုံ အဆင့်ဆင့်မြင်ကွင်း
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/MCKrRtzkrMk?si=0PON3OK7gBpccesq
#myindia
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ဒီတစ်ပတ်ရဲ့My india အစီအစဉ် | 30 September 2023
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
-ဂျမ်းမူနဲ့ ကတ်ရှ်မီးယားရှိ အနန်းနက်ဂ် ခရိုင် ချိုင့်ဝှမ်းတစ်လျှောက်က နှစ်စဉ်ကျင်းပသည့် ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ အမာနာ့သ်ယာထရာ အခမ်းအနားမြင်ကွင်း
-အိန္ဒိယရဲ့ အကြီးမားဆုံးကားထုတ်သူ Maryti Suzuki ကဝယ်သူများက ပိုထူးခြားကောင်းမွန်သော…

👍10🔥1
Pakistan suicide blast kills over 50 and injures dozens
===================
https://youtu.be/WooD7qjyEcg?si=SBVOVzKWLAHNRCvy

A deadly suicide bomb attack in Pakistan's Mastung has targeted a religious procession, with a second blast hitting a mosque hundreds of kilometres to the north, killing a further four. The attack comes as the country grapples with political and economic…
👍3🔥1
Clashes after mob attacks chief minister's house in India's Manipur
======================
https://youtu.be/0hOOMSJV1fg?si=tawX9hi0y0FcCBXN

Police forces fire tear gas shells to thwart a mob after it tried to storm the home of the chief minister of India's Manipur state riven by sectarian violence. More than 150 people have been killed in the state since armed clashes broke out in May between…
👍4🔥1
စစ်အုပ်စုမျိုးကို သက်တမ်းရှည်စေမယ့်၊ သက်ဆိုးရှည်စေမယ့် ကိစ္စမျိုးတွေမှာ မပူးပေါင်း ကြဖို့လိုတယ်
========================
မောင်ခက်နွေ (မဇ္ဈိမ)။ ။ ပြည်သူကိုဆန့်ကျင်နေတဲ့ စစ်ကောင်စီကို သက်တမ်းရှည်စေမယ့်၊ သက်ဆိုးရှည်စေမယ့် ကိစ္စမျိုးတွေမှာ မပူးပေါင်း ကြဖို့လိုတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNSရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးက မဇ္ဈိမ ရဲ့ Weekly Interview မှာပြောပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ စစ်ကောင်စီရဲ့ ထွက်ပေါက်တခုဖြစ်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာအောင် တော်လှန်ရေး ဘက်တော်သားတွေ အနေနဲ့ ဘယ်လိုမျိုးတွေ ဆန့်ကျင်သင့်ပါသလဲ။ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်တာကရော အခုလို နေရာအနှံ့ စစ်မျက်နှာ ဖွင့်နေရတဲ့အချိန်မှာ အောင်မြင်နိုင်ပါ့မလား။
ဒါတွေကိုတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNSရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း၊ တင်ဆက်၊ တည်းဖြတ် - မောင်ခက်နွေ
https://youtu.be/extSSpJZNcw?si=7QE5DpiA-OIxwXKk
#Mizzima
#Weekly Interview
#DPNS
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မောင်ခက်နွေ (မဇ္ဈိမ)။ ။ ပြည်သူကိုဆန့်ကျင်နေတဲ့ စစ်ကောင်စီကို သက်တမ်းရှည်စေမယ့်၊ သက်ဆိုးရှည်စေမယ့် ကိစ္စမျိုးတွေမှာ မပူးပေါင်း ကြဖို့လိုတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNSရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးက မဇ္ဈိမ ရဲ့ Weekly…
👍9😁1
သံတိုင်ကြားရောက် အကယ်ဒမီဘွဲ့ရရဲမှူးကြီး
===================
- မောင်မောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနီးတဲ့ ဆက်ဆံရေးရှိနေလို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနန်းကျပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြည်ထဲရေးဝန်ကြီးဖြစ်လာချိန်မှာ ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်သုံးဦး မင်းဘေးသင့်ခဲ့ပါတယ်။
ရဲမှူးချုပ်ဇော်မိုးသန်း၊ယာယီရဲမှူးချုပ်မိုးသန်းအောင်၊ ရဲထောက်ချုပ်ရဲမှူးချုပ်ဇော်ခင်အောင်တို့ကို တိုင်ကြားမှုတွေနဲ့အတူ ဖမ်းဆီးပြီး ရာထူးကနေ ဖြုတ်ချခဲ့တာပါ။၂၀၂၀ ခုနှစ်၊ နွေဦးနေ့ရက်တွေထဲက အဖြစ်အပျက်ပါ။ ဇာတ်တူသားချင်းစားတယ်လို့လည်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။
အဲ့ဒီအဖြစ်အပျက်အလွန် သုံးနှစ်ကျော်အကြာ ယနေ့ကာလမှာ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထဲရေးဝန်ကြီးဖြစ်လာချိန်မှာလည်း ရဲအရာရှ်ိကြီးသုံးဦး ဘေးသင့်ခဲ့ပြန်ပါတယ်။ ဒီတခါ ကံဆိုးမိုးမှောင်ကျတဲ့ သူတွေကတော့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ဌာနကြီးမှူး ရဲမှူးချုပ်အောင်ဌေးမြင့်၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးချုပ်စိန်လွင်နဲ့စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဉာဏ်မြင့်ကျော်တို့ ဖြစ်ပါတယ်။
ရဲမှူးချုပ်အောင်ဌေးမြင့်နဲ့ရဲမှူးချုပ်စိန်လွင်ဟာ စစ်ကောင်စီအစည်းအဝေးမှတ်တမ်းအချို့ ပေါက်ကြားမှုကြောင့် နေအိမ်အကျယ်ချုပ်နဲ့စစ်ဆေးခံနေရတာဖြစ်ပြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်ကတော့ အဲ့ဒီအချက်အပြင် အဂတိလိုက်စားမှုတွေနဲ့ပါ ချုပ်နှောင်စစ်ဆေးခံနေရတာလို့ နေပြည်တော်ရဲတပ်ဖွဲ့ အသိုင်း အဝိုင်းကပြောပါတယ်။ဒီဖြစ်ရပ်ဟာ ရဲတပ်ဖွဲ့အတွင်းစည်းထဲမှာ လတ်တလောလောင်မြိုက်နေတဲ့ မီးဖြစ်ပါတယ်။
ရဲမှူးကြီးဉာဏ်မြင့်ကျော်ဟာ ရန်ကုန်တိုင်း၊ ကျောက် တန်းမြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပါတယ်။ အသက်(၅၄)နှစ်ရှိပြီဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးကြီးကြီးရခဲ့ပြီး စစ်တပ်ထဲကနေ ပြောင်းလာတဲ့ မိုးကျရွှေကိုယ်အဖြစ် အမြန်လမ်းရဲတပ်ဖွဲ့မှူးတာဝန်ယူခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တပ်က အာဏာမသိမ်းခင်ရှေ့လအနည်းငယ်မှာ ကချင် ပြည်နယ်ရဲတပ်ဖွဲ့မှူးဖြစ်လာပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ဖြစ်လာတဲ့ ကချင်ပြည်နယ်က လူထုသပိတ်တွေကို လူသေဆုံးမှုဖြစ်စေတဲ့အထိ ဖြိုခွင်းခဲ့တာမှာ သူက အဓိကအမိန့်ပေးသူဖြစ်ခဲ့ပါတယ်။ ၂၀ ၂၁ ခုနှစ် မတ်လ ၈ရက်က ပြည်သူနှစ်ဦးသေဆုံးခဲ့ရတဲ့ မြစ်ကြီးနားမြို့ လူထုသပိတ်ဖြိုခွင်းမှုကို သူက အဓိကအမိန့်ပေးစေခိုင်းခဲ့တာလို့ ကချင်တိုင်းရင်း သားလူထုအသိုင်းအဝိုင်းက မှတ်တမ်းယူထားပါတယ်။
၂၀၂၂ ခုနှစ်မေလမှာတော့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးဖြစ်လာပါတယ်။ ခုခံတော်လှန်စစ် အားအကောင်းဆုံးဇေယျာတိုင်းကို ဖိနှိပ်ဖို့ စစ်ကောင်စီက ဝကွက် အပ်လိုက်တဲ့ တိုင်းအဆင့် စစ်ကောင်စီအရာရှိတွေထဲက အဓိကတာဝန်ရှိသူဖြစ်လာပါတယ်။ အဲ့ဒီနောက် သူဟာ ရဲမှူးကြီးအာဏာပါဝါသုံးပြီး တော်လှန်လူထုကို သွေးထွက်သံယိုဖြစ်စေခဲ့တယ်လို့ စစ်ကိုင်းတိုင်းအခြေပြု တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
စစ်ကောင်စီဟာ ပြည်နယ်နဲ့တိုင်းရဲတပ်ဖွဲ့မှူးတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းရဲ့လမ်းပန်းဆက်သွယ် ရေးဝန်ကြီးရာထူးပါ မက်လုံးပေးပြီး အာဏာစက်တည်ဆောက်ခဲ့ပါတယ်။ ရဲမှူးကြီးဉာဏ်မြင့်ကျော်ဟာ စစ်ကိုင်းတိုင်းလို အထင်ကရတိုင်းရဲ့ ရဲတပ်ဖွဲ့မှူးရာထူးရော လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဆောင်အယောင်နဲ့ပါ ဟိတ်ဟန်ရှိခဲ့တယ်။သူရဲ့ဆရာရင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ အပေးအယူမျှခဲ့ပြီး ယခင်ကထက် တန်ခိုးထွားလာတယ်လို့ စစ်ကိုင်းတိုင်းအခြေပြုတော်လှန် ရေးအင်အားစုတွေကပြောပါတယ်။ ဥရောပသမဂ္ဂနဲ့နိုင်ငံတကာက ပိတ်ဆို့အရေးယူတဲ့ စစ်ကောင်စီထိပ်ပိုင်းပုဂ္ဂိုလ်တွေထဲမှာ ရဲမှူးကြီးဥာဏ်မြင့်ကျော်လည်းပါဝင်ခဲ့ပေမယ့် သူ့ခြေလှမ်းတွေဟာ အနည်းငယ်တောင်တုံ့နှေးမသွားခဲ့ဘဲ စစ်ကောင်စီအလိုကျ အသုံးတော်ခံနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ဆရာရင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တယောက် ပြည်ထဲရေးဝန်ကြီးနေရာကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် ရဲမှူးကြီးဉာဏ်မြင့်ကျော်လည်း တနွယ်ငင်တစင်ပါ သွားပါတော့တယ်။ သူဟာပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက် နံနက် ဝေလီဝေလင်းမှာ ထိန်းသိမ်းခံရပြီး ရဲတွေအချင်းချင်းကြား မော်စကိုလို့ အမည်ပြောင်ခေါ်တဲ့ အင်းစိန်ထောင်ရဲ့ သံတိုင်တွေနောက်ကို ရောက်သွားခဲ့တယ်လို့ စစ်ကိုင်းတိုင်းထဲက ရဲအရာရှိတဦးကပြောပါတယ်။
" ဆရာဉာဏ်(ရဲမှူးကြီးဥာဏ်မြင့်ကျော်) တော့ မော်စကိုကို ရောက်သွားပြီ။ ဒီပြဿနာတွေက စက်တင် ဘာ ၆ရက်ကတည်းက စနေခဲ့တာ။ အခုမှ ဗုံးတလုံးလို ပေါက်ကွဲထွက်လာတာ"

👍25😁3❤2
Mizzima Weekly Sports အစီအစဉ်
==================
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ရုရှားအသင်းများပါဝင်သည့် UEFA ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မည်ဟု ယူကရိန်း ပြော
- တရုတ်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်းကို အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်
- “အရမ်းကို ပျော်ပါတယ်”လို့ ပြောတဲ့ အသက် ၉ နှစ်အရွယ် အာရှအားကစားပြိုင်ပွဲ၀င် စကိတ်ဘုတ်ကစားသမား
- စပိန်ရဲတွေက အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးနဲ့ ဘောလုံးဒိုင်ရုံးချုပ်ကို ဝင်ရောက်ရှာဖွေတဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/YDtFgYDyXMg?si=3ShfadHI4tc6ExDO
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ရုရှားအသင်းများပါဝင်သည့် UEFA ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မည်ဟု ယူကရိန်း ပြော
- တရုတ်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်းကို အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်
- “အရမ်းကို ပျော်ပါတယ်”လို့ ပြောတဲ့ အသက် ၉ နှစ်အရွယ် အာရှအားကစားပြိုင်ပွဲ၀င် စကိတ်ဘုတ်ကစားသမား
- စပိန်ရဲတွေက အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးနဲ့ ဘောလုံးဒိုင်ရုံးချုပ်ကို ဝင်ရောက်ရှာဖွေတဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/YDtFgYDyXMg?si=3ShfadHI4tc6ExDO
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Mizzima Weekly Sports အစီအစဉ်
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ရုရှားအသင်းများပါဝင်သည့် UEFA ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မည်ဟု ယူကရိန်း…

👍9🔥1🥱1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲတပ်ကြပ် ဓားပြတိုက်
=====================
ဂျူချန်း
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တဆိုင်ကို ရဲတပ်ကြပ်တဦးက ဓားပြတိုက်ကာ ငွေကျပ် ၁၀သိန်းယူဆောင်သွားကြောင်း ဖယ်ခုံမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
“မြို့လယ်ခေါင်မှာဆိုတော့ ချက်ချင်းသိသွားတာ ဓားပြတိုက်သူကို။ သူက ရဲစခန်းအနီးက ပြည်သူ့ဆိုင်ကယ်ကို ငှားသွားခဲ့တယ်။ ဆိုင်ရှင်က လူရော ဆိုင်ကယ်ရောသိနေတော့ ဆိုင်ကယ်ပိုင်ရှင်ကိုဖုန်းဆက်ပြီး အဲ့ကောင်ဘယ်သူလဲမေးတော့ ရဲစခန်းကဖြစ်နေတယ်” ဟု (၁၀၀၆) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း(၂) မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
စက်တင်ဘာလ ၂၈ ရက် ညနေ ၃နာရီခွဲအချိန်ခန့်တွင် ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၂) ရပ်ကွက်၊ အောင်ကျော်သန့်လမ်းရှိ မြတ်စေတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ဖယ်ခုံမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် မျိုးမင်းအောင်ဆိုသူက ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
“ရဲစခန်းနဲ့ဆို ဖြစ်တဲ့နေရာက သုံးမိနစ် လောက်ပဲလမ်းလျောက်ရင်ရောက်တယ်။ သူကစျေးသွားဝယ်တာဖြစ်ပုံရတယ် ဆိုင်ရှင်က ငွေရေတွက်နေတာတွေ့တော့ လက်နက်လို့ ထင်စေတဲ့အရာကို ပုဆိုးနဲ့အုပ်ပြီး သေနတ်ချိန်ထားသလိုလုပ်ပြီး ၁၀သိန်း ယူသွားတာ” ဟု (၁၀၀၆)တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း(၂)မှ တာဝန်ရှိသူက ပြောသည်။
ဆိုင်ရှင်က ဖယ်ခုံမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းချိန်တွင် ထိုရဲတပ်ကြပ်မျိုးမင်းအောင်သည် အပြင်မှပြန်လာသည်နှင့်တိုးသဖြင့် စစ်ဆေးရာ ဓားပြတိုက်သွားသည့် ငွေကျပ် ၁၀သိန်းကို သက်သေနှင့်တကွ မြင်တွေ့ရသည့်အတွက် လက်ရှိတွင် ၎င်းအား ဖယ်ခုံမြို့မရဲစခန်း အချုပ်၌ ဓားပြမှုနှင့် ရဲစည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် စစ်ဆေးအရေးယူထားသည်ဟု ရဲစခန်းအသိုင်းအဝိုင်းထံမှ သိရကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) မှ တာဝန်ရှိသူက ပြောသည်။
“မြတ်စေတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲက ဓားပြတိုက်သွားတာ။ ခု ရဲစခန်းမှာပဲ ရှိသေးတယ်။ အပြစ်ပေးခံရတယ်လို့ကြားတယ်” ဟု ဖယ်ခုံဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ဓားပြတိုက်မှုကျူးလွန်သည့် ရဲတပ်ကြပ် မျိုးမင်းအောင်သည် ဖယ်ခုံမြို့မရဲစခန်းသို့ ပြောင်းလာသည်မှာ တနှစ်ကျော်ခန့်ရှိပြီးဟု ဒေသခံများထံက သိရသည်။
ဖယ်ခုံမြို့တွင် ခိုးမှု၊ လုယက်မှုနှင့် ဓါးပြမှုများ မကြာခဏ ဖြစ်ပွားနေဟု ဒေသခံများထံက သိရသည်။
ယခုစက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖယ်ခုံ-လွိုင်ကော် ကားလမ်းမကြီးဘေးရှိ ကွမ်လုံကျေးရွာအနီး နေမင်းသစ် ဆီဆိုင်တွင်လည်း လုယက်မှုတခု ဖြစ်ပွားခဲ့ရာ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ပုံအညွှန်း- ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် ဖယ်ခုံမြို့၌ ကျင်းပသည့် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် (ပုံဟောင်း)
စာတည်း ။ ။ ဖူးသိမ်ကျ
#ရှမ်းပြည်နယ်
#ဖယ်ခုံမြို့
#ဓားပြမှု

👍15👎2😁1
အငြင်းပွား ကျောက်တန်း၌ အတားအဆီးများကို ဖယ်ရှားသွားမည်ဟု ဖိလစ်ပိုင် ပြော
=======================
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ကျောက်တန်း၌ တရုတ်တို့ ထားရှိသော ရေပေါ်မျော အတားအဆီးများကို ဖယ်ရှားရန် “ဘာမဆို လုပ်သွားမည်”ဟု ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က သောကြာနေ့တွင် စိတ်ပိုင်းဖြတ် ပြောဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ကျောက်တန်း၌ တရုတ်တို့ ထားရှိသော ရေပေါ်မျော အတားအဆီးများကို ဖယ်ရှားရန် “ဘာမဆို လုပ်သွားမည်”ဟု ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က သောကြာနေ့တွင် စိတ်ပိုင်းဖြတ် ပြောဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
ညောင်လေးပင်တွင် တိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်ရှိ
==================
YT
မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် အထိအခိုက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်မှစ၍ ပုဇွန်မြောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာရာမှ တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့လယ် ၂ နာရီအထိ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
" လက်ရှိမှာတော့ ထိတွေ့မှုတွေ ရပ်နေပြီ။ တိုက်ပွဲဖြစ်စဉ်ကတော့ ရန်သူက စစ်ကြောင်းထိုးလာတယ်၊ ကျွန်တော်တို့ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ လောလောဆယ် ရန်သူ ၃၀ ကျော်အထက်မှာပဲ ထိခိုက်သေဆုံးတယ်လို့ သိထားရတယ်၊ ဒါကို အတည်ပြုနိုင်ဖို့ ကြိုးစားဆဲပါ" ဟု မြေပြင်ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် သေဆုံးမှုရှိပြီး တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ထိခိုက်ဒဏ်ရာရသူ သုံးဦးရှိကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ဆိုသည်။
" ဒီဘက်ကတော့ သုံးယောက်ထိထားတယ်၊ အရမ်းမစိုးရိမ်ရဘူး။ စစ်ကောင်စီက အခုထိ ပုဇွန်မြောင်းထဲမှာ၊ စစ်ကူ ၁၀၀ ကျော်လည်း ရောက်ထားတယ် " ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက် ပုဇွန်မြောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်၏ မြေပြင် စစ်ကူ ၁၀၀ ကျော် ထပ်မံရောက်ရှိနေပြီး လက်ရှိတွင် ကုဇွန်မြောင်းကျေးရွာအတွင်း တပ်စွဲထားကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားစဉ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းရွာနှင့် ယောက်သွားကုန်းကျေးရွာများတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ BGF ပူးပေါင်းစစ်ကြောင်းနှင့် တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးကျဆုံး၍ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်း (Royal Peacock Column) က ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ညောင်လေးပင်မြို့
#တိုက်ပွဲ
ပုံအညွှန်း- ညောင်လေးပင်မြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ - လူမှုကွန်ယက်)

❤18👍5👏3😁2
ပူတာအိုမှာ အဖမ်းခံရသည့် CDM ကျောင်းအုပ်ဆရာကြီး ပြန်လွတ်လာ
======================
အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်းခမ်းကျေးရွာမှ အဖမ်းခံရသည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကျောင်းအုပ်ဆရာကြီးသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်လွတ်လာပြီဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးခံရသည့် အသက် ၆၀ အရွယ် ကျောင်းအုပ်ဆရာကြီး ဦးဟေဆန်းသည် ပူတာအိုမြို့နယ်၊ မူလာရှီးဒီအထက်တန်းကျောင်း၏ ကျောင်းအုပ်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီမှာ ၎င်း၏ နေအိမ်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးပြီးနောက် ပူတာအိုအခြေစိုက် ဗျူဟာတပ်ရင်းတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသည့် ကျောင်းအုပ်ဆရာကြီး ဟေဆန်းသည် ဆီးချို၊ သွေးချိုနှင့် ကျောက်ကပ်ရောဂါ ခံစားနေသူဖြစ်ပြီး ပူတာအို နေအိမ်သို့ ခေတ္တပြန်လာစဥ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
“ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ပြန်လွတ်လာခဲ့ပါပြီ၊ အခုအိမ်ကို ပြန်ရောက်ပါပြီဗျ၊ ဘာမှလည်း ထိခိုက်မှု မရှိပါဘူး” ဟု မိသားစုဝင်တဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပူတာခရိုင်အတွင်းရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော်လည်း လက်ရှိမှာ CDM အချို့သည် ခံဝန်ကတိဖြင့် လက်မှတ်ထိုး ရုံးပြန်တက်နေကြကြောင်းလည်း မြို့ခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
Photo - အဖမ်းခံရသည့် CDM ကျောင်းအုပ်ဆရာ ကြီး ဟေဆန်း
#CDM
#ပူတာအို
#မချမ်းဘော့

👍23❤2🔥1
ဘောလိဝုဒ် နာမည်ကြီး ခန်း ၃ ခန်းကို တွေ့ခဲ့ရတဲ့ Ganesh Chaturthi ဘုရားပွဲ | Cele City - Episode 38
====================
🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..
ဒီအပတ်မှာဆိုရင်
👉 ဘောလိဝုဒ် နာမည်ကြီး ခန်း ၃ ခန်းကို တွေ့ခဲ့ရတဲ့ Ganesh Chaturthi ဘုရားပွဲ
👉 အယ်လ်ဘမ် ၅ ခုရဲ့ သီချင်းမူပိုင်ခွင့်တွေကို ရောင်းချခဲ့တဲ့ အဆိုတော် Katy Perry
👉 မိခင်ရဲ့ရည်းစားဟောင်းနှင့်တရားရင်ဆိုင်ခဲ့ရာကအနိုင်ရခဲ့တဲ့ Twice အဖွဲ့ဝင် Nayeon
အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/oAR9nRyVoEU?si=D4hRO_tyy21eXFH8

👉 အယ်လ်ဘမ် ၅ ခုရဲ့ သီချင်းမူပိုင်ခွင့်တွေကို ရောင်းချခဲ့တဲ့…

🔥2
CRSH နဲ့ စစ်ကိုင်းက သပိတ်ကော်မတီဝင်တွေ တွေ့ဆုံမှု ဘာတွေ ဆွေးနွေးခဲ့ကြလဲ
===================
ကိုခင်မောင် (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRSH) ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ CRSH အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့နဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင််တွေ စစ်ကိုင်းမြေပြင်တနေရာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
စစ်ကိုင်း ကြားကာလ ဖက်ဒရယ်ယူနစ် ဥပဒေမှုကြမ်းရေးဆွဲဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းဖို့ လာရောက်ပြီး တွေ့ဆုံတာဖြစ်တယ်လို့ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူက မဇ္ဈိမကို ပြောပါတယ်။
ကြားကာလအစီအမံအတွက် ကော်မရှင်တရပ် ဖွဲ့စည်းတဲ့ နေရာမှာ အစုအဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ အင်အားစု၊ CDM အင်အားစု၊ သပိတ်တိုက်ပွဲအင်အားစု၊ ဌာနနေတိုင်းရင်းသား အင်အားစုတို့ ပါဝင်နိုင်ရေး အလေးပေး ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ကြားကာလစီမံချက်ပေါ်ပေါက်လာရင် ဘာတွေဆက်ဖြစ်လာမလဲ အကြောင်းအပြည့်အစုံကို ကိုကင်းမွန်က ပေးပို့တင်ဆက်ထားပါတယ်။
https://youtu.be/BLU1F42KQNc?si=guX2QH0B11cQOJ_W
#ကြားကာလ
#ဖက်ဒရယ်ယူနစ်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

ကိုခင်မောင် (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRSH) ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ CRSH အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့နဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင််တွေ စစ်ကိုင်းမြေပြင်တနေရာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။…
👍9🔥1