Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အုပ်စုမျိုးကို သက်တမ်းရှည်စေမယ့်၊ သက်ဆိုးရှည်စေမယ့် ကိစ္စမျိုးတွေမှာ မပူးပေါင်း ကြဖို့လိုတယ်
========================

မောင်ခက်နွေ (မဇ္ဈိမ)။ ။ ပြည်သူကိုဆန့်ကျင်နေတဲ့ စစ်ကောင်စီကို သက်တမ်းရှည်စေမယ့်၊ သက်ဆိုးရှည်စေမယ့် ကိစ္စမျိုးတွေမှာ မပူးပေါင်း ကြဖို့လိုတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNSရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးက မဇ္ဈိမ ရဲ့ Weekly Interview မှာပြောပါတယ်။

ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ စစ်ကောင်စီရဲ့ ထွက်ပေါက်တခုဖြစ်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာအောင် တော်လှန်ရေး ဘက်တော်သားတွေ အနေနဲ့ ဘယ်လိုမျိုးတွေ ဆန့်ကျင်သင့်ပါသလဲ။ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်တာကရော အခုလို နေရာအနှံ့ စစ်မျက်နှာ ဖွင့်နေရတဲ့အချိန်မှာ အောင်မြင်နိုင်ပါ့မလား။

ဒါတွေကိုတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNSရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက်၊ တည်းဖြတ် - မောင်ခက်နွေ

https://youtu.be/extSSpJZNcw?si=7QE5DpiA-OIxwXKk

#Mizzima
#Weekly Interview
#DPNS

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁1
​​သံတိုင်ကြားရောက် အကယ်ဒမီဘွဲ့ရရဲမှူးကြီး
===================

- မောင်မောင်

ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနီးတဲ့ ဆက်ဆံရေးရှိနေလို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနန်းကျပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြည်ထဲရေးဝန်ကြီးဖြစ်လာချိန်မှာ ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်သုံးဦး မင်းဘေးသင့်ခဲ့ပါတယ်။

ရဲမှူးချုပ်ဇော်မိုးသန်း၊ယာယီရဲမှူးချုပ်မိုးသန်းအောင်၊ ရဲထောက်ချုပ်ရဲမှူးချုပ်ဇော်ခင်အောင်တို့ကို တိုင်ကြားမှုတွေနဲ့အတူ ဖမ်းဆီးပြီး ရာထူးကနေ ဖြုတ်ချခဲ့တာပါ။၂၀၂၀ ခုနှစ်၊ နွေဦးနေ့ရက်တွေထဲက အဖြစ်အပျက်ပါ။ ဇာတ်တူသားချင်းစားတယ်လို့လည်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။

အဲ့ဒီအဖြစ်အပျက်အလွန် သုံးနှစ်ကျော်အကြာ ယနေ့ကာလမှာ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထဲရေးဝန်ကြီးဖြစ်လာချိန်မှာလည်း ရဲအရာရှ်ိကြီးသုံးဦး ဘေးသင့်ခဲ့ပြန်ပါတယ်။ ဒီတခါ ကံဆိုးမိုးမှောင်ကျတဲ့ သူတွေကတော့ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ဌာနကြီးမှူး ရဲမှူးချုပ်အောင်ဌေးမြင့်၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးချုပ်စိန်လွင်နဲ့စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဉာဏ်မြင့်ကျော်တို့ ဖြစ်ပါတယ်။

ရဲမှူးချုပ်အောင်ဌေးမြင့်နဲ့ရဲမှူးချုပ်စိန်လွင်ဟာ စစ်ကောင်စီအစည်းအဝေးမှတ်တမ်းအချို့ ပေါက်ကြားမှုကြောင့် နေအိမ်အကျယ်ချုပ်နဲ့စစ်ဆေးခံနေရတာဖြစ်ပြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်ကတော့ အဲ့ဒီအချက်အပြင် အဂတိလိုက်စားမှု‌တွေနဲ့ပါ ချုပ်နှောင်စစ်ဆေးခံနေရတာလို့ နေပြည်တော်ရဲတပ်ဖွဲ့ အသိုင်း အဝိုင်းကပြောပါတယ်။ဒီဖြစ်ရပ်ဟာ ရဲတပ်ဖွဲ့အတွင်းစည်းထဲမှာ လတ်တလောလောင်မြိုက်နေတဲ့ မီးဖြစ်ပါတယ်။

ရဲမှူးကြီးဉာဏ်မြင့်ကျော်ဟာ ရန်ကုန်တိုင်း၊ ကျောက် တန်းမြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပါတယ်။ အသက်(၅၄)နှစ်ရှိပြီဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးကြီးကြီးရခဲ့ပြီး စစ်တပ်ထဲကနေ ပြောင်းလာတဲ့ မိုးကျရွှေကိုယ်အဖြစ် အမြန်လမ်းရဲတပ်ဖွဲ့မှူးတာဝန်ယူခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တပ်က အာဏာမသိမ်းခင်ရှေ့လအနည်းငယ်မှာ ကချင် ပြည်နယ်ရဲတပ်ဖွဲ့မှူးဖြစ်လာပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ဖြစ်လာတဲ့ ကချင်ပြည်နယ်က လူထုသပိတ်တွေကို လူသေဆုံးမှုဖြစ်စေတဲ့အထိ ဖြိုခွင်းခဲ့တာမှာ သူက အဓိကအမိန့်ပေးသူဖြစ်ခဲ့ပါတယ်။ ၂၀‌ ၂၁ ခုနှစ် မတ်လ ၈ရက်က ပြည်သူနှစ်ဦးသေဆုံးခဲ့ရတဲ့ မြစ်ကြီးနားမြို့ လူထုသပိတ်ဖြိုခွင်းမှုကို သူက အဓိကအမိန့်ပေးစေခိုင်းခဲ့တာလို့ ကချင်တိုင်းရင်း သားလူထုအသိုင်းအဝိုင်းက မှတ်တမ်းယူထားပါတယ်။

၂၀၂၂ ခုနှစ်မေလမှာတော့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးဖြစ်လာပါတယ်။ ခုခံတော်လှန်စစ် အားအကောင်းဆုံးဇေယျာတိုင်းကို ဖိနှိပ်ဖို့ စစ်ကောင်စီက ဝကွက် အပ်လိုက်တဲ့ တိုင်းအဆင့် စစ်ကောင်စီအရာရှိတွေထဲက အဓိကတာဝန်ရှိသူဖြစ်လာပါတယ်။ အဲ့ဒီနောက် သူဟာ ရဲမှူးကြီးအာဏာပါဝါသုံးပြီး တော်လှန်လူထုကို သွေးထွက်သံယိုဖြစ်စေခဲ့တယ်လို့ စစ်ကိုင်းတိုင်းအခြေပြု တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်နယ်နဲ့တိုင်းရဲတပ်ဖွဲ့မှူးတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းရဲ့လမ်းပန်းဆက်သွယ် ရေးဝန်ကြီးရာထူးပါ မက်လုံးပေးပြီး အာဏာစက်တည်ဆောက်ခဲ့ပါတယ်။ ရဲမှူးကြီးဉာဏ်မြင့်ကျော်ဟာ စစ်ကိုင်းတိုင်းလို အထင်ကရတိုင်းရဲ့ ရဲတပ်ဖွဲ့မှူးရာထူးရော လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဆောင်အယောင်နဲ့ပါ ဟိတ်ဟန်ရှိခဲ့တယ်။သူရဲ့ဆရာရင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ အပေးအယူမျှခဲ့ပြီး ယခင်ကထက် တန်ခိုးထွားလာတယ်လို့ စစ်ကိုင်းတိုင်းအခြေပြုတော်လှန် ရေးအင်အားစုတွေကပြောပါတယ်။ ဥရောပသမဂ္ဂနဲ့နိုင်ငံတကာက ပိတ်ဆို့အရေးယူတဲ့ စစ်ကောင်စီထိပ်ပိုင်းပုဂ္ဂိုလ်တွေထဲမှာ ရဲမှူးကြီးဥာဏ်မြင့်ကျော်လည်းပါဝင်ခဲ့ပေမယ့် သူ့ခြေလှမ်းတွေဟာ အနည်းငယ်တောင်တုံ့နှေးမသွားခဲ့ဘဲ စစ်ကောင်စီအလိုကျ အသုံးတော်ခံနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ဆရာရင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တယောက် ပြည်ထဲရေးဝန်ကြီးနေရာကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် ရဲမှူးကြီးဉာဏ်မြင့်ကျော်လည်း တနွယ်ငင်တစင်ပါ သွားပါ‌‌တော့တယ်။ သူဟာပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက် နံနက် ဝေလီဝေလင်းမှာ ထိန်းသိမ်းခံရပြီး ရဲတွေအချင်းချင်းကြား မော်စကိုလို့ အမည်ပြောင်ခေါ်တဲ့ အင်းစိန်ထောင်ရဲ့ သံတိုင်တွေနောက်ကို ရောက်သွားခဲ့တယ်လို့ စစ်ကိုင်းတိုင်းထဲက ရဲအရာရှိတဦးကပြောပါတယ်။

" ဆရာဉာဏ်(ရဲမှူးကြီးဥာဏ်မြင့်ကျော်) တော့ မော်စကိုကို ရောက်သွားပြီ။ ဒီပြဿနာတွေက စက်တင် ဘာ ၆ရက်ကတည်းက စနေခဲ့တာ။ အခုမှ ဗုံးတလုံးလို ပေါက်ကွဲထွက်လာတာ"
👍25😁3❤2
Mizzima Weekly Sports အစီအစဉ်
==================

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

-------------

ဒီတပတ်မှာတော့ .....

- ရုရှားအသင်းများပါဝင်သည့် UEFA ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မည်ဟု ယူကရိန်း ပြော

- တရုတ်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်းကို အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်

- “အရမ်းကို ပျော်ပါတယ်”လို့ ပြောတဲ့ အသက် ၉ နှစ်အရွယ် အာရှအားကစားပြိုင်ပွဲ၀င် စကိတ်ဘုတ်ကစားသမား

- စပိန်ရဲတွေက အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးနဲ့ ဘောလုံးဒိုင်ရုံးချုပ်ကို ဝင်ရောက်ရှာဖွေတဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/YDtFgYDyXMg?si=3ShfadHI4tc6ExDO

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1🥱1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍4🔥1
​​ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲတပ်ကြပ် ဓားပြတိုက်
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တဆိုင်ကို ရဲတပ်ကြပ်တဦးက ဓားပြတိုက်ကာ ငွေကျပ် ၁၀သိန်းယူဆောင်သွားကြောင်း ဖယ်ခုံမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

“မြို့လယ်ခေါင်မှာဆိုတော့ ချက်ချင်းသိသွားတာ ဓားပြတိုက်သူကို။ သူက ရဲစခန်းအနီးက ပြည်သူ့ဆိုင်ကယ်ကို ငှားသွားခဲ့တယ်။ ဆိုင်ရှင်က လူရော ဆိုင်ကယ်ရောသိနေတော့ ဆိုင်ကယ်ပိုင်ရှင်ကိုဖုန်းဆက်ပြီး အဲ့ကောင်ဘယ်သူလဲမေးတော့ ရဲစခန်းကဖြစ်နေတယ်” ဟု (၁၀၀၆) တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း(၂) မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၂၈ ရက် ညနေ ၃နာရီခွဲအချိန်ခန့်တွင် ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၂) ရပ်ကွက်၊ အောင်ကျော်သန့်လမ်းရှိ မြတ်စေတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ဖယ်ခုံမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် မျိုးမင်းအောင်ဆိုသူက ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“ရဲစခန်းနဲ့ဆို ဖြစ်တဲ့နေရာက သုံးမိနစ် လောက်ပဲလမ်းလျောက်ရင်ရောက်တယ်။ သူကစျေးသွားဝယ်တာဖြစ်ပုံရတယ် ဆိုင်ရှင်က ငွေရေတွက်နေတာတွေ့တော့ လက်နက်လို့ ထင်စေတဲ့အရာကို ပုဆိုးနဲ့အုပ်ပြီး သေနတ်ချိန်ထားသလိုလုပ်ပြီး ၁၀သိန်း ယူသွားတာ” ဟု (၁၀၀၆)တပ်ရင်း၊ ဖယ်ခုံ PDF တပ်ရင်း(၂)မှ တာဝန်ရှိသူက ပြောသည်။

ဆိုင်ရှင်က ဖယ်ခုံမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းချိန်တွင် ထိုရဲတပ်ကြပ်မျိုးမင်းအောင်သည် အပြင်မှပြန်လာသည်နှင့်တိုးသဖြင့် စစ်ဆေးရာ ဓားပြတိုက်သွားသည့် ငွေကျပ် ၁၀သိန်းကို သက်သေနှင့်တကွ မြင်တွေ့ရသည့်အတွက် လက်ရှိတွင် ၎င်းအား ဖယ်ခုံမြို့မရဲစခန်း အချုပ်၌ ဓားပြမှုနှင့် ရဲစည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် စစ်ဆေးအရေးယူထားသည်ဟု ရဲစခန်းအသိုင်းအဝိုင်းထံမှ သိရကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) မှ တာဝန်ရှိသူက ပြောသည်။

“မြတ်စေတနာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲက ဓားပြတိုက်သွားတာ။ ခု ရဲစခန်းမှာပဲ ရှိသေးတယ်။ အပြစ်ပေးခံရတယ်လို့ကြားတယ်” ဟု ဖယ်ခုံဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ဓားပြတိုက်မှုကျူးလွန်သည့် ရဲတပ်ကြပ် မျိုးမင်းအောင်သည် ဖယ်ခုံမြို့မရဲစခန်းသို့ ပြောင်းလာသည်မှာ တနှစ်ကျော်ခန့်ရှိပြီးဟု ဒေသခံများထံက သိရသည်။

ဖယ်ခုံမြို့တွင် ခိုးမှု၊ လုယက်မှုနှင့် ဓါးပြမှုများ မကြာခဏ ဖြစ်ပွားနေဟု ဒေသခံများထံက သိရသည်။
ယခုစက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖယ်ခုံ-လွိုင်ကော် ကားလမ်းမကြီးဘေးရှိ ကွမ်လုံကျေးရွာအနီး နေမင်းသစ် ဆီဆိုင်တွင်လည်း လုယက်မှုတခု ဖြစ်ပွားခဲ့ရာ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ပုံအညွှန်း- ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် ဖယ်ခုံမြို့၌ ကျင်းပသည့် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် (ပုံဟောင်း)
စာတည်း ။ ။ ဖူးသိမ်ကျ

#ရှမ်းပြည်နယ်
#ဖယ်ခုံမြို့
#ဓားပြမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👎2😁1
​​အငြင်းပွား ကျောက်တန်း၌ အတားအဆီးများကို ဖယ်ရှားသွားမည်ဟု ဖိလစ်ပိုင် ပြော 
=======================

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ကျောက်တန်း၌ တရုတ်တို့ ထားရှိသော ရေပေါ်မျော အတားအဆီးများကို ဖယ်ရှားရန် “ဘာမဆို လုပ်သွားမည်”ဟု ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က သောကြာနေ့တွင် စိတ်ပိုင်းဖြတ် ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​ညောင်လေးပင်တွင် တိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်ရှိ
==================

YT
မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် အထိအခိုက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်မှစ၍ ပုဇွန်မြောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာရာမှ တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့လယ် ၂ နာရီအထိ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

" လက်ရှိမှာတော့ ထိတွေ့မှုတွေ ရပ်နေပြီ။ တိုက်ပွဲဖြစ်စဉ်ကတော့ ရန်သူက စစ်ကြောင်းထိုးလာတယ်၊ ကျွန်တော်တို့ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ လောလောဆယ် ရန်သူ ၃၀ ကျော်အထက်မှာပဲ ထိခိုက်သေဆုံးတယ်လို့ သိထားရတယ်၊ ဒါကို အတည်ပြုနိုင်ဖို့ ကြိုးစားဆဲပါ" ဟု မြေပြင်ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် သေဆုံးမှုရှိပြီး တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ထိခိုက်ဒဏ်ရာရသူ သုံးဦးရှိကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ဆိုသည်။

" ဒီဘက်ကတော့ သုံးယောက်ထိထားတယ်၊ အရမ်းမစိုးရိမ်ရဘူး။ စစ်ကောင်စီက အခုထိ ပုဇွန်မြောင်းထဲမှာ၊ စစ်ကူ ၁၀၀ ကျော်လည်း ရောက်ထားတယ် " ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် ပုဇွန်မြောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်​၏ မြေပြင် စစ်ကူ ၁၀၀ ကျော် ထပ်မံရောက်ရှိနေပြီး လက်ရှိတွင် ကုဇွန်မြောင်းကျေးရွာအတွင်း တပ်စွဲထားကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားစဉ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းရွာနှင့် ယောက်သွားကုန်းကျေးရွာများတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ BGF ပူးပေါင်းစစ်ကြောင်းနှင့် တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးကျဆုံး၍ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်း (Royal Peacock Column) က ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ညောင်လေးပင်မြို့
#တိုက်ပွဲ

ပုံအညွှန်း- ညောင်လေးပင်မြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ - လူမှုကွန်ယက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤18👍5👏3😁2
​​ပူတာအိုမှာ အဖမ်းခံရသည့် CDM ကျောင်းအုပ်ဆရာကြီး ပြန်လွတ်လာ
======================

အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်းခမ်းကျေးရွာမှ အဖမ်းခံရသည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကျောင်းအုပ်ဆရာကြီးသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်လွတ်လာပြီဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးခံရသည့် အသက် ၆၀ အရွယ် ကျောင်းအုပ်ဆရာကြီး ဦးဟေဆန်းသည် ပူတာအိုမြို့နယ်၊ မူလာရှီးဒီအထက်တန်းကျောင်း၏ ကျောင်းအုပ်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီမှာ ၎င်း၏ နေအိမ်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးပြီးနောက် ပူတာအိုအခြေစိုက် ဗျူဟာတပ်ရင်းတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသည့် ကျောင်းအုပ်ဆရာကြီး ဟေဆန်းသည် ဆီးချို၊ သွေးချိုနှင့် ကျောက်ကပ်ရောဂါ ခံစားနေသူဖြစ်ပြီး ပူတာအို နေအိမ်သို့ ခေတ္တပြန်လာစဥ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

“ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ပြန်လွတ်လာခဲ့ပါပြီ၊ အခုအိမ်ကို ပြန်ရောက်ပါပြီဗျ၊ ဘာမှလည်း ထိခိုက်မှု မရှိပါဘူး” ဟု မိသားစုဝင်တဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပူတာခရိုင်အတွင်းရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော်လည်း လက်ရှိမှာ CDM အချို့သည် ခံဝန်ကတိဖြင့် လက်မှတ်ထိုး ရုံးပြန်တက်နေကြကြောင်းလည်း မြို့ခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
Photo - အဖမ်းခံရသည့် CDM ကျောင်းအုပ်ဆရာ ကြီး ဟေဆန်း

#CDM
#ပူတာအို
#မချမ်းဘော့
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤2🔥1
ဘောလိဝုဒ် နာမည်ကြီး ခန်း ၃ ခန်းကို တွေ့ခဲ့ရတဲ့ Ganesh Chaturthi ဘုရားပွဲ | Cele City - Episode 38
====================

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 ဘောလိဝုဒ် နာမည်ကြီး ခန်း ၃ ခန်းကို တွေ့ခဲ့ရတဲ့ Ganesh Chaturthi ဘုရားပွဲ
👉 အယ်လ်ဘမ် ၅ ခုရဲ့ သီချင်းမူပိုင်ခွင့်တွေကို ရောင်းချခဲ့တဲ့ အဆိုတော် Katy Perry
👉 မိခင်ရဲ့ရည်းစားဟောင်းနှင့်တရားရင်ဆိုင်ခဲ့ရာကအနိုင်ရခဲ့တဲ့ Twice အဖွဲ့ဝင် Nayeon

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/oAR9nRyVoEU?si=D4hRO_tyy21eXFH8
🔥2
CRSH နဲ့ စစ်ကိုင်းက သပိတ်ကော်မတီဝင်တွေ တွေ့ဆုံမှု ဘာတွေ ဆွေးနွေးခဲ့ကြလဲ
===================

ကိုခင်မောင် (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRSH) ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ CRSH အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့နဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင််တွေ စစ်ကိုင်းမြေပြင်တနေရာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

စစ်ကိုင်း ကြားကာလ ဖက်ဒရယ်ယူနစ် ဥပဒေမှုကြမ်းရေးဆွဲဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းဖို့ လာရောက်ပြီး တွေ့ဆုံတာဖြစ်တယ်လို့ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူက မဇ္ဈိမကို ပြောပါတယ်။

ကြားကာလအစီအမံအတွက် ကော်မရှင်တရပ် ဖွဲ့စည်းတဲ့ နေရာမှာ အစုအဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ အင်အားစု၊ CDM အင်အားစု၊ သပိတ်တိုက်ပွဲအင်အားစု၊ ဌာနနေတိုင်းရင်းသား အင်အားစုတို့ ပါဝင်နိုင်ရေး အလေးပေး ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ကြားကာလစီမံချက်ပေါ်ပေါက်လာရင် ဘာတွေဆက်ဖြစ်လာမလဲ အကြောင်းအပြည့်အစုံကို ကိုကင်းမွန်က ပေးပို့တင်ဆက်ထားပါတယ်။

https://youtu.be/BLU1F42KQNc?si=guX2QH0B11cQOJ_W

#ကြားကာလ
#ဖက်ဒရယ်ယူနစ်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🔥1
​​"No More Bets" ရုပ်ရှင်ကြောင့် နိုင်ငံပုံရိပ်ထိခိုက်ကြောင်း စစ်ကောင်စီက တရုတ်ကို ရှင်းပြ
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ တရုတ်နိုင်ငံမှ ရိုက်ကူးထားသည့် "No More Bets" ရုပ်ရှင်သည် မြန်မာနိုင်ငံ၏ပုံရိပ် ထိခိုက်ညှိုးနွမ်းရ၍ ထိုရုပ်ရှင်ကို ကန့်ကွက်ကြောင်း တရုတ်နိုင်ငံကို စစ်ကောင်စီက ရှင်းပြခဲ့သည်ဟု စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖော်ပြသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းမှ တရုတ်နိုင်ငံ ကွမ်ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Ms `Lian Yin နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ထိုသို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

"No More Bets ဇာတ်ကားက အွန်လိုင်း လိမ်လည်မှုများကြောင့် ထိခိုက်ခဲ့ရသည့် ဇာတ်ကောင်များအကြောင်းဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်များသည် မြန်မာနိုင်ငံနှင့် ဆက်စပ်နေတာကြောင့် လေ့လာမှုများအရ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသို့ လာရောက်ရန် စိုးရိမ်မှုရှိကြတယ်" ဟု ဦးကျော်စိုးသိန်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။

"No more Bets" ရုပ်ရှင်ဇာတ်ကားသည် တရုတ် - မြန်မာ နယ်စပ်တလျှောက်ရှိကြောက်စရာကောင်းသော မှုခင်းကိစ္စများကို ရိုက်ကူးထားခြင်းဖြစ်ကာ ဇာတ်ကားထဲတွင် မြန်မာနိုင်ငံအမည်ကိုသုံးစွဲခြင်းမပြုသော်လည်း ရိုက်ကွင်းရိုက်ကွက်များနှင့် ဇာတ်လမ်းအခင်းအကျင်းများမှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် အွန်လိုင်းမှ ငွေကြေး လိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်လုပ်မျိုးများကို ဖျားယောင်း သွေးဆောင် လူကုန်ကူးပြီး အတင်းအဓမ္မ လုပ်ငန်းခွင်ဝင်ရောက်ခိုင်းစေခံနေရသည်ဟု ပုံဖော်ထားခြင်းဖြစ်သည်။

အမှန်တကယ်တွင် မြန်မာ့မြေပေါ်၌ တရုတ်လူမျိုးများ ဦးစီးသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ရုံးခန်းအခြေချဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းကို လောက်ကိုင်မြို့၌ ကျားဖြန့် လုပ်ကိုင်ခဲ့ဖူးသူ အမျိုးသမီးကပြောသည်။

"ကျားဖြန့်အလုပ်က အဓိကတရုတ်တွေပဲ ဦးစီးနေတာ၊ ဘယ်လောက်ထိရက်စက်လဲဆိုရင် သူတို့က တရုတ်အချင်းချင်းကိုပဲ နှိပ်စက်နေကြတာ ကျားဖြန့်ဆိုတော့online ပေါ်ကလိမ်ရတဲ့အလုပ်ဆိုတော့ တရက်ကို ဘယ်လောက်လိမ်ရမယ်ဆိုတာ သတ်မှတ်ပြီးသား သတ်မှတ်ထားတဲ့အတိုင်း မလိမ်နိုင်ရင်ရိုက်တယ်။ တချို့သူတွေဆို တိုက်ပိတ်ခံရတယ်။ ကျဉ်စက်တွေနဲ့တို့တာတွေ လုပ်ခံရတယ်။ ကျား၊ မ မရွေး သူတို့နှိပ်စက်သမျှ ခံနေရတယ်။ တချို့မခံနိုင်တဲ့သူတွေဆို ထွက်ပြေးကြတာ ထွက်ပြေးလို့ လွတ်ရင်လွတ်၊ မလွတ်လို့ ပြန်ဖမ်းမိရင် အသတ်ခံရတယ်။ သူတို့က မြန်မာနိုင်ငံထဲကို ခိုးဝင်လာတာဆိုတော့ သတ်ပြစ်လည်း ဘာမှမဖြစ်ဘူးပေါ့ လူသတ်ပြီး အလောင်းဖျောက်ပစ်လိုက်တာ"ဟု သူက ရှင်းပြသည်။

No More Bets (孤注一掷) ရုပ်ရှင်သည် တရုတ် မှုခင်း သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းထဲတွင် ပရိုဂရမ်မာနှင့် မော်ဒယ်လ်တို့သည် လစာမြင့်မားသည်ဟု ယူဆရသည့် အလုပ်ကြောင့် နိုင်ငံခြားသို့ ဖြားယောင်းခံရရာမှ အမှန်တကယ်လုပ်ကိုင်ရသောအလုပ်မှာ ကျွန်ငရဲခန်းကဲ့သို့လိမ်လည်သည့် နေရာတစ်ခုဖြစ်ကြောင်းတွ့ရှိရကာ နောက်ဆုံးတွင် အဆိုပါ အွန်လိုင်းလိမ်လည်မှုကြီးအား နှိမ်နင်းနိုင်ခဲ့ကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။

ဩဂုတ်လအတွင်းမှ ထွက်ရှိခဲ့သည့် No More Bets ဇာတ်ကားကို နိုင်ငံတကာတွင်ပြသသော်လည်း မြန်မာနိုင်ငံတွင် ပြသခြင်းမရှိပေ။ အဆိုပါဇာတ်ကားသည် ယခုနှစ်တွင်း တရုတ်နိုင်ငံတွင် တတိယမြောက် လူကြိုက်အများဆုံး ဖြစ်လာခဲ့ပြီး ဝင်ငွေ ယွမ် ၃ ဒသမ ၈ ဘီလီယံ ရရှိထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#No More Bets
#ကျားဖြန့်လုပ်ငန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁4❤3🤣2🔥1
This media is not supported in your browser
VIEW IN TELEGRAM
👉 အယ်လ်ဘမ် ၅ ခုရဲ့ သီချင်းမူပိုင်ခွင့်တွေကို ရောင်းချခဲ့တဲ့ အဆိုတော် Katy Perry

Full Video Link - https://youtu.be/oAR9nRyVoEU

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍3🔥1
ရွှေကျင်ချောင်းတွင် ရွှေတူးဖော်နေ၍ ချောင်းကောမည်ကို ဒေသခံများစိုးရိမ်နေ
🔥3
ရွှေကျင်ချောင်းတွင် ရွှေတူးဖော်နေ၍ ချောင်းကောမည်ကို ဒေသခံများစိုးရိမ်နေ
=====================

ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျောက်လုံးကြီးကျေးရွာ ရွှေကျင်ချောင်းအတွင်း တရုတ်လူမျိုးလုပ်ငန်းရှင်များက စက်အထိုင်ချ၍ ရွှေတူးဖော်နေ၍ အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ဒေသခံများက ချောင်းကောမည်ကို စိုးရိမ်နေကြရသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။
ရွှေကျင်ချောင်းအတွင်း ရွှေကျင်စက် တင်ထားသည့် ဖောင် ( ဒေသအခေါ် - ရွှေဖောင်သင်္ဘော)ကို လာရောက်အထိုင်ချထားသည်မှာ လေးလခန့်ကြာမြင့်ပြီဖြစ်ပြီး ရွှေစတင်ကျင်ယူနေသည်မှာ တလခွဲခန့်ကြာမြင့်ပြီဖြစ်ကြောင်းနှင့် လာရောက်လုပ်ကိုင်နေသူများတွင် တရုတ်လူမျိုးလုပ်ငန်းရှင်များပါဝင်ပြီး မြန်မာနိုင်ငံသားအချို့လည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ရွှေကျင်ချောင်းအတွင်းတွင် ယခင်က ထိုကဲ့သို့ ရွှေဖောင်စက်သင်္ဘောအထိုင်ချ၍ ရွှေကျင်ယူသည့်စနစ်ကို မမြင်တွေ့ခဲ့ဖူးဘဲ ယခုအကြိမ်သည်ပထမဆုံးဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။
"ဒီလိုစက်ကြီးမျိုး ဒီလိုဖောင်ကြီးမျိုးနဲ့က ဒါပထမဆုံး။ စက်ကို မဒမချောင်းဘက်ကနေဆွဲလာတာ ကြာပြီ။ စမောင်းနေတာတော့ တလကျော်ပြီ။ ကျောက်လုံးကြီးက မြို့နဲ့အနီးဆုံးရှိနေတဲ့ရွာပါ" ဟု စက်ခုတ်မောင်းနေမှုကို မျက်မြင်တွေ့ရှိသူ ဒေသခံက ပြောသည်။

လက်ရှိတွင် အဆိုပါ စက်ခုတ်မောင်းမှုကြောင့် ရွှေကျင်ချောင်းအတွင်း မြေစာပုံများ ပုံနေပြီဖြစ်သောကြောင့် ချောင်းတိမ်ကောမည်ကို ဒေသခံများမှ စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေကျင်ချောင်းက အထက်မှာဆည်ရှိတယ်။ ခုတ်ပုံတွေမြေစာပုံတွေက ပုံနေပြီ။ နောက်ဆို ချောင်းရေစီးကြောင်းပြောင်းမှာ ကောမှာကို စိုးရိမ်နေကြတယ်။ ချောင်းကိုမှီခိုနေတဲ့ရွာတွေကလည်း ရေတိုက်စားမှာစိုးရိမ်ကြရတယ်။ မြို့နဲ့လည်းကပ် မောင်းနေတာ။ ရေကြီးတာလည်း ဒါကြောင့် ပိုဆိုးလာနိုင်တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ရွှေကျင်ချောင်းအားမှီခို၍ ဒေသခံများက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ ဝါးမျော၊ သစ်မျောပြုလုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးအတွက် စက်လှေမောင်းနှင်ခြင်းများ လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“ဒီဟာရဲ့ ပထမဆုံးသောပြဿနာက ရေနောက်ကျိခြင်းပါ။ အဲ့တော့ငါးတွေနေဖို့ခက်ခဲမယ် အစာအာဟာရပျက်သုန်းမယ်။ နုန်းတွေကျန်တဲ့အတွက် ဒီနုန်းတွေက မြစ်ကမ်းအကွေ့တိုင်းမှာ အနယ်တွေပို့ချမယ်။ ဒီကနေဆက်ပြီး စစ်တောင်းမြစ်ထဲအထိရောက်မယ်။ တလျောက်လုံးမှာထိခိုက်မှုတွေ ဒီအတိုင်းဖြစ်လာမယ်" ဟု (၂၀၁၆−၂၀၂၁) ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ၊ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ချောင်းသည် ပုံမှန်စီးဆင်းနေမှုမှသွေဖယ်၍ တဖက်တွင်ပိုမိုတိုက်စားခြင်း၊ တဖက်တွင် ပိုမိုပို့ချခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း၊ ဥပမာအားဖြင့် မြစ်ဆုံဒေသကိုကြည့်မည်ဆိုပါကလည်း ယခင်ဆယ်စုနှစ်များစွာက လှပခဲ့သည့် မြင်ကွင်းပုံစံမျိုးမမြင်တွေ့နိုင်တော့ဘဲ နောက်ကျိပျက်စီးနေသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်းနှင့် ရွှေကျင်ချောင်းအနေဖြင့် ထိခိုက်မှုကြီးကြီးမားမားဖြစ်လာနိုင်ကြောင်းလည်း ဝန်ကြီး က ပြောဆိုသည်။

ရွှေကျင်ချောင်းအတွင်း ယခုကဲ့သို့ လုပ်ကိုင်ခွင့်များကို ယခင် NLD အစိုးရလက်ထပ်နှင့် ဦးသိန်းစိန်အစိုးရလက်ထပ်တို့တွင် နိုင်ငံတော်အနေဖြင့်ရော၊ ကရင်အမျိုးသားအစည်းအရုံးနယ်မြေအတွင်းဖြစ်သည့်အတွက် KNU ဘက်ကရော ခွင့်ပြုထားခြင်းမရှိခဲ့ကြောင်းလည်း ပြောသည်။

လက်ရှိတွင် အထိုင်ချထားသော ရွှေဖောင်စက်သင်္ဘောမှာ ချောင်းနဘေးရှိ ကမ်းပါးများ၊ သစ်ပင်ကြီးများသို့ သံမဏိကြိုးများဖြင့် ချိတ်ဆွဲထားသောကြောင့် စက်လှေများ၊ ဖောင်များ သွားလာရေးတွင်လည်း အခက်အခဲဖြစ်စေသည်ဟု ဒေသခံများကပြောသည်။
ထိုသို့ရွှေဖောင်စက်သင်္ဘောဖြင့် ရွှေကျင်ယူနေခြင်းသည် တရက်လျှင် အနည်းဆုံး ရွှေ ၁၀ ကျပ်သားခန့်ရရှိနိုင်သည်ဟု တနိုင်တပိုင်ရွှေကျင်ယူဖူးသူ ဒေသခံများက သုံးသပ်ကြသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ရွှေကျင်ချောင်းအတွင်း ယခုကဲ့သို့ လာရောက်လုပ်ကိုင်နေသော လုပ်ငန်းစုသည် မည်သည့်လုပ်ငန်းစု၊ မည်သူများဖြစ်ကြောင်းနှင့် ထိုသို့လုပ်ကိုင်ခွင့်အား မည်သို့သဘောတူညီချက်ဖြင့် ခွင့်ပြုထားသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ရွှေကျင်မြို့သည် ရှေးယခင်က ချောင်းများအတွင်း ရွှေကျင်ခွက်ဖြင့် ရွှေကျင်ယူလျင်ပင် ရွှေထွက်ခဲ့သောကြောင့် ရွှေကျင်မြို့ဟု ခေါ်တွင်စေခဲ့ခြင်းကြောင်း ဒေသခံများက ပြောသည်။ ရွှေကျင်ချောင်းသည် ရွှေကျင်မြို့အနီးဖြတ်သန်း၍ မြောက်ဘက် ရွှေကျင်ဆည်မှ တောင်ဘက် စစ်တောင်းမြစ်အတွင်းသို့ စီးဆင်းနေသည့်ချောင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - ရွှေကျင်ချောင်းစက်အထိုင်ချ ရွှေတူးဖော်နေပုံ

#Mizzima
#ရွှေကျင်မြို့
#ရွှေတူးဖော်
👍9❤1🔥1
​​ဗီယက်နမ်တွင် မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းသည့် ကမ္ဘောဒီးယားနိုင်ငံသားကို သေဒဏ်ချမှတ်
=========================

ဗီယက်နမ်နိုင်ငံတွင်းသို့ ဘိန်းဖြူနှင့် မက်သာဖီတမင်း မူးယစ်ဆေး ၃၁ ကီလိုဂရမ် မှောင်ခိုတင်သွင်းခြင်းအတွက် တောင်ပိုင်း ဘင်ဖျူအော့ပြည်နယ်တွင် ကမ္ဘောဒီးယားနိုင်ငံသားတဦးနှင့် ဗီယက်နမ်နိုင်ငံသားနှစ်ဦးကို သေဒဏ်အပြစ်ဒဏ် ချမှတ်သည်။


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1