Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကနီမြို့နယ် စစ်ဘေးရှောင်စခန်းတွင် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်
=======================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် စစ်ဘေးရှောင်စခန်းတခုတွင် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သုံးည တိုင်တိုင် တော်လှန်ရေး ဇာတ်ကားများပြသပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ကျင်းပခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူက မဇ္ဈိမကိုပြောကြားသည်။

"ဒုတိယအကြိမ်မြောက်လုပ်တာပါ။ ပြည်သူတွေ နိုးကြားတတ်ကြွစေဖို့ စည်းရုံးလှုံ့ဆော်တာ ၊ တော်လှန်ရေး ကာလ စိတ်ပင်ပမ်းနေတာတွေ ပြေလျော့လာအောင်ပါ" ဟု ၎င်းကဆိုသည်။

တော်လှန်ရေး ဇာတ်ကားများပြသခဲ့သည့် အပြင် တော်လှန်ရေး တေးသီချင်းများပြသခဲ့ပြီး စစ်ဘေးရှောင် ပြည်သူ ဦးရေ ၁ဝဝ ခန့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ် လူပ်ရှားမှုမှာ ပါဝင်ခဲ့ကြောင်းသိရသည်။

ကနီမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ ၂၅ဝဝ ကျော်ခန့်မှာ ယာယီ စစ်ရှောင်စခန်းများတွင်နေထိုင်နေကြပြီး စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံက သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ကနီမြို့နယ်
#စစ်ဘေးရှောင်

ပုံအညွှန်း - ကနီမြို့နယ် စစ်ဘေးရှောင်စခန်းတခုတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူပ်ရှားမှုပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ - Pyae Aung Naing Kani)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤1🔥1😁1
​​ထိုင်းတွင် ၁ နှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁,၈၅၀ ဦးခန့် ဖမ်းဆီးခံရ
=====================

ထိုင်းနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများ လုပ်ခွင့်မရှိသည့် အလုပ်နေရာများတွင် လုပ်ကိုင်နေသူများကို အာဏာပိုင်များက ဖြိုခွင်းနှိမ်နင်းမှု ပြုလုပ်စဉ် ခွင့်ပြုချက်ပါမစ် မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ပြည်ပရွှေ့ပြောင်းအလုပ်သမား ၃,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားဦးစီးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6😢3👍2
​​မြန်မာပြည်တွင်းရှိ နေရပ်စွန့်ခွာရသူ ၂ သန်းကို ကူညီရန် ဂျပန်ရောက် မြန်မာများ ရန်ပုံငွေပွဲ ပြုလုပ်
======================

တိုကျို၏ အီခဲဘူကူရို အရပ်တွင် ပြုလုပ်သည့် ဖက်ဒရယ်ပွဲအခမ်းအနား၌ တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော် ရှိသည့် နိုင်ငံတနိုင်ငံအဖြစ် မြန်မာနိုင်ငံ၏ မတူကွဲပြားမှုကို ပြသရန် တိုင်းရင်းသားလူနည်းစုများ၏ အဖွဲ့ဝင်များက ရိုးရာဂီတဖြင့် ဖျော်ဖြေတင်ဆက် ကပြကြသလို ဒေသထွက် ဟင်းပွဲ၊ လက်မှုအတတ်ပညာများကိုလည်း ကမ်းလှမ်းထုတ်ဖော်ခဲ့ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤4😁1🤮1
ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကလေးစစ်သား CNDF ထံ ခိုလှုံ
👍12😁3👏2
ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကလေးစစ်သား CNDF ထံ ခိုလှုံ
======================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကလေးစစ်သားတဦး ခဲယမ်းများနှင့် ၎င်း တို့ထံ ခိုလှုံလာကြောင်း ချင်းအမျိုးသားကာကွယ်ရေးဖွဲ့ (CNDF)က ပြောသည်။

ဖလမ်းမြို့နယ် ထင်းရှူးစခန်းအနီးတွင် တပ်စွဲထားသောစစ်ကောင်စီတပ်မှ တပ်သားပြည့်ဖြိုးအောင် အသက် ၁၇ နှစ်သည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံလာခြင်းဖြစ် သည်။

တပ်သားပြည့်ဖြိုးအောင်သည် ၎င်းနှင့်အတူ ကျည်ဆံ ၃၄၅ တောင့်၊ လက်ပစ်ဗုံးနှစ်လုံး၊ ၄၀ မမ ကျည် နှစ်တောင့်တို့ယူဆောင်လာခဲ့ကြောင်းသိရသည်။

“ သူတို့စခန်းအနီးတဝိုက်မှာရှိတဲ့ ကျနော်တို့တပ်ရင်းနဲ့ ဆက်သွယ်ပြီးဝင်ရောက်လာတာပါ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျွန်ငိုင်းက မဇ္စျိမကိုပြောသည်။

အဆိုပါ ကလေးစစ်သားမှာ ကလေးမြို့နယ်၊ သာစည်ကျေးရွာဇာတိဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံရကာ အတင်းအဓမ္မစစ်သားအဖြစ်ခိုင်စေခြင်းခံရသူဖြစ် ကြောင်း Zalen မီဒီယာကဖော်ပြထားပြီး CNDF ပြောရေးဆိုခွင့်ရသူကမူ ၎င်းတို့ထံ သတင်းပေးပို့မှုမရ သေး၍ မသိရသေးကြောင်း ပြောသည်။

၎င်းတို့ထံ စစ်ကောင်စီတပ်မှ လက်နက်ဖြင့် ခိုလှုံလာသူ ၁၅ ဦးရှိပြီး သေနတ်ယူဆောင်လာနိုင်ပါက ကျပ် သိန်း ၁၀၀ ချီးမြှင့်ကြောင်း ဆိုသည်။

အာဏာရှင်စနစ်ကျရှုံးဖို့နီးလာပြီဖြစ်၍ စစ်ကောင်စီလက်အောက် အမှုထမ်းနေသူအားလုံး ပြည်သူ့ဖက် သို့ လက်နက်ဖြင့် ပူးပေါင်းလာကြရန် CNDF ပြောရေးဆိုခွင့်ရှိသူက ဖိတ်ခေါ်ထားသည်။

ကလေးမြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များဖွဲ့စည်းရာတွင် အတင်းအဓမ္မ ငွေကြေးကောက်ခံလေ့ရှိပြီး မိသားစုဦးရေများသူများကို တအိမ်တယောက်ဝင်ခိုင်းကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။ ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့မှဖမ်းဆီးမိပါကလည်း စစ်ကောင်စီ တပ်သို့ အပ်နှံရပြီး ထောင်ကျခံမည်လား စစ်ထဲဝင်မည်လားဟု ရွေးချယ်ခိုင်းကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုနှင့်စပ်လျဥ်း၍ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာနောက်ဆက်တွဲစာချုပ်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ပဏာမလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါစာချုပ်အရ စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ်အသုံးမပြုရန်၊ အတင်းအကျပ်စေခိုင်းခြင်း သို့မဟုတ် ၎င်းတို့ သဘောဆန္ဒ အရ ဝင်ခြင်းမျိုးကို တားမြစ်ရမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ချင်းပြည်နယ်
#စစ်ကောင်စီတပ်
#ကလေးစစ်သား

ပုံအညွှန်း - ခိုလှုံလာသည့် ကလေးစစ်သားနှင့် ခဲယမ်းများ
ဓါတ်ပုံ - ပေးပို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁3👏2
မြိတ်တွင် စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာ၊ ကုန်စျေးနှုန်း တက်၍ စားနပ်ရိက္ခာ မလုံလောက်
👍8🥰5🔥2😢2😁1
​​မြိတ်တွင် စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာ၊ ကုန်စျေးနှုန်း တက်၍ စားနပ်ရိက္ခာ မလုံလောက်
================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ်တွင် စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာပြီး ကုန်ဈေးနှုန်း တက်လာ၍ စားနပ်ရိက္ခာ မလုံလောက်ကြကြောင်း စစ်ရှောင် ကူညီပေးသူများထံက သိရသည်။ 

ထိုစစ်ရှောင် ဦးရေ စာရင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ ရရှိထားသောစာရင်း ဖြစ်ပြီး စစ်ရှောင် ကူညီပေးရေး အဖွဲ့အချင်းချင်း ချိတ်ဆက်၍ အချက်အလက်စုဆောင်းထားခြင်း ဖြစ်ကြောင်း သိရသည်။ 

နွေဦးမေတ္တာနှင့် တွဲလက် ညီညီ ဆိုသည့် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ နှစ်ခု နှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် အမျိုးသမီး တဦးက“ကျွန်မမှာ လက်ရှိ ဟို အရင်ကတည်းက အပြီး ရှောင်နေရတဲ့ လယ်သစ်ရွာက စစ်ရှောင်တွေ ရှိတယ်။ စကစက အမြဲတမ်း စစ်ကြောင်း ထိုးနေတော့ ရပ်ရွာထဲ ကိစ္စရှိမှ ဝင်ရတဲ့ ပုံစံမျိုး ဆိုတော့ ဥယျာဉ်နဲ့ တောထဲမှာ တည်းထိုးပြီး နေနေရတဲ့ သူတွေ ဖြစ်တယ်။ သူတို့အတွက် အမြဲတမ်း ရိက္ခာ လုံလောက်အောင် မပေးနိုင်တဲ့ အခြေအနေ ရှိနေတယ်”ဟု ပြော သည်။

စစ်ရှောင်များအား စတင်ကူညီစဉ်က ဆန်တအိတ် ကျပ် ၁၈,၀၀၀ သာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၇၀,၀၀၀ ကျော် အထိ ပေါက်ဈေရှိနေ၍ စစ်ရှောင် ကူညီပေးနေသည့်အဖွဲ့များကလည်း လောက်ဌအောင် မထောက်ပံ့နိုင်တော့ကြောင်း ၎င်းကပြောသည်။ 

စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ခြင်းနှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ထွက်ပြေး လာသော ထပ်တိုး စစ်ရှောင်များလည်း ရှိလာကြောင်း သိရသည်။

“အခုဆိုရင် အကြောင်း အမျိုးမျိုးနဲ့ ရန်ပုံငွေ အခက်ခဲတွေကြောင့် အရင်က စစ်ရှောင်တွေကို တလစာ ရိက္ခာ ကူညီပေးနိုင်ပေမယ့် အခုချိန်မှာ လမ်းပန်း ဆက်သွယ်ရေးနဲ့ စကစက ဖြတ်လေးဖြတ်ကြောင့် ရက် ၃၀ အစား စစ်ရှောင်တွေကို ၁၅ ရက်စာလောက်ပဲ ကူညီပေး နိုင်တော့တယ်”ဟု စစ်ရှောင် ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။

စစ်ရှောင်များအတွက် ဆေးဝါးနှင့် ရိက္ခာလိုအပ်ချက်များရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပေးကြရန် နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့က တောင်းဆိုထားသည်။

ဒေါန တနင်္သာရီ-စစ်ရှောင်များ အထောက်အကူပြုရေးအဖွဲ့ကလည်း စစ်ရှောင်ဦးရေ ၄,၀၀၀ ရှိကြောင်းခန့်မှန်းထားပြီး လက်တွေ့မြေပြင်တွင် ထို့ထက်များနိုင်ကြောင်း ဩဂုတ်လက ထုတ်ပြန်ထားသည်။ 

 စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြိတ်
#စစ်ဘေးရှောင်

ပုံအညွှန်း- တနင်္သာရီ စစ်ရှောင်များပုံ (ဓာတ်ပုံ- ပေးပို့)

 ------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥3😢3
Media is too big
VIEW IN TELEGRAM
မိသားစု ကြီးလတ်ငယ်(စိတ်)|ကျန်းမာသုတ လူမှုဘ၀

#PostpartumDepression
#BabyBlues
#reels
#shorts
👍7🔥1
​​စွမ်းအင်ပညာရှင်ကို ဖမ်းဆီးထားကြောင်း ဗီယက်နမ် အတည်ပြု
=====================

လွတ်လပ်သော စွမ်းအင်မူဝါဒ think tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့) တခု၏ ဒါရိုက်တာဖြစ်သူအား ဖမ်းဆီးထိန်းသိမ်းမှုကို ဗီယက်နမ်အာဏာပိုင်တို့က အောက်တိုဘာ ၁ ရက်တွင် အတည်ပြုသည်။ ယင်းသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အဆိုပါနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်အရေးကိစ္စများနှင့်ပတ်သက်ပြီး လုပ်ကိုင်သည့် ခြောက်ဦးမြောက် ကျွမ်းကျင်ပညာရှင်တဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်းလည်း ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3
​​ကမ္ဘာ့သတင်းအကြောင်းအရာများတွင် တရုတ်၏ ခြယ်လှယ်ခြင်းက လွတ်လပ်မှုကို ခြိမ်းခြောက်ကြောင်း အမေရိကန်ပြော
======================

တရုတ်အစိုးရသည် သတင်းအချက်အလက်များကို လွှမ်းမိုးမှု၊ ဆင်ဆာဖြတ်တောက်မှုနှင့် မဟုတ်မမှန် လုပ်ကြံမှုများမှ တစ်ဆင့် ၎င်းတို့အပေါ် ထားရှိသော သဘောထားအမြင်များကို ပုံဖော်ရန် တစ်နှစ်လျှင် ဒေါ်လာဘီလီယံနှင့် ချီ၍ သုံးစွဲနေသော လှုပ်ရှားမှုကြီး တစ်ခု ကို လုပ်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း အမေရိကန် က ပြောကြားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3