Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရဲမှူးချုပ်အောင်ဌေးမြင့် ထောင်ဒဏ် (၄)နှစ်ချမှတ်ခံရဟုဆို
==================

(မဇ္ဈိမ)။ ။ထိန်းသိမ်းစစ်ဆေးခံနေရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်ကို ရဲတရားရုံးမှ စုံစမ်းစစ်ဆေးပြီး ထောင်ဒဏ် (၄)နှစ်ချမှတ်လိုက်ကြောင်း နေပြည်တော်ရဲအသိုင်းအဝိုင်းကပြောသည်။

ရဲမှူးချုပ်အောင်ဌေးမြင့်ကို စက်တင်ဘာ ၃၀ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်ခြင်းဟု သိရသည်။

"ရဲတရားရုံးကနေ အမိန့်ချလိုက်တာပါ။ ရာထူးကိုလည်း ပြန်ရုပ်သိမ်းလိုက်ပါပြီ။ ပြည်ထဲရေးဝန်ကြီးမှတ်ချက်နဲ့ စစ်ဆေးပြီး ထောင်(၄)နှစ်ကျသွားပြီ" ဟု နေပြည်တော်မှ ရဲအရာရှိတဦးကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လက ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရာထူးမှဖယ်ရှားခံရပြီးနောက် ရဲမှူးချုပ် အောင်ဌေးမြင့်၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးချုပ်စိန်လွင်နှင့်စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်တို့ကို စစ်ကောင်စီက ရာထူးမှ အနားပေးကာ ရဲတရားရုံးဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။ စစ်‌ကောင်စီက တရားဝင်သတင်းမထုတ်ပြန်သေးသော်လည်း ၎င်းတို့သုံးဦးအား စစ်ကောင်စီ အစည်းအဝေးမှတ်တမ်းအချို့ ပေါက်ကြားမှု၊ အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ စစ်ဆေးနေခြင်းဟု သတင်းများထွက်ပေါ်ခဲ့သည်။

ယခုအခါ ရဲမှူးချုပ်အောင်ဌေးမြင့်ကို ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်(၃)နှစ်၊ သတင်းထိန်ချန်မှုဖြင့် ထောင်ဒဏ်(၁)နှစ်၊စုစုပေါင်း ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်ခြင်းဟု သိရသည်။
" သူ(ရဲမှူးချုပ်အောင်ဌေးမြင့်) က ဝန်ကြီးနဲ့ နီးစပ်သလို အင်္ဂလိပ်လည်း ကောင်းတော့ ဝန်ကြီးက အားကိုးတယ်။ သူ့ဆီမှာ သတင်းအချက်အလက်တွေကို ရှိတယ်။ သတင်းတွေက သူ့ဆီကနေ တိုက်ရိုက်ပေါက်ကြားတာမဟုတ်ဘူး။ ရုံးဖက်ကနေ ပေါက်ကြားတာ။ အခု ထောင်ဒဏ် (၄)နှစ်အပြင် နောက်ထပ်အစွဲခံထားရတဲ့ အမှုတွေလည်း ရှိသေးတယ်" ဟု နေပြည်တော် ရဲချုပ်ရုံးမှ ရဲအရာရှိတဦးကပြောသည်။

ရဲမှူးကြီးစိန်လွင်နှင့်ရဲမှူးကြီးဉာဏ်မြင့်ကျော်အား စစ်ဆေးမှုအခြေအနေကို မသိရှိရသေးပေ။

လတ်တလောတွင် ရဲမှူးချုပ်စိန်လွင်နေရာ၌ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံးချုပ်မှ ရဲရေးချုပ် ရဲမှူးချုပ်သက်နိုင် အစားထိုးဝင်ရောက်လာသည်ဟု သတင်းရရှိသည်။
ရဲမှူးချုပ်သက်နိုင်သည်စက်တင်ဘာလ ဒုတိယလပတ်ထဲမှစတင်ကာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဟု နေပြည်တော်ရဲအသိုင်းအဝိုင်းကပြောသည်။ အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

ဓာတ်ပုံ - ရဲမှူးချုပ်အောင်ဌေးမြင့်
စာတည်း - အေးချမ်း

#mizzima
#ရဲမှူးချုပ်အောင်ဌေးမြင့်
#ထောင်ဒဏ်
#ရမည်းသင်းထောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏2❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
Oct - 2 [ 4 Pm ] Mizzima News Hour

Mizzima Headline News

#4pmnews
#mizzimanewshour
#reels
#shorts
👍6❤1🍌1
မန္တလေးနန်းမြို့ရိုးအနီး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
👍9🔥1
မန္တလေးနန်းမြို့ရိုးအနီး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
====================

007
(မဇ္ဈိမ)။ ။ မန္တလေးနန်းမြို့ရိုး အနီး ရပ်ကွက်ဖြစ်သည့် ချမ်းအေးသာစံမြို့နယ်အပိုင် စိတ္တရမဟီရပ်ကွက်ရှိ နေအိမ် တအိမ်ပေါ်သို့ ယနေ့ နံနက် အစောပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံနှင့် သက်ဆိုင်ရာသတင်းရင်းမြစ်များထံံက သိရသည်။

ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က ထိုဖြစ်ရပ်မှ ထွက်ပေါ်လာသည့် ပြင်းထန်သောပေါက်ကွဲသံကို ဒေသခံအများ ကြားလိုက်ရကြောင်း သိရသည်။ မန္တလေးနန်းမြို့ရိုးတောင်ဘက်၊ ချမ်းအေးသာစံံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ စော်ဘွားဝင်းအတွင်းရှိ RC နှစ်ထပ်တိုက်လူနေအိမ်တအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ခေါင်မိုးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

“မန္တလေးမှာ ဒီနေ့မနက် အစောကြီး အုန်းကနဲ အသံကျယ်ကြီးနဲ့ ပေါက်ကွဲမှုက ကျုံးတောင်ဘက်ကနေ အိမ်တခုထဲ လက်နက်ကြီးကျည်ကျပြီး ပေါက်ကွဲတာဖြစ်နေတယ်။ အခု အဲဒီရပ်ကွက်ကို လုံခြုံရေးတွေက ပိတ်ဆို့စစ်ဆေးနေလို့ အနီးကပ် အခြေအနေ ဘာမှ မသိရသေးဘူး။ လူထိခိုက်မှုတော့မရှိဘူးလို့ ဖုန်းသတင်းရထားတယ်” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် ဒေသခံသတင်းရင်းမြစ် ကပြောသည်။

ထိုအိမ်နှင့် ကပ်လျက်ရှိ နေအိမ်လည်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး အိမ်အနီးရပ်ထားသည့် ကားတစီး(Toyota Ractis ခဲရောင်)၏ ရှေ့လေကာ မှန်အက်ကွဲခဲ့ပြီး နေအိမ်ရှေ့ ဓာတ်တိုင်မှ ဓာတ်ကြိုးများလည်း ပြုတ်ကျပျက်စီးမှုဖြစ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူ တဦးကပြောသည်။

“အိမ်ပေါ်ကို လက်နက်ကြီးကျည်ကျပြီးပေါက်ကွဲမှုဖြစ်တာလို့ ကနဦး တွေ့ရှိသတင်း ရထားတယ်။ လူထိခိုက် သေဆုံးမှုမရှိဘူး” ဟု ၎င်းကပြောသည်။

အခင်းဖြစ်နေရာသည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မန္တလေးနန်းမြို့၏ တောင်ဘက် ကိုက်သုံးရာကျော် အကွာတွင်ရှိသည်။ ထိုပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယနေ့ မနက်ပိုင်းအထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှုမရှိသေးသလို မဇ္ဈိမအနေဖြင့်လည်း စုံစမ်းနေဆဲဖြစ်သည်။

ယမန်နှစ် ဇွန်လ ၂၄ ရက်က မန္တလေးနန်းမြို့တွင်းသို့ ၁၀၇(မမ) ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေသည့် အဖွဲ့အား စစ်ကောင်စီတပ်က ဖမ်းဆီးနိုင်လိုက်ကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။

စိတ္တရမဟီရပ်ကွက် ၂၆ လမ်းပေါ်ရှိ စစ်ကောင်စီတပ် အသိုက်အဝန်းသာ နေထိုင်ခွင့်ရသော သီရိမင်္ဂလာအိမ်ရာအတွင်းရှိ တိုက်ခန်းတခု အပေါ်ဆုံးထပ် ခေါင်မိုးတွင် သဲအိတ်များဖြင့်ပစ်စင်တည်ဆောက်ထားပြီး နန်းတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ရန် စီစဉ်နေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုစဉ်က စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများတွင် ဖော်ပြကြသည်။

ဖမ်းဆီးရမိသူနှင့်ပတ်သက်၍ PDF အဖွဲ့ဝင်ဖြစ်ကြောင်း စစ်ကောင်စီသတင်းများကဆိုသော်လည်း ၄င်းတို့၏ အဖွဲ့ဝင် မဟုတ်ကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များက ငြင်းဆိုခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မန္တလေးနန်းတွင်း
#လက်နက်ကြီးကျည်

ပုံအညွှန်း- လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေအိမ်အတွင်းပိုင်းအားတွေ့ရစဉ်
( ဓာတ်ပုံ- CJ )

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရွေးကောက်ပွဲက အဓိကမဟုတ်ကြောင်း ဘာကီနာအာဏာသိမ်းစစ်ခေါင်းဆောင်ပြော

#internationalnews
#reels
#shorts
👍3😁2❤1
This media is not supported in your browser
VIEW IN TELEGRAM
နယူးယောက်မှာ မိုးကြီးမှုကြောင့် မြေအောက်ရထားလိုင်း တစ်စိတ်တစ်ပိုင်းပြတ်တောက်

#internationalnews
#reels
#shorts
👍4🔥1
❤3👍1🔥1
အင်ဒိုနီးရှားနိုင်ငံ၊ ကန်ဂျူရူဟန် ဘောလုံးကွင်းမှာ လူအုပ်ပိ သေဆုံးမှုရဲ့ ပထမဆုံးနှစ်ပတ်လည်နေ့ပြုလုပ်
==================

Photo News: အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗာပြည်နယ်၊ မာလန်ရှိ ကန်ဂျူရူဟန် အားကစားကွင်းမှာ ဘောလုံးပွဲ လူအုပ်ပိမှု ပထမနှစ်ပတ်လည် အထိမ်းအမှတ် စုဝေးပွဲအတွင်း အားကစားကွင်းအတွင်းရှိ မြက်ခြောက်တွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က မီးရှို့ခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ အရှေ့ဂျာဗားရှိ အရီမာအက်ဖ်စီက ခါးသီးပြိုင်ဘက် ပါဆီဘာယာ ဆူရာဘာယာကို အသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာအိမ်ရှင်အသင်းပရိသတ်တွေက ဒေါသထွက်ကာ ကွင်းထဲ ဝင်ရောက်ခဲ့ကြချိန် ရဲတွေက ပရိသတ်တွေ ထိန့်လန့်တကြားဖြစ်အောင် မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုပစ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၁၃၅ ဦး သေဆုံးခဲ့ပါတယ်။ ကန်ဂျူရူဟန် အားကစားကွင်း လူအုပ်ပြိုကျမှု ပထမနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သေဆုံးသူတွေရဲ့ ပရိတ်သတ်တွေနဲ့ မိသားစုတွေက အားကစားကွင်းမှာ စုဝေးခဲ့ကြပါတယ်။ (ဓာတ်ပုံ - EPA-EFE/MAST IRHAM)
👍6❤1🔥1