Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အင်ဒိုနီးရှားနိုင်ငံ၊ ကန်ဂျူရူဟန် ဘောလုံးကွင်းမှာ လူအုပ်ပိ သေဆုံးမှုရဲ့ ပထမဆုံးနှစ်ပတ်လည်နေ့ပြုလုပ်
==================

Photo News: အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗာပြည်နယ်၊ မာလန်ရှိ ကန်ဂျူရူဟန် အားကစားကွင်းမှာ ဘောလုံးပွဲ လူအုပ်ပိမှု ပထမနှစ်ပတ်လည် အထိမ်းအမှတ် စုဝေးပွဲအတွင်း အားကစားကွင်းအတွင်းရှိ မြက်ခြောက်တွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က မီးရှို့ခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ အရှေ့ဂျာဗားရှိ အရီမာအက်ဖ်စီက ခါးသီးပြိုင်ဘက် ပါဆီဘာယာ ဆူရာဘာယာကို အသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာအိမ်ရှင်အသင်းပရိသတ်တွေက ဒေါသထွက်ကာ ကွင်းထဲ ဝင်ရောက်ခဲ့ကြချိန် ရဲတွေက ပရိသတ်တွေ ထိန့်လန့်တကြားဖြစ်အောင် မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုပစ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၁၃၅ ဦး သေဆုံးခဲ့ပါတယ်။ ကန်ဂျူရူဟန် အားကစားကွင်း လူအုပ်ပြိုကျမှု ပထမနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သေဆုံးသူတွေရဲ့ ပရိတ်သတ်တွေနဲ့ မိသားစုတွေက အားကစားကွင်းမှာ စုဝေးခဲ့ကြပါတယ်။ (ဓာတ်ပုံ - EPA-EFE/MAST IRHAM)
👍6❤1🔥1
Media is too big
VIEW IN TELEGRAM
ယူကရိန်းစစ်ပွဲမှာကျဆုံးခဲ့တဲ့ ရုရှားအကျဉ်းသားတွေဟာ လူ့အဖွဲ့အစည်းအတွက် အကြွေးဆပ်ခဲ့ကြတာဖြစ်ကြောင်း ပူတင်ပြော

#internationalnews
#reels
#shorts
👍3🤬3❤1
ထားဝယ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အပါ နိုင်ကျဥ်း ၁၄ ဦး ပြန်လွတ်
👏3🔥1
ထားဝယ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အပါ နိုင်ကျဥ်း ၁၄ ဦး ပြန်လွတ်
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ လွတ်ရက်စေ့သည့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ယနေ့အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက လွတ်မြောက်လာသည်ဟု ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက်က ထုတ်ပြန်သည်။

“ဒီနေ့ လွတ်လာတဲ့အထဲမှာ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ကိုအောင်ဝေယံကျော် အပါအဝင် ၁၄ ဦး လွတ်လာတယ်လို့ သိရတယ်။ နောက်ပြီး အခြားအမှုနဲ့ လွတ်လာတဲ့ သူတွေလည်း ပါတယ်”ဟု ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်မှ တာဝန်ရှိသူတဦးက ပြောသည်။

လွတ်မြောက်လာသူများမှာ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော်၊ ကိုသုတတင်စိုး (ခ) မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ကိုဥက္ကာရှိုင်းအောင်နှင့် ကိုဝေယံဌေး စသည့် နိုင်ငံရေး အကျဥ်းသားများ ဖြစ်သည်ဟု ဖော်ပြထားသည်။

ယနေ့ လွတ်မြောက်လာသူများသည် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် သုံးနှစ်နှင့် လက်နက်အမှု အပါဝင် ပုဒ်မ ၁၉ (စ) အတွက် ထောင်ဒဏ် တနှစ် စုစုပေါင်း ထောင်ဒဏ် လေးနှစ် အမိန့်ချမှတ်ခံထားရသူများ ဖြစ်ကြောင်း Dawei Political Prisoners Network ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် မူးယစ်ဆေးဝါးအမှုနှင့် ထောင်ချခံထားရသူ ငါးဦးလည်း ယနေ့ လွတ်မြောက်လာသူများထဲတွင် ပါဝင်ကြောင်း သိရသည်။
ထားဝယ်အကျဥ်းထောင်တွင် အကျဥ်းသား စုစုပေါင်း ၁၀၀၀ ဝန်းကျင်ရှိပြီး တဝက်ခန့်သည် နိုင်ငံရေး အကျဥ်းသားများ ဖြစ်သည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း
#ထားဝယ်အကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား

ပုံအညွှန်း-ထားဝယ်မြို့မှာ စစ်တပ်က အာဏာသိမ်းစဉ် ဆန္ဒပြနေစဉ်။(ဓာတ်ပုံ-ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
အန်ကာရာမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း တူရကီပြော

#internationalnews
#reels
#shorts
👍4❤1🔥1
အောက်တိုဘာလ (၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

- နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတပြောတဲ့ သတင်း

- စစ်ခေါင်းဆောင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး တို့တွေ့ဆုံတဲ့ သတင်း

- ကိုးကန့်တပ်ဖွဲ့ဝင် ၂၈ ဦး စစ်ကောင်စီထံ ခိုလှုံသွားတယ်ဆိုတဲ့ ပြောဆိုချက် MNDAA ငြင်းဆိုတဲ့ သတင်းနဲ့

- ပါကစ္စတန်မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော်သေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရခဲ့တဲ့ သတင်း အပါအဝင်
တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/rGdRDe5lWGo?si=mTyDH_u6zTpwVnPE

Photo - CJ

#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮1
​​စက်တင်ဘာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံးကာ ၂၀ဦး ဖမ်းဆီးခံရ ကြောင်း BWU ထုတ်ပြန်
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောရေးအတွင်းအပါအဝင် စစ်ကောင်စီကြောင့် မြန်မာနိုင်ငံအနှံ့ရှိ အမျိုးသမီး ၁၂ ဦး သေဆုံးကာ ၂၀ဦး ထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWUက ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ တလအတွင်းတွင် သေဆုံးသွားရသည့် အမျိုးသမီးများသည် လက်နက်ကြီးကျည်ကြောင့် ငါးဦး၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လေးဦး၊ အကြမ်းဖက်မှုကြောင့် နှစ်ဦးနှင့် စစ်ကြောရေးတွင်တဦး စုစုပေါင်း ၁၂ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သေဆုံးသူများသည် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှ နှစ်ဦး၊ မိုးကုတ်မြို့နယ်မှ တဦး၊ တနင်္သာရီတိုင်း ပုလောမြို့နယ်မှ နှစ်ဦး၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်၊ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ် တို့မှ အမျိုးသမီး တဦးစီ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း BWU က ထုတ်ပြန်သည့် ဇယားတွင်ပါရှိသည်။

ထို့အပြင် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နှင့် မွန်ပြည်နယ်မှ အမျိုးသမီး ၂၀ဦး ဖမ်းဆီးခံရကာ ရန်ကုန်တိုင်း မြို့နယ်ရှစ်ခုမှ အမျိုးသမီး ကိုးဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သေဆုံးသူအမျိုးသမီး ၆၁၄ ဦးရှိကာ ဖမ်းဆီးထိမ်းသိမ်းခံရသူ အမျိုးသမီး ၃,၁၇၅ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသည့် အမျိုးသမီး ၅၃၈ဦးရှိကြောင်း BWU က ထုတ်ပြန်ထားသည်။

ယင်းအရေအတွက်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ BWU မှ စုစည်းရရှိထားသည် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် အရေအတွက်ပိုများနိုင်ကြောင်း ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် လွတ်လပ်စွာပြောဆိုခွင့် ကျဆင်းနေသကဲ့သို့ ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံအများဆုံး နိုင်ငံ ၅၀ အနက် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ပဋိပက္ခဖြစ်ပွားမှုဆိုင်ရာ အချက်အလက်ကောက်ယူသည့် နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်သည့် The Armed Conflict Location & Event Data Project (ACLED) မှ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#BWU
#အမျိုးသမီး

ပုံအညွှန်း-အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်စဥ် (ဓာတ်ပုံ- ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢6🔥1🤬1
ကမ္ဘာ့ပြောင်းဈေးအကျကြောင့် ပြည်ပသို့ ပြောင်းတင်ပို့ရန် အခက်တွေ့နေ | Business Roundup (2.10.2023)
====================

- နာမည်ကြီး တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းအကြောင်း ရုပ်ရှင်ကို စစ်ကောင်စီနဲ့ ကမ္ဘောဒီးယား ကန့်ကွက်

- မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

- ရုရှားနဲ့ မြန်မာ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်းလေးရာအထိ တိုးလာ

- ကမ္ဘာ့ပြောင်းဈေးအကျကြောင့် ပြည်ပသို့ ပြောင်းတင်ပို့ရန် အခက်တွေ့နေ

https://youtu.be/9GEcA8BmWiU?si=t3VbYomp2Glhhf6g

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
အရာတော်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ရပြီး ၅ ဦး သေဆုံး
=====================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်နှစ်ခုကိုတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) မှ သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အရာတော်မြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ၅၀၀၄ တင့်ကား တပ်ရင်းအနီးရှိ ကင်းစခန်းနှစ်ခုကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BNRA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဆာန် ကပြောသည်။

“၅၀၀၄ တင့်ကားတပ်ရင်းရဲ့ အနောက်တောင်ခြမ်းမှာရှိတဲ့ ကင်းစခန်းနဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ကင်း စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အနောက်တောင်ခြမ်းမှာရှိတဲ့ ကင်းစခန်းက လက်နက်နဲ့ အလောင်း ၄ လောင်းတွေ့ပါတယ်။ မြောက်ဘက်ဂိတ်ကတလောင်းထပ်ရပြီး၊ စုစုပေါင်း ၅ လောင်းရ ပါတယ်” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း အူဇီ နှစ်လက်၊ MA-1 တလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းလည်း BNRA အဖွဲ့ကထုတ်ပြန်ထားသည်။
ယခုတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီဂိတ်တခုစီတွင် အင်အား ငါးဦးမှ ခုနစ်ဦးအထိသာရှိကြောင်းနှင့် တိုက် ခိုက်မှုကို အချိန်ယူစောင့်ကြည့်ပြီးမှ စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုဆာန်ကဆိုသည်။

“အခုတိုက်ခိုက်ခဲ့တဲ့ ဂိတ်တွေက အုတ်ကားတွေ အသွားအလာရှိတဲ့လမ်းပေါ်မှာ ရှိတာပါ။ သူတို့က အုတ် ကားတွေကို ဆက်ကြေးတောင်းလေ့ရှိတယ်။ ဂိတ်တွေက တပ်ရင်းအရှေ့ကဂိတ်လို ဘန်ကာတွေ သဲအိတ် တွေမရှိဘူး” ဟု လည်းပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်ကဘည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး သံချပ်ကာ ကားတစီး နှင့် စစ်ကားတစီးဖြင့် လိုက်လံပစ်ခတ်ခဲ့၍ ရဲဘော်တဦးဒဏ်ရာရရှိခဲ့ကြောင်း BNRA အဖွဲ့က ထုတ်ပြန် ထားသည်။

BNRA သည် ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော်(MNDA)ကို အမည်ပြောင်းလဲဖွဲ့စည်း ထားသည့်အဖွဲ့ဖြစ်သည်။

စာတည်း။ ။စောဖေ

https://youtu.be/Z-k6MIEHMzg?si=pbCK1QUbPCSAC3XY

#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#BNRA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏1😁1
​​တရုတ်အာကာသယာဉ်နဲ့ ဗင်နီဇွဲလားအာကာသယာဉ်မှူးတွေကို လကမ္ဘာပေါ်စေလွှတ်နိုင်တော့မှာဖြစ်ကြောင်း မာဒူရိုပြော
==================

https://www.facebook.com/mizzimaplustv/videos/3295231724100679

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🔥1
​​လက်ဘနွန်ရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းကတိုက်ပွဲတွေအတွင်း လူ ၇ ဦးသေဆုံး
======================

https://www.facebook.com/mizzimaplustv/videos/856724739456552

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2❤1