Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စက်တင်ဘာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံးကာ ၂၀ဦး ဖမ်းဆီးခံရ ကြောင်း BWU ထုတ်ပြန်
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောရေးအတွင်းအပါအဝင် စစ်ကောင်စီကြောင့် မြန်မာနိုင်ငံအနှံ့ရှိ အမျိုးသမီး ၁၂ ဦး သေဆုံးကာ ၂၀ဦး ထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWUက ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ တလအတွင်းတွင် သေဆုံးသွားရသည့် အမျိုးသမီးများသည် လက်နက်ကြီးကျည်ကြောင့် ငါးဦး၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လေးဦး၊ အကြမ်းဖက်မှုကြောင့် နှစ်ဦးနှင့် စစ်ကြောရေးတွင်တဦး စုစုပေါင်း ၁၂ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သေဆုံးသူများသည် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှ နှစ်ဦး၊ မိုးကုတ်မြို့နယ်မှ တဦး၊ တနင်္သာရီတိုင်း ပုလောမြို့နယ်မှ နှစ်ဦး၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်၊ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ် တို့မှ အမျိုးသမီး တဦးစီ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း BWU က ထုတ်ပြန်သည့် ဇယားတွင်ပါရှိသည်။

ထို့အပြင် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နှင့် မွန်ပြည်နယ်မှ အမျိုးသမီး ၂၀ဦး ဖမ်းဆီးခံရကာ ရန်ကုန်တိုင်း မြို့နယ်ရှစ်ခုမှ အမျိုးသမီး ကိုးဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သေဆုံးသူအမျိုးသမီး ၆၁၄ ဦးရှိကာ ဖမ်းဆီးထိမ်းသိမ်းခံရသူ အမျိုးသမီး ၃,၁၇၅ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသည့် အမျိုးသမီး ၅၃၈ဦးရှိကြောင်း BWU က ထုတ်ပြန်ထားသည်။

ယင်းအရေအတွက်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ BWU မှ စုစည်းရရှိထားသည် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် အရေအတွက်ပိုများနိုင်ကြောင်း ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် လွတ်လပ်စွာပြောဆိုခွင့် ကျဆင်းနေသကဲ့သို့ ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံအများဆုံး နိုင်ငံ ၅၀ အနက် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ပဋိပက္ခဖြစ်ပွားမှုဆိုင်ရာ အချက်အလက်ကောက်ယူသည့် နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်သည့် The Armed Conflict Location & Event Data Project (ACLED) မှ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#BWU
#အမျိုးသမီး

ပုံအညွှန်း-အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်စဥ် (ဓာတ်ပုံ- ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢6🔥1🤬1
ကမ္ဘာ့ပြောင်းဈေးအကျကြောင့် ပြည်ပသို့ ပြောင်းတင်ပို့ရန် အခက်တွေ့နေ | Business Roundup (2.10.2023)
====================

- နာမည်ကြီး တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းအကြောင်း ရုပ်ရှင်ကို စစ်ကောင်စီနဲ့ ကမ္ဘောဒီးယား ကန့်ကွက်

- မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

- ရုရှားနဲ့ မြန်မာ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်းလေးရာအထိ တိုးလာ

- ကမ္ဘာ့ပြောင်းဈေးအကျကြောင့် ပြည်ပသို့ ပြောင်းတင်ပို့ရန် အခက်တွေ့နေ

https://youtu.be/9GEcA8BmWiU?si=t3VbYomp2Glhhf6g

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
အရာတော်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ရပြီး ၅ ဦး သေဆုံး
=====================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်နှစ်ခုကိုတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) မှ သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အရာတော်မြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ၅၀၀၄ တင့်ကား တပ်ရင်းအနီးရှိ ကင်းစခန်းနှစ်ခုကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BNRA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဆာန် ကပြောသည်။

“၅၀၀၄ တင့်ကားတပ်ရင်းရဲ့ အနောက်တောင်ခြမ်းမှာရှိတဲ့ ကင်းစခန်းနဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ကင်း စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အနောက်တောင်ခြမ်းမှာရှိတဲ့ ကင်းစခန်းက လက်နက်နဲ့ အလောင်း ၄ လောင်းတွေ့ပါတယ်။ မြောက်ဘက်ဂိတ်ကတလောင်းထပ်ရပြီး၊ စုစုပေါင်း ၅ လောင်းရ ပါတယ်” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း အူဇီ နှစ်လက်၊ MA-1 တလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းလည်း BNRA အဖွဲ့ကထုတ်ပြန်ထားသည်။
ယခုတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီဂိတ်တခုစီတွင် အင်အား ငါးဦးမှ ခုနစ်ဦးအထိသာရှိကြောင်းနှင့် တိုက် ခိုက်မှုကို အချိန်ယူစောင့်ကြည့်ပြီးမှ စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုဆာန်ကဆိုသည်။

“အခုတိုက်ခိုက်ခဲ့တဲ့ ဂိတ်တွေက အုတ်ကားတွေ အသွားအလာရှိတဲ့လမ်းပေါ်မှာ ရှိတာပါ။ သူတို့က အုတ် ကားတွေကို ဆက်ကြေးတောင်းလေ့ရှိတယ်။ ဂိတ်တွေက တပ်ရင်းအရှေ့ကဂိတ်လို ဘန်ကာတွေ သဲအိတ် တွေမရှိဘူး” ဟု လည်းပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်ကဘည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး သံချပ်ကာ ကားတစီး နှင့် စစ်ကားတစီးဖြင့် လိုက်လံပစ်ခတ်ခဲ့၍ ရဲဘော်တဦးဒဏ်ရာရရှိခဲ့ကြောင်း BNRA အဖွဲ့က ထုတ်ပြန် ထားသည်။

BNRA သည် ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော်(MNDA)ကို အမည်ပြောင်းလဲဖွဲ့စည်း ထားသည့်အဖွဲ့ဖြစ်သည်။

စာတည်း။ ။စောဖေ

https://youtu.be/Z-k6MIEHMzg?si=pbCK1QUbPCSAC3XY

#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#BNRA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏1😁1
​​တရုတ်အာကာသယာဉ်နဲ့ ဗင်နီဇွဲလားအာကာသယာဉ်မှူးတွေကို လကမ္ဘာပေါ်စေလွှတ်နိုင်တော့မှာဖြစ်ကြောင်း မာဒူရိုပြော
==================

https://www.facebook.com/mizzimaplustv/videos/3295231724100679

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🔥1
​​လက်ဘနွန်ရှိ ပါလက်စတိုင်းဒုက္ခသည်စခန်းကတိုက်ပွဲတွေအတွင်း လူ ၇ ဦးသေဆုံး
======================

https://www.facebook.com/mizzimaplustv/videos/856724739456552

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2❤1
​​ICC ရဲ့အဓိကမြေပြင်ရုံးတစ်ခု ယူကရိန်းမှာဖွင့်လှစ်
=====================

https://www.facebook.com/mizzimaplustv/videos/332461082787714

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
အောက်တိုဘာလ၂ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================

https://youtu.be/EFCzYPPStkk?si=LhrYZoRZ4epzeinG
👍3🔥3
ကရင်နီစစ်ဘေးရှောင်များအတွက် မြန်မာ့ဂန္တဝင်နွေဦးသံစဥ် တော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲပြုလုပ်
🥰9😁2👍1
ကရင်နီစစ်ဘေးရှောင်များအတွက် မြန်မာ့ဂန္တဝင်နွေဦးသံစဥ် တော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲပြုလုပ်
=======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ကရင်နီဒေသရှိ စစ်ဘေးရှောင်များအတွက်ရည်ရွယ်ကာ နွေဦးအလင်္ကာမြန်မာမှုတေးဂီတအဖွဲ့မှ မြန်မာ့ဂန္တဝင်နွေဦးသံစဥ် တော်လှန်ရေးရန်ပုံငွေဂီတဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အောက်တို ဘာလ ၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
ဂီတဖျော်ဖြေပွဲတွင် မြန်မာမှုတေးဂီတအဖွဲ့နှင့် ပင်တိုင်တေးသံရှင်နှစ်ဦးနှင့် တယောဖိုးစံတို့က အပိုင်းနှစ် ပိုင်းခွဲကာ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ကရင်နီပြည်နယ်၌ လတ်တလောတွင် ဖျားနာမှုများအဖြစ်များနေသဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာ အဓိက လိုအပ်မှုရှိကြောင်း သိရသည်။

“အခုလောလောဆယ် ကရင်နီမှာ ဖျားနာနေမကောင်းဖြစ်ကြတယ်။ ဒါကတော့ တနိုင်ငံလုံးဖြစ်နေကြ တာပါပဲ။ ဒီမှာက စစ်ဘေးရှောင်စခန်းမှာ စုနေကြတဲ့အပြင် စာသင်ကျောင်းတွေက ဖွင့်ထားတာဆိုတော့ တယောက်ဖြစ်ရင် အကုန်ဖြစ်ကြတော့တာပဲ။ မျက်လုံးနီရောဂါခေါ်တာလား၊ မျက်လုံးနာကြတာတွေ လည်းကူးကြတယ်။

အဓိကတော့ အာဟာရအပြည့်အဝမရလို့ပါ။ အာဟာရမပြည့်တဲ့အချိန် တုပ်ကွေးက ပျံ့တော့ လှိမ့်ခံရတော့တာပဲ။ ကြားထဲ ဆေးဝါးတွေကလည်း မရှိဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ လုပ်ပေးတဲ့ ဆေးခန်းတွေကတော့ တော်တော်လုပ်ပေးကြပါတယ်” ဟု ကရင်နီဒေသသို့ရောက်ရှိနေသော To Comorades - ရဲဘော်များသို့ အဖွဲ့ ဒုတိယအမှူဆောင်ဒါရိုက်တာ ရဲဘော်အာလူးက ပြောသည်။

“လက်မှတ်ဖိုးက မြန်မာငွေနဲ့တွက်ရင် ၂၅,၀၀၀ ပေါ့။ စျေးများတယ်လို့ထင်ရပေမယ့် ဖျော်ဖြေပွဲကိုလာ ကြည့်နိုင်တဲ့သူတွေဆို သိမှာပါ။ ကိုယ့်မြန်မာသံစဥ်တွေကို ဆန်းသစ်ထားတဲ့ပုံစံနဲ့ ပြန်နားထောင်ရတယ်။ တော်လှန်ရေးအတွက် လှူရမယ်ဆိုတာနဲ့တင် တန်တယ်။ ပွဲစီစဥ်သူတွေအနေနဲ့လည်း တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေကို တခုခုပြန်ပေးချင်တဲ့စေတနာကပေါ်လွင်လို့ ဒီလိုပွဲမျိုးလုပ်နိုင်တာ အရမ်းချီးကျူးတယ်၊ ကျေးဇူးတင်တယ်” ဟု ပွဲလာရောက်ကြည့်ရှုသူ အမျိုးသမီးတဦးက ပြောသည်။

ဂီတဖျော်ဖြေပွဲလက်မှတ်အား တစောင်လျှင် ဘတ် ၂၅၀ သတ်မှတ်ရောင်းချခဲ့ပြီး ပရိသတ်အများအပြား လာရောက်နားဆင်ခဲ့ကြောင်း သိရသည်။

ပုံအညွှန်း - မြန်မာ့ဂန္တဝင်နွေဦးသံစဉ် ဂီတရန်ပုံငွေဖျော်ဖြေပွဲ
ဓာတ်ပုံ - ဂန္ဒမာ
စာတည်း။ ။စောဖေ

#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
#မြန်မာ့ဂန္တဝင်နွေဦးသံစဉ်
#ရန်ပုံငွေဂီတဖျော်ဖြေပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥰9😁2👍1
မြိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၃ ရက်ဆက်တိုက် လေယာဉ်ငယ်များနဲ့တိုက်ခိုက်
=====================

KMN (မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းမှာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို သုံး ရက်ဆက်တိုက် RC Plane လေယာဉ်ငယ်တွေနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်နဲ့ ပခုက္ကူမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မြိုင်မြို့နယ်အရှေ့ပိုင်း တောင်ရွာ၊ ကျောက်ဆောက်၊ ရွာသစ်ရွာတွေဘက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ် ကောင်စီစစ်ကြောင်းကို စက်တင်ဘာလ ၂၉၊ ၃၀ နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်က ဒုတပ်ကြပ်အပါအဝင် လေးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ THU RAI တပ်ခွဲတာဝန်ခံ ကိုသူရိန်က ပြောပါတယ်။

အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြာင်းဟာ စက်တင်ဘာလ ၃၀ ရက်နေ့မှာ တောင်ရွာကို ဝင် ရောက်ခဲ့ပြီး ဒေသခံ ၁၀ ယောက်ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲက အသက် ၄၀ ခန့်အရွယ် အမျိုးသားတဦးကို အောက်တိုဘာလ ၁ ရက်နေ့မှာ ရိုက်နှက် သတ် ဖြတ်သွားပြီး ကျန်လူတွေကတော့ အောက်တိုဘာလ ၁ ရက် ညသန်းခါင်အချိန်မှာ ပြန်လွတ်ပေးခဲ့တယ်လို့ သူရိန်တပ်ခွဲ ကသိရပါတယ်။


တင်ဆက်၊တည်းဖြတ် − KMN

https://youtu.be/CaRiUMVo7_8?si=M5wmi3EL3bqVJyYQ

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14😁2❤1👏1
အောက်တိုဘာလ၂ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ...
via YouTube https://www.youtube.com/watch?v=EFCzYPPStkk
🔥3
မြိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၃ ရက်ဆက်တိုက် လေယာဉ်ငယ်များနဲ့တိုက်ခိုက်
KMN (မဇ္ဈိမ)။ ။မကွေးတိုင်း၊
via YouTube https://www.youtube.com/watch?v=CaRiUMVo7_8
👍6🔥2❤1
KIA ၊ PDF စခန်း ဗုံးကြဲခံရတယ်လို့ ဖြန့်ဝေထားတဲ့ သတင်းမှား | Misinformation Buster S3| Ep.84
==================

https://youtu.be/rvLvGMP6USc?si=11FJpEfQAtj9Gw_p

#Misinformation_Buster
#Weekly_Package
#Fake_News

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1