Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ချီတက်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်
===================

ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ချီတက်ပွဲကို ယနေ့ အောက်တိုဘာလ ၂ ရက်က ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် “Our Ambassador – Our Voice” ၊ “ငါတို့သံအမတ် ငါတို့အသံ” စာတန်း နှင့် ဦးကျော်မိုးထွန်း၏ ပုံတူစာရွက်များကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြောင်း သိရသည်။

သပိတ်စစ်ကြောင်းသည် ကျဆုံးအာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ် ခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၂၃ ရက်မြောက်ဖြစ် ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

Website Link - https://www.mizzimaburmese.com/article/133968
------------------------
👍15❤4🤮1
အောက်တိုဘာလ (၂) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=====================

- ရဲမှူးချုပ်အောင်ဌေးမြင့် ထောင်ဒဏ် (၄)နှစ်ချမှတ်ခံရလို့ဆိုတဲ့သတင်း

- မန္တလေးနန်းမြို့ရိုးအနီး နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတဲ့သတင်း

- မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့အကြောင်း

- ထားဝယ်အကျဉ်ထောင်မှ လွတ်ရက်စေ့တဲ့ နိုင်ငံကျဉ်း ၁၄ ဦးလွတ်မြောက်လာတဲ့ သတင်း

- စက်တင်ဘာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံးကာ ၂၀ဦး ဖမ်းဆီးခံရ ကြောင်း BWU ထုတ်ပြန်တဲ့သတင်းနဲ့

- ရုရှားနဲ့ မြန်မာ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်းလေးရာအထိ တိုးလာတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/cxvi5ArbTe4?si=OjmgJtni6DrnzEzd

#MizzimaTV
#7pmnews
#mizzimaprimetime
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤1🍌1
​​လိုင်လင်းပီမြို့ ဝင်ထွက်ခွင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ခွင့်ပြု
=================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊မတူပီမြို့နယ်၊လိုင်လင်းပီမြို့တွင် လုံခြုံရေးအခြေအနေကြောင့် မြို့ အဝင်အထွက်ကို တားမြစ်ထားရာမှ ယခုအခါ ပြန်လည်သွားလာနိုင်ပြီဟု မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) က ထုတ်ပြန်သည်။

လိုင်လင်းပီမြို့တွင် စစ်ကောင်စီ၏ ခမရ (၃၀၄)၊ ခလရ (၁၄၀)နှင့် MDF သည် စက်တင်ဘာလ ၂၅ရက်နှင့် စက်တင်ဘာ ၂၆ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့အဝင်အထွက်မပြုလုပ်ရန် MDF ကသတိပေးထုတ်ပြန်ထားခဲ့သည်။ထို့နောက် ရက်သတ္တပတ် တပတ်ခန့်အကြာ စက်တင်ဘာလ ၃၀ရက်နေ့တွင် မြို့အဝင်အထွက်ကို ပြန်လည်ခွင့်ပြုကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ဒေသခံများ၏ လိုအပ်ချက်အရ မြို့တွင်း ဝင်ထွက်ခွင့်ကို ယာယီခွင့်ပြုလိုက်ခြင်းဟု MDF ပြန်ကြား ရေးတာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ထို့အပြင် အချိန်မရွေးတိုက်ပွဲများဖြစ်ပေါ်နိုင်သောကြောင့် စစ်ရေးသတိရှိကြရန်နှင့် ထူးခြားဖြစ်စဥ်များအတွက် ထုတ်ပြန်ချက်များကို လိုက်နာကြရန် MDFက အသိပေးထားသည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)ကို ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။ချင်းတမျိုးသားလုံးစည်လုံးညီညွတ်ရေး ၊ စစ်ကောင်စီအားဖြုတ်ချရေး ၊ ဖက်ဒရယ်ဒီမိုက ရေစီထူထောင်ရေးတို့အတွက် ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ရန်အသင့်ရှိကြောင်း MDF ကထုတ်ပြန်ထားသည်။

လိုင်လင်းပီမြို့သည် ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း တည်ရှိပြီး ထန်တလန်မြို့၊ ရေဇွာမြို့၊ပလက်ဝမြို့တို့အပြင် အိန္ဒိယနိုင်ငံနယ်နိမိတ်နှင့် ထိစပ်‌နေသည့် ဒေသဖြစ်သည်။

ပုံအညွှန်း - မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ။ - Maraland Defese Force
စာတည်း - အေးချမ်း

#mizzima
#မတူပီမြို့နယ်
#လိုင်လင်းပီမြို့
#မြို့ဝင်ထွက်ခွင့်
#MDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥1
​​သယ်ယူပို့ဆောင်ရေးကို ချောမောစေသည့် အီဂျစ်နိုင်ငံမှ လျှပ်စစ်စွမ်းအင်သုံး ပထမဆုံးမြို့တွင်းမီးရထား
===================

https://www.facebook.com/mizzimaplustv/videos/5043110472479687

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2
​​မြင်းခြံတွင် ရဲနှင့်ပျူစောထီးကို လိုင်းကြေးပေးကာ လောင်းကစားဝိုင်းများလုပ်လာ
===================

ဓာတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ရဲနှင့် စစ်ကောင်စီလက်ပါးစေ ပျူစောထီးတို့ကို လစဥ်လိုင်းကြေး ပေးဆောင်၍ မြို့ပေါ်ရှိရပ်ကွက်တိုင်း၌ ရုပ်ပုံလောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာ ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်မှအာဏာသိမ်းပြီး ရှစ်လကျော်အကြာတွင် ရုပ်ပုံလောင်းကစားဝိုင်းများ အလုပ်ဖြစ်လာ၍ မြင်းခြံ မြို့ရှိ ရပ်ကွက်ပေါင်း ၂၀ တွင် လောင်းကစားဝိုင်းပေါင်း ၂၀၀ ဝန်းကျင်အထိရှိလာကြောင်း သိရသည်။

ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်အနီးတွင် လောင်းကစားဝိုင်းများ နေ့စဥ် စည်ကားနေကြောင်း မြင်းခြံ မြို့ အမှတ်(၁)ရပ်ကွက်မှ ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

“လူတွေကအလုပ်မရှိတော့ ဒါပဲလုပ်နေကြတာ။ ဒိုင်တွေကတော့ စကစတပည့်တွေ၊ သူတို့ပဲဒိုင်လုပ်လို့ရ တယ်။ ရပ်ကွက်တခုတည်းမှာပဲ ဝိုင်း ၁၀ ဝိုင်းအထက်ရှိတယ်။ ဝိုင်းတွေမှာ မိန်းမသားတွေ ပိုများတယ် စျေးလည်းမရောင်းကြတော့ဘူး၊ စက်လည်းမချုပ်၊ ဆေးလိပ်ခုံမှာမလိပ်ကြတော့ဘဲ တနေကုန်ထိုးနေကြ တာ။ တချို့ဆို ရှုံးလို့အိမ်တွေပေါင်၊ အကြွေးတွေတင် ဖြစ်နေကြတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ရုပ်ပုံလောင်းကစားပုံစံမှာ ရုပ်ပုံ ၂၄ ပုံတွင် မဲလိပ် ၂၄ လိပ်ပေးထား၍ တယောက်တလိပ်နှိုက်ကာ ရွေးထားသည့်ပုံ ပေါက်မဲကျလျှင် ကျပ် ၁၀၀ ဖိုးထိုးထားသည့်သူက ၂၂ ဆ၊ ၂၂၀၀ ကျပ်ရရှိသည့် လောင်း ကစားနည်းဖြစ်ကြောင်း သိရသည်။

ရုပ်ပုံလောင်းကစားဝိုင်း(ဒေသအခေါ် ပုံဝိုင်း)များမှာ မြင်းခြံမြို့အပြင် စစ်ကိုင်းတိုင်း မြင်းမူမြို့တွင်လည်း ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြသဖြင့် လမ်းဘေးတွင်လုပ်ဆောင်ခြင်းတွေ့ရှိပါက ပုဒ်မ(၈)က၊ (၁၆၈) ပုဒ်မ ၊ အိမ်ဝိုင်းအတွင်း လုပ်ဆောင်ခြင်းတွေ့ရှိပါက ပုဒ်မ(၉)က၊(၁၆၈)ပုဒ်မဖြင့် NUG တရားရုံးတော်တွင် ရုံးတင်၍ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)မှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။

သို့သော် မြင်းခြံပလဖမှ ယင်းကဲ့သို့ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ဒေသခံများကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ မြို့နယ်၊ ရပ်ကွက်ကျေးရွာအများစုတွင် လောင်းကစားဝိုင်းများတွင် ကျယ်လာသလို အွန်လိုင်းမှလောင်းကစားခြင်းများရှိနေသော်လည်း သက်ဆိုင်ရာ ရဲစခန်းများနှင့် အုပ် ချုပ်ရေးမှူးရုံးများက လိုင်းကြေးများကောက်ခံပြီး ဖမ်းဆီးအရေးယူခြင်းများမရှိသည့်အပြင် မျက်ကွယ် ပြုထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မန္တလေးတိုင်း
#မြင်းခြံမြို့
#လောင်းကစား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍4❤1
​​ဘင်္ဂလားဒေ့ရှ်တွင် စံချိန်တင် အဆိုးရွားဆုံး ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်အထိ ရှိလာ
========================

သွေးလွန်တုပ်ကွေးသည် အပူပိုင်းဒေသဧရိယာများတွင် ဖြစ်ပွားလေ့ ရှိသည့် ရောဂါတမျိုး ဖြစ်ပြီး ယင်းရောဂါကြောင့် အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်းနှင့် ကြွက်သား နာကျင်မှုတို့ကို ဖြစ်စေပြီး အပြင်းထန်ဆုံး ဖြစ်ပွားမှုများတွင် လူ့အသက်သေစေသည်အထိ ဖြစ်စေနိုင်သည့် ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်းတို့အထိ ဖြစ်စေတတ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1😢1
အောက်တိုဘာလ (၂) ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

အွန်လိုင်းလိမ်လည်မှုပေါင်း ၂၀၀ နီးပါးက တရားခံ ၇၆ ဦး ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီ၊ ရဲမှူးချုပ်အောင်ဌေးမြင့် ထောင်ဒဏ် (၄)နှစ်ချမှတ်ခံရ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးနဲ့ နိုင်ငံတကာသတင်း၊သတင်းသုံးသပ်ချက်နဲ့ ဒီနေ့ ညနေ ၅ နာရီထိနောက်ဆုံးရထားတဲ့ ရွှေဈေး၊ငွေဈေးနဲ့ကုန်ဈေးနှုန်းတွေအကြောင်းကို ပြောပြသွားမှာပါ။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရဖို့ရှိပြီး

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်။

https://youtu.be/6ONReATBNLk?si=ZpZN_XUW35-EcZ6F

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1
စစ်ခေါင်းဆောင်ပြောတဲ့ ဖက်ဒရယ် (Editorial Talk)
================

ဒီတပတ် Mizzima Editorial Talk အစီအစဉ်မှာ “စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ ဖက်ဒရယ်” အကြောင်းနဲ့ပတ်သက်ပြီး မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းနဲ့ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။

https://youtu.be/RV3ikcl6Wm8?si=4OkZxXUJDXTYbP0Y

#Editorialtalk
#Mizzima
#စစ်ကောင်စီ
#မင်းအောင်လှိုင်
#Federal
#NCA
#EAO
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4😁2
​​တောမီးများမှ ထွက်ရှိသည့် မီးခိုးမြူများ မလေးရှားနိုင်ငံဘက် ရောက်ရှိသည်ဆိုသည့် စွပ်စွဲချက်များကို အင်ဒိုနီးရှား ပယ်ချ
=====================

ဆူမားတြားကျွန်းနှင့် ဘော်နီယိုကျွန်း၏ အပိုင်းနေရာတို့တွင် လောင်ကျွမ်းသည့် တောမီးများကြောင့် အိမ်နီးချင်း မလေးရှားရှိ လေထုအရည်အသွေးအပေါ် ထိခိုက်စေခဲ့သည် ဆိုသည့် စွပ်စွဲချက်များက မှန်ကန်မှု မရှိကြောင်း အင်ဒိုနီးရှား၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်တွင် ပြောဆိုလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2
​​မင်းတပ်တွင် စက်တင်ဘာလ အတွင်း စစ်ကောင်စီတပ်က ကလေးများ အပါအဝင် ဒေသခံ ၆၀ ကို ဖမ်းဆီး
=================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်၌ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က မူလတန်း ကျောင်းသားများ အပါအဝင် ဒေသခံ ဦးရေ ၆၀ ကို ဖမ်းဆီးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က အောက်တိုဘာလ ၁ရက်နေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၁ ရက် မှ ၂၆ ရက် အထိ ခြောက်ကြိမ်အတွင်း မြို့ပေါ် လေးရပ် ကွက်နှင့် ဒန့်ဒီးရွာမှ ဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဒန့်ဒီးရွာ မူလတန်းကျောင်းမှ ကလေးများ အပါအဝင် ၃၈ ဦး နှင့် မြို့ပေါ်ရပ်ကွက်များမှ အဖမ်းခံရသူ ၂၂ဦး စုစုပေါင်း ၅၀ဦးပြန်လည် လွတ် မြောက်ခဲ့ပြီး ၁၀ဦးမှာ ယနေ့တိုင်ချုပ်နှောင်ခံရဆဲဖြစ်သိရသည်။

“မြို့တွင်းမှာ နေတဲ့သူတွေကတော့ ထိတွေ့မှုဖြစ်တိုင်း မသင်္ကာရင်ဖမ်းတယ်ဗျ ။ ဒန့်ဒီး ရွာမှာတော့ ရွာကိုဝင်ပြီး အကြောင်းပြချက် ဘာမှမရှိဘဲ နဲ့ စာသင်နေတဲ့ ကလေးတွေပါ ဒီအတိုင်းဖမ်းတာပါ” ဟု CDF–Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ဌာနမှူး ဇလပ်သွေးက မဇ္စျိမကို ပြောသည်။

ဖမ်းဆီးခံထားရဆဲ သူများကို ဖမ်းဆီးထားသည့် နေရာနှင့် ဖမ်းဆီးခံရသည့်အကြောင်းအရင်းကို မသိရသေးကြောင်း ၎င်းကဆိုသည်။
ထို့အပြင် မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ငါးကြိမ်အတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရ၍ CDF – Mindat က ရဲဘော်တဦး ကျဆုံးကာတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြို့တွင်းတိုက်ပွဲတွေကတော့ ပြည်သူတွေထိခိုက်မှာ စိုးရိမ်ရတဲ့အတွက် စိတ်တိုင်းကျ တိုက်ပွဲမဖော်ဆောင်နိုင်တဲ့ အခြေအနေတွေရှိခဲ့ပါတယ်” ဟု ဇလပ်သွေးက ဆက်ပြောသည်။စက်တင်ဘာ၉ရက်မှ ၂၉ရက်အတွင်းဖြစ်ပွားခဲ့သော မြို့ပေါ်တိုက်ပွဲများတွင် ထို ထိခိုက် သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦးဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်းသိရသည်။

၎င်းအပြင် CDF – Mindat က မကွေးတိုင်း ၊ ကျောဒေသတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာ လက်နက်များ သိမ်းဆည်း ရရှိခဲပြီး မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) ကို လက်နက်ကြီးဖြင့်ပစ်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့တွင် လျှပ်စစ်မီးနှင့် ရေပြတ်တောက်နေသည်မှာ လေးလနီးပါးကြာမြင့်နေခဲ့ ပြီး MPT တယ်လီဖုန်းလိုင်း မကြာသေးမီက ပြန်လည်ရရှိသော်လည်း မကြာခဏ ပြတ်တောက်မှု များ ကြုံတွေ့နေရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

ပုံအညွှန်း - ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဝင်များ
ဓါတ်ပုံ - CDF – Mindat
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မင်းတပ်မြို့
#စစ်ကောင်စီတပ် ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍1🔥1😢1
​​အုတ်ဖိုမြို့နယ်တွင် ကြယ်နီကုန်းရွာ ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာအုပ်စု ကြယ်နီးကုန်းရွာ၏ ရာအိမ်မှူး ဦးအောင်ဝင်းလေးအား ယနေ့ အောက်တိုဘာ ၂ ရက်နေ့ နံနက် ၅ နာရီခန့်က သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရာ နေရာတွင်ပင်သေဆုံးကြောင်း သိရသည်။

ပစ်ခတ်ခံရသူ ဦးအောင်ဝင်းလေးသည် အုတ်ဖိုမြို့၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ (၆)သို့ သွားရန် ရွာမှ စက်ဘီးဖြင့် ထွက်လာစဉ် သတင်းကြိုတင်ရရှိသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။
ဦးအောင်ဝင်းလေးအား ပစ်ခတ်ပြီးနောက် ၎င်းထံမှ စစ်ကောင်စီတပ်နှင့် အဆက်အသွယ်ပြုလုပ်ထားသည့် မိုလ်ဘိုင်းဖုန်းတလုံး၊ မှတ်စုစာအုပ်တအုပ်၊ ငွေသား ၃၁,၁၅၀ကျပ်၊ ၄င်းအမည်ပါ မှတ်ပုံတင်နှင့် COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက် ကတ်ပြားတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ သူ့ကို စောင့်ကြည့်နေတာ ၁၀ ရက်လောက်ရှိပါတယ်။ ဒီဆယ်ရက်မတိုင်ခင်အရှေ့မှာ အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။ ဖုန်းဆက်ပြီးတော့လည်းပြောတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူအပေါ်ဒုက္ခပေးတဲ့လုပ်ရပ်တွေဆက်မလုပ်ဖို့ကို။ တားမရလို့ အခုလိုလုပ်ဆောင်ရတာပါ" ဟု PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

ထို့ပြင် သေဆုံးသူ ရာအိမ်မှူး ဦးအောင်ဝင်းလေးသည် ကျေးရွာအတွင်း လူငယ်များအားခမရ (၆) တွင်စစ်သင်တန်းတက်ရောက်၍ ပျူစောထီးအဖြစ်လုပ်ဆောင်ရန် စည်းရုံးနေသူဖြစ်သည်ဟုလည်း ၎င်းမှဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းအချက်အလက်များအားထောက်လှမ်း၍ စစ်ကောင်စီထံသတင်းပေးပို့ခြင်း၊ ရပ်ရွာအတွင်း ပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျခြင်းများပြုလုပ်နေသူဟုလည်း PDF က ဆိုသည်။

အုတ်ဖိုမြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့ကလည်း ထန်းပင်ကုန်းကျေးရွာ ဗျူဟာလမ်းဘေးတွင် Non CDM ဝန်ထမ်း တောခေါင်းဦးအုန်းလှိုင်အား ပဲခူးရိုးမအတွင်းမှ သက်နုကျွန်းပင်များအား မထိန်းသိမ်းသည့်အပြင် စစ်ကောင်စီနှင်ပူးပေါင်း၍ ခုတ်လှဲငွေရှာဖွေနေခြင်း၊ သစ်တောဌာနမှ CDM သစ်တောဝန်ထမ်းများအား စစ်ကောင်စီထံသတင်းပေး၍ ဖမ်းဆီးခိုင်းစေခြင်းများ ပြုလုပ်နေသောကြောင့်ဟုဆိုကာ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ရာ သေဆုံးခဲ့သေးသည်။

သာယာဝတီခရိုင်အတွင်း ယခု ၂၀၂၃ ခုနှစ်တွင် အုပ်ချုပ်ရေးမှူးနုတ်ထွက်ခြင်း အများအပြားရှိနေသည်။ထို့အနက် အုတ်ဖိုမြို့နယ်တွင် ဩဂုတ်လမှ စက်တင်ဘာလအထိ သုံးလအတွင်း နုတ်ထွက်သူ အုပ်ချုပ်ရေးမှူး ၃၀ ခန့်နှင့် အများဆုံးဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရသိရသည်။

ပုံအညွှန်း- သေဆုံးသူ ရာအိမ်မှူးထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ(ဓာတ်ပုံ- ပေးပို့)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အုတ်ဖိုမြို့နယ်
#ရာအိမ်မှူး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏2🔥1
​​စက်တင်ဘာလအတွင်း ဘယ်လိုသတင်းမှားတွေ ပျံ့နှံ့ခဲ့လဲ
====================

ZZ
(မဇ္ဈိမ)။ ။စက်တင်ဘာလအတွင်း သတင်းအမှားဖြန့်ချိသူများသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကို ပစ်မှတ်ထားကာ သတင်းမှားသုံးပုဒ် ဖြန့်ချိခဲ့သည်။

ပထမဆုံးသတင်းမှားမှာ စစ်လက်နက်ပုံအဟောင်းများအားအသုံးပြုပြီး KIA ထံမှသိမ်းဆည်းရရှိမိသည် ဆိုသော သတင်းဖြစ်သည်။ တောင်ပေါ်မြေကိုချစ်ရသူဆိုသောဖေ့စ်ဘုတ်အကောင့်မှ အဆိုပါပို့စ်အား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါပုံများအား စစ်ဆေးကြည့်သည့်အခါတွင် ပုံဟောင်းများဖြစ်နေသည်ကိုတွေ့ရပြီး ယခင်ကလည်း ဖြန့်ဝေခဲ့ဖူးသည်။
ဒုတိယသတင်းမှားကတော့ ရုပ်ရှင်ဇာတ်ဝင်ခန်းမှပုံအားအသုံးပြုကာ KIA/ PDF စခန်း ဗုံးကြဲခံရသည်ဆို သော သတင်းအကြောင်းအရာဖြစ်သည်။ Truth Media တယ်လီဂရမ်ချန်နယ်မှ အဆိုပါအကြောင်း အရာ အား ဓာတ်ပုံနှစ်ပုံဖြင့် ဖြန့်ဝေခဲ့သည်။
အဆိုပါဓာတ်ပုံသည် Triple Theatre ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းပုံဖြစ်နေသည်ကို စစ်ဆေးဖော် ထုတ်နိုင်ခဲ့သည်။

တတိယသတင်းမှာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်သား ၁၀၀ နီးပါးကျဆုံးခဲ့သည်ဆိုသော သတင်းမှားဖြစ်သည်။ ကျော်စွာ တယ်လီဂရမ်ချန်နယ်မှ ဓာတ်ပုံတပုံနှင့်အတူ ယင်းအကြောင်းအရာအား ဖြန့်ဝေထားခဲ့သည်။
ဖြစ်စဉ်အမှန်မှာ ကချင်ပြည်နယ် ဖားကန့်မြို့ အနန့်ပါကျေးရွာ၌ဗုံးကြဲခံရစဉ် လူ ၇၀ ဦးခန့်သေဆုံးခဲ့သည့် ဖြစ်စဉ်မှ ပေါ်ထွက်လာသည့် ဓာတ်ပုံအားသုံးကာ သတင်းအမှားဖြန့်ဝေထားခြင်းဖြစ်သည်။

ယခုလတွင် PDF တပ်ဖွဲ့ဝင် အမျိုးသမီးများအား ပုံဖျက်တိုက်ခိုက်ထားသည့် သတင်းမှားတပုဒ်ကိုလည်း စစ်ဆေးနိုင်ခဲ့သည်။
ဘညွန့်တယ်လီဂရမ်ချန်နယ်မှ “PDF အမျိုးသမီးအဖွဲ့ဝင်တွေ မုဒိန်းကျင့်ခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆိပ် သောက်သေဆုံးမှုတွေ ရှိနေတယ်” ဟုဆိုကာ ပုံသုံးပုံဖြင့် ဖြန့်ဝေထားသည်။
ယင်းပုံများအား စစ်ဆေးကြည့်ခဲ့သည့်အခါ ယခင်ကပုံအဟောင်းများဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်ပြီး သတင်းနှစ်ခု ဖော်ထုတ်နိုင်ခဲ့သည်။ တခုမှာ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအမည်ဆင်တူသုံးကာ မြစိမ်းရောင်ချေးငွေလုပ်ငန်းအမည်ဖြင့် ငွေကြေးလိမ်လည်နေသည့် ဖေ့စ်ဘုတ်စာမျက်နှာအကြောင်းအား “မြစိမ်းရောင်ချေးငွေလုပ်ငန်း တကယ်ရှိသလား” ဆိုသည့် ခေါင်းစဉ် ဖြင့် ဖော်ထုတ်စစ်ဆေးခဲ့သည်။

နောက်တခုမှာ PDF ပေ့ချ်အမည်ခံကာ အလှူငွေလိမ်လည်ကောက်ယူနေသော ဖေ့စ်ဘုတ်စာမျက်နှာ အကြောင်း ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

TikTok အား လေ့လာစောင့်ကြည့်ကာ ရေကြီးခြင်းနှင့်ပတ်သက်သည့် သတင်းမှားတပုဒ် ဖော်ထုတ်နိုင်ခဲ့ သလို စစ်ကောင်စီဝါဒ ဖြန့်ချန်နယ်များအကြောင်းကိုလည်း တင်ပြနိုင်ခဲ့သည်။

စက်တင်ဘာလအတွင်း သတင်းမှား ၁၂ ပုဒ်ဖော်ထုတ်နိုင်ခဲ့ပြီး လူမှုကွန်ရက်အစုံမှ ဖော်ထုတ်နိုင်ခဲ့သလို သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့်အကြောင်းကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။
စက်တင်ဘာလအတွင်း အခြားအချက်အလက်စစ်ဆေးသည့်အဖွဲ့များထဲမှ DVB Fact-check တွင် ငွေတု ရောင်းဝယ်သည့် စာမျက်နှာအတုများအကြောင်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF နှင့်သက်ဆိုင်သော သတင်းတုများအား ဖော်ထုတ်ထားသည်ကိုတွေ့ရသည်။

“သတင်းလားဂျင်းလား”အစီအစဉ်တွင် ပုံမှန်တင်ဆက်နေကျ PDF နှင့်သက်ဆိုင်သော သတင်းမှားများ အကြောင်းကိုသာတွေ့ရှိရပြီး “တွေးပြီမှယုံ”တွင် “လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့လာတဲ့ပုံတွေက မိုင်ဂျာယန် ကစစ်သားပုံတွေဆိုတာ တကယ်လား” ဆိုသည့်အကြောင်းအရာအား ဖော်ထုတ်ထားသည်ကိုတွေ့ရ သည်။
Boom Myanmar အဖွဲ့က စက်တင်ဘာလအတွက် အကြောင်းအရာစုံစုံလင်လင် ဖော်ထုတ်စစ်ဆေး ထား သည် ကိုတွေ့ရသည်။

အချုပ်ဆိုရလျှင် စက်တင်ဘာလအတွင်း တိုက်ပွဲအကြောင်းအရာများနှင့်သက်ဆိုင်သော သတင်းတု သတင်းမှားများကို အများဆုံး အချက်အလက် စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြပြီး ဆိုရှယ်မီဒီယာတွင် ငွေကြေး လိမ်လည်မှု ဆက်ရှိနေ၍ ဖော်ထုတ်နေရဆဲဖြစ်သလို သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သည့် သတင်းအမှား လည်း ဖော်ထုတ်နိုင်ခဲ့သည်။

တိုက်ပွဲအခြေအနေများ၊ အင်တာနက်ဆက်သွယ်မှုခက်ခဲခြင်း၊ ဖုန်းလိုင်းများပြတ်တောက်ခြင်းများကြောင့် မြေပြင်အခြေအနေနှင့်ပတ်သက်၍ အချက်အလက်မခိုင်လုံခြင်းများကြောင့် ဖော်ထုတ်ရန် အခက်တွေ့ခဲ့ သည့် သတင်းတုများလည်း ရှိနေဆဲပင်ဖြစ်သည်။
နေ့စဉ်ဘဝတွင် သတင်းအချက်အလက်သည် အရေးကြီးသကဲ့သို့ သတင်းတု/မှားများ ရောပါပျံ့နှံ့မသွား ရန်လည်း လိုအပ်သည်။ ထို့ကြောင့် မဇ္ဈိမစာဖတ်ပရိသတ်များအနေဖြင့် သတင်းတု/မှားဟု သံသယရှိ သည့် သတင်းများ၊ အတည်ပြုရန်လိုအပ်သည့် သတင်းများ၊ အတိအကျသိရှိလိုသည့် သတင်းများကို သတင်းအမှားကို တိုက်ဖျက်ခြင်းအစီအစဉ် - Misinformation Busters သို့ လိပ်မူပြီးပေးပို့နိုင်ပါသည်။ မဇ္ဈိမအနေဖြင့် မိမိတို့ထံလာရောက်မေးမြန်းထားသူများ၏ မက်ဆေ့ချ်ပါ အကြောင်းအရာများအား သတင်းအမှားဟုတ်မဟုတ် ပြန်လည်ဖြေကြားနိုင်ရန် အသင့်ရှိနေပါသည်။

စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
👍13❤1😁1
​​Race to Freedom - Um Bok Dong
===============

ဒီကားဟာ ၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးအားလုံးရဲ့အချစ်တော် မင်းသား မင်းသမီးများစွာပါဝင်တဲ့ Drama History အမျိုးအစားပဲဖြစ်ပါတယ်။ ကိုးရီးယားနိုင်ငံ ဂျပန်ကိုလိုနီလက်အောက်ကျရောက်ခဲ့ချိန်မှာ ကျင်းပခဲ့တဲ့စက်ဘီးပြိုင်ပွဲမှာ ကိုးရီးယားလူမျိုးတစ်ယောက်အနိုင်ရရှိခဲ့ခြင်းက တစ်နိုင်ငံလုံးကို အုံကြွလာစေတဲ့အထိ အရှိန်သက်ရောက်မှုရှိပါတယ်။

တစ်ခါတလေမှာ လက်နက်ကိုင်ခြင်းထက် စက်ဘီးပြိုင်ခြင်းဆိုတဲ့ ရိုးရှင်းတဲ့အရာကပဲ အားလုံးကို စိတ်ဓာတ်တက်ကြွစေတယ်ဆိုတာကို မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။ 2.10.2023
ပြသမည့်အချိန်။ ။ မနက် (၁၀:၀၀) နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1😁1
​​စကစနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၏ သားဖြစ်သူနေအိမ်ကို ဗုံးပစ်တိုက်ခိုက်
=======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်မြို့ရှိ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၏ သားဖြစ်သူ နေအိမ်ကို မြို့ပြအထူးစစ်ဆင်ရေးအဖြစ် ဗုံးနှစ်လုံးပစ် တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (USO)က ထုတ်ပြန်သည်။

ဦးဝဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ်ကို ယမန်နေ့ အောက်တိုဘာလ ၁ရက် ည ၉ နာရီ ၂၆ မိနစ်တွင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ အဆိုပါ အိမ်သည် ကမာရွတ်မြို့နယ်၊ အောင်မြေသာစည်အိမ်ရာ၌ ရှိသည်ဟု ဆိုသည်။
တိုက်ခိုက်မှုနောက်ဆက်တွဲအား မသိရသေးသော်လည်း ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း Urban Special Operation (USO)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၌ တင်သစ္စာလွင်၊ လင်းမာလာလွင် ၊ လင်းမင်းမောင်လွင်ဟူသော သားသမီးသုံးဦးရှိသည်။ လင်းမင်းမောင်လွင်သည် လူထုအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုအသုံးစရိတ်များနှင့် နိုင်ငံခြားစီးပွားရေးများအတွက် အကျိုးအမြတ်ရှာဖွေပေးနေသူဖြစ်ကြောင်းUSOသတင်းနှင့် ပြန်ကြားရေးတာဝန်ခံကပြောသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမကြီးအနီးနေထိုင်သူတဦးက " ညဘက်မှာတော့ ပေါက်ကွဲသံ အကျယ်ကြီးကြားတယ်။ မကြာခဏကြားနေရတာဆိုတော့ သိပ်မထူးဆန်းဘူး။ ဝဏ္ဏမောင်လွင်ရဲ့သားတွေအိမ် ဗုံးပစ်ခံရမှန်း မနက်ကမှ သိရတာ" ဟု ပြောသည်။

အောင်မြေသာစည်အိမ်ရာသည် ဗဟိုလမ်းမကြီးနှင့်အင်းစိန်လမ်းမကြီးကြား၌ ရှိသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ရက် စစ်ကောင်စီအာဏာသိမ်း နှစ်နှစ်ပြည့်နေ့၌ ဦးဝဏ္ဏမောင်လွင်ကိုနိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဖယ်ရှားပြီး ဦးသန်းဆွေကို အစားထိုးခဲ့သည်။ လက်ရှိ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးမှာ ဦးသန်းဆွေဖြစ်ပြီး ဦးဝဏ္ဏမောင်လွင်မှာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်အဖြစ်ရှိနေဆဲဖြစ်သည်။

အောက်တိုဘာလ ၁ရက်နေ့ညက အထက်ပါ တိုက်ခိုက်မှုအပြင် မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင် ရဲစခန်းကိုလည်း ည ၉ နာရီ ၃၀ မိနစ်တွင် ဗုံးတလုံးပစ် တိုက်ခိုက်ခဲ့ကြောင်းUSOက ထုတ်ပြန်သည်။ရဲစခန်းအားတိုက်ခိုက်မှုတွင် ထိခိုက်မှုအခြေအ‌နေကို မသိရသေးဟု USOသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယင်းစစ်ဆင်ရေးနှစ်ခုမှာ Urban Special Operation (USO) ၏ ဒုတိယနှင့် တတိယအကြိမ်မြောက်ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက် ညက တောင်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီ ဒေါက်တိုင်စီးပွားရေးလုပ်ငန်းရှင် ဦးအောင်မိုးမြင့်၏ ရုံးခန်းအား ၄၀ မမ ဗုံးသီးဖြင့်တိုက်ခိုက်မှုသည် ပထမဆုံးစစ်ဆင်ရေးဟု USO က ဆိုသည်။

စာတည်း - အေးချမ်း

#mizzima
#ရန်ကုန်မြို့
#မြို့ပြအထူးစစ်ဆင်ရေး
#Urban Special Operation
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏11🤮2❤1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂ အောက်တိုဘာ၂၀၂၃) 
==========================

တရုတ်ဖိအားကြောင့် အကြမ်းဖက်စစ်ကောင်စီမှ မြန်မာနိုင်ငံထဲအခြေစိုက်ထားသည့် တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အဖမ်းပြထားသော်လည်း စစ်ကောင်စီက ၎င်းတို့ ကိုယ်ကျိုးအတွက် ငွေလိမ်ဂိုဏ်း များကို အမြစ်ကနေ ရှင်းထုတ်ခြင်းမပြုလုပ်တာကို တွေ့ရသည်။

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2❤1😁1🖕1
​​စစ်ခေါင်းဆောင်နှင့် ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံမှု တော်လှန်ရေးမဟာမိတ်များအကြား နားလည်မှုလွဲအောင် လုပ်ခြင်းဟု KNU တုံ့ပြန်
====================

မဇ္ဈိမ
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုသည် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် တိုက်ပွဲဝင်နေသည့် မဟာမိတ် အင်အားစုများအကြား နားလည်မှုလွဲအောင်လုပ်သည့် စစ်တပ်၏ လုပ်ရပ်သာဖြစ်ကြောင်း KNU က တုံ့ပြန်လိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့အောက်တိုဘာလ ၂ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့်အတူ KNU – CEC ဟောင်း ပဒိုစောရောဂျာခင်၊ KNU တပ်မဟာ (၆) ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းတို့သည် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

“အဆိုပါ တွေ့ဆုံမှုသည် KNU နှင့် ပတ်သက်ခြင်း လုံးဝ (လုံးဝ) မရှိပါ” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။

ထို့ပြင် ယခုတွေ့ဆုံမှုသည် အာဏာသိမ်းစစ်ကောင်စီက KNU အဖွဲ့အစည်းအတွင်း ရှုပ်ထွေးမှုဖြစ်အောင် ပြုလုပ်သည့် လုပ်ရပ်ဖြစ်ကြောင်းလည်း KNU က ပြောသည်။

အာဏာသိမ်း စစ်တပ်သည် နိုင်ငံရေးအရ တရားဝင်သည့် စစ်တပ် မဟုတ်သည့်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်း (၁၇) ကြိမ်မြောက် KNU ကွန်ဂရက်အပြီး ယခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် KNU တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သော KNU ‌ခေါင်းဆောင်ဟောင်းများသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လိုလားသူများဟု ကရင်နိုင်ငံရေး အသိုင်းအဝိုင်းများအကြား ရေပန်းစားသည်။

စစ်ကောင်စီက (၈) နှစ်ပြည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပရန် ပြင်ဆင်နေစဉ် ၎င်းတို့ တွေ့ဆုံမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရန်အတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ မားမားမတ်မတ် ရပ်တည်ကာ တစိုက်မတ်မတ် တိုက်ပွဲဝင်ဝင်သွားမည်ဖြစ်ကြောင်းလည်း KNU ဗဟိုက ပြောဆိုသည်။

စာတည်း။ ။ နောင်နောင်

#KNU
#ဥက္ကဋ္ဌဟောင်း
#မသက်ဆိုင်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁6🤣1
​​စစ်ကောင်စီတပ်အတွက် လက်နက်ပွဲစား ရန်ကုန်မြို့လယ်တွင် အသတ်ခံရ
=====================

(မဇ္ဈိမ)။ ။စစ်ကောင်စီတပ်အတွက် လက်နက်တင်သွင်းနေသူတဦးကို ရန်ကုန်မြို့လယ်တွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြို့ပြပြောက်ကျားတအဖွဲ့တခု၏ထုတ်ပြန်ချက်အရသိရသည်။
ဦးဉာဏ်လွင်အောင်ကို လမ်းမတော်မြို့နယ်တွင် ယနေ့ည (အောက်တိုဘာ ၂ ရက်နေ့) ည ၁၀ နာရီဝန်းကျင်တွင်အနီးကပ်ပစ်ခတ်ခဲ့သည်ဟု Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့ကပြောသည်။

ဦးဉာဏ်လွင်အောင် (ခ) ကိုဉာဏ်သည် စစ်ကောင်စီတပ်အတွက် လက်နက်ဝယ်ယူခြင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအတွက် မျက်နှာဖတ်စနစ် (Facial recognition) ပါ CCTV များကို တင်သွင်းတပ်ဆင်ပေးနေသူဖြစ်ကာ ၎င်းကိုယ်တိုင် "တပ်မတော်မိသားစုလုပ်ငန်းရှင်"ဟု ခံယူထားသူဖြစ်သည်ဟု ပြောက်ကျားအဖွဲ့ထုတ်ပြန်ချက်တွင်ပါရှိသည်။

" လူမှုကွန်ရက်တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုလေ့ရှိပြီး ၎င်း၏ ဝန်ထမ်းများကိုလည်း နံနက်ခင်းတိုင်း စစ်ကောင်စီ၏ သစ္စာအဓိဋ္ဌာန် လေး ချက်ကို ရွတ်ဆိုခိုင်းသူဖြစ်သည်။" ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် သူသည် ရုရှားစစ်တပ်ကိုယ်စားလှယ်များနှင့်အတူ ခရီးသွားလေ့ရှိပြီး ထိုင်း ၊ တရုတ် ၊ ရုရှား နှင့် UAE နိုင်ငံများတွင် North Gate Engineering and Technology အမည်ဖြင့်လုပ်ငန်းခွဲများဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှုလုပ်ငန်းစဥ်များချောမွေ့စေရန် Well and Fair ပြည်ပခရီးသွားကုမ္ပဏီ တစ်ခုကိုလည်း ထူထောင်ထားသည်ဟုလည်း ပါရှိသည်။

လုပ်ကြံမှုအပြီး စစ်ကောင်စီတပ်များက အခင်းဖြစ်ပွားရာအနီးတဝိုက် ပိတ်ဆို့စစ်ဆေးသော်လည်း ပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းရာရှိသွားသည်ဟုလည်း ပါရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤21👍20👏5🥰2😁1