Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရက်ပေါင်း ၉၀၀ ကျော်အတွင်း ၆ လသားမိန်းကလေးငယ်၂ ဦးအပါအဝင် ပြည်သူ ၄,၁၀၀ ကျော် သတ်ဖြတ်ခံရ
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ စစ်တပ်အာဏာသိမ်းပြီးသည့် ဖေဖော်ဝါရီလမှ အောက်တိုဘာလ ၂ ရက်နေ့အထိ ရက်ပေါင်း ၉၇၄ ရက်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ခြောက်လသားအရွယ် မိန်းကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူပေါင်း ၄,၁၃၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်ထားသည်။

အတည်ပြုထားသည့် သေဆုံးသူ ၄,၁၃၇ အနက် ၁၄၂ ဦးသည် ၁၀နှစ်အောက်ကလေးငယ်များဖြစ်ကြပြီး အငယ်ဆုံးမှာ အသက်ခြောက်လသားအရွယ် မိန်းကလေးငယ်နှစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ဆောင်းဝေနှင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ အမည်မပေးရသေးသည့် ဦးသူ၏ သမီးဖြစ်သူတို့လည်း ပါဝင်သည်။

စစ်ကောင်စီမှ ပြည်သူကို ရန်သူလို သဘောထားကာ တရားလက်လွတ် သတ်ဖြတ်နေခြင်းမှာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်ပြီး အချို့အခြေအနေများတွင် စစ်ကောင်စီ၏ ရက်စက်သည့် သတ်ဖြတ်မှုကြောင့် အချက်အလက်ကောက်ယူရာတွင် မည်သူမည်ဝါ အတည်ပြုနိုင်ရန်ပင် ခက်ခဲသည့် အခြေအနေများ ကြုံတွေ့ရကြောင်း AAPP မှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကိုပြောသည်။

“မြေပြင်မှာ ဒီထက် သေချာပေါက် များနေမှာပါ၊ တချို့အချက်အလက်တွေကျတော့ စစ်တပ်က ဝင်သွားတယ် သတ်သွားတယ်။ ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်သွားတယ်၊ ဆိုတဲ့အခါကျတတော့ နာမည်ကို ဖော်လို့မရတဲ့ အချက်အလက်တွေလည်း အများကြီးရှိတယ်၊ ဒီလိုမျိုး တရားလက်လွတ် သတ်ဖြတ်တာက လူသားဖြစ်တည်မှုကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်” ဟု AAPP မှ တာဝန်ရှိသူက ပြောသည်။

ယင်းအပြင် AAPP မှ ကောက်ယူထားသည့် အချက်အလက်များအရ စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးသူများတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၉၈ ဦး၊ လွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ သတင်းသမား လေးဦးနှင့် အရပ်ဖက်အဖွဲ့အစည်း(NGO) မှ ကိုးဦး ပါဝင်သည်။

သေဆုံးသူစာရင်း ၄,၁၃၇ ဦးအပြင် အချက်အလက်အတည်ပြုနိုင်ရန် အမည်စုံစမ်းဆဲဖြစ်သည့် သေဆုံးသူပြည်သူ ၄၅၀ ဦးကိုလည်း သီးခြားစာရင်းပြုစုထားကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရသူ ၂၅,၁၉၈ ဦးရှိပြီး ၅,၅၈၃ ပြန်လည်လွတ်မြောက်လာကာ ၁၉,၆၁၅ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP မှ စာရင်းပြုစုထားချက်အရ သိရသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် သေဒဏ်ချမှတ်ခံထားရသူ ၁၅၅ ဦးရှိပြီး မတရားထောင်ဒဏ်ချမှတ်ခံထားရသူ ၇,၆၁၆ ဦးရှိကြောင်း သိရသည်။

ယင်းအရေအတွက်သည် AAPP မှ လက်လှမ်းမှီသလောက် ပြုစုကာ အတည်ပြုထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်အရေအတွက်သည် ပိုများနိုင်ကြောင်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီမှ အရပ်သားများအပါအဝင် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ မှထောက်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဋိပက္ခဖြစ်ပွားမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၅၀ အနက် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ပဋိပက္ခဖြစ်ပွားမှုဆိုင်ရာ အချက်အလက်ကောက်ယူသည့် နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်သည့် The Armed Conflict Location & Event Data Project (ACLED) မှ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ACLED
#ACLED
#မိန်းကလေးငယ်

ပုံအညွှန်း-ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬4❤1😁1
Media is too big
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် စံချိန်တင်သေဆုံးမှု ၁၀၀၀ ကျော်ရှိလာ

#internationalnews
#reels
#shorts
👍5🔥2
စစ်ကောင်စီကို လက်နက်ရောင်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံပိုင်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၃ ခု တိုင်တန်းခံရ
အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခုဟာ ...
https://www.youtube.com/watch?v=z52uaYxn9JM
👍11🔥1
တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့်အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UNOCHA ထုတ်ပြန်
မြန်မာ တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့် ...
https://www.youtube.com/watch?v=M5lcQ8VmZ9Y
🔥3👍2
တနင်္သာရီတွင် စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် လူနာတင်ယာဥ်မောင်း ဆက်သွယ် ပြတ်တောက်
🔥4🤬1
တနင်္သာရီတွင် စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် လူနာတင်ယာဥ်မောင်း ဆက်သွယ် ပြတ်တောက်
=======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် တနင်္သာရီမြို့နယ် ၊ သာရဘွင်ရွာ အခြေစိုက် ချမ်းမြေ့ပါရမီ ကျန်းမာရေး အထောက်အကူပြု အဖွဲ့ ယာဥ်မောင်းနှင့် လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ပြီး တစ်စုံတစ်ရာ သတင်းမကြားရသေးကြောင်း အသင်းနှင့် နီးစပ်သူများထံက သိရသည်။

မြိတ်မြို့သို့ လူနာသွားပို့ပြီး တကူတိုက်နယ် သာရဘွင်ရွာသို့ အပြန် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းက ဇဝဲရွာ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အသင်းပိုင်ကားနှင့် အတူ ၎င်းကို ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၃ ရက် အထိ အဆက်အသွယ်မရသေးကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

“ရွာက လူနာပို့တုန်းကတော့ ပေးဖြတ်တယ်။ တညအိပ်ပြီး အပြန်မှာ ဖမ်းခံရတယ်လို့ သိရတယ်။ လက်ရှိ အချိန် အထိတော့ လူရော ကားပါ ဘာ အဆက်အသွယ်မှ မရ ဖြစ်နေတယ်”ဟုသာရဘွင်ရွာခံ အမျိုးသား တဦးက ပြောသည်။

ဖမ်းခံရသူမှာ အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်နိုင်ဆိုသူဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံခဲ့ရသည်ကို မသိရသေးကြောင်း ဒေသခံများကဆိုသည်။

ဇဝဲရွာ စစ်ဆေးရေးဂိတ်သည် မြိတ်မှ တကူရွာနှင့် တနင်္သာရီမြို့နယ်သို့ အဓိကထား ဖြတ်သန်း သွားလာရသည့် လမ်းပိုင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း တနင်္သာရီမြို့နယ်၊ မော်တုန်း (အရှေ့) ရွာက ချစ်ကြည်ရေး ပရဟိတအသင်း ယာဥ်မောင်း အမျိုးသား တဦးကို စစ်ကောင်စီတပ်က ၎င်း၏ နေအိမ်တွင်ပင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ယနေ့အထိ မလွှတ်မြောက်လာသေးသည့်အပြင် အဆက်အသွယ်လည်း ပြတ်တောက်နေကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် လူမှုကယ်ဆယ်ရေး လုပ်ငန်းများအနေဖြင့် ညဘက်တွင် ဖြတ်သန်းသွားလာခြင်း မပြုရန် ပြီးခဲ့သည့် စက်တင်ဘာလက စစ်ဆေးရေး ဂိတ်များရှိ စစ်ကောင်စီ တပ်သားများက ပိတ်ပင်ထားကြောင်း သိရ သည်။တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#တနင်္သာရီမြို့နယ်
#စစ်ကောင်စီတပ်ဖမ်းဆီး
#ချမ်းမြေ့ပါရမီ
#ကျန်းမာရေး
#အထောက်အကူပြုအဖွဲ့

ပုံအညွှန်း - စစ်ကောင်စီတပ်ဖမ်းဆီးခဲ့သည့် လူနာတင်ယာဥ်နှင့် ယာဥ်မောင် (ပုံအညွှန်း- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍3🔥3❤1
ရုရှား-မြန်မာ ဦီးဆောင်တဲ့ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရုရှားအရှေ့ခြမ်းမှာပြုလုပ်
ရုရှား-မြန်မာ ဦီးဆောင်တဲ့ အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ရ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F83RHhcIA_9Y&h=AT32ezcA1ZuBsdCsdr77Bjyy0WAUZpItQdb4B3BcGs6c2CcH2jtXgOk2J1zoPAwEdIFp21pm6zu4Cn1gd721-XORiBY3D3jsXpoJqE5PGhvB_ptLAtYlHE5obxeFOPYm&s=1
👍3🤮3❤1
ချွတ်ခြုံကျနေတဲ့ သီရိလင်္ကာရဲ့စီးပွား‌ရေး နာလန်ပြန်ထနိုင်ဖို့ မသေချာသေးကြောင်း IMF ပြော
#Internationalnews#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FNB-3ogdDZks&h=AT2Wi2301XlnSfuADTFvdBQoLFVbyVNli0zVRFX8XToydUUaP5Q2KvwrsWiBnOqOh5WvZAa6bFrMRfGCQrofZQQ1WBSL_UJQx9f401Q3CLIl_4rDmIr4Qhf5u_eQxe-_&s=1
👍3🤮2