အင်းတော်မြို့နယ် ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရ
==================
ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး ဆရာတော် အရှင်ဉာဏ်ဓိကအား ပင်ဝယ်ရွာအနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု အင်းတော်ဒေသခံများက မဇ္စျိမကို ပြောသည်။
စက်တင်ဘာလ ၂၇ရက်မှစ၍ ပျောက်ဆုံးသွားသော ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အရှင်ဉာဏ်ဓိက ၏ ရုပ်အလောင်းကို အောက်တိုဘာ ၁ရက်နေ့၊ ငါးရက်အကြာတွင် ထိုပင့်တင်ရွာမှ သုံးမိုင်ခန့်အကွာ ပင်ဝယ်ရွာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံတဦးက ဆိုသည်။
“သက်တော် ၅၃နှစ်အရွယ် အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရပါတယ်။ လည်ပင်းပြတ်ရှ ဒဏ်ရာနှစ်ခု၊ ဝမ်းဗိုက်မှာတော့ ထိုးသွင်းဒဏ်ရာတော်တော်များတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် အင်းတော်မြို့နယ်သတင်းများအား ထုတ်ပြန်လျက်ရှိသော Indaw Revolution-IR ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရသည်မှာ မှန်ကန်ကြောင်း၊ မည်သူ့အဖွဲ့အစည်းမှ လုပ်သည်ကို မသိရှိရသေးကြောင်း ဖြေကြားခဲ့သည်။
“ဒီကိစ္စက ကျွန်တော်တို့သိသလောက်ကတော့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေဖြစ်လိမ့်မယ်ထင်တယ်ဗျ။ အစပိုင်းတုန်းကတော့ စကစတွေနဲ့ ပူးပေါင်းတယ်လို့ နာမည်ထွက်ပေမယ့် နောက်ပိုင်းမှာတော့ ဒီဘုန်းကြီးက သူ့ဟာသူနေသွားတာဟုတ်တယ်ဗျ၊ ဆိုတော့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေ ရှိကြလိမ့်မယ်။ အဲတာလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ဒီဘက်က လုပ်တာမဖြစ်နိုင်ဘူးဗျ။ သူတို့ စစ်ကောင်စီက ဝါဒဖြန့်ချင်လို့ လုပ်တာလည်းဖြစ်နိုင်တယ်။ ” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တခုမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရသော ဆရာတော် အရှင်ဉာဏ်ဓိက၏ ရုပ်အလောင်းကို ပင့်တင်ရွာသားများမှ ၎င်းကိုတွေ့သည့်နေရာတွင်ပင် အောက်တိုဘာလ ၁ရက်နေ့တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
ဆရာတော် အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရမှုနှင့် ပက်သက်ပြီး အကြောင်းစုံသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်နေ့တွင်လည်း အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ခရမ်းစပ်ကုန်းရွာကျောင်းတိုင်ဘုန်းကြီး အရှင်ရာဇိန္ဒ ပျံလွန်တော်မူပြီး ကပ္ပိယတဦးလည်း ကွယ်လွန်သွားကာ ဇရပ်ဆောင်နှင့် ကျောင်းခန်းမကြီးလည်း ပျက်စီးခဲ့သေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အင်းတော်မြို့နယ်
#ကျောင်းတိုင်ဘုန်းကြီး
#သတ်ဖြတ်ခံရမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10🤬3🔥1
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံချီတက်သည့် ရွာပေါင်းစုံသပိတ်
===============
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံသည့်ချီတက်ပွဲကို ယနေ့ အောက်တိုဘာ ၃ရက်တွင် ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “Our Ambassador – Our Voice” “ငါတို့သံအမတ် ငါတို့အသံ” စာတန်းနှင့် ဦးကျော်မိုးထွန်း၏ ပုံတူဆွဲထားသည့် စာရွက်များကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးတွင် မြန်မာပြည်သူလူထုကို ကိုယ်စားပြုသော သံအမတ်ကြီး ဦးကျော်မိုးထွန်းရှိနေခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားကောင်းမွန်သော အားသာချက်ဖြစ်သည်ဟု ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်သည်။ထို့အပြင် ဦးကျော်မိုးထွန်းသည် ကမ္ဘာကြီးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်တွင်း အခြေအနေများကိုသိရှိနားလည်နိုင်ရန် ကုလစင်မြင့်ထက်တွင် တရားဝင်ပြောဆိုနိုင်သူဖြစ်သည်ဟုဆိုသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးသွားသော အာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် (၉၂၄) ရက်မြောက်ဖြစ်ကြောင်းသိရသည်။ ဒေသတွင်း၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေသည့်ကြားမှ လူထုသပိတ်ကို ချီတက်ခဲ့ကြခြင်းဖြစ်သည်။
စာတည်း - အေးချမ်း
#mizzima
#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဦးကျော်မိုးထွန်း
ပုံအညွှန်း − ယနေ့ အောက်တိုဘာလ ၃ရက် ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ် (ဓါတ်ပုံ/ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

❤15😁3👍2
စစ်ကောင်စီဒေါက်တိုင် အကိုင်းအခက်သာမက ရေသောက်မြစ်ကိုပါ လှန်ပြလိုက်တဲ့ မြို့ပြပြောက်ကျားတွေ | သတင်းသုံးသပ်ချက်
=============
နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်ခဲ့တဲ့ စကားလုံးတွေထဲက တစ်ခုကတော့ မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာတော့ တောတောင်တွေမှာ ခုခံတော်လှန်နေတဲ့ PDF တွေ အားပိုကောင်းလာသလို မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးလည်း ပြည်သူတွေအကြားမှာ ရေပန်းစားလာ ပါတယ်။
တောတောင်တွေထဲမှာ စစ်ကောင်စီ တပ်တွေကို တိုက်နေသလို မြို့ကြီးတွေမှာရှိတဲ့ စစ်ကောင်စီ ဒေါက်တိုင် ရုံးတွေ၊ လူတွေကို ခက်ခက်ခဲခဲ တိုက်ခိုက်နေကြသူတွေဟာ မြို့ပြပြောက်ကျားတွေပါပဲ။
၂၀၂၃ နှစ်ကုန်ပိုင်းကို ရောက်လာချိန်မှာတော့ မြို့ပြပြောက်ကျားတွေဟာ ပိုပြီး စနစ်ကျလာပြီး စစ်ကောင်စီရဲ့ လက်တံ အကိုင်းအခက်တွေသာ မကဘဲ၊ အဓိကကျတဲ့ ဒေါက်တိုင်ရေသောက်မြစ်တွေကိုပါ ရှင်းလင်းနိုင် လာတာ တွေ့မြင်ရပါတယ်။
အထင်ရှားဆုံး သာဓကကတော့ အောက်တိုဘာ ၂ ရက်နေ့ညက စစ်ကောင်စီဒေါက်တိုင် လက်နက်ပွဲစား ဉာဏ်လွင်အောင် ဆိုသူကို ရန်ကုန်မြို့လယ်မှာ ရှင်းလင်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။
စစ်တပ်နဲ့ ပူးပေါင်းတဲ့ စီးပွားရေးသမား၊ လက်နက်ပွဲစား ဉာဏ်လွင်အောင်ဟာ စစ်တပ်ကို ထောက်ခံကြောင်း လူမှုကွန်ရက် စာမျက်နှာတွေကတစ်ဆင့် ထုတ်ဖော်ပြောဆိုလေ့ ရှိပြီး အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး အေးနေဝင်းနဲ့လည်း ထဲထဲဝင်ဝင် ပတ်သက်သူဖြစ်ပါတယ်။
စစ်တပ်အသိုင်းအဝိုင်းမှာ ကိုဉာဏ်ဆိုပြီး လူသိများတဲ့ ဉာဏ်လွင်အောင်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နာမည်ခံပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူပေးနေတာ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် မျက်နှာမှတ်တဲ့ စနစ်ပါဝင်တဲ့ CCTV တွေ တင်သွင်းပေးနေတာတွေ လုပ်နေတယ်လို့ ဉာဏ်လွင်အောင်ကို ရှင်းလင်းခဲ့တဲ့ Urban Owls မြို့ပြပျောက်ကျား တပ်ဖွဲ့က စုံစမ်း ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဉာဏ်လွင်အောင်ကို လသာမြို့နယ်ထဲက ဖက်တီးမ ထမင်းကြော်ဆိုင်မှာ ထမင်းကြော်စားနေချိန် Urban Owls က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာပါ။ Urban Owls အဖွဲ့ကတော့ ဘေးကင်းစွာ ဆုတ်ခွာနိုင် ခဲ့တယ်လို့ သိရပါတယ်။
ဉာဏ်လွင်အောင်ဟာ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနရုံး အမှတ် ၂၄၊ ပြည်ထဲရေးဝန်ကြီးဌာနရုံး အမှတ် ၄၉ နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးတို့ကို အတားအဆီးမရှိ ဝင်ထွက်သွားလာခွင့် ရှိသူလည်း ဖြစ်ပါတယ်။
သေဆုံးသူ ဉာဏ်လွင်အောင်ဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို အပြည့်အဝ ထောက်ခံတဲ့အပြင် ရုရှားကို မြန်မာစစ်တပ် ကိုယ်စားလှယ်တွေနဲ့အတူ ခရီးသွားခွင့်ရပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးနဲ့ပါ ရင်းနှီးသူဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆဲဆိုလေ့ရှိတဲ့ ဉာဏ်လွင်အောင်ဟာ သူ့ရဲ့ ဝန်ထမ်းတွေကို စစ်တပ်ရဲ့ အဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုခိုင်းလေ့ ရှိတယ်လို့ Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့က စုံစမ်းဖော်ထုတ်ထားပါတယ်။
Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့က စုံစမ်းဖော်ထုတ်ချက်တွေ အရ ဉာဏ်လွင်အောင်ဟာ မြန်မာနိုင်ငံ အပြင် ထိုင်း၊ တရုတ်၊ ရုရှားနဲ့ ယူအေအီး နိုင်ငံတွေမှာ North Gate Engineering and Technology နာမည်နဲ့ လုပ်ငန်းခွဲတွေ ဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှု ချောမွေ့စေဖို့အတွက် Well and Fair ဆိုတဲ့ ပြည်ပ ခရီးသွား ကုမ္ပဏီတစ်ခုကိုလည်း ထူထောင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဉာဏ်လွင်အောင်ဟာ အနေအထိုင် သိုသိပ်တဲ့အတွက် နာမည်မထွက်ဘဲ လွတ်နေတာဖြစ်ပြီး Urban Owls က ကာလကြာရှည် စုံးစမ်းပြီး ဖော်ထုတ်ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ပေါင်း၊ ပြည်သူကိုဖိနင်း စီးပွားရှာမယ့် ခရိုနီလက်သစ်တွေအတွက် ဉာဏ်လွင်အောင်ဟာ ပထမဆုံး သင်ခန်းစာဖြစ်ပြီး ပေးချင်တဲ့ သတင်းစကားက စစ်ကောင်စီနဲ့ အပြည့်အဝပူးပေါင်းလို့ ဘာကောင်းကျိုးမှ မရှိနိုင်ဘူး၊ စစ်တပ်နဲ့ ပူးပေါင်းတဲ့ လုပ်ငန်းရှင်တွေကို စာရင်းပြုစုထားပြီး အခွင့်အခါ သင့်တာနဲ့ ဆက်လက် အရေးယူသွားမယ်လို့ Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။
ဉာဏ်လွင်အောင်ရဲ့ သတင်းကြားရတဲ့ ပြည်သူတွေဟာ ဝမ်းသာအားရ ဖြစ်နေကြပြီး မြို့ပြပြောက်ကျား တွေကို ချီးကျူးစကားတွေ ဆိုတာ တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ ဒေါက်တိုင် ရဲစခန်းလိုမျိုး၊ ထွေအုပ်ရုံးလို၊ အခွန်ရုံးလို၊ လဝက ရုံးလိုမျိုး တခြားတခြားသော မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေလည်း ဆက်တိုက် ရှိနေတာတွေ့ရပေမယ့် ဉာဏ်လွင်အောင်လို စစ်ကောင်စီ ဒေါက်တိုင် အကြီးစားကြီးကို ပစ်ခတ်နှိမ်နင်းနိုင်လိုက်တာကတော့ မြို့ပြပြောက်ကျား တွေအတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်သလို မြို့ပြပြောက်ကျားတွေရဲ့ နောက်ထပ် ပစ်မှတ်အသစ်တွေ ခပ်စိတ်စိတ် မြင်လာရတော့မယ့် ရှေ့ပြေး တစ်ခု ဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။
ပုံအညွှန်း - လူမှုကွန်ရက်

👍26❤4🔥1🥰1💯1
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကြောက်မက်ဖွယ်အခြေအနေနှင့်ပတ်သက်၍ ကုလ လူ့အခွင့်အရေးအ
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCHR) သည် လူ့အခွင့်အရေးကောင်စီ၏ ၅၄ ကြိမ်မြောက် ပုံမှန်အစည်းအဝ....
https://ift.tt/epOPX9T

👍5🔥2
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုပ်ရုံဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကြီးဖြင့်ပစ်ခ
ပါခွီး (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ အလုပ်ရုံတပ်...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F6HIVIBU-vII&h=AT2ZS1F5cidk1W7Z159DDDs9gkYUufm7t0OOc7AcFlA-ixRu7KxKaVN1H69SZLhA7ZWSPl_cmVdy73DGo5-QzvUMlnJtXh7fYuc6YDGyb6icuJ2vRQAanh4-yFqdgewI&s=1

❤11🤮2👍1
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုပ်ရုံဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကြီးဖြင့်ပစ်ခတ်
ပါခွီး (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် ...
https://www.youtube.com/watch?v=6HIVIBU-vII

YouTube
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုပ်ရုံဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကြီးဖြင့်ပစ်ခတ်
ပါခွီး (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ အလုပ်ရုံတပ်ရင်း စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)မှ…
👍16❤2🔥1
ဂါဘွန်းသမ္မတသစ် ကွန်ဂိုသို့အလည်အပတ်သွားရောက်ပြီး ထောက်ခံမှုရယူ
ဂါဘွန်းသမ္မတသစ် ကွန်ဂိုသို့အလည်အပတ်သွားရောက်ပြီး ...
https://www.youtube.com/watch?v=ky9rQmqIxIg

#internationalnews
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍9🔥1
အောင်ပွဲဟာပူးပေါင်းဆောင်ရွက်မှုအပေါ်မူတည်ကြောင်း အီးယူဝန်ကြီးတွေကို ဇီလန်စကီးပြော
အောင်ပွဲဟာပူးပေါင်းဆောင်ရွက်မှုအပေါ်မူတည်ကြောင်း ...
https://www.youtube.com/watch?v=MZx9z_9vT04

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍11🔥1
အောက်တိုဘာလ (၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01 − ကျောင်းသားနဲ့ ကလေးပါမကျန် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့်ပြုတဲ့အပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FFtksUR_PhQs&h=AT1gOot7jWrSSyQoReAFwsbkWPipU51lcKx5W8X77j2SHgJAOyVBHM-r7RKSJQgWdvSB_czFnmpzofc869jkPhK4STQoU__PLewpvtOhyQBK8UNKh74abOCsdg8b9ZMG&s=1

👍4😁2
ယူကရိန်းကိုဆက်လက်ထောက်ခံသွားဖို့ ဘိုင်ဒင်ကတိပြုလိုက်ပြီး ဟန်ဆောင်နေတာတွေကိုရပ်တန့်ဖို့ တိုက်တွန်း
ယူကရိန်းကိုဆက်လက်ထောက်ခံသွားဖို့ ဘိုင်ဒင်ကတိပြုလိုက်ပြီး ...
https://www.youtube.com/watch?v=dUuSFKcYC38

ယူကရိန်းကိုဆက်လက်ထောက်ခံသွားဖို့ ဘိုင်ဒင်ကတိပြုလိုက်ပြီး ဟန်ဆောင်နေတာတွေကိုရပ်တန့်ဖို့ ရီပတ်ဘလစ်ကင်တွေကို တိုက်တွန်း
#internationalnews
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…

👍10❤1😁1
အောက်တိုဘာလ (၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01 − ကျောင်းသားနဲ့ ကလေးပါမကျန် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ...
https://www.youtube.com/watch?v=FtksUR_PhQs

01:01 − ကျောင်းသားနဲ့ ကလေးပါမကျန် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့်ပြုတဲ့အပေါ် အံ့ဩကြောင်း NUG ထုတ်ပြန်တဲ့သတင်း
03:04 − အောက်တိုဘာလဆန်းပိုင်းမှာ ဒေသအများစု မိုးဆက်ကောင်းနိုင်တဲ့အကြောင်း မိုးလေဝသ သတင်း
10:13 − ကရင်နီမှာ…

👍3😁2
တစ်လအတွင်း အခေါက်ရွှေဈေး ကျပ် ၄ သိန်း ဝန်းကျင် ဈေးပြန်ကျခဲ့ | Business Roundup (3.10.2023)
ထိုင်းစွမ်းအင် PTTEP က မြန်မာ့ ဓါတ်ငွေ့တူးဖော်ရေး စာချုပ်များ ...
https://www.youtube.com/watch?v=Uxp-RzcETGA

- ထိုင်းစွမ်းအင် PTTEP က မြန်မာ့ ဓါတ်ငွေ့တူးဖော်ရေး စာချုပ်များ သက်တမ်းတိုး
- စစ်ကောင်စီလက်ထက် စားအုန်းဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာကြောင်း ISP မြန်မာ ထုန်ပြန်
- ကိုရီးယားအထည်ချုပ်ကုမ္ပဏီ PANKO မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့
- တစ်လအတွင်း…

👍9🔥1🤮1
တီးတိန်မြို့ မြို့မရဲစခန်းမှ ဒုတပ်ကြပ်အပါအဝင် ၄ ဦးကို PDF-Zolandက ဖမ်းဆီး
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ရှိ မြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ်အပါအဝင် ရဲတပ်ဖွ....
https://ift.tt/CrZlOnQ

👍12😁1
မြိုင်မြို့နယ် ရွာ ၂ရွာကနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်ရွာနှင့် ရွာသစ်ကျေးရွာတို့မှ နေအိမ်အချို့ကို စစ်ကော....
https://ift.tt/03EXcRN

🤬7😁2
တစ်လအတွင်း အခေါက်ရွှေဈေး ကျပ် ၄ သိန်း ဝန်းကျင် ဈေးပြန်ကျခဲ့ | Business Roundup (3.10.2023)
- ထိုင်းစွမ်းအင် PTTEP က မြန်မာ့ ဓါတ်ငွေ့တူးဖော်ရေး စာချုပ်များ သက်တမ်းတိုး- စစ်ကောင်စီလက်ထက် စားအုန်းဆီပြတ်လပ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FUxp-RzcETGA&h=AT0sivPOGwSqZy1AJti7qlGDREflXTEQmdv4Bhw7JS88LCRcK5kcpaQqwKDE5SILH8W2z-toYIQJtT7HBaQVanR8DlkLV7qqdqpWijH0jOv43gMl1F1m9rpZLNE8QFhs&s=1

👍3🔥3
အောက်တိုဘာလ ၃ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီ
အောက်တိုဘာလ ၃ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး--------------------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FOFj2LlDwiyI&h=AT1moKoli8dR24DA-tyOaQuJAAfU3YP75VUXCBbyUb9zTBqWOH75ZAu8Hqd4n-x708ynTcQpQZEFgg6t2Ux1FN9vJYFiadkekvApdrr67MhYeX9yrijaivZmJwENCzxi&s=1

🔥3
နွားထိုးကြီးတွင် ကြံ့ခိုင်ရေးပါတီ၀င် ၄ ဦး အသတ်ခံရ
=================
007
(မဇ္စျိမ)။ ။နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကြံ့ခိုင်ရေးပါတီ၀င်လေးဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်က ဆူးရစ်ကုန်းကျေးရွာသို့ ဆိုင်ကယ် ၁၀စီးဖြင့်ရောက်လာသည့် လူ ၂၀ ခန့်က ၎င်းတို့လေးဦး၏ နေအိမ်အသီးသီးတွင် ၀င်ရောက်ပစ်ခတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“တိုင်းပြည်ကိုချောက်ထဲတွန်းချခဲ့တဲ့ကောင်တွေ မြေလေးတယ်ဆိုပြီး၊ အော်အော်ပြီး သေနတ်နဲ့ပစ်သတ်သွားကြတာ။ တစ်ယောက်ကို ဒဏ်ရာလေးချက်လောက်စီနဲ့ နေရာမှာတင်ပွဲချင်းပြီးပဲ။ အလောင်းတွေကိုတော့ ဦးရွှေကျီး ၀င်းထဲပစ်သွားတယ်။ ဦးရွှေကျီးကအုပ်ကြီးဟောင်းပါ” ဟု ဖြစ်စဉ်သိရှိသည့် အမည်မဖော်လိုသူ ဒေသခံကပြောသည်။
သေဆုံးသူများမှာ ထိုကျေးရွာနေ ဦးရွှေကျီး(အသက် ၅၀ နှစ်)၊ ဦးမောင်တင်(အသက် ၆၇ နှစ်)၊ ဦးတင်ရွှေ(အသက် ၅၈ နှစ်)နှင့် ကိုကျော်မျိုးအောင်(အသက် ၃၄ နှစ်)တို့ဖြစ်ပြီး ၎င်းတို့မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီဝင်) ဖြစ်ကြောင်း ပါတီအသိုက်အဝန်းကလည်း အတည်ပြုသည်။
“ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီ၀င်(ကြံ့ခိုင်ရေးပါတီ)တွေကို တပ်မတော်(မူရင်းအတိုင်း)အရန်အင်အားအတွက် ဆိုပြီး တူညီ၀တ်စုံတွေပေးပြီး စစ်သင်တန်း လက်နက်ငယ်သင်တန်း တက်ခိုင်းခဲ့တာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလည်းဖြစ်တယ်။ အခု ပါတီ၀င်တွေအသတ်ခံရတဲ့ကိစ္စ သူတို့ဘာလုပ်ပေးကြမလဲ” ဟု အမည်မ ဖော်လိုသူပါတီ၀င်တဦးကပြောသည်။
နွားထိုးကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်ကလည်း ဖလံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြံ့ခိုင်ရေးပါတီရပ်/ကျေး ဥက္ကဋ္ဌ ဦးမောင်ဌေးဆိုသူ နေအိမ်အတွင်း သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသေးသည်။
ထို့အပြင် သြဂုတ်လ ၁၁ ရက်ကလည်း ကြောင်နံကျေးရွာမှ ကြံ့ခိုင်ရေးပါတီ၀င်လေးဦး ပစ်သတ်ခံခဲ့ရသေးသည်။ ထိုဖြစ်စဥ်များနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်ကြောင်း မသိရသေးဘဲ စစ်ကောင်စီသတင်းများတွင် PDF လက်ချက်ဟု ဖော်ပြထားသည်။
မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့သည် ကြံ့ခိုင်ရေးပါတီ အင်အားကောင်းခဲ့သည့်မြို့နယ်များဖြစ်ကြပြီး စစ်ကောင်စီတပ်အာဏာသိမ်းခံရပြီးနောက် NLD ပါတီ၀င် အများအပြား သတ်ဖြတ်ခံထားရသည်။ ထို့အတူ ဒေသတွင်းပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာပြီး ကြံခိုင်ရေးပါတီဝင်များလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းခံနေရသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၃၀ ရက်ကလည်း နွားထိုးကြီးမြို့မရဲစခန်း ဗုံးသီးနှစ်လုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့၀င်နှစ်ဦးသေဆုံးခဲ့သေးသည်။
ထိုတိုက်ခိုက်မှုကိုတော့၊ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းနှင့် Natogyi Regional Defence Force မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း တို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ် ပြန်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကြံ့ခိုင်ရေးပါတီဝင်
#နွားထိုးကြီး
ပုံစာ- နွားထိုးကြီးမြို့အ၀င်ဆိုင်းဘုတ် (Photo- CJ)

👍19🔥1👏1💯1
တီးတိန်မြို့ မြို့မရဲစခန်းမှ ဒုတပ်ကြပ်အပါအဝင် ၄ ဦးကို PDF-Zolandက ဖမ်းဆီး
=================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ရှိ မြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆နာရီအချိန်ခန့်တွင် ဖမ်းဆီးခဲ့ကြောင်း PDF- Zoland ထံက သိရသည်။
အဆိုပါ ရဲတပ်ဖွဲ့၀င် လေးဦးသည် တီးတိန် - ရိဒ်လမ်းမပေါ်က ခရီးသွား အရပ်သားပြည်သူများထံ ငွေကြေးများတောင်းခံရန်လာနေစဥ် အလစ်အငိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု PDF-Zolandမှ တာ၀န်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
"သူတို့က တီးတိန်မြို့နယ် ပြည်သူတွေကိုအနှောက်အယှက်ပေးတယ်၊ ပြီးရင် ကားသမားတွေကို ငွေကြေးတွေ အဆမတန်တောင်းတယ်ပေါ့နော်။ ကုန်တင်ကားတစီးလျှင် ငွေကျပ် ၂၀၀,၀၀၀ အထိ ဆက်ကြေးကောက်ခံတာရှိတယ်။ ပစ္စည်းအနည်းအများပေါ်မူတည်ပြီး ငွေကြေးကောက်ခံတယ်။ အခုလို ငွေကြေးအဆမတန် ကောက်ခံတာကြောင့် ကားသမားတွေကလည်း ကျွန်တော်တို့ဆီကို တိုင်ကြားတာလာတာရှိတယ်။ ကျွန်တော်တို့ရှိမယ်လို့ မထင်မဲ့နေရာမှာ အသင့်စောင့်ပြီး အလစ်ငိုက် ဝင်ဖမ်းတာပါ။ သူတို့ရောက်လာတော့ သေနတ်ချိန်ပြီး ခင်ဗျားတို့ ဘာမှမလုပ်နဲ့၊ ကျွန်တော်တို့ဘာမှ မလုပ်ဘူး၊ ဝပ်နေဝပ်နေဆိုပြီး အဲလို ခေါ်သွားတာပါဗျ “ ဟု PDF-Zoland မှ တာဝန်ရှိသူတဦးက ပြောသည်။
PDF Zoland က ဖမ်းဆီးထားသူများတွင် ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ရဲတပ်သား ခုပ်ခန်တုန်း၊ ရဲတပ်သား စည်သူမိုးနှင့် ရဲတပ်သား ချမ်းငြိမ်းကျော် တို့ပါဝင်ပြီး ၎င်းတို့လေးဦးအား ကောင်းကောင်းမွန်မွန်ပြုစုကာ လုံခြုံသည့် နေရာတွင် ထိန်းသိမ်းထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“သူတို့လေးဦးကို တရားဥပဒေနဲ့အညီ ဆက်လက်အရေးယူမှုတွေလုပ်ဆောင်သွားမှာပါ။ အခုတော့လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပါတယ်။ သူတို့ကို ပါးရိုက်တာ၊ ရိုက်နှက်စစ်ဆေးတာတွေမလုပ်ပါဘူး။ ထမင်းကိုလည်း ကောင်းကောင်းကျွေးထားပါတယ်။” ဟု ဆိုသည်။
တီးတိန်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များ၊ စစ်သားများနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းကြရန် အထူးသတိပေးတိုက်တွန်းလိုကြောင်းလည်း PDF Zoland တာဝန်ရှိသူကဆိုသည်။
စက်တင်ဘာလ ၃၁ရက်နေ့တွင်လည်း တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉)တပ်ရင်းအနီးတွင် စစ်ကောင်စီတပ်ထောင်ထားသော မြေမြုပ်မိုင်းနင်းမိ၍ အသက် ၁၀နှစ်ခန့်အရွယ် မိန်ကလေးတဦး ညာဘက် ခြေထောက် ဒူးအောက်ပိုင်း ကြွေမွသွားကာ ပြင်းထန်ဒဏ်ရာရသွားကြောင်း မြို့နေဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လတွင်လည်း တီးတိန်မြို့၊ မြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာပြီး PDF- Zoland ထံသို့ အလင်းဝင်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တီးတိန်မြို့
#ချင်းပြည်နယ်
ပုံအညွှန်း။ ။ PDF- Zoland မှ ဖမ်းဆီးထားသော ဒုတပ်ကြပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦး (ဓာတ်ပုံ−PDF- Zoland)

👍24❤2👎1🔥1🥰1
မြိုင်မြို့နယ် ရွာ ၂ရွာကနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
==================
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်ရွာနှင့် ရွာသစ်ကျေးရွာတို့မှ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၂ ရက် ညပိုင်းတွင် မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် သူရိန်တပ်ခွဲ တာဝန်ခံက ပြောသည်။
"ကျောက်ဆောက် ၊ ရွာသစ်ရွာကိုရှို့တာ အိမ်နှစ်လုံးပါသွားတယ်ကြားတယ်။ ဒီမနက်ကျတော့ စစ်ကြောင်းက ဝက်ကျကျေးရွာကို ဆုတ်သွားတယ်လို့ သိရတယ်" ဟု သူရိန်တပ်ခွဲတာဝန်ခံ ကိုသူရိန်က မဇ္ဈိမကို ပြောသည်။
မြိုင်မြို့နယ် အရှေ့ပိုင်းရှိ ကျောက်ဆောက် နှင့် ရွာသစ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် နှစ်လုံးအား ယမန်နေ့ည ၈ နာရီ ကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိုင်မြို့နယ် နွေဦးတော်လှန်ရေးအဖွဲ့ကလည်း ထုတ်ပြန်သည်။
အဆိုပါကျောက်ဆောက်နှင့် ရွာသစ်ကျေးရွာတို့တွင်ဒေသခံ ၂ဝဝဝ ဝန်းကျင်နေထိုင်ကြပြီး စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းများ ဝင်ထွက်နေသောကြောင့် ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ကျောက်ဆောက်နှင့် ရွာသစ်ကျေးရွာတို့နှင့် မနီးမဝေးတွင်တည်ရှိသည့် တောင်ရွာတဝှိုက်သို့ စက်တင်ဘာလလယ်ခန့်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
ယင်းစစ်ကြောင်းသည် တောင်ရွာသို့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ကာ ဒေသခံ ၁ဝ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ အမျိုးသားတဦးကို အောက်တိုဘာလ ၁ ရက်နေ့တွင်သတ်ဖြတ်ကာ ကျန်သူများအား အောက်တိုဘာလ ၁ ရက် ညသန်းခေါင်အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သူရိန်တပ်ခွဲထံက သိရသည်။
တောင်ရွာသို့ ဝင်ရောက်ခဲ့သည့် စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၃ဝ ရက်နှင့် အောက်တိုဘာလ ၁ ရက်နေ့များတွင်
RC Plane လေယာဉ်ငယ်ဖြင့် အီနာဂါ ဗုံးသီး ၄ဝ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ကြပ်အပါအဝင် လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သူရိန်တပ်ခွဲတာဝန်ခံက ပြောသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ယင်းစစ်ကောင်စီတပ်ဖွဲ့သည် မြိုင်မြို့နယ် အရှေ့ပိုင်း ဝက်ကျရွာနှင့် နှောပင်ရွာများတွင် အထိုင်ချတပ်စွဲကာ အနီးအနားရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေကြောင်း ဒေသကာကွယ်ရေးတပ်များထံက သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#မြိုင်မြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
ပုံအညွှန်း - မြိုင်မြို့နယ် ကျောက်ဆောက်ရွာနှင့်ရွာသစ်ရွာ မြေပုံ။(Photo - myg troop news)

👍12🤬7😁2❤1
Oct - 3 [4 Pm] Mizzima News Hour
Oct - 3 [4 Pm] Mizzima News Hour Mizzima Headline News #4pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=5XGRju3SK5Y

Mizzima Headline News
#4pmnews
#mizzimanewshour

🔥2