Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကိုင်းတိုင်း သပိတ်အင်အားစု လုပ်ငန်းကော်မတီနှင့် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝါဒရေးဆွဲရေး ကော်မတီ ၂ခု စတင်ဖွဲ့စည်း
👍3🔥3
​​စစ်ကိုင်းတိုင်း သပိတ်အင်အားစု လုပ်ငန်းကော်မတီနှင့် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝါဒရေးဆွဲရေး ကော်မတီ ၂ခု စတင်ဖွဲ့စည်း
=====================

ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသအသီးသီးက လူထုလှုပ်ရှားမှု လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များသည် ရပ်တည်ချက်တူတူ တော်လှန်ရေးခရီးကို ရှေ့ဆက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်းအားစု လုပ်ငန်းကော်မတီနှင့် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝါဒရေးဆွဲရေး ကော်မတီ နှစ်ခု စတင်ဖွဲ့စည်းခဲ့ကြောင်း စစ်ကိုင်းတိုင်း သပိတ်အင်အားစုများ စုံညီအစည်းအဝေး သတင်းထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေးကာလ အချိန်တခု ရောက်လာချိန်တွင် စိန်ခေါ်မှုအသီးသီးများရှိလာသည့် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစုများသည် တကျောင်းတဂါထာ တရွာတပုဒ်ဆန်း မဟုတ်ဘဲ တူတူညီညီ သပိတ်အင်အားစုများအနေဖြင့် ရပ်တည်ချက်တူတူ တော်လှန်ရေးခရီးကို ရှေ့ဆက်နိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။

“ဆွေးနွေးတာမှာ စစ်ကိုင်းတိုင်းဒေသကြီးဟာ တော်လှန်ရေးအားကောင်းပြီး ပေးဆပ်မှုများတယ်၊ လက်ရုံးရည်ရော နှလုံးရည်ရော ပြည့်စုံနေတဲ့ တိုင်းဖြစ်တယ်။ သို့သော်လည်းပဲ နှလုံးရည်အားဖြစ်တဲ့ လူထုတိုက်ပွဲတွေအားကောင်းပေမယ့်လည်း စစ်ကိုင်းတိုင်းဒေသကြီးလုပ်ငန်းစု သပိတ်အင်အားစု လုပ်ငန်းကော်မတီနဲ့ သက်ဆိုင်ရာလူထုတိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ နည်းနာပိုင်းဆိုင်ရာ ပုံဖော်နိုင်မှုအပိုင်းမှာ ကော်မတီတွေရှိမနေဘူးပေါ့နော်။ အဲဒီအတွက် လုပ်ငန်းကော်မတီလို့ခေါ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစုကော်မတီနဲ့ စစ်ကိုင်းတိုင်းဒေသကြီး လူထုတိုက်ပွဲရေးရာနည်းနာပိုင်းဆိုင်ရာ ဆောင်ရွက်နိုင်ဖို့ဆိုပြီး ကော်မတီနှစ်ရပ်ကို ဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။” ဟု ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူက မဇ္စျိမအားပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူထုလှုပ်ရှားမှု လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို လေးနာရီကြာအွန်လိုင်းမှတဆင့် ပြုလုပ်ဆွေးနွေးခဲ့ကြပြီး အဆိုပါကော်မတီနှစ်ခုကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ရှေ့ဆက်ဘယ်လိုသွားမလဲဆိုတော့ တော်လှန်ရေးလူထုသပိတ်တိုက်ပွဲကော်မတီတွေ လက်ခံထားတာကတော့ စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီပေါင်းစပ်သွားရမယ်ဆိုတာကို အားလုံးက လက်ခံထားကြတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု လုပ်ငန်းကော်မတီအနေနဲ့က စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ သပိတ်အင်အားစုအများကြီးရှိတာဆိုတော့ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို စုစည်းနိုင်ဖို့၊ လူထုတိုက်ပွဲတွေ ပြန်လည်အားကောင်းလာပြီး တော်လှန်ရေးမြန်မြန်ဆန်ဆန် အောင်မြင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ လုပ်ငန်းဆောင်တာတွေလိုအပ်နေတဲ့ ရှုထောင့်ပေါင်းစုံက ရှုမြင်နိုင်ဖို့ ကျွန်တော်တို့သုံးသပ်ဆန်းစစ်ပြီး ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။” ဟု ကိုလွမ်းသူက ဆက်လက်ပြောပြသည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တော်လှန်ရေး သပိတ်အင်အားစုပေါင်း အဖွဲ့ ၄၀ကျော်ထဲမှ အဖွဲ့အစည်း ၉၀ ရာခိုင်နှုန်းကျော်တက်ရောက်နိုင်ခဲ့ပြီး ထိုအထဲမှ အဖွဲ့အစည်းအချို့မှာ အင်တာနက်အခက်အခဲ၊ ရာသီဥတုအခက်အခဲ၊ နယ်မြေအခက်အခဲများရှိ၍ ပါဝင်တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

ဆွေးနွေးပွဲအတွင်း လူထုသပိတ်တိုက်ပွဲများ စဥ်ဆက်မပြတ် ရှိနေရေးအပါအဝင် လူထုလှုပ်ရှားမှုများ ပြန်လည်အားကောင်းလာရေးနှင့် လက်ရှိမြေပြင်မှာ သပိတ်ကော်မတီများ ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများအပြင် ရှေ့ဆက်ပြီး ဖြစ်ပေါ်ပြောင်းလာနိုင်သော နိုင်ငံရေး၊စစ်ရေး အပေါ် အခြေခံ၍ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အပြင် ကြုံတွေ့ရမည့် တော်လှန်ရေးခရီးတွင် တော်လှန်ရေးအောင်ပွဲအတွက် လူထုလှုပ်ရှားမှု စဥ်ဆက်မပြတ်ရှိနေရေးကို ဆွေးနွေးကာ ပုံမှန်တွေ့ဆုံမှုများ လုပ်ဆောင်နိုင်ကြရန် အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တော်လှန်ရေး
#လူထုလှုပ်ရှားမှု
#စစ်ကိုင်းတိုင်း
#လူထုတိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
မွန်ပြည်နယ်တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီ ကန့်သတ်
မွန်ပြည်နယ်အတွင်းမှ မြို့နယ်လေးခုတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီ က ကန့်သတ်မိန့်ထုတ်ပြ...
https://ift.tt/mXOrPlW
🔥6👍2
တနိုင်းဟူးကောင်းဒေသတွင် KIA နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တိုက်ပွဲဖြစ်
တနိုင်းဟူးကောင်းဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂)ဌာန ချုပ် လက်အောက်ခံတပ်ရင်း(၁၄) နယ်မြေမှ ကာကင်းစ...
https://ift.tt/lXydgU8
👍6🔥1
စဥ့်ကူတွင် ပျူစောထီးများ လိုက်ပါလာသည့် မော်တော်ယာဥ် တိုက်ခိုက်ခံရ၍ တိမ်းမှောက်၊ သေနတ် ၁
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် ပျူစောထီးများလိုက်ပါလာသည့် မော်တော်ယာဥ်ကို တိုက်ခိုက်ရာ တိမ်းမှောက်ခ....
https://ift.tt/H0VaK9Q
👍11🔥1
မြန်မာစစ်ဘေးရှောင်များ ဇီဝမှတ်တမ်း ကောက်ယူမည့်အချိန် ၆ လသက်တမ်းတိုး
အိန္ဒိယနိုင်ငံဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ မီဇိုရမ်ပြည်နှင့် မဏိပူရပြည်နယ်အတွင်း ခိုလှုံနေကြသော မြန....
https://ift.tt/i24Vzfm
👍3🔥1
စစ်ကိုင်းတိုင်း သပိတ်အင်အားစု လုပ်ငန်းကော်မတီနှင့် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝ
စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသအသီးသီးက လူထုလှုပ်ရှားမှု လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များသည် ရပ်တည....
https://ift.tt/WxdSl5D
🔥3
အောက်တိုဘာလ (၃) ရက်၊အင်္ဂါနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဝေဖန်မှုတွေကြားမှာပဲ စွမ်းအင်လုပ်ကွက်ဟောင်းအချို့ကို PTTEP သက်တမ်းတိုးဖို့ရှိ၊ EU-ASEAN လူ့အခွင့်အရေးဆွေးနွေးပွဲ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F8UDhH9cKPRU&h=AT0D7NKJKs54C9_sbbDbA7MDUHCShxHXbcLAOi9Fms49-afuQrXhtf6TGSoL4SK-FAQTQZ2ND-zXDmRlWF86L7zjZlqcJq3l374TSzexoOdMQ6QqOJvXig3WVRwAf8mE&s=1
❤4👍1
ဘန်ကောက် ပစ်ခတ်မှု သေဆုံးသူ ၂ ဦးတွင် မြန်မာ ၁ ဦး ပါဝင်
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ခေါင်ရှိ Siam Paragon luxury ရှော့ပင်းမောစင်တာ အတွင်း ဖြစ်ပွားခဲ့သည့် သေနတ်ပ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FfBUX7jf7XhE&h=AT1Bk_owTTPJy22TdzGoKhnK9txfCrOxK9ILUkA0nN9ClZpVjotws9R6fgpKKZASDNfYJP9QaDbUBg3Zd4xkbl_dR0s-2WUMo4W0WYHWpWphI6W4jk31SuIc7wqrszLQ&s=1
👍8❤1
ဖားကန့်ဆိုင်းတောင်တွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့ ပစ်ခတ်မှုဖြစ်
ဖားကန်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လူထိခ...
https://ift.tt/TjEUnY1
👍5🔥2
ဖားကန့်ဆိုင်းတောင်တွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့ ပစ်ခတ်မှုဖြစ်
ဖားကန်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လူထိခ...
https://ift.tt/vSODRco
👍9🔥1
နွားထိုးကြီးတွင် စစ်ကောင်စီယာဥ်မိုင်းဆွဲခံရ၊ ဒုရဲအုပ် သေပြီး အများအပြား ဒဏ်ရာရ
ဓါတု(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီယာဥ် နှစ်စီးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fu5MH8RCtUeg&h=AT23yIqIaNqV0Q_WUPxf68hiR83SdXuTWG3P5Z3NY7zyjN7Uak_vhG7SE-JFM51s96LqdDxciWB6s4fTaM-NqUmo7S8b-4DBNq9tt8F2Tjktma5ZU1PWJ16JXiXqdoVk&s=1
👍15😁2
​​စစ်ကိုင်းတိုင်း သပိတ်အင်အားစု လုပ်ငန်းကော်မတီနှင့် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝါဒရေးဆွဲရေး ကော်မတီ ၂ခု စတင်ဖွဲ့စည်း
==================

ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသအသီးသီးက လူထုလှုပ်ရှားမှု လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များသည် ရပ်တည်ချက်တူတူ တော်လှန်ရေးခရီးကို ရှေ့ဆက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်းအားစု လုပ်ငန်းကော်မတီနှင့် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝါဒရေးဆွဲရေး ကော်မတီ နှစ်ခု စတင်ဖွဲ့စည်းခဲ့ကြောင်း စစ်ကိုင်းတိုင်း သပိတ်အင်အားစုများ စုံညီအစည်းအဝေး သတင်းထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေးကာလ အချိန်တခု ရောက်လာချိန်တွင် စိန်ခေါ်မှုအသီးသီးများရှိလာသည့် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစုများသည် တကျောင်းတဂါထာ တရွာတပုဒ်ဆန်း မဟုတ်ဘဲ တူတူညီညီ သပိတ်အင်အားစုများအနေဖြင့် ရပ်တည်ချက်တူတူ တော်လှန်ရေးခရီးကို ရှေ့ဆက်နိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။

“ဆွေးနွေးတာမှာ စစ်ကိုင်းတိုင်းဒေသကြီးဟာ တော်လှန်ရေးအားကောင်းပြီး ပေးဆပ်မှုများတယ်၊ လက်ရုံးရည်ရော နှလုံးရည်ရော ပြည့်စုံနေတဲ့ တိုင်းဖြစ်တယ်။ သို့သော်လည်းပဲ နှလုံးရည်အားဖြစ်တဲ့ လူထုတိုက်ပွဲတွေအားကောင်းပေမယ့်လည်း စစ်ကိုင်းတိုင်းဒေသကြီးလုပ်ငန်းစု သပိတ်အင်အားစု လုပ်ငန်းကော်မတီနဲ့ သက်ဆိုင်ရာလူထုတိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ နည်းနာပိုင်းဆိုင်ရာ ပုံဖော်နိုင်မှုအပိုင်းမှာ ကော်မတီတွေရှိမနေဘူးပေါ့နော်။ အဲဒီအတွက် လုပ်ငန်းကော်မတီလို့ခေါ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစုကော်မတီနဲ့ စစ်ကိုင်းတိုင်းဒေသကြီး လူထုတိုက်ပွဲရေးရာနည်းနာပိုင်းဆိုင်ရာ ဆောင်ရွက်နိုင်ဖို့ဆိုပြီး ကော်မတီနှစ်ရပ်ကို ဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။” ဟု ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူက မဇ္စျိမအားပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူထုလှုပ်ရှားမှု လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို လေးနာရီကြာအွန်လိုင်းမှတဆင့် ပြုလုပ်ဆွေးနွေးခဲ့ကြပြီး အဆိုပါကော်မတီနှစ်ခုကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ရှေ့ဆက်ဘယ်လိုသွားမလဲဆိုတော့ တော်လှန်ရေးလူထုသပိတ်တိုက်ပွဲကော်မတီတွေ လက်ခံထားတာကတော့ စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီပေါင်းစပ်သွားရမယ်ဆိုတာကို အားလုံးက လက်ခံထားကြတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု လုပ်ငန်းကော်မတီအနေနဲ့က စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ သပိတ်အင်အားစုအများကြီးရှိတာဆိုတော့ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို စုစည်းနိုင်ဖို့၊ လူထုတိုက်ပွဲတွေ ပြန်လည်အားကောင်းလာပြီး တော်လှန်ရေးမြန်မြန်ဆန်ဆန် အောင်မြင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ လုပ်ငန်းဆောင်တာတွေလိုအပ်နေတဲ့ ရှုထောင့်ပေါင်းစုံက ရှုမြင်နိုင်ဖို့ ကျွန်တော်တို့သုံးသပ်ဆန်းစစ်ပြီး ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။” ဟု ကိုလွမ်းသူက ဆက်လက်ပြောပြသည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တော်လှန်ရေး သပိတ်အင်အားစုပေါင်း အဖွဲ့ ၄၀ကျော်ထဲမှ အဖွဲ့အစည်း ၉၀ ရာခိုင်နှုန်းကျော်တက်ရောက်နိုင်ခဲ့ပြီး ထိုအထဲမှ အဖွဲ့အစည်းအချို့မှာ အင်တာနက်အခက်အခဲ၊ ရာသီဥတုအခက်အခဲ၊ နယ်မြေအခက်အခဲများရှိ၍ ပါဝင်တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

ဆွေးနွေးပွဲအတွင်း လူထုသပိတ်တိုက်ပွဲများ စဥ်ဆက်မပြတ် ရှိနေရေးအပါအဝင် လူထုလှုပ်ရှားမှုများ ပြန်လည်အားကောင်းလာရေးနှင့် လက်ရှိမြေပြင်မှာ သပိတ်ကော်မတီများ ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများအပြင် ရှေ့ဆက်ပြီး ဖြစ်ပေါ်ပြောင်းလာနိုင်သော နိုင်ငံရေး၊စစ်ရေး အပေါ် အခြေခံ၍ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အပြင် ကြုံတွေ့ရမည့် တော်လှန်ရေးခရီးတွင် တော်လှန်ရေးအောင်ပွဲအတွက် လူထုလှုပ်ရှားမှု စဥ်ဆက်မပြတ်ရှိနေရေးကို ဆွေးနွေးကာ ပုံမှန်တွေ့ဆုံမှုများ လုပ်ဆောင်နိုင်ကြရန် အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တော်လှန်ရေး
#လူထုလှုပ်ရှားမှု
#စစ်ကိုင်းတိုင်း
#လူထုတိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤮2
​​ဖားကန့်ဆိုင်းတောင်တွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့ ပစ်ခတ်မှုဖြစ်
==================

အဂမ်
(မဇ္ဈိမ) ။ ။ ဖားကန်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ အောက်တိုဘာလ ၃ ရက် မနက် ၁၀ နာရီ ဝန်းကျင်တွင် ဆိုင်းတောင်ကျေးရွာအနီး သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိမ်စီးကား သုံးစီးဖြင့် ဆင်းလာသည့် KIA၊ PDF ပူးပေါင်းအဖွဲ့က ယနေ့ နေ့လယ် ၂ နာရီခန့်က သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုင်းတောင်ဒေသခံများက ဆိုသည်။

" ဆိုင်း‌တောင် ရွာလယ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကုန်းက လက်နက်ကြီးနှစ်ချက် ပစ်သံတွေလည်း ကြားနေရတယ်။ သေနတ်သံတွေကတော့ ဆူညံနေတာပဲ။ လောလောဆယ် အိမ်တစ်အိမ်မီးလောင်နေတာတော့ တွေ့ရတယ်။ ဘယ်သူမှလည်း အပြင်မထွက်ရဲသေးဘူး " ဟု ဆိုင်း‌တောင် ကျေးရွာနေ ပြည်သူတဦးက ယနေ့ ညနေ ၄ နာရီ ခန့်က ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်းဆိုင်းတောင်ရွာ အနီးရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့် ဆိုင်းတောင်တွင် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် အိမ်စီးကားတစီးပစ်ခတ်ခံခဲ့ရပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)ရုံးကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
ထို့ကြောင့် ဆိုင်းတောင်ကျေးရွာသို့ အင်အားဖြည့်တင်းရန်လာသည့် ထိုစစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင် တဦးကပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားမှုကြောင့် ဆိုင်းတောင်အထက်တန်းကျောင်းမှာ ကျောင်းသား၊ကျောင်းသူများသည် ကျောင်းမှ နေအိမ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဆိုင်းတောင်ရွာ အနီးရှိ စစ်ကောင်စီတပ်ဗျုဟာ ကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် နေအိမ်တလုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် ဆိုင်းတောင်ရွာအနီး ကုဋေမှော်ရွာအဝင်တွင် နယ်လှည့်ရောင်းချသည့် အချဉ်ပေါင်းသည်တဦး သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မည်သည့်ဘက်က ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မသိရသေးဟု ဒေသခံများက ပြောသည်။ ယနေ့ ၆ နာရီအချိန်ထိ နှစ်ဖက်ပစ်ခတ်နေဆဲဖြစ်၍ ထိခိုက်သေဆုံးမှုများကို မဇ္ဈိမက အသေးစိတ်မသိရသေးပေ။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဖားကန့်
#ဆိုင်းတောင်ရွာ

ပုံအညွှန်း- ပစ်ခတ်မှုအတွင်း ကျည်ထိမှန်သေဆုံးသွားသူ(ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
​​ဘန်ကောက်ပစ်ခတ်ခံရမှုတွင် မြန်မာအမျိုးသမီး ၁ ဦးနှင့် တရုတ်အမျိုးသမီး ၁ ဦး သေဆုံး၊ ကျူးလွန်သူ ၁၄ နှစ်အရွယ် အမျိုးသား အဖမ်းခံရ
===================

(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ခေါင်ရှိ Siam Paragon luxury ရှော့ပင်းမောစင်တာ အတွင်း ယနေ့ ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတွင် မြန်မာအမျိုးသမီး တဦးနှင့် တရုတ်အမျိုးသမီးတဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။

ယနေ့ စက်တင်ဘာလ ၃ ရက် ထိုင်းစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကျူးလွန်ခဲ့သည့် စိတ်ဝေဒနာခံစားနေရသူ အသက် ၁၄ နှစ်အရွယ်အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။
“ ဒီလိုပစ်ခတ်မှုပြုလုပ်ဖို့ သူ့ကို တယောက်ယောက်က ပြောနေတယ် လို့ ကောင်လေးက ပြောတယ် “ ဟု ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲ Torsak Sukwimol က သတင်းထောက်များ၏မေးမြန်မှုကို ဖြေကြားခဲ့သည်။

သေနတ်သံ ၁၀ ချက်ခန့်ကြားလိုက်ရပြီးနောက် ရှော့ပင်းမောအတွင်း စျေးဝယ်ထွက်နေသည့် ရာနှင့်ချီသည့် လူအုပ်ကြီး ပြေးထွက်လာကြကြောင်း ဒေသခံတဦးကပြောသည်။
စီစီတီဗီမှတ်တမ်းများအရ ပစ်ခတ်မှုကျူးလွန်သူသည် အနက်ရောင် အင်္ကျီ၊ မျက်မှန်နှင့် ဦးထုပ်ကို ဝတ်ဆင်ထားသည့် ဆံပင်ရှည်အမျိုးသားဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားပြီး မကြာမီ ထိုရှော့ပင်းစင်တာပိတ်ခဲ့ပြီး ပုံမှန်ပိတ်ချိန်မှာ ည၁၀ နာရီဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ် သြဂုတ်လအတွင်းကလည်း ရဲဝန်ထမ်းဟောင်း တဦးက သေနတ်နှင့် ဓားကို အသုံးပြုကာ ကလေး ၂၄ ယောက်နှင့် လူကြီး ၁၂ ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ် ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သေးသည်။

AFP
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဘန်ကောက်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍6😢1