Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
KNDF နှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ နီးပါး သေဆုံး
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်အတွင်း KNDF ပူးပေါင်းတပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေရာ စက်တင်ဘာလအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၈ ဦး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

ထို့ပြင် လက်နက်ခဲယမ်းများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲအတွင်း KNDF မှ ရဲဘော် ရှစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ကရင်နီဒေသတွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ််ဘက်က ထိခိုက်သေဆုံးသူ များပြားသည့်အပြင် စစ်သုံ့ပန်း ငါးဦးကိုလည်း အရှင်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း KNDF က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီ၏ ကား နှစ်စီးကို မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်းလည်း ပြောသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီးငါးလက်နှင့် ခဲယမ်းမျိုးစုံကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
KNDF ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ပြောဆိုလာခြင်း မရှိသေးပေ။

ဩဂုတ်လ ၂ ရက်နေ့မှ စတင်ကာ စက်တင်ဘာလအထိ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း အစီးရေ ၆၀ ထက်မနည်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘော်လခဲ- မယ်စဲ့ လမ်းအတိုင်း ထိုးဖောက်ဝင်ရောက်နေသည်။

ဖရူဆို- ဘောလခဲ ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးစားနေသည့် စစ်ကောင်စီ၏ ရှေ့တန်းစခန်းများသို့ ရိက္ခာပို့မည့် အဆိုပါ ယာဉ်တန်းသည် KNDF ပူးပေါင်းတပ်များ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် ရှေ့ဆက်သွားမရဘဲ ဖရူဆိုမြို့နယ် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းတွင် လက်ရှိ ရပ်နားထားရကြောင်း KNDF ဘက်က ပြောသည်။

အဆိုပါ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘော်လခဲ-ဖားဆောင်း-မယ်စဲ့ လမ်းပိုင်းသည် ပုံမှန်အခြေအနေတွင် ကားဖြင့် လေးနာရီခန့်သာ သွားရသည့် ခရီးဖြစ်သော်လည်း စစ်ကောင်စီတပ်၏ ရိက္ခာယာဉ်တန်းများသည် လနှင့်ချီပြီး ခရီးနှင်နေရသည်။

“တိုက်ပွဲက နေတိုင်းလိုလိုဖြစ်ပါတယ်၊ ထိခိုက်မှုက နှစ်ဖက်စလုံးရှိပါတယ်၊ ဒါပေမဲ့ စကစဘက် ပိုထိနာတယ်၊ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့က ခံစစ်ဖြစ်နေလို့ ထိုးစစ်နဲ့ ခံစစ်မှာ ထိုးစစ်ပိုထိနာတယ်” ဟု ဒီးမော့ဆို PDF တွဲဖက်ပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ကရင်နီပြည်တွင် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ် ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း ပြည်သူ ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ခရစ်ယာန် ဘုရားကျောင်းတကျောင်း၊ ကျန်းမာရေးအဆောက်အဦး တလုံးနှင့် နေအိမ်တလုံး ပျက်ဆီးခဲ့ကြောင်း KNDF က ဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတဦးနှင့် မြေမြှုပ်မိုင်းကြောင့် ပြည်သူတဦး စုစုပေါင်းနှစ်ဦး သေဆုံးခဲ့ရကြောင်းလည်း ပြောသည်။

ယင်းအပြင် လက်ရှိမှာ စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ခဲ့ရသည့် ထိုင်း- မြန်မာ နယ်စပ်က မယ်စဲ့မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အပြင်းအထန် ကြိုးပမ်းနေကြောင်းလည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စာတည်း။ ။ နောင်နောင်
ပုံအညွှန်း- ကရင်နီတွင်စက်တင်ဘာလ တလအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (KNDF)

#Mizzima
#ကရင်နီ
#တိုက်ပွဲ
#ဖရူဆို
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22🥱2❤1👏1
Media is too big
VIEW IN TELEGRAM
သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို အိန္ဒိယရဲတွေ စီးနင်းတိုက်ခိုက်

#InternationalNews #reels #shorts
🔥3👏1
စစ်ကောင်စီကတိုင်းရင်းသားခေါင်းဆောင်တချို့ကိုသွေးထိုးမှုများလုပ်နေတာကြောင့်အထူးဂရုပြုဖို့် NUG သတိပေး
အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းရင်းသားခေါင်းဆောင်တချို့ကို ...
https://www.youtube.com/watch?v=B0onstmNguE
👍6😁4
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍5🤮1
​​ဆားလင်းကြီးတွင် စစ်ကောင်စီက မြေပြင်‌ရောလေကြောင်းမှပါ တိုက်ခိုက်၊ ဒေသခံ ၈,၀၀၀ ခန့်ဘေးလွတ်ရာထွက်‌ပြေးနေရ
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အနောက်မြောက်ခြမ်းကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၀ နာရီခန့်တွင် လေကြောင်းသုံးတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာခြောက်ရွာမှ ဒေသခံ ၈,၀၀၀ ခန့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြသည်။

မတောင့်တကျေးရွာနှင့် ဗိုက်သရက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဟု မဇ္ဈိမ၏ မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။

"နောက်ဆုံးအခြေအနေက အကုန်လုံးစစ်ရှောင်နေရတာ။ ထိခိုက်မှုအခြေအနေလည်းဘာမှမသိရသေးဘူး။ အကုန်လုံးကထွက်ပြေးနေရတာ။ မတောင့်တနဲ့ ဗိုက်သရက်ကြားကို အရမ်းပစ်သွားတာ" ဟု ယနေ့ အောက်တိုဘာ ၄ရက် မွန်းလွဲ ၁၂နာရီ ၄၀မိနစ်ခန့် အခြေအနေကို မဇ္ဈိမ၏ မြေပြင်သတင်းထောက်က ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဗိုက်သရက်ကျေးရွာ အနီးသို့ ရောက်ရှိလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် စစ်ယာဉ်တန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် လေကြောင်းသုံးတိုက် ခိုက်လာခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

“ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစား နဲ့ ၁ နာရီ ခန့်ကြာအောင် ပစ်ခတ်သွားတာ ဖြစ်ပါတယ်။ စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ကို ပစ်ခတ်သွားတာ ဖြစ်တယ်” ဟုဒေသခံတဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် မိုးကာအုပ်ထားသည့် ကား ၁၅ စီးနှင့် မြေကော်ကား နှစ်စီးပါရှိပြီး ယနေ့ နေ့လယ်တွင် ဗိုက်သရက်နှင့် မတောင့်တရွာထဲ၌ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီမြေပြင်စစ်ကြောင်းနှင့် လေကြောင်းရန်ကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အစပ်ရှိ လည်ငေါက်၊ မတောင့်တ၊ တဲစု၊ ရွှေသမင်နှင့်ဗိုက်သရက် စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ စစ်ရှောင်နေကြရသည်ဟု မဇ္ဈိမ၏မြေပြင်သတင်းထောက်က ပြောသည်။

စာတည်း - အေးချမ်း
ယင်းမာပင်နှင့်ဆားလင်းကြီးနယ်စပ်မှ စစ်ဘေးရှောင်များ(ပုံဟောင်း)
Photo/Mizzima

#mizzima
#ဆားလင်းကြီးမြို့နယ်
#စစ်ကောင်စီလေကြောင်းတိုက်ခိုက်
#ဒေသခံများတိမ်းရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍5🔥1😁1
​​စစ်ကောင်စီ၏ လက်နက်ပွဲစားဆိုသူ ပစ်ခတ်ခံရပြီးနောက် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်လာ
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူ စီးပွားရေးလုပ်ငန်းရှင် ဦးဥာဏ်လွင်အောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်လာကြောင်း ဒေသခံများကပြောသည်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ၁၇ လမ်းနှင့် ၁၈ လမ်းကြား၊ အနော်ရထာလမ်းမပေါ်ရှိ ထမင်းကြော်ဆိုင်တဆိုင်၌ စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူ ဦးဉာဏ်လွင်အောင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Urban Owls အဖွဲ့က ထုတ်ပြန်ထားသည်။

“သူအပစ်ခံရပြီးနောက် စစ်သားတွေ ကင်းလှည့်လာတယ်။ အရင်က ရဲတွေလောက်ပဲ ကင်းလှည့်တာ။ Double Cab နဲ့ နောက်ခန်းထဲအပြည့်လိုက်ပြီး တလမ်းဝင် တလမ်းထွက် ကင်းလှည့်နေတာတွေ့ရတယ်” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများ အပြည့်လိုက်ပါ၍ လှည့်လည်နေခြင်းဖြစ်ပြီး ယခင်ရက်များထက် အင်အားပိုသုံး ပြီး ကင်းလှည့်နေသည်ကိုတွေ့ရကြောင်းလည်း ၎င်းကပြောသည်။

“နောက်ခန်းကခပ်ကျဥ်းကျဥ်းလေး၊ ထိုင်လို့ရရင် တဖက်လေးယောက်လောက်ပဲ ထိုင်လို့ရမယ်။ အခုက တစ်ဖက်ငါးယောက်စီ ကြပ်ကြပ်တည်းတည်းထိုင်ပြီး ကင်းလှည့်နေတဲ့အနေအထားမျိုး။ ခါတိုင်းဆို ကား ထဲမှာ ရဲလေးယောက်လောက်ပါတယ်။ အပြင်ကို သေနတ် အရံသင့်ချိန်ထားတာ။ အခု ကားအထဲမှာ စစ်သားတွေပြည့်ကြပ်အောင်ထိုင်နေတဲ့အနေအထားမျိုးနဲ့ သေနတ်ထောင်ပြီး ကိုင်ထားတာတွေ့ရတယ်” ဟု အခြားဒေသခံတဦးက ပြောသည်။
စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူအား ပစ်ခတ်မှုဖြစ်ပွားသည့် ဆိုင်တန်းနေရာသည် ညပိုင်းအချိန်များ၌ သာ ဖွင့်လှစ်ရောင်းချသည့်ဆိုင်များဖြစ်သည်ဟု ဒေသခံများကပြောသည်။

“အဲ့ဒီဆိုင်တွေက ညနေပိုင်းမှလာဖွင့်တဲ့ဆိုင်တွေပါ။ သာမန်လူတန်းစားတွေ အဲဒီဆိုင်တွေမှာ မစားနိုင် ဘူး။ ဘာလို့လဲဆိုတော့ တခြားဆိုင်တွေထက် စျေးကြီးလို့ပါ။ ဒါပေမယ့် ဒီဆိုင်တွေမှာ ထိုင်ကြတဲ့သူတွေ များပါတယ်။ လမ်းဘေးဆိုင်ဆိုပေမယ့် ကားစီးနိုင်တဲ့သူတွေပဲ ထိုင်တာများတယ်။

အနော်ရထာလမ်းမ ပေါ်မှာပဲ ဖွင့်တဲ့ဆိုင်တွေပါ။ လတ်တလော အလာကျဲသွားတယ်ကြားတယ်” ဟု နောက်ထပ်ဒေသခံတဦး က ဆိုသည်။

ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်အချို့တွင် အောက်တိုဘာလ ၃ ရက်နေ့မှစတင်ပြီး လုံခြုံရေးတိုးမြှင့်ချထား လာပြီး စျေးရှေ့၊ စာသင်ကျောင်းရှေ့များ၌ ကားရပ်ကာ လမ်းသွားလမ်းလာများကို စောင့်ကြည့်ခြင်းများ ပြုလုပ်သည့်အပြင် ယခင်က နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်များ၌သာ ကင်းလှည့်သည်ကို တွေ့ရပြီး လတ်တလော၌ အကြိမ်ရေတိုးမြှင့်ပြုလုပ်လာကြောင်း သိရသည်။

“စမ်းချောင်းကတော့ ကင်းလှည့်တဲ့အင်အားတိုးလာတယ်။ ကြည့်မြင်တိုင်ဘူတာဘက်မှာ နေ့ရောညပါ လုံခြုံရေးရှိနေတာ။ ဗားကရာချောက်က ကင်းတဲမှာလည်း လူတိုးလာတယ်” စမ်းချောင်းမြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လှိုင်မြို့နယ်တွင်လည်း အောက်တိုဘာလ ၂ နေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ထားခြင်းကြောင့် လှည့်ကင်းများ ရှိသလို အင်းစိန်လမ်း အုတ်ကျင်းမှတ်တိုင်အနီးတွင်လည်း ညဘက်၌ လမ်းနှစ်ဖက်လုံးမှတားပြီး စစ်ဆေး နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ရန်ကုန်မြို့
#လုံခြုံရေးတိုးမြှင့်
#Urban_Owls
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁7❤2