Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍5🤮1
​​ဆားလင်းကြီးတွင် စစ်ကောင်စီက မြေပြင်‌ရောလေကြောင်းမှပါ တိုက်ခိုက်၊ ဒေသခံ ၈,၀၀၀ ခန့်ဘေးလွတ်ရာထွက်‌ပြေးနေရ
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အနောက်မြောက်ခြမ်းကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၀ နာရီခန့်တွင် လေကြောင်းသုံးတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာခြောက်ရွာမှ ဒေသခံ ၈,၀၀၀ ခန့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြသည်။

မတောင့်တကျေးရွာနှင့် ဗိုက်သရက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဟု မဇ္ဈိမ၏ မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။

"နောက်ဆုံးအခြေအနေက အကုန်လုံးစစ်ရှောင်နေရတာ။ ထိခိုက်မှုအခြေအနေလည်းဘာမှမသိရသေးဘူး။ အကုန်လုံးကထွက်ပြေးနေရတာ။ မတောင့်တနဲ့ ဗိုက်သရက်ကြားကို အရမ်းပစ်သွားတာ" ဟု ယနေ့ အောက်တိုဘာ ၄ရက် မွန်းလွဲ ၁၂နာရီ ၄၀မိနစ်ခန့် အခြေအနေကို မဇ္ဈိမ၏ မြေပြင်သတင်းထောက်က ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဗိုက်သရက်ကျေးရွာ အနီးသို့ ရောက်ရှိလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် စစ်ယာဉ်တန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် လေကြောင်းသုံးတိုက် ခိုက်လာခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

“ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစား နဲ့ ၁ နာရီ ခန့်ကြာအောင် ပစ်ခတ်သွားတာ ဖြစ်ပါတယ်။ စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ကို ပစ်ခတ်သွားတာ ဖြစ်တယ်” ဟုဒေသခံတဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် မိုးကာအုပ်ထားသည့် ကား ၁၅ စီးနှင့် မြေကော်ကား နှစ်စီးပါရှိပြီး ယနေ့ နေ့လယ်တွင် ဗိုက်သရက်နှင့် မတောင့်တရွာထဲ၌ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီမြေပြင်စစ်ကြောင်းနှင့် လေကြောင်းရန်ကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အစပ်ရှိ လည်ငေါက်၊ မတောင့်တ၊ တဲစု၊ ရွှေသမင်နှင့်ဗိုက်သရက် စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ စစ်ရှောင်နေကြရသည်ဟု မဇ္ဈိမ၏မြေပြင်သတင်းထောက်က ပြောသည်။

စာတည်း - အေးချမ်း
ယင်းမာပင်နှင့်ဆားလင်းကြီးနယ်စပ်မှ စစ်ဘေးရှောင်များ(ပုံဟောင်း)
Photo/Mizzima

#mizzima
#ဆားလင်းကြီးမြို့နယ်
#စစ်ကောင်စီလေကြောင်းတိုက်ခိုက်
#ဒေသခံများတိမ်းရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍5🔥1😁1
​​စစ်ကောင်စီ၏ လက်နက်ပွဲစားဆိုသူ ပစ်ခတ်ခံရပြီးနောက် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်လာ
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူ စီးပွားရေးလုပ်ငန်းရှင် ဦးဥာဏ်လွင်အောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်လာကြောင်း ဒေသခံများကပြောသည်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ၁၇ လမ်းနှင့် ၁၈ လမ်းကြား၊ အနော်ရထာလမ်းမပေါ်ရှိ ထမင်းကြော်ဆိုင်တဆိုင်၌ စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူ ဦးဉာဏ်လွင်အောင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Urban Owls အဖွဲ့က ထုတ်ပြန်ထားသည်။

“သူအပစ်ခံရပြီးနောက် စစ်သားတွေ ကင်းလှည့်လာတယ်။ အရင်က ရဲတွေလောက်ပဲ ကင်းလှည့်တာ။ Double Cab နဲ့ နောက်ခန်းထဲအပြည့်လိုက်ပြီး တလမ်းဝင် တလမ်းထွက် ကင်းလှည့်နေတာတွေ့ရတယ်” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများ အပြည့်လိုက်ပါ၍ လှည့်လည်နေခြင်းဖြစ်ပြီး ယခင်ရက်များထက် အင်အားပိုသုံး ပြီး ကင်းလှည့်နေသည်ကိုတွေ့ရကြောင်းလည်း ၎င်းကပြောသည်။

“နောက်ခန်းကခပ်ကျဥ်းကျဥ်းလေး၊ ထိုင်လို့ရရင် တဖက်လေးယောက်လောက်ပဲ ထိုင်လို့ရမယ်။ အခုက တစ်ဖက်ငါးယောက်စီ ကြပ်ကြပ်တည်းတည်းထိုင်ပြီး ကင်းလှည့်နေတဲ့အနေအထားမျိုး။ ခါတိုင်းဆို ကား ထဲမှာ ရဲလေးယောက်လောက်ပါတယ်။ အပြင်ကို သေနတ် အရံသင့်ချိန်ထားတာ။ အခု ကားအထဲမှာ စစ်သားတွေပြည့်ကြပ်အောင်ထိုင်နေတဲ့အနေအထားမျိုးနဲ့ သေနတ်ထောင်ပြီး ကိုင်ထားတာတွေ့ရတယ်” ဟု အခြားဒေသခံတဦးက ပြောသည်။
စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူအား ပစ်ခတ်မှုဖြစ်ပွားသည့် ဆိုင်တန်းနေရာသည် ညပိုင်းအချိန်များ၌ သာ ဖွင့်လှစ်ရောင်းချသည့်ဆိုင်များဖြစ်သည်ဟု ဒေသခံများကပြောသည်။

“အဲ့ဒီဆိုင်တွေက ညနေပိုင်းမှလာဖွင့်တဲ့ဆိုင်တွေပါ။ သာမန်လူတန်းစားတွေ အဲဒီဆိုင်တွေမှာ မစားနိုင် ဘူး။ ဘာလို့လဲဆိုတော့ တခြားဆိုင်တွေထက် စျေးကြီးလို့ပါ။ ဒါပေမယ့် ဒီဆိုင်တွေမှာ ထိုင်ကြတဲ့သူတွေ များပါတယ်။ လမ်းဘေးဆိုင်ဆိုပေမယ့် ကားစီးနိုင်တဲ့သူတွေပဲ ထိုင်တာများတယ်။

အနော်ရထာလမ်းမ ပေါ်မှာပဲ ဖွင့်တဲ့ဆိုင်တွေပါ။ လတ်တလော အလာကျဲသွားတယ်ကြားတယ်” ဟု နောက်ထပ်ဒေသခံတဦး က ဆိုသည်။

ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်အချို့တွင် အောက်တိုဘာလ ၃ ရက်နေ့မှစတင်ပြီး လုံခြုံရေးတိုးမြှင့်ချထား လာပြီး စျေးရှေ့၊ စာသင်ကျောင်းရှေ့များ၌ ကားရပ်ကာ လမ်းသွားလမ်းလာများကို စောင့်ကြည့်ခြင်းများ ပြုလုပ်သည့်အပြင် ယခင်က နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်များ၌သာ ကင်းလှည့်သည်ကို တွေ့ရပြီး လတ်တလော၌ အကြိမ်ရေတိုးမြှင့်ပြုလုပ်လာကြောင်း သိရသည်။

“စမ်းချောင်းကတော့ ကင်းလှည့်တဲ့အင်အားတိုးလာတယ်။ ကြည့်မြင်တိုင်ဘူတာဘက်မှာ နေ့ရောညပါ လုံခြုံရေးရှိနေတာ။ ဗားကရာချောက်က ကင်းတဲမှာလည်း လူတိုးလာတယ်” စမ်းချောင်းမြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လှိုင်မြို့နယ်တွင်လည်း အောက်တိုဘာလ ၂ နေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ထားခြင်းကြောင့် လှည့်ကင်းများ ရှိသလို အင်းစိန်လမ်း အုတ်ကျင်းမှတ်တိုင်အနီးတွင်လည်း ညဘက်၌ လမ်းနှစ်ဖက်လုံးမှတားပြီး စစ်ဆေး နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ရန်ကုန်မြို့
#လုံခြုံရေးတိုးမြှင့်
#Urban_Owls
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁7❤2
​​ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၉ ဦး ရနောင်းတွင် ဖမ်းဆီးခံရ
====================

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်၊ ရနောင်းမြို့တွင် အောက်တိုဘာ ၂ ရက်က တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦး ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
​​တောင်တရုတ်ပင်လယ်၌ သင်္ဘောဖြင့် တိုက်မိ၍ ဖိလစ်ပိုင်ငါးဖမ်းသမား ၃ ဦး သေဆုံး
=======================

တောင်တရုတ်ပင်လယ်ပြင်တွင် နိုင်ငံခြား ကော်မာရှယ် သင်္ဘောတစင်းက ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတစင်းကို ဝင်တိုက်မှု ဖြစ်စဉ် ဖြစ်ပြီးနောက် ဖိလစ်ပိုင်ငါးဖမ်းသမား သုံးဦး သေဆုံးခဲ့ရကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1👏1😢1
​​ပုံဟောင်းများဖြင့် ရက္ခိုင့်တပ်တော်က ရိုဟင်ဂျာမိသားစုများကို လက်နက်တပ်ဆင်နေဟု သတင်းမှားဖြန့်
=====================

MMTI
(မဇ္ဈိမ)။ ။ရက္ခိုင့်တပ်တော်(AA)က ရိုဟင်ဂျာမိသားစုများကိုစည်းရုံး၍ လက်နက်တပ်ဆင်ကာ အဖွဲ့ဝင် အဖြစ်ခန့်အပ်ရန်ကြိုးစားနေသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေ သည်။

“DOROR WADDY MEDIA” အမည်ရှိ တဟ်လီဂရမ်ချန်နယ်တွင် စက်တင်ဘာ ၁၆ ရက်နေ့က “AA အဖွဲ့ များ ဘင်္ဂါလီမိသားစုများကိုစည်းရုံး၍ လက်နက်တပ်ဆင်တပ်ဖွဲ့ဝင်အဖြစ် ခန့်ဖို့ကြိုးစားနေ” ဟုဆိုကာ ပုံ သုံးပုံဖြင့် ရက္ခိုင့်တပ်တော်(AA)က ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ခြင်း၊ တရားစီရင်ရေးတွင် ခန့်အပ် ထားခြင်း၊ ရခိုင်ပြည်တွင် ရိုဟင်ဂျာလက်နက်ကိုင်တပ်ပေါ်ပေါက်လာရန်ကြိုးစားနေခြင်း၊ လက်ရှိ AA တပ်ဖွဲ့တွင် ရိုဟင်ဂျာတပ်ဖွဲ့ဝင်များလည်း တာဝန်ထမ်းဆောင်နေကြောင်း ပုံသုံးပုံကိုညွှန်းကာ ရေးသား ထားသည်။

၎င်း၏ အရေးအသားတွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများကို ရန်တိုက်ပေးခြင်း၊ အမုန်းစကားလည်း ပါဝင်သည်။
ထိုအကြောင်းကို တယ်လီဂရမ်ချန်နယ်ခုနစ်ခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၁၅,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ အလားတူ “DOROR WADDY MEDIA” အမည်ဖြင့် ဖေ့စ်ဘုတ်တွင်လည်း ဖြန့်ဝေထားသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ အချက်အလက်စစ်ဆေးခဲ့ရာတွင် ပုံဟောင်းများဖြစ်နေကြောင်း တွေ့ရသည်။
ပုံသုံးပုံအနက် ပစ္စည်းများထောက်ပံ့နေသည့် အခမ်းအနားပုံများဖြစ်သည့် ပထမပုံနှင့် ဒုတိယပုံသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က မူဆလင်ဘာသာရေးပွဲတော် ကုရ်ဘာနီအီးဒ်နေ့တွင် ရခိုင်နှင့် မူဆလင် ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန် AA က မူဆလင်အပြစ်သား ရှစ်ဦးကိုလွှတ်ပေးပြီး မွတ်ဆလင် ၄၀၀ ကျော်အတွက် အဝတ်အထည်များထောက်ပံ့သည့်သတင်းမှ ပုံဖြစ်သည်။ ထိုအကြောင်းကို နေရိဥ္စရာ သတင်းဌာနမှ သတင်းဖော်ပြထားခဲ့သည်။ လင့် - t.ly/OxkjE

တတိယပုံဖြစ်သည့် ကလေးငယ်ကို ရဲမေက ကျန်းမာရေးစမ်းသပ်နေသည့်ပုံသည် ၂၀၂၁ ခုနှစ် ဩဂုတ်လ တွင် Froniter Myanmar သတင်းဌာနက သတင်းဖော်ပြထားသည့် ရက္ခိုင့်တပ်မတော်မှ ရခိုင်ပြည်နယ် တွင် အုပ်ချုပ်ရေပိုင်းတိုးချဲ့သည့်သတင်းမှ ပုံဖြစ်သည်။ ပုံအောက်ခြေတွင်လည်း ရသေ့တောင်မြို့နယ် တွင် AA မှ ဆေးအရာရှိများက အရပ်သားများကို ကိုဗစ်နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်စဉ်က ပုံဖြစ်ကြောင်း ဖော်ပြထားသည်။ လင့် - t.ly/d2YIn

မဇ္ဈိမက ယခုပျံ့နှံ့နေသည့်သတင်းနှင့်ပတ်သက်ပြီး အာလဖာ(၂)စစ်ဒေသမှ AA တပ်သားတယောက်ကို မေးမြန်းခဲ့ရာ “ကျွန်တော်တို့ AA ဟာ လောလောဆယ် ရခိုင်ပြည်မှာရှိတဲ့ မျိုးနွယ်စုပေါင်းစုံ၊ ဘာသာပေါင်း စုံ သဟဇာတနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် ပြည်သူတွေနဲ့လက်တွဲပြီးလုပ်ဆောင်နေတာကို ပြည်သူ တွေအမြင်ပဲဖြစ်ပါတယ်။ လက်နက်ကိုလည်း AA/ULA တပ်ဖွင့်ဝင်များသာ ကိုင်ဆောင်ခွင့်ပေးထားပြီး မည်သည့်ပြည်သူကိုမှ လက်နက်တပ်ဆင်ခြင်း မရှိပါဘူး။ ဒါတွေကို ကျွန်တော်တို့ကိုမေးရမှာထက် ပြည်သူတစ်ယောက်ချင်းစီကို မေးလည်းရတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထို့ကြောင့် ရက္ခိုင့်တပ်တော်(AA)က ရိုဟင်ဂျာမိသားစုများကိုစည်းရုံး၍ လက်နက်တပ်ဆင်ပေးကာ တပ် ဖွဲ့ဝင်အဖြစ် ခန့်ရန်ကြိုးစားနေသည်ဆိုသောသတင်းမှာ သတင်းအကြောင်းအရာမတူညီသည့် ပုံဟောင်း များကိုစုစည်းအသုံးပြုပြီး သတင်းတုအဖြစ် ဖန်တီးဖြန့်ဝေထားခြင်းသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#AA
#Rohinga
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁3
​​တိဗက်ဗုဒ္ဓဘာသာရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန် တရုတ်အစိုးရကို ဥရောပဗုဒ္ဓဘာသာသမဂ္ဂက တောင်းဆို 
=========================

ဥရောပ ဗုဒ္ဓဘာသာ သမဂ္ဂ (EBU) က ၂၀၂၃ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသည့် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် တရုတ်အစိုးရအနေဖြင့် တိဗက် ဗုဒ္ဓဘာသာ အရေးတွင် ဝင်ရောက် စွက်ဖက်မှု ကို ရပ်တန့်ရန် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး တညီတညွတ်တည်း ထောက်ခံအတည်ပြု၍ ပြင်းပြင်း ထန်ထန် တောင်းဆိုခဲ့သည်။ အထူးသဖြင့် ရိုသေလေးစားထိုက်သူ ဒလိုင်းလားမား အပါအဝင် မြင့်မြတ်သော လားမားများ အရိုက်အရာ ဆက်ခံခြင်းကို အသိအမှတ်ပြုသည့် တိဗက်ထုံးတမ်း အစဉ်အလာကို လေးစားလိုက်နာရန် လိုအပ်ကြောင်း EBU က အလေးပေး ပြောကြားခဲ့သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁3
​​အင်ဒိုနီးရှား နိုင်ငံပိုင်ကုမ္ပဏီများက မြန်မာကို လက်နက်ထောက်ပံ့နေဟု တက်ကြွလှုပ်ရှားသူများ ပြော 
=======================

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခ ဆိုက်ရောက်လျက်ရှိချိန်မှစကာ အင်ဒိုနီးရှားနိုင်ငံက ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြားဝင်ကြိုးစားပေးလျက် ရှိရာ မြန်မာနိုင်ငံဆီ နိုင်ငံပိုင်ကုမ္ပဏီများက သံသယဖြစ်ဖွယ် လက်နက်ရောင်းချနေခြင်းကို စုံစမ်းစစ်ဆေးရန် အင်ဒိုနီးရှားနိုင်ငံအား လူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်းကြသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁2