Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီဒေါက်တိုင် အကိုင်းအခက်သာမက ရေသောက်မြစ်ကိုပါ လှန်ပြလိုက်တဲ့ မြို့ပြပြောက်ကျားတွေ
နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်ခဲ့တဲ့ စကားလုံးတွေထဲက တစ်ခုကတော့ ...
https://www.youtube.com/watch?v=31UFzK0qMbw
👍10🥰1😁1🥴1
​​5.10.2023 (Thursday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=====================

Highlight

အနာဂတ်အတွက် ကြယ်နှစ်စင်း (ညနေ - ၆ နာရီ)
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ နှစ်လုံးသားတစ်စုံ (ည- ၇ နာရီ)
India Movie - Geetha Govindam ( ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍4🔥2
အောက်တိုဘာလ( ၅ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==========================

00:59-KIO အုပ်ချုပ်ရေး အရာရှိ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီးတဲ့သတင်း

02:34-ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆုံးဖြစ်တဲ့သတင်း

05:54-သထုံမှာ အငြိမ်းစား ဗိုလ်ကြီး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့သတင်း

07:00-ရေးမြို့နယ်က ရဲစခန်း ၆ ခုအနက် ၅ ခုမှာ ဒီနေ့အထိ ရဲတပ်သားတွေ ခြေမချရဲတဲ့သတင်း
အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/eIeQx5cBtnM?si=1xRVZtfLicVoETqB

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🔥2
​​Geetha Govindam
===============

- ဒီဇာတ်ကားလေးက အိန္ဒိယမှာ အရမ်းကို ပေါက်ခဲ့တဲ့ဇာတ်ကားလေးပါ။

ရည်းစားဆိုတာ မူးလို့တောင် ရှူစရာမရှိ ..
တစ်ဖတ်သတ် ပိုးပမ်းခဲ့ရတဲ့သူကလည်း အိမ်ထောင်သည်ဖြစ်မှန်းမသိဖြစ်နေ ..

ဒီလိုအလွဲတွေနဲ့ ချာလပတ်ရမ်းနေတဲ့ ဗီဂျေးက တစ်နေ့မှာတော့ ဂီသာဆိုတဲ့ ခေါင်းမာပြီး ဂျစ်ကန်ကန်နိုင်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ ဆုံရတာကလည်း ဗီးဂျေးရဲ့ထုံးစံအတိုင်း တလွဲအဖြစ်အပျက်နဲ့ပါ။ အရှက်တကွဲထွက်ပြေးခဲ့ရတဲ့ ဗီဂျေးတစ်ယောက် ဒီအဖြစ်ကို မေ့မေ့ပျောက်ပျောက်နေခဲ့ပေမယ့် တစ်နေ့မှာ ဂီသာဆိုတာက ဒေါသကြီးတဲ့ ရဲအရာရှိ ယောက်ဖလောင်းရဲ့ ညီမဖြစ်နေတာကို သိလိုက်ရတဲ့အခါ …..

တစ်ချိန်က အထင်လွဲမှုတွေကို ဗီဂျေးက ဘယ်လိုဖြေရှင်းမလဲ .. သူ့ရဲ့ထုံးစံအတိုင်း တလွဲတွေထပ်ကြုံလာရဦးမလားဆိုတာတော့ …
ဆက်လက်ကြည့်ရှုပေးကြပါဗျာ…

ရယ်လည်းရယ်ရ ကြည်နူးစရာလည်းကောင်း အိုဗာတွေလည်း ကင်းစင်တဲ့ တောင်ပိုင်းကားလေးကြောင့် ပရိတ်သတ်ကြီး အမောပြေရဦးမှာပါ။

မင်းသားကတော့ ဗီဂျေးအငယ်လို့ တောင်ပိုင်းမှာနာမည်ကြီးတဲ့ Vijay Deverakona ဖြစ်ပြီး မင်းသမီးကတော့ လတ်တလောနာမည်ကြီးနေတဲ့ Pushpa ဇာတ်ကားထဲက အသည်းကျော် Rashmika ပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို Mizzima + HD Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima + HD တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 5.10.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 6.10.2023
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍7🔥1😁1
​​OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://tinyurl.com/MZMWM40
👍6🤮1
​​KIO အုပ်ချုပ်ရေး အရာရှိ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
=====================

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးအရာရှိ နှစ်ဦးနှင့်အတူ ဆက်စပ်သူများကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ကေအိုင်အိုအုပ်ချုပ်ရေးရုံးနှင့် နီးစပ်သော ကချင်သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ကြာရာပတ္တီးရပ်ကွက်မှ ပြန်လာသော အရပ်သား နှစ်ဦးကို ထီဝန်းလမ်းဆုံတွင် ပိတ်ဆို့ဖမ်းဆီးလိုက်ပြီးနောက် ၎င်းအရပ်သား နှစ်ဦးမှတဆင့် KIO အစိုးရ၏ မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေးအရာရှိ နှစ်ဦး ကွင်းဆက် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

“ဖမ်းခံသွားရတာ အရပ်သား နှစ်ယောက်က KIO / A က ဝန်ထမ်းတော့မဟုတ်ဘူး၊ ရုံးဘက်ကလိုရင် ခေါ်ခိုင်းတဲ့သူတွေ ဟုတ်တယ်၊ အခုလည်း ဖမ်းခံတဲ့ထဲ ပါသွားတဲ့အရာရှိတယောက်က ကြာရာပတ္တီးဘက်ကို အဖော်ခေါ်သွားရင်း ပြန်လာတဲ့အချိန် ထီဝန်းလမ်းဆုံမှာ စစ်တပ်က စောင့်ဖမ်းသွားတာ၊ အဲကနေ ကွင်းဆက်လိုက်ပြီးတော့ KIO အရာရှိ နှစ်ယောက်ကို သူတို့ရဲ့အိမ်မှာပဲ ဝင်ဖမ်းသွား တာလို့ သိရတယ်” ဟု KIO အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သော ကချင်သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသည့် KIO အုပ်ချုပ်ရေးအရာရှိ နှစ်ဦးမှာ မြစ်ကြီးနားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး လဘန်တူးမိုင်နှင့် အုပ်စုအုပ်ချုပ်ရေးမှူး မရန်လှရိန်တို့ဖြစ်ပြီး ကျန်ဖမ်းဆီးခံ အရပ်သာားနှစ်ဦး၏ အမည်များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယခုဖမ်းဆီးခံထားရသော ဒုအုပ်ချုပ်ရေးမှူး လဘန်တူးမိုင်သည် ယခင်ဖမ်း ဆီးခံလိုက်ရသည့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး အဒေါင် နေရာတွင် အစားထိုးထားသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လူမှုကွန်ယက်အသုံးပြုနေကြသည့် ကချင်လူထုကြား KIO အရာရှိ နှစ်ဦး ဖမ်းဆီးခံရချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားကာ တဦးသေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

KIO အုပ်ချုပ်ရေး အရာရှိနှစ်ဦး အဖမ်းခံရပြီး နောက်တနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း အေမြသာယာရပ်ကွက်က KIO အုပ်ချုပ်ရေးရုံးများ၏ ဝန်ထမ်း (ဆပ်သား) ခြောက်ဦး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း ကနဦး စုံစမ်းသိရှိရသည်။

ထိုသို့ KIO အရာရှိများနှင့် အမှုထမ်းများ အဖမ်းခံရမှုနှင့် ပက်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

လက်ရှိအချိန်မှာ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး တင်ကြပ်ချထားသကဲ့သို့ အချို့နေရာများတွင် နေ့ရောညပါ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV (ယခု Smile KTV ဟု အမည်ပြောင်းထား) မှာ KIO အုပ်ချုပ်ရေးအရာရှိများနှင့် အမှုထမ်း ၁၃ ဦးဖမ်းဆီးခံခဲ့ရသည်။

ထို့ပြင် ယခုနှစ် ဇွန်လ ၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး အဒေါင်နှင့် မလိယန်မြို့နယ် လက်အောက်ခံ ဇီးအွန်တိုက်နယ် ဒုအုပ်ချုပ်ရေးမှူး အင်ခွမ်လတို့ ဖမ်းဆီးခံခဲ့ရသည်။

စာတည်း။ ။ နောင်နောင်

#မြစ်ကြီးနား
#KIO
#အုပ်ချုပ်ရေးအရာရှိ
#ဖမ်းဆီးခံရ
#hardnews
👍9🤬3❤1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍7🤮1