KIO အုပ်ချုပ်ရေး အရာရှိ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
=====================
အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးအရာရှိ နှစ်ဦးနှင့်အတူ ဆက်စပ်သူများကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ကေအိုင်အိုအုပ်ချုပ်ရေးရုံးနှင့် နီးစပ်သော ကချင်သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။
အောက်တိုဘာလ ၂ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ကြာရာပတ္တီးရပ်ကွက်မှ ပြန်လာသော အရပ်သား နှစ်ဦးကို ထီဝန်းလမ်းဆုံတွင် ပိတ်ဆို့ဖမ်းဆီးလိုက်ပြီးနောက် ၎င်းအရပ်သား နှစ်ဦးမှတဆင့် KIO အစိုးရ၏ မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေးအရာရှိ နှစ်ဦး ကွင်းဆက် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
“ဖမ်းခံသွားရတာ အရပ်သား နှစ်ယောက်က KIO / A က ဝန်ထမ်းတော့မဟုတ်ဘူး၊ ရုံးဘက်ကလိုရင် ခေါ်ခိုင်းတဲ့သူတွေ ဟုတ်တယ်၊ အခုလည်း ဖမ်းခံတဲ့ထဲ ပါသွားတဲ့အရာရှိတယောက်က ကြာရာပတ္တီးဘက်ကို အဖော်ခေါ်သွားရင်း ပြန်လာတဲ့အချိန် ထီဝန်းလမ်းဆုံမှာ စစ်တပ်က စောင့်ဖမ်းသွားတာ၊ အဲကနေ ကွင်းဆက်လိုက်ပြီးတော့ KIO အရာရှိ နှစ်ယောက်ကို သူတို့ရဲ့အိမ်မှာပဲ ဝင်ဖမ်းသွား တာလို့ သိရတယ်” ဟု KIO အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သော ကချင်သတင်းရင်းမြစ်က ပြောသည်။
ဖမ်းဆီးခံရသည့် KIO အုပ်ချုပ်ရေးအရာရှိ နှစ်ဦးမှာ မြစ်ကြီးနားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး လဘန်တူးမိုင်နှင့် အုပ်စုအုပ်ချုပ်ရေးမှူး မရန်လှရိန်တို့ဖြစ်ပြီး ကျန်ဖမ်းဆီးခံ အရပ်သာားနှစ်ဦး၏ အမည်များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ယခုဖမ်းဆီးခံထားရသော ဒုအုပ်ချုပ်ရေးမှူး လဘန်တူးမိုင်သည် ယခင်ဖမ်း ဆီးခံလိုက်ရသည့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး အဒေါင် နေရာတွင် အစားထိုးထားသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လူမှုကွန်ယက်အသုံးပြုနေကြသည့် ကချင်လူထုကြား KIO အရာရှိ နှစ်ဦး ဖမ်းဆီးခံရချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားကာ တဦးသေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
KIO အုပ်ချုပ်ရေး အရာရှိနှစ်ဦး အဖမ်းခံရပြီး နောက်တနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း အေမြသာယာရပ်ကွက်က KIO အုပ်ချုပ်ရေးရုံးများ၏ ဝန်ထမ်း (ဆပ်သား) ခြောက်ဦး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း ကနဦး စုံစမ်းသိရှိရသည်။
ထိုသို့ KIO အရာရှိများနှင့် အမှုထမ်းများ အဖမ်းခံရမှုနှင့် ပက်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
လက်ရှိအချိန်မှာ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး တင်ကြပ်ချထားသကဲ့သို့ အချို့နေရာများတွင် နေ့ရောညပါ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV (ယခု Smile KTV ဟု အမည်ပြောင်းထား) မှာ KIO အုပ်ချုပ်ရေးအရာရှိများနှင့် အမှုထမ်း ၁၃ ဦးဖမ်းဆီးခံခဲ့ရသည်။
ထို့ပြင် ယခုနှစ် ဇွန်လ ၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး အဒေါင်နှင့် မလိယန်မြို့နယ် လက်အောက်ခံ ဇီးအွန်တိုက်နယ် ဒုအုပ်ချုပ်ရေးမှူး အင်ခွမ်လတို့ ဖမ်းဆီးခံခဲ့ရသည်။
စာတည်း။ ။ နောင်နောင်
#မြစ်ကြီးနား
#KIO
#အုပ်ချုပ်ရေးအရာရှိ
#ဖမ်းဆီးခံရ
#hardnews

👍9🤬3❤1
သွေးလွန်တုပ်ကွေးကြောင့်သေဆုံးမှုစံချိန်တင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆေးရုံတွေမှာ အရေးပေါ်အခြေအနေဖြစ်နေ
======================
https://youtu.be/hi22mW4bPF8?si=d3Mwuxz0fyTiwvIl

YouTube
သွေးလွန်တုပ်ကွေးကြောင့်သေဆုံးမှုစံချိန်တင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆေးရုံတွေမှာ အရေးပေါ်အခြေအနေဖြစ်နေ
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုစံချိန်တင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆေးရုံတွေမှာ အရေးပေါ်အခြေအနေဖြစ်နေ
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍6🔥1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍7🤮1
သွေးလွန်တုပ်ကွေးကြောင့်သေဆုံးမှုစံချိန်တင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆေးရုံတွေမှာ အရေးပေါ်အခြေအနေဖြစ်နေ
====================
https://youtu.be/hi22mW4bPF8?si=dyHkAcVgN1oXCGrA
====================
https://youtu.be/hi22mW4bPF8?si=dyHkAcVgN1oXCGrA
YouTube
သွေးလွန်တုပ်ကွေးကြောင့်သေဆုံးမှုစံချိန်တင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆေးရုံတွေမှာ အရေးပေါ်အခြေအနေဖြစ်နေ
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုစံချိန်တင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆေးရုံတွေမှာ အရေးပေါ်အခြေအနေဖြစ်နေ
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
👍4🔥1👏1
စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၀၀ခန့်အသက်ဆုံးရှုံးခဲ့ရ
========================
စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ငါးရာနီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကာလတစ်လျှောက်လုံး ကလေးငယ် ၄၉၁ ဦးကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း ဦးအောင်မျိုးမင်းက အောက်တိုဘာလ ၄ ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုပြီးနောက် စစ်တပ်က ပုံစံအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရန်သူကဲ့သို့ သတ်မှတ်ပြီး သတ်ဖြတ်ခြင်း များရှိကြောင်း၊ အဆိုပါ သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်ပြီး တရားစွဲနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့လည်း ၎င်းက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၁၁၉ ကျောင်းပျက်စီးခဲ့ရပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာက စာသင်ကျောင်းမှ ဆရာမ တစ်ဦးနဲ့ ကလေး ၂၁ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း ၊ စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေ ကြောင်း အသုံးပြုတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှု ၂၃၅၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုအား အရေးယူနိုင်မယ့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ တစ်နိုင်ငံချင်းတရားစွဲဆိုအရေးယူရန်အတွက် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်တဲ့ NUG ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ရဲ့ လမ်းပြဘုံသဘောတူညီချက် ၅ ချက်၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ စတာတွေကို စစ်ကောင်စီက လုံးဝ လေးစားလိုက်နာမှုမရှိတဲ့အပြင် ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်းနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှု ဥပဒေတွေနဲ့ စာချုပ်စာတမ်းတွေ ၊စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်နေကြောင်း NUG ကဆိုပါတယ်။
နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်အုပ်စုကို ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုများ၊ လေယာဉ်ဆီအပါအဝင် စစ်လက်နက်များတင်ပို့ရောင်းချမှုများအား ပိတ်ဆို့မှုတို့ပါဝင်တဲံ ဆုံးဖြတ်ချက်သစ်နဲ့ အရေးယူဆောင်ရွက်မှုတွေ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ အချိန်ကျရောက်နေပြီဖြစ်ကြောင်းကိုလည်း NUG ရဲ့ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အဆိုပါကျူးလွန်မှုတွေမှာ ပါဝင်တဲ့ တာဝန်ရှိသူ၊ လက်ရောက်ကျူးလွန်သူ နဲ့ အားပေးအားမြှောက်ပြုသူများအားလုံးကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်တားပါတယ်။
စစ်ကောင်စီကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံးကို ICC ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။
https://youtu.be/aTqsZkGidXw?si=zg1Y7skok7JOO1vZ
#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

စစ်အာဏာသိမ်းပြီးနောက် ကာလတစ်လျှောက်လုံး…

👍9🤬3😢2❤1🔥1
သွေးလွန်တုပ်ကွေးကြောင့်သေဆုံးမှုစံချိန်တင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆေးရုံတွေမှာ အရေးပေါ်အခြေအနေဖြစ်နေ
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုစံချိန်တင်ပြီးနောက် ...
https://www.youtube.com/watch?v=hi22mW4bPF8
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုစံချိန်တင်ပြီးနောက် ...
https://www.youtube.com/watch?v=hi22mW4bPF8
YouTube
သွေးလွန်တုပ်ကွေးကြောင့်သေဆုံးမှုစံချိန်တင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆေးရုံတွေမှာ အရေးပေါ်အခြေအနေဖြစ်နေ
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုစံချိန်တင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆေးရုံတွေမှာ အရေးပေါ်အခြေအနေဖြစ်နေ
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
👍6🔥1😁1
အောက်တိုဘာလ( ၅ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59-KIO အုပ်ချုပ်ရေး အရာရှိ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီးတဲ့သတင်း ...
https://www.youtube.com/watch?v=eIeQx5cBtnM

00:59-KIO အုပ်ချုပ်ရေး အရာရှိ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီးတဲ့သတင်း
02:34-ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆုံးဖြစ်တဲ့သတင်း
05:54-သထုံမှာ အငြိမ်းစား ဗိုလ်ကြီး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့သတင်း
07:00-ရေးမြို့နယ်က…

👍4🔥1😁1
စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၀၀ခန့်အသက်ဆုံးရှုံးခဲ့ရ
စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ ...
https://www.youtube.com/watch?v=aTqsZkGidXw
စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ ...
https://www.youtube.com/watch?v=aTqsZkGidXw
YouTube
စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၀၀ခန့်အသက်ဆုံးရှုံးခဲ့ရ
စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ငါးရာနီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကာလတစ်လျှောက်လုံး…
စစ်အာဏာသိမ်းပြီးနောက် ကာလတစ်လျှောက်လုံး…
👍4❤1😁1
တိုင်ဖွန်းမုန်တိုင်းမတိုင်မီ ထိုင်ဝမ်ရဲ့လေကြောင်းခရီးစဉ်တွေဖျက်သိမ်းပြီး စာသင်ကျောင်းတွေပိတ်#reels
တိုင်ဖွန်းမုန်တိုင်းမတိုင်မီ ...
https://www.youtube.com/watch?v=341mcdiVlvI

တိုင်ဖွန်းမုန်တိုင်းမတိုင်မီ ထိုင်ဝမ်ရဲ့လေကြောင်းခရီးစဉ်တွေဖျက်သိမ်းပြီး စာသင်ကျောင်းတွေပိတ်
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
👍7🔥1
စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၀၀ခန့်အသက်ဆုံးရှုံးခဲ့ရ
စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကလေးငယ် ...
https://www.youtube.com/watch?v=i6__YZVDIDo

Watch more detail - https://youtu.be/aTqsZkGidXw
#စစ်ကောင်စီ#ကလေး#အသက်
#VideoNews #shorts #reels
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…
Watch more detail - https://youtu.be/aTqsZkGidXw
#စစ်ကောင်စီ#ကလေး#အသက်
#VideoNews #shorts #reels
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…
👍4❤1😁1
တိုင်ဖွန်းမုန်တိုင်းမတိုင်မီ ထိုင်ဝမ်ရဲ့လေကြောင်းခရီးစဉ်တွေဖျက်သိမ်းပြီး စာသင်ကျောင်းတွေပိတ်
တိုင်ဖွန်းမုန်တိုင်းမတိုင်မီ ...
https://www.youtube.com/watch?v=Ewjjosm6Ufo
တိုင်ဖွန်းမုန်တိုင်းမတိုင်မီ ...
https://www.youtube.com/watch?v=Ewjjosm6Ufo
YouTube
တိုင်ဖွန်းမုန်တိုင်းမတိုင်မီ ထိုင်ဝမ်ရဲ့လေကြောင်းခရီးစဉ်တွေဖျက်သိမ်းပြီး စာသင်ကျောင်းတွေပိတ်
တိုင်ဖွန်းမုန်တိုင်းမတိုင်မီ ထိုင်ဝမ်ရဲ့လေကြောင်းခရီးစဉ်တွေဖျက်သိမ်းပြီး စာသင်ကျောင်းတွေပိတ်
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

လေးကေ့ကော်တွင် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်နေ
=======================
သွင်ထူးဈာန်(ကော်သူးလေ)
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင် ယနေ့ အောက်တ်ိုဘာလ ၅ရက် နံနက် ၇နာရီဝန်းကျင်မှစတင်ကာ လက်နက် ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်နေသည်။
လေးကေ့ကော်မြို့သစ်၊ ဗျူးပွိုင့်အနီးရှိ စစ်ကောင်စီတပ်အခြေစိုက်သည့် စွယ်တော်ကုန်းဗျူဟာစခန်းမှ လက်နက်ကြီးများ ပစ်ခတ်နေပြီး အပြန်အလှန်ပစ်ခတ်သည့် သေနတ်သံများလည်း ကြားနေရကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းထောက်က ပြောသည်။
" မနက် ၇နာရီလောက်ကစပြီး လက်နက်ကြီးသံတွေ၊လက်နက်ငယ်သံတွေ ကြားရတယ်။ စနိုက်ပါပစ်ခတ်သံတွေကြားရတယ်။ အပြန်အလှန်ပစ်ခတ်သံတွေကြားရတယ်။စစ်ကောင်စီဘက်ကတော့ ၁၂၀ မမ လို့ယူဆရတဲ့ လက်နက်မျိုးနဲ့ ပစ်နေတယ်။ အသံတွေက တော်တော်ကျယ်တယ်။ စက်လတ်ပစ်သံတွေလည်း ကြားရတယ်" ဟု မဇ္ဈိမ၏ မြေပြင်သတင်းထောက်က ပြောသည်။
လက်တလောအခြေအနေနှင့်ပတ်သက်၍ ဒေသတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Cobraစစ်ကြောင်းကို ဆက်သွယ် မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။
ယနေ့ နေ့လယ် ၁၂ နာရီ နာရီပတ်ဝန်းကျင်တွင် ပစ်ခတ်သံများမကြားရတော့ဘဲ ငြိမ်သက်နေကြောင်း သိရသည်။
လေးကေ့ကော်မြို့သစ်ကို ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်ပြည်နယ်အစိုးရက ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ တွင် တည်ဆောက်ခဲ့သည်။လေးကေ့ကော်မြို့သစ်၏ လုံခြုံရေးကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်က အဓိကတာဝန်ယူခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ယင်းနှစ် ဒီဇင်ဘာလမှစ၍စစ်ကောင်စီတပ်က လေးကေ့ကော်မြို့သစ်ကို ဝင်ရောက်ခဲ့သည့်အတွက် ကရင်အမျိုးသားအစည်းအရုံးKNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ထို့နောက် လေးကေ့ကော်မြို့သစ်အနီးဝန်းကျင်ကို KNUနှင့် Cobraစစ်ကြောင်းတို့က ထိန်းချုပ်ထားခဲ့သည်။၂၀၂၂ ခုနှစ် ဧပြီလတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် ယခုတကြိမ် ပစ်ခတ်သံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ လေးကေ့ကော်မြို့သစ်နှင့်အနီးပတ်ဝန်းကျင်ရှိ ရသေ့ဂူကျေးရွာမှ ဒေသခံများသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။
စာတည်း - အေးချမ်း
လေးကေ့ကော်မြို့သစ်(ပုံဟောင်း)
#mizzima
#လေးကေ့ကော်မြို့သစ်
#ပစ်ခတ်သံများထွက်ပေါ်
#Cobraစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12🔥2😁1
ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆုံးဖြစ်
=====================
ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အပေါ် ဖိနှိပ်နေတဲ့ ဒုတိယအဆိုးဝါးဆုံးနိုင်ငံတစ်ခုဖြစ်လာတယ်လို့ အမေရိ ကန် Freedom House အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံ စာအရ သိရပါတယ်။
မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာပါ။
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။
Freedom House အဖွဲ့ကြီးက နိုင်ငံပေါင်း ၇ဝ ကို မှတ်တမ်းပြုစုထားတာဖြစ်ပြီး အဲဒီအထဲမှာ ၅၅ နိုင်ငံက လူတွေဟာ အွန်လိုင်းပေါ်မှာ ထုတ်ဖော်ပြောဆိုမှုတွေကြောင့် ဥပဒေကြောင်း အရ ဖိနှိပ်အရေးယူခံနေရသလို ဒီအထဲက ၄၁ နိုင်ငံမှာတော့ အွန်လိုင်းပေါ်မှာ ကိုယ့်ထင်မြင်ချက်တွေ အယူအဆတွေ ပြောဆိုမှတ်ချက်ပေး ရေးသားတာတွေကြောင့် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရတာနဲ့ သတ်ဖြတ်ခံရတာတွေအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အင်တာနက်အွန်လိုင်းမှာ ရေးသား ပြောဆိုချက်တွေနဲ့ ဆက်နွှယ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့အာဏာရှိသူတွေက သေဒဏ်ပေး ကွပ်မျက်တာတွေတောင် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီအထဲမှာ ၂၀၂၂ ဇူလိုင်လက ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ထင်ရှားတဲ့နိုင်ငံရေးလှုပ်ရှားသူတွေကို လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်ရေးသားဟောပြောမှုတွေကြောင့် ဖမ်းဆီးခဲ့တာ၊ သေဒဏ်ပေးခဲ့တာကိုလည်း အဆိုးဝါးဆုံး လုပ်ရပ်တစ်ခုအနေနဲ့ ဖော်ပြထားတယ်။
အင်တာနက်လွတ်လပ်ခွင့်ကျဆင်းလာတာတွေကို Freedom House က ထောက်ပြရာမှာ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှု ၊ အာဏာဖီဆန်မှုတွေကို ဖိနှိပ်ဖို့စစ်တပ်က အင်တာနက်ပိတ်ပင်တာ ၊ ဆက်သွယ်ရေးကုမ္ပဏီတွေကို တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့အချက်တွပါဝင် ပါတယ်။
ဒါအပြင် အင်တာနက်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ဖို့အတင်းအကြပ်ဖိအားပေးတာ ၊ ကြားဖြတ်ထောက်လှမ်းခိုင်းတာတွေကိုလည်း အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးကုမ္ပဏီတွေအပေါ် ဖိအားပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒီလိုလုပ်ရပ်တွေကြောင့်ပဲ တယ်လီနောနဲ့ အော်ရီဒူးလို့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတွေဟာ လုပ်ငန်းတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ကုမ္ပဏီတွေထံ လက်လွှဲရောင်းချခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ရတယ်လို့လည်း Freedom House က ဆိုပါတယ်။
အင်တာနက်ကိုထိန်းချုပ်တဲ့အပြင် အင်တာနက်ပေါ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေပြုလုပ်သူတွေ ၊ ဝေဖန်မှု ပြုလုပ်သူတွေကို လည်း စစ်ကောင်စီဟာ နှစ်ရှည်ထောင်ဒဏ်ချတာတွေရှိခဲ့တယ်လို့ Freedom House က အစီရင်ခံစာမှာ ထည့်ပြောထားပါတယ်။
ဖော်ပြထားတဲ့ကာလမှာ စစ်ကောင်စီဟာ ကချင်၊ ကယား၊ ချင်း၊ ရခိုင်ပြည်နယ်တွေအပြင် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းက မြို့နယ်အတော်များများကို အင်တာနက်ဖြတ်တောက်တာ ဒါမှမဟုတ် အင်တာနက်မြန်နှုန်းလျှော့ချထားတာနဲ့ တယ်လီဖုန်းလိုင်းကိုပါ ဖြတ်တောက် ထားတာတွေကိုလည်း လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
ဒီအစီအရင်ခံစာဟာ ၂ဝ၂၂ ခုနှစ် ဇွန်လကနေ ၂ဝ၂၃ ခုနှစ် မေလအထိ တစ်နှစ်တာကာလ ကို လေ့လာပြုစုထားတဲ့ အစီအရင်ခံစာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ တရုတ်နိုင်ငံကတော့ ကမ္ဘာတလွှား အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဖြစ် အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီး၊ အီရန်ကတော့ တတိယအဆင့်မှာ ရှိပါတယ်။ ဉာဏ်ရည်တုနည်းပညာ (AI) အသုံးချပြီး အင်တာနက် လွတ်လပ်ခွင့်အပေါ် ထိန်းချုပ်မှုတွေ တိုးလာနေတာကိုလည်း သတိပေးထားပါတယ်။
https://youtu.be/VfO1PGKHW_Y?si=yq1KxN9QNCKpNnc4
#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အ…
မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အ…
❤8🔥1😁1
တီးတိန် နယ်စပ်ကုန်သွယ်ရေးလမ်းကို ကာကွယ်ရေးတပ်ဖွဲ့ သွားလာချိန် ကန့်သတ်
=====================
ပါခွီး
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းမှ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေအတွင်း ဖြတ်သန်းချိန်ကန့်သတ်လိုက်ကြောင်း ချင်းကာကွယ် ရေးတပ်ဖွဲ့တခုဖြစ်သော PDF Zoland (B- 5) Mountain Eagle အောက်တိုဘာလ ၄ ရက်နေ့ကထုတ် ပြန်ထားသည်။
တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ကျေးရွာနှင့် နယ်စပ်မျဥ်းကြောင်းအနီးရှိ ခေါ်မွှိုင်း(တီအိုချာင်း)အကြား ညနေ ၆ နာရီ မှ နံနက် ၇ နာရီ ၃၀ မိနစ်အတွင်း ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
“စစ်ခွေး(စစ်ကောင်စီတပ်)တွေက အချိန်မတော်သွားတဲ့ကားတွေကို လှမ်းလှမ်းပြီး သေနတ်နဲ့ပစ်တာရှိ တယ်။ ညအချိန်မတော်ထွက်လာပြီး လှုပ်ရှားမှုတွေရှိတဲ့အတွက် ပြည်သူလူထုလုံခြုံရေးအတွက် အခုလို အချိန်သတ်မှတ်ရတာပါ” ဟု Mountain Eagle သတင်းပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်လှုပ်ရှားမှုရှိလာပါက အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သောကြောင့် ဒေသခံများနှင့် ခရီးသွား များ၏လုံခြုံရေးအတွက် ယခုကဲ့သို့ သွားလာခွင့် အချိန်သတ်မှတ်ရခြင်းဖြစ်ကြောင်း ဆိုသည်။
အကယ်၍ ကျန်းမာရေးနှင့် အခြားအရေးပေါ်ကိစ္စများရှိပါက ကြေညာထားသည့် ဖုန်းနံပါတ်များကို သတင်းပို့ပြီးမှသွားလာကြရန်နှင့် သတ်မှတ်ချိန်ကျော်လွန်ပြီး သတင်းမပို့ဘဲသွားလာပါက မည်သို့သော အခြေအနေများတွေ့ကြုံရသည်ဖြစ်စေ တပ်ဖွဲ့အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
“ကာကွယ်ရေးတပ်ဖွဲ့တွေက ကောင်းဖို့ထုတ်ပြန်တာဆိုတော့ လိုက်နာရမှာပေါ့။ အချိန်သတ်မှတ်တဲ့ အတွက် အထူးအထွေဆိုးကျိုးဖြစ်ဖို့တော့ မရှိပါဘူး။ ကားတွေဆိုတာက လမ်းမကောင်းတော့ ပျက်တာ တွေရှိတတ်တော့ အဲဒီလိုမျိုးဆိုရင် နားလည်မှုနဲ့ညှိနှိုင်းလုပ်ပေးရင်ပိုကောင်းတာပေါ့” ဟု ကုန်သည်တဦး က ၎င်း၏အမြင်ကို ပြောသည်။
နယ်စပ် ခေါ်မွိုင်း(တီအိုချောင်း)မှ ကလေးမြို့သို့ နေ့စဥ်ပုံမှန် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ သွားလာလျက်ရှိကြောင်းသိရသည်။
အဆိုပါ တားမြစ်နယ်အတွင်း ရိခေါ်ဒါတပ်စခန်းနှင့် တီအိုချောင်းအပေါ် တပ်ကုန်းတို့တွင် စစ်ကောင်စီ တပ်သားများနေရာယူထားပြီး ယင်းစခန်းများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သွား ရောက် တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#ချင်းပြည်နယ်
#တီးတိန်မြို့နယ်
#နယ်စပ်ကုန်သွယ်ရေးလမ်း

👍11🔥2
လေးကေ့ကော်တွင် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်နေ
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင် ယနေ့ အောက်တ်ိုဘာလ ၅ရက် နံနက် ၇နာရီဝန်းကျင်မှစတင်ကာ ....
https://ift.tt/LIOgMGa

👍8🔥1
တီးတိန် နယ်စပ်ကုန်သွယ်ရေးလမ်းကို ကာကွယ်ရေးတပ်ဖွဲ့ သွားလာချိန် ကန့်သတ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းမှ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ ၎င်းတို့ထိန်းခ...
https://ift.tt/cZsBP43

👍4🔥2
ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆု
ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အပေါ် ဖိနှိပ်နေတဲ့ ဒုတိယအဆိုးဝါးဆု.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FVfO1PGKHW_Y&h=AT138rdDG9Iz8oN3dzGaOICnz_5JgETzsnrXMoiA52SxHsSKpLuuZcnYuIIS4ptMYTm4YWjAMr-ehEnLktn-yWYp7NZyg9S0WVzPxqc-XHGoL3fKcN_KI0IPmu0egxzv&s=1

❤7👍2
ကုန်တိုက်ပစ်ခတ်မှုပြီးနောက်သေနတ်ကိုင်ဆောင်မှုပေါ်တင်းကြပ်မှုပြုလုပ်သွားဖို့ထိုင်းဝန်ကြီးချုပ်ကတိပြု
ကုန်တိုက်မှာပစ်ခတ်မှုဖြစ်ပွားပြီးနောက် ...
https://www.youtube.com/watch?v=e3hz5UFqr2k

ကုန်တိုက်မှာပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်ကိုင်ဆောင်မှုအပေါ် တင်းကြပ်မှုတွေပြုလုပ်သွားဖို့ ထိုင်းဝန်ကြီးချုပ်ကတိပြု
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

👍5🔥1
ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆုံးဖြစ်
ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက် ...
https://www.youtube.com/watch?v=VfO1PGKHW_Y
ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက် ...
https://www.youtube.com/watch?v=VfO1PGKHW_Y
YouTube
ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆုံးဖြစ်
ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အပေါ် ဖိနှိပ်နေတဲ့ ဒုတိယအဆိုးဝါးဆုံးနိုင်ငံတစ်ခုဖြစ်လာတယ်လို့ အမေရိ ကန် Freedom House အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံ စာအရ သိရပါတယ်။
မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အ…
မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အ…
👍4🔥1
ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆုံးဖြစ်
ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ...
https://www.youtube.com/watch?v=G7JMRQ2NRzE

Watch more detail - https://youtu.be/VfO1PGKHW_Y
#အင်တာနက်လွတ်လပ်ခွင့်#ချိုးဖောက်မှု#မြန်မာ
#VideoNews #shorts #reels
-----------------------------------------…