Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လေးကေ့ကော်တွင် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်နေ
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင် ယနေ့ အောက်တ်ိုဘာလ ၅ရက် နံနက် ၇နာရီဝန်းကျင်မှစတင်ကာ ....
https://ift.tt/LIOgMGa
👍8🔥1
တီးတိန် နယ်စပ်ကုန်သွယ်ရေးလမ်းကို ကာကွယ်ရေးတပ်ဖွဲ့ သွားလာချိန် ကန့်သတ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းမှ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ ၎င်းတို့ထိန်းခ...
https://ift.tt/cZsBP43
👍4🔥2
ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆု
ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အပေါ် ဖိနှိပ်နေတဲ့ ဒုတိယအဆိုးဝါးဆု.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FVfO1PGKHW_Y&h=AT138rdDG9Iz8oN3dzGaOICnz_5JgETzsnrXMoiA52SxHsSKpLuuZcnYuIIS4ptMYTm4YWjAMr-ehEnLktn-yWYp7NZyg9S0WVzPxqc-XHGoL3fKcN_KI0IPmu0egxzv&s=1
❤7👍2
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍4🔥1
​​စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာကို လက်နက်ရောင်းချခြင်း မရှိဟု အင်ဒိုနီးရှား လက်နက် ကုမ္ပဏီများ ငြင်းဆို
==============================

စစ်အာဏာသိမ်းမှုအလွန် မြန်မာကို အင်ဒိုနီးရှားလက်နက်ထုတ်ကုမ္ပဏီများက လက်နက်ရောင်းချထောက်ပံ့ပေးသည် ဆိုသည့် စွပ်စွဲချက်များက မှန်ကန်ခြင်း မရှိကြောင်း အင်ဒိုနီးရှား နိုင်ငံပိုင် ကာကွယ်ရေး ဦးပိုင်လုပ်ငန်းစု DEFEND ID က အောက်တိုဘာ ၄ ရက်တွင် ပြောဆိုသည်။
DEFEND ID အောက်ရှိ လုပ်ငန်းများဖြစ်ကြသည့် လက်နက်ထုတ်လုပ်မှုလုပ်ငန်း Pindad ၊ လေယာဉ်ထုတ်လုပ်သူ Dirgantara Indonesia နှင့် သင်္ဘောတည်ဆောက်မှုလုပ်ငန်း PAL တို့ များမကြာမီက သတင်းဖော်ပြခြင်း ခံခဲ့ရပြီး ထိုလုပ်ငန်းများသည် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ လက်နက်များ ရောင်းချပေးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁4🔥1
​​အင်ဒိုနီးရှားတွင် မီးခိုးမြူဖုံးမှုကြောင့် စာသင်ကျောင်းများ ပိတ်
======================

အင်ဒိုနီးရှားနိုင်ငံက လူဦးရေ ထောင်ပေါင်းများစွာ ရှိသော မြို့တမြို့တွင် သစ်ဆွေးမြေများ မီးလောင်ခြင်းကြောင့် ဖြစ်ပေါ်သည့် မီးခိုးမြူဖုံးခြင်းကြောင့် စာသင်ကျောင်းများကို သုံးရက်တာ ပိတ်ထားကြောင်း မြို့တော်ဝန်ဖြစ်သူက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤1🔥1
​​ဘန်ကောက်ပစ်ခတ်မှုတွင်သေဆုံးသူ မမိုးမြင့်၏ မိသားစုအား အလုပ်ရှင်မှ လစဉ် ဘတ် ၁၀,၀၀၀ထောက်ပံ့မည်
====================

ရွှေနွယ်
(မဇ္စျိမ)။ ။ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတခုတွင် အောက်တိုဘာ ၃ ရက်နေ့ညနေက ဖြစ်ပွားသော ပစ်ခတ်မှု၌ သေဆုံးသူ မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်၏ ကျန်ရစ်သူမိသားစုကို အလုပ်ရှင်မှ လစဉ်ထောက်ပံ့ကြေး ဘတ် ၁၀,၀၀၀( မြန်မာကျပ်ငွေ ၁၀ သိန်းခန့်) ပေးမည်ဟု ပြောကြောင်း မမိုးမြင့်၏ တူတော်စပ်သူ ကိုအောင်မင်းက ပြောသည်။

ဘန်ကောက်မြို့လယ်ရှိ Siam Paragon Shopping Mall တွင်အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း တရုတ်နိုင်ငံသား ခရီးသွားအမျိုးသမီးတဦးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားမမိုးမြင့် သေဆုံးခဲ့သည်။ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူ ၅ ဦးရှိကြောင်းသိရသည်။

မမိုးမြင့်သည် Siam Paragon Shopping Mall အနီးရှိ Siam Center Shopping Mall ၊ Take Toys Co. Ltd တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ထိုနေ့က Siam Paragon Shopping Mall ရှိ ဘဏ်တခုသို့ အလုပ်ကိစ္စဖြင့်ရောက်ရှိနေစဉ်တွင် ပစ်ခတ်မှုနှင့်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

“သူဌေးမ(အလုပ်ရှင်)က အဲ့လိုပြောပါတယ်။ ပြောမယ်ဆိုရင်တော့ သူပေးနိုင်သလောက် အသက်ရှိနေသရွေ့ပေါ့နော်။ လစဉ်ဘတ် ၁၀,၀၀၀ထောက်ပံ့သွားမယ်လို့ပြောပါတယ်” ဟု ကိုအောင်မင်းကပြောသည်။

ကွယ်လွန်ချိန်တွင် အသက် (၃၁) နှစ်အရွယ်ရှိ မမိုးမြင့်သည် မွန်ပြည်နယ် သထုံမြို့နယ်ဇာတိဖြစ်ပြီးထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသည်မှ ၁၀နှစ်ခန့်ကြာမြင့်ပြီဖြစ်သည်။ မိခင်ဖြစ်သူအား လစဉ်ငွေကြေးထောက်ပံ့နေသူဖြစ်ပြီး မိသားစုက အားကိုးအားထားပြုရသူဖြစ်ကြောင်းသိရသည်။၎င်းသည် လည်ပင်းနှင့် ကျောတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ရောက်ရှိပြီးမကြာမီ သေဆုံးခဲ့ခြင်းဖြစ်သည်။

မမိုးမြင့်သည် ထိုင်း၊အင်္ဂလိပ်၊ တရုတ်နှင့် မြန်မာဘာသာစကားများကိုပြောတတ်သူဖြစ်ပြီး လစာကောင်းသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ၎င်း၏မိသားစုထံသို့ပြီးခဲ့သည့် ဧပြီလက အလည်အပတ်ပြန်ခဲ့သေးကြောင်း မမိုးမြင့်၏ အလုပ်ရှင် သူဌေးက ထိုင်းသတင်းဌာနများသို့ဖြေကြားထားသည်။မမိုးမြင့်၏ မြန်မာနိုင်ငံရှိမိသားစုသည် ထိုင်းနိုင်ငံသို့ ယခုရက်ပိုင်းအတွင်းသွားရောက်မည်ဖြစ်ပြီး နာရေးကို အောက်တိုဘာ ၈ ရက်နေ့တွင်ပြုလုပ်မည်ဟု သိရသည်။

မမိုးမြင့် သေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့် နာရေးကိစ္စအား ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက ပြောဆိုထားသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

"ဒါကပြစ်မှုပိုင်းဆိုင်ရာဖြစ်တဲ့အတွက် တရားရေးရဲ့ဆုံးဖြတ်ချက်အတိုင်း နစ်နာကြေးကလည်းဆုံးဖြတ်မှာဆိုတော့ အဲ့ဒီအပေါ်မှာပဲစောင့်ကြည့်ဖို့ရှိပါတယ်" ဟု အလုပ်သမားသံအရာရှိရုံး (ဘန်ကောက်) ၏ သံအရာရှိက မဇ္ဈိမကိုပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းဌာန၏ အောက်တိုဘာ ၄ ရက်နေ့ သတင်းတွင်မူ ပစ်ခတ်မှုတွင် သေဆုံးသွားသူများအတွက် ထိုင်းနိုင်ငံတရားရေး၀န်ကြီးဌာနက တဦးလျှင် ဘတ်ငွေ ၂၀၀,၀၀၀( မြန်မာငွေ ကျပ် သိန်း ၂၀၀ခန့်) လျော်ကြေးပေးမည်ဟုဆိုကြောင်း၊ ထိခိုက်ဒဏ်ရာရသူအတွက် လျော်ကြေးငွေကို နောက်ပိုင်းတွင် ဖြစ်ရပ်တစ်ခုချင်းစီအလိုက် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများ၏ ဆေးကုသမှုအတွက် ဘတ် ၄၀,၀၀၀ (မြန်မာငွေကျပ် သိန်း ၄၀ခန့်) နှင့် ပြန်လည်ထူထောင်ရေး အတွက် ဘတ်၂၀,၀၀၀(မြန်မာငွေကျပ် သိန်း ၂၀ ခန့်) ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် အလုပ်မလုပ်နိုင်သူများကို တရက်လျှင် ၃၅၃ဘတ် (မြန်မာငွေကျပ် ၃၅,၀၀၀ ခန့်) ဖြင့် တနှစ်ထက်မပိုသောနစ်နာကြေးငွေ ပေးလျော်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ နစ်နာကြေးငွေပမာဏနှင့်ပတ်သက်၍ အလုပ်သမားသံအရာရှိရုံး (ဘန်ကောက်)မှ တစုံတရာအတည်ပြုချက်မပေးနိုင်သေးကြောင်း ဖော်ပြထားသည်။

" အလုပ်ရှင်က ဦးစီးပြီးတော့ ဒီအမှုမှာ နစ်နာကြေးရအောင်လုပ်ထားကြပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ကလေးက အသက်ငယ်တဲ့အတွက် အမှုလုပ်လို့မရပါဘူးလို့ထွက်ဆိုထားတယ်။ အဲ့ဒီအပေါ်မှာလည်း ထိုင်းမီဒီယာတွေကလည်း ဝေဖန်သုံးသပ်မှုတွေရှိနေပါတယ်" ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်နေသည့် လက်တွဲကူညီ AAC အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုကို ကျူးလွန်သူသည် အသက် ၁၄ နှစ်အရွယ်ထိုင်းလူငယ်တဦးဖြစ်ပြီး လက်ရှိတွင် ၎င်းကို လူသတ်မှု၊ လူသတ်ရန်ကြိုတင်ကြံစည်မှု၊ လူသတ်ရန်ကြိုးပမ်းမှု၊ လက်နက်ခဲယမ်းလက်ဝယ်တွေ့မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင် ပစ်ခတ်မှုစသည့် ပုဒ်မများဖြင့် ထိုင်ရဲတပ်ဖွဲ့က တရားစွဲထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စာတည်း -အေးချမ်း
ပုံအညွှန်း − Siam Paragon Shopping Mall အတွင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် အောက်တိုဘာ ၃ ရက်နေ့ညပိုင်း Shopping Mall အရှေ့မြင်ကွင်း (AP Photo)

#mizzima
#ဘန်ကောက်
#စျေးဝယ်စင်တာပစ်ခတ်မှု
#မြန်မာရွှေ့ပြောင်းလုပ်သား
👍17🔥1
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာကို လက်နက်ရောင်းချခြင်း မရှိဟု အင်ဒိုနီးရှား လက်နက် ကု
စစ်အာဏာသိမ်းမှုအလွန် မြန်မာကို အင်ဒိုနီးရှားလက်နက်ထုတ်ကုမ္ပဏီများက လက်နက်ရောင်းချထောက်ပံ့ပေးသည် ဆိုသည့.....
https://ift.tt/fbsc1DW
👍6🔥1😁1
အင်ဒိုနီးရှားတွင် မီးခိုးမြူဖုံးမှုကြောင့် စာသင်ကျောင်းများ ပိတ်
အင်ဒိုနီးရှားနိုင်ငံက လူဦးရေ ထောင်ပေါင်းများစွာ ရှိသော မြို့တမြို့တွင် သစ်ဆွေးမြေများ မီးလောင်ခြင်းကြောင...
https://ift.tt/bVHEUmv
👍3🔥1
​​စစ်ကောင်စီတပ်မှ အရာရှိအချို့ကို ကုန်သွယ်ရေးဦးစီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်
=====================

001
(မဇ္စျိမ)။ ။စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူလေးဦးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ဩဂုတ်လအတွင်းက ဦးစီးအရာရှိရာထူးဖြင့် ပြောင်းရွှေ့ခန့်အပ်ထား ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့တရက်တည်းတွင် စစ်ဘက်မှအရပ်ဘက်ပြောင်းရွှေ့သူ ရှစ်ဦးရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးဦးစီးဌာနတွင် လေးဦး၊ စားသုံးသူရေး ရာဦးစီးဌာနတွင် တဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် နှစ်ဦးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တဦးပြောင်းရွှေ့လာကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ပြောင်းရွှေ့လာသည့် ဗိုလ်ကြီး ဟိန်းလင်းထက်၊ ဗိုလ် ကြီးအောင်ကျော်သူ၊ ဗိုလ်ကြီး သူဟန်လင်းနှင့် ဗိုလ်ကြီးအောင်ဇော်ထိုက်တို့မှာ ကုန်သွယ်ရေးဦးစီးဌာန တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် နိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် ဆိုင်ရာလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေသည့်ဌာနဖြစ်ပြီး ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက် ထားမှုများအပေါ်တွင် စိစစ်ဆောင်ရွက်ပေးရသည်။

“စီးပွားကူးသန်းမှာက စစ်တပ်ကလူတွေများပါတယ်။ ဘာလို့လဲဆို ဗိုလ်ကြီးလို့ပဲ ခေါ်ရတာလေ။ ဦးစီးဆို ရင် ဗိုလ်ကြီးဘယ်သူ အဲဒီလိုတွေပဲသွားတာ။ အဲဒီလိုတွေက ဦးသန်းရွှေလက်ထက်ကတည်းကပဲ။ အရပ် သားလည်း ရှိတော့ရှိပါတယ်။ အခုကတော့ နီးစပ်ရာတွေခေါ်သွင်းကြတာပေါ့”ဟု နေပြည်တော်တွင် ရှစ် နှစ်ကျော် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ခဲ့ဖူးသူ တဦးကပြောသည်။

လက်ရှိ ကုန်သွယ်ရေးဦးစီးဌာနတွင် သွင်းကုန်လိုင်စင်လျှောက်ထားမှုများနှင့်ပတ်သက်ပြီး ကန့်သတ်ချက် များ တိုးမြှင့်လုပ်ဆောင်ထားကာ ဝန်ထမ်းများလာဘ်ငွေရယူမှုမှာလည်း ယခင်အစိုးရများလက်ထက်က ထက် ပိုမိုဆိုးရွားလာကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း စစ်ဘက်အရာရှိများသည် ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် တို့တွင်သာမက အရပ်ဘက်ဝန်ကြီးဌာနအားလုံးနီးပါးတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာကြပြီး ဗိုလ် မှူးကြီးအဆင့်ရှိသူမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗိုလ်မှူးအဆင့်ရှိသူမှာ လက်ထောက်ညွှန်ကြားရေး မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူမှာ ဦးစီးအရာရှိ စသည့်ရာထူးများ ယူထားကြသည်။

စာတည်း။ ။စောဖေ
ဓာတ်ပုံ- ပုံဟောင်း

#မြန်မာနိုင်ငံပြန်တမ်း
#စစ်ဘက်
#အရပ်ဘက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤮2❤1
​​စစ်အာဏာရှင်များသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
========================

001
(မဇ္စျိမ)။ ။စစ်အာဏာရှင်များအနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်နိုင်ခြင်း၊ စီးပွားရေး စီမံခန့်ခွဲနိုင်ခြင်းမရှိသည့် အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိသည်မှာ ရှင်းလင်းနေ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြော သည်။

အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်သော (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယ ကော်မတီ၏ ဘာသာရပ်အစီအစဉ် ၂၀ အောက်ရှိ အထူးအခြေအနေရှိ နိုင်ငံအုပ်စုများ၊ ခေါင်းစဉ်ခွဲ(၁) ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်များအား ဆက်လက် အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းယူခဲ့သည်မှာ နှစ်နှစ်ခွဲကျော်ရှိပြီဖြစ်ပြီး စစ်အာဏာရှင် များ၏ ရက်စက်ကြမ်းကြုတ်မှုများအပြင် နိုင်ငံတဝှမ်း ဆိုးရွားစွာ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ နိုင်ငံရေးနှင့် လူမှုစီးပွားစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောသည်။

“လူအများအပြားသည် အလုပ်အကိုင်များရှာဖွေရန်၊ အခြေခံဝန်ဆောင်မှုများရရှိရန်နှင့် စားဝတ်နေရေး အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အစားအစာအလုံအလောက်ရရှိရန်ကိုပင် ရုန်းကန်နေကြရ ကြောင်း”၎င်းက ဆိုသည်။

အဆိုပါအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် Doha Program of Action (DPoA) ရည်မှန်းချက်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(SDG) ရည်မှန်းချက်များကိုပြည့်မီရေး ဆောင်ရွက်နိုင်မည့် အနေအထားမရှိကြောင်း ဦးကျော်မိုးထွန်းက တင်ပြသည်။

Doha Program of Action (DPoA) သည် ကပ်ရောဂါဘေးမှ လျင်မြန်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ပြန်လည်ထူထောင်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ များတွင် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အသွင်ကူးပြောင်းမှုကိုရရှိရန်အတွက် ပြည်စုံသည့် ဖွံ့ဖြိုးတိုး တက်မှုမူဘောင်တခုဖြစ်ပြီး ၂၀၂၂-၂၀၃၁ ဆယ်စုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ခိုင်မာအား ကောင်းသော ရည်မှန်းချက်များကို ချမှတ်ထားကြောင်း သိရသည်။

ထိုရည်မှန်းချက်နှင့်ပန်းတိုင်များ အောင်မြင်ရန်အတွက် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ် ရန်၊ ဒီမိုကရေစီပြန်လည်တည်ဆောက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်လို အပ်ပြီး ယင်းနှင့်ပတ်သက်၍ မြန်မာပြည်သူများအနေဖြင့်လည်း ပြတ်သားစွာဆုံးဖြတ်ပြီးဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောသည်။

မြန်မာပြည်သူများအား ခိုင်မာထိရောက်သော ပံ့ပိုးကူညီမှုများပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ထပ်မံပန်ကြားကြောင်းနှင့် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ စကားကို ဂရု တစိုက်နားထောင်ပြီး ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် တာဝန်ပျက်ကွက်မှုမရှိစေရန်နှင့် မြန်မာပြည်သူ များအတွက် တဦးတယောက်မျှ ချန်လှပ်မထားဆိုသည့်မူကို လက်တွေ့အကောင်အထည် ဖော်ရန်လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။

စာတည်း။ ။စောဖေ

#ကုလသမဂ္ဂ
#ဦးကျော်မိုးထွန်း
#စစ်အာဏာရှင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏3🤮1