Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရှေ့တန်းမှာ စစ်သားသေဆုံးမှုများပြားလာတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကိုပါ စစ်မျက်နှာပြင်များသို့ စေလွှတ်နေ
အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ...
https://www.youtube.com/watch?v=sOJl-llN-jc
😁6👍4
​​Mizzima needs your support! 

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ 
👉 https://bit.ly/2VhJ12U 

For more information- https://donate.mizzima.com/mm/ 

#supportmizzima
👍3🤮2❤1
​​6.10.2023 (Friday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

✅Highlight ✅

👉အနာဂတ်အတွက် ကြယ်နှစ်စင်း  (ညနေ - ၆ နာရီ) 

👉မျဉ်းပြိုင်နှစ်ကြောင်းရဲ့ နှစ်လုံးသားတစ်စုံ (ည- ၇ နာရီ) 

👉India Movie -Ram Asur ( ည- ၈ နာရီ)

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv
👍4🔥1
​​မြန်မာစစ်အာဏာရှင်သက်ဆိုးရှည်စေမည့် အကူအညီများမပေးရန် ကုလညီလာခံတွင် ဦးကျော်မိုးထွန်း ‌ပြော
====================

(မဇ္ဈိမ)။ ။မြန်မာစစ်အာဏာရှင်ကို သက်ဆိုးရှည်စေမည့် အကူအညီများမပေးရန် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ‌တိုက်တွန်းတောင်းဆိုလိုက်သည်။
အောက်တိုဘာလ ၃ရက်က ကျင်းပသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယ ‌ကော်မတီ၏ ဘာသာရပ်အစီအစဉ် (၁၇) အောက်ရှိစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင် အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါ ရီလအထိ ရွေးကောက်ခံအရပ်သားအစိုးရ၏ အုပ်ချုပ်မှုကာလအတွင်း တိုင်းပြည်အတွက် ခိုင်မာသော စီးပွားရေးအခြေခံ အုတ်မြစ်ကို ထူထောင်ရာတွင် သိသိသာသာ တိုးတက်အောင်မြင်မှုများ ရရှိခဲ့သော်လည်း တရားမဝင်စစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင်တို့၏ ဆိုးရွားရက်စက် ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြီးခဲ့သည့် (၃၁)လကျော် ကာလအတွင်း တိုးတက်မှုများ လုံးဝပျက်သုဉ်းသွားခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ထို့အပြင် စစ်အာဏာရှင်လက်အောက်၌ လူနှစ်သန်း နီးပါးအိုးအိမ်မဲ့ဖြစ်နေကြရပြီး ၁၈ သန်း ကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကာ မြန်မာ့လူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ရောက်ရှိနေကြောင်း ရှင်းပြသွားသည်။

အာဏာရှင်များသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသလို နိုင်ငံ့စီးပွားရေးကိုလည်း စီမံခန့်ခွဲနိုင်စွမ်းလည်းမရှိကြောင်းလည်း ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးတွင် ထုတ်‌ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် စစ်အာဏာရှင်လက်အောက်၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိသည်မှာ ရှင်းလင်း‌ကြောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ပံ့ပိုးကူညီမှုမှန်သမျှသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် အကူအညီများ မဖြစ်ရန် အလွန်အရေးကြီးကြောင်း ဦးကျော်မိုးထွန်း က ‌ပြောကြားသွားသည်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအပေါ် ပေးအပ်မည့် အကူအညီအားလုံးသည် လိုအပ်နေသော ပြည်သူများထံသို့ ရောက်ရှိရေးသည် အရေးကြီး ကြောင်း၊ အကူအညီပေးရာတွင် မည်သည်တဦးတယောက်ကိုမျှ ချန်လှပ်ထားခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှု ရှိရမည်ဆိုသည့်မူနှင့်အညီဖြစ်ရန် လိုကြောင်း တောင်းဆိုသွားသည်။
ထို့အပြင် ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မိတ်ဖက်များ အားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် အဓိကသက်ဆိုင်သူများအားလုံးနှင့် လက်တွဲ လုပ်ဆောင်ရန် အရေးကြီးကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသွားသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီပြန်လည်ထူထောင်ရေး လုပ်ဆောင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသည် အနာဂတ်အတွက် မြန်မာပြည်သူများ၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား ဦးကျော်မိုးထွန်းက ‌အသိ‌ပေးပြောကြားသွားသည်။

စာတည်း - အေးချမ်း
သံအမတ်ကြီးဦးကျော်မိုးထွန်းအား (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင်
အောက်တိုဘာလ ၄ ရက်နေ့ကတွေ့ရစဉ်
(ဓာတ်ပုံ - ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးဖေ့စ်ဘွတ်ခ်)

#mizzima
#ကုလသမဂ္ဂအထွေထွေညီလာခံ
#သံအမတ်ကြီးဦးကျော်မိုးထွန်း
#မြန်မာစစ်အာဏာရှင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤6🤮2
တရုတ်ထုတ် လျှပ်စစ်ကား အားသွင်းရင်း မီးထလောင်
🔥1😁1🤔1
တရုတ်ထုတ် လျှပ်စစ်ကား အားသွင်းရင်း မီးထလောင်
=====================

ကီရာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၃၁) ရပ်ကွက် သခင်ဗစိန်လမ်း၊ တိုက်အမှတ် (၂၂)တွင် အောက်တိုဘာလ ၅ရက် ည၁၂နာရီကျော်အချိန်က တရုတ်ထုတ် EV လျှပ်စစ်ကား အားသွင်းရင်း မီးထလောင်မှု ဖြစ်ပွားသည်ဟု သိရသည်။

“တိုက်အောက်မှာ EV ကား အားသွင်းရင်းနဲ့လောင်တာ ဘာမှတောင် မယူအားဘူး ။ ကားတစီးလုံးလည်းကုန်ပြီ။ လျှပ်စစ်ကား အားသွင်းရင်းနဲ့ဖြစ်တာ။ အားသွင်းရင်းနဲ့ထပေါက်တာ ။ လောင်နေတာ တော်တော်ကြာပြီ ။ဘာမှတောင်မပါဘူး ဆင်းပြေးလာရတာ စာရွက်စာတမ်းတွေပဲ ပါတယ် ။ ကုန်ပြီလေ တစီးလုံး ဓာတ်ကြိုးတွေပါလောင် နေပြီ“ဟု ကားမီးလောင်မှုဖြစ်ပွါးရာအနီး နေထိုင်သူတဦးက ၎င်း၏လူမှုကွန်ရက်ပေါ်တွင် Live လွှင့်ပြောဆိုထားသည်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှလည်း အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ်နှစ်စီးဖြင့် ၁၀မိနစ်ကျော်ခန့် မီးငြှိမ်းသတ်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ကားမီးလောင်ကျွမ်းမှုသည် ကားအလယ် အတွင်းပိုင်းနှင့် ကားအောက်ပိုင်းတို့တွင် မီးတောက်လောင်နေခဲ့ရာမှတဆင့် ကားခေါင်မိုးအထက်တွင် ရှိနေသည့် ဓာတ်ကြိုးနှင့် သစ်ပင်များကိုပါ မီးစွဲလောင်နေသည်ကိုလည်း တွေ့ရသည်။

မီးလောင်ကျွမ်းနေသည့်ကား၏ ညာဘက်အခြမ်း မလှမ်းမကမ်းတွင် ပတ်ဝန်းကျင်မှကားများ ရပ်ထားသည်ကို တွေ့ရပြီး အနောက်ဘက်အခြမ်းတွင် လူနေအိမ်များ ရှိနေသည်ကို တွေ့ရသည်။
အဆိုပါကား မီးစတင်လောင်သည့်အချိန်တွင် ယင်းအပေါ်ထပ် လူနေအိမ်မှ ဗီဒီယိုရုပ်သံရိုက်ကူးထားပြီး ကားမီးလောင်ကျွမ်းနေသည့် နေရာနှင့် အနီးဆုံးရှိနေသူများကလည်း ရေခွက်များဖြင့် ရေများပက်၍ မီးလောင်ကျွမ်းမှုကို အတတ်နိုင်ဆုံး တားဆီးနေကြသည်ကိုလည်း အဆိုပါဗီဒီယိုထဲတွင် မြင်တွေ့ရသည်။

“လျှပ်စစ်မငြိမ်ရင်လည်း ထပေါက်တတ်တယ် ။မီးမလာခင်ပလပ်ထိုးထားတယ်။ Safe Guard မခံဘူး မီးအားဆောင့်တက်လာရင် ဘက်ထရီပွင့်တတ်တယ်။ အိမ်မီးကသွင်းလို့ရပေမယ့် လိုအပ်တဲ့ပစ္စည်းတွေ ထပ်ဆင့်မတပ်ဆင်ရင် အန္တာရယ်ရှိပါတယ်။ မီတာသီးသန့်တပ်သင့်တယ် ။ကားအတွက် မီးအတက်ကျထိန်းရန် စတေဘယ်လိုက်ဇာတပ်သင့်တယ်။စျေးပေါတာတွေမသုံးသင့်ဘူး။အရည်သွေးမှီတာတွေ သုံးသင့်တယ်”ဟု ကားကျွမ်းကျင်သူတဦးက မှတ်ချက်ပြုပြောသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား အသုံးပြုမှုကို နိုင်ငံတော်စီမံကိန်းတရပ်အနေဖြင့် လုပ်ဆောင်နေခဲ့ပြီး လျှပ်စစ်ကား ကနဦးရှေ့ပြေးစီမံကိန်းကာလအဖြစ် ၂၀၂၃ ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ သတ်မှတ်ထားကြောင်း ကိုလည်း ထုတ်ပြန်ထားခဲ့ပြီး လျှပ်စစ်ကားများတင်သွင်းရန် ကုမ္မဏီ ၂၆ခုကိုလည်း ခွင့်ပြုထားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသို့ တင်သွင်းထားသည့် လျှပ်စစ်ကားများ၏ ဈေးနှုန်းများသည် ကျပ်သိန်း၆၀၀ကျော်မှ ၇၀၀အထိ ရှိနေသည်ဟုလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#မြောက်ဒဂုံမြို့နယ်
#လျှပ်စစ်ကား
#မီးလောင်ကျွမ်းမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥2❤1😁1