Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တရုတ်ထုတ် လျှပ်စစ်ကား အားသွင်းရင်း မီးထလောင်
🔥1😁1🤔1
တရုတ်ထုတ် လျှပ်စစ်ကား အားသွင်းရင်း မီးထလောင်
=====================

ကီရာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၃၁) ရပ်ကွက် သခင်ဗစိန်လမ်း၊ တိုက်အမှတ် (၂၂)တွင် အောက်တိုဘာလ ၅ရက် ည၁၂နာရီကျော်အချိန်က တရုတ်ထုတ် EV လျှပ်စစ်ကား အားသွင်းရင်း မီးထလောင်မှု ဖြစ်ပွားသည်ဟု သိရသည်။

“တိုက်အောက်မှာ EV ကား အားသွင်းရင်းနဲ့လောင်တာ ဘာမှတောင် မယူအားဘူး ။ ကားတစီးလုံးလည်းကုန်ပြီ။ လျှပ်စစ်ကား အားသွင်းရင်းနဲ့ဖြစ်တာ။ အားသွင်းရင်းနဲ့ထပေါက်တာ ။ လောင်နေတာ တော်တော်ကြာပြီ ။ဘာမှတောင်မပါဘူး ဆင်းပြေးလာရတာ စာရွက်စာတမ်းတွေပဲ ပါတယ် ။ ကုန်ပြီလေ တစီးလုံး ဓာတ်ကြိုးတွေပါလောင် နေပြီ“ဟု ကားမီးလောင်မှုဖြစ်ပွါးရာအနီး နေထိုင်သူတဦးက ၎င်း၏လူမှုကွန်ရက်ပေါ်တွင် Live လွှင့်ပြောဆိုထားသည်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှလည်း အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ်နှစ်စီးဖြင့် ၁၀မိနစ်ကျော်ခန့် မီးငြှိမ်းသတ်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ကားမီးလောင်ကျွမ်းမှုသည် ကားအလယ် အတွင်းပိုင်းနှင့် ကားအောက်ပိုင်းတို့တွင် မီးတောက်လောင်နေခဲ့ရာမှတဆင့် ကားခေါင်မိုးအထက်တွင် ရှိနေသည့် ဓာတ်ကြိုးနှင့် သစ်ပင်များကိုပါ မီးစွဲလောင်နေသည်ကိုလည်း တွေ့ရသည်။

မီးလောင်ကျွမ်းနေသည့်ကား၏ ညာဘက်အခြမ်း မလှမ်းမကမ်းတွင် ပတ်ဝန်းကျင်မှကားများ ရပ်ထားသည်ကို တွေ့ရပြီး အနောက်ဘက်အခြမ်းတွင် လူနေအိမ်များ ရှိနေသည်ကို တွေ့ရသည်။
အဆိုပါကား မီးစတင်လောင်သည့်အချိန်တွင် ယင်းအပေါ်ထပ် လူနေအိမ်မှ ဗီဒီယိုရုပ်သံရိုက်ကူးထားပြီး ကားမီးလောင်ကျွမ်းနေသည့် နေရာနှင့် အနီးဆုံးရှိနေသူများကလည်း ရေခွက်များဖြင့် ရေများပက်၍ မီးလောင်ကျွမ်းမှုကို အတတ်နိုင်ဆုံး တားဆီးနေကြသည်ကိုလည်း အဆိုပါဗီဒီယိုထဲတွင် မြင်တွေ့ရသည်။

“လျှပ်စစ်မငြိမ်ရင်လည်း ထပေါက်တတ်တယ် ။မီးမလာခင်ပလပ်ထိုးထားတယ်။ Safe Guard မခံဘူး မီးအားဆောင့်တက်လာရင် ဘက်ထရီပွင့်တတ်တယ်။ အိမ်မီးကသွင်းလို့ရပေမယ့် လိုအပ်တဲ့ပစ္စည်းတွေ ထပ်ဆင့်မတပ်ဆင်ရင် အန္တာရယ်ရှိပါတယ်။ မီတာသီးသန့်တပ်သင့်တယ် ။ကားအတွက် မီးအတက်ကျထိန်းရန် စတေဘယ်လိုက်ဇာတပ်သင့်တယ်။စျေးပေါတာတွေမသုံးသင့်ဘူး။အရည်သွေးမှီတာတွေ သုံးသင့်တယ်”ဟု ကားကျွမ်းကျင်သူတဦးက မှတ်ချက်ပြုပြောသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား အသုံးပြုမှုကို နိုင်ငံတော်စီမံကိန်းတရပ်အနေဖြင့် လုပ်ဆောင်နေခဲ့ပြီး လျှပ်စစ်ကား ကနဦးရှေ့ပြေးစီမံကိန်းကာလအဖြစ် ၂၀၂၃ ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ သတ်မှတ်ထားကြောင်း ကိုလည်း ထုတ်ပြန်ထားခဲ့ပြီး လျှပ်စစ်ကားများတင်သွင်းရန် ကုမ္မဏီ ၂၆ခုကိုလည်း ခွင့်ပြုထားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသို့ တင်သွင်းထားသည့် လျှပ်စစ်ကားများ၏ ဈေးနှုန်းများသည် ကျပ်သိန်း၆၀၀ကျော်မှ ၇၀၀အထိ ရှိနေသည်ဟုလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#မြောက်ဒဂုံမြို့နယ်
#လျှပ်စစ်ကား
#မီးလောင်ကျွမ်းမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥2❤1😁1
​​ဘန်ကောက်ပစ်ခတ်သူက ‘ဗလာကျည် သေနတ်’ ကို အွန်လိုင်းမှ ဝယ်ယူခဲ့ခြင်း ဖြစ် 
========================

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က စီအမ်းပရာဂွန် ဈေးဝယ်စင်တာတွင် သေနတ်ပစ်ခတ်သည့် အသက် ၁၄ နှစ်အရွယ် ပစ်ခတ်သူသည် ၎င်း၏ မွမ်းမံပြင်ဆင်ထားသော ဗလာကျည် သေနတ်ကို အွန်လိုင်းမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲက ပြောသည်။ ၎င်းထံ လက်နက်နှင့် ကျည်ဆံများ ရောင်းချမှုအတွက် အမျိုးသား သုံးဦးကို မနေ့က ဖမ်းဆီးထားသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​ယင်းမာပင်တွင် စစ်ကောင်စီယာဉ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်
====================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်တွင် စစ်ကောင်စီယာဉ်တန်းကို နှစ်ရက်ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ကား နှစ်စီး ပျက်စီးသွားကြောင်း Blue Rose Y.M.B PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်းတွင် ဘိုက်သရက်ရွာ နှင့် လည်ငေါက်ရွာအကြားတွင် တကြိမ်၊ အောင်တိုဘာ လ ၅ ရက်နေ့ ၁၁ နာရီ တွင် မကျည်းကန်ရွာ အနီးတွင် တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Blue Rose Y.M.B PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထက်က ပြောသည်။

၎င်းက “ ကျွန်တော်တို့ ရှေ့ထွက် တဖက်ပွင့်မိုင်းတွေ နဲ့ မိုင်းပွိုင့်တွေ ဆင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် ။ သူတို့ ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်။ ကျွန်တော်တို့ကတော့ မိုင်းဆွဲ ပြီး ပြန်ဆုတ်လာတာ” ဟုပြောသည်။
စစ်ကောင်စီယာဉ်တန်းတွင် မိုးကာအုပ်ထားသည့် ၁၂ ဘီးကား ၁၂ စီး စစ်ဘက်သုံး ဖောကား ငါးစီး စုစုပေါင်း ၁၇ စီးပါဝင်ပြီး ရှေ့ ပြေးခြေလျင် စစ်ကြောင်း နှင့် သွားနေခြင်းဖြစ်ကြောင်း ကိုထက်က ဆိုသည်။

အဆိုပါက ယာဉ်တန်းသည် ဆားလင်းကြီးမြို့နယ်မှ စတင်ထွက်ခွာလာပြီးနောက် ယင်းမာပင်မြို့နယ် အတွင်းသို့ အောက်တိုဘာလ ၃ ရက်နေ့ တွင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။

“ ယာဉ်တန်း စဝင်လာတုန်းက ကျေးရွာ ငါးရွာ လောက်စစ်ဘေးရှောင်ရတယ်။ အခုတော့ ရွာတွေကို ပြန်ကပ်နိုင်ပါပြီ “ ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါက စစ်ယာဉ်တန်းသည် ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့ တွင် ပုလဲမြို့နယ်အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည့် အတွက် ပုလဲမြို့နယ်အတွင်းမှ ဒေသခံတချို့ စစ်ဘေးရှောင်နေကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွန်း -- Blue Rose Y.M.B PDF အဖွဲ့ ဝင်များ မိုင်းထောင်နေစဉ်(ဓာတ်ပုံ-Blue Rose Y.M.B PDF )

#Mizzima
#ယင်းမာပင်မြို့
#စစ်ကောင်စီယာဥ်တန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤2😁1
​​ကလေးမြို့တွင် မီတာမဆောင်သည့် အိမ်များကို မီးဖြတ်တောက်
===================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ တာဟန်းရပ်ကွက်နှင့် ကြို့သုံးပင်ကျေးရွာတို့တွင် လျှပ်စစ်မီတာခ မဆောင်သည့် နေအိမ်များကို မီးလိုင်းများဖြတ်တောက်သွားသည်ဟု ဒေသခံများထံက သိရသည်။

“တချို့အိမ်တွေကိုတော့ အကြောင်းကြားတယ် မီတာဆောင်ဖို့ ။ ကျမတို့အိမ်တော့ ဘာမှအကြောင်းကြားတာမရှိဘဲနဲ့ မီးဖြတ်သွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးယူပေးပြီး လျှပ်စစ်ရုံးဝန်ထမ်းများက နေအိမ် အချို့ကို စုပေါင်းရုံးတွင် မီတာဆောင်ကြရန်နှင့် မဆောင်ပါက မီးလိုင်းဖြတ်တောက် သွားမည်ဟု သတိပေးပြောဆိုခဲ့ပြီးနောက် အောက်တိုဘာလ ၄ရက်မှ စတင်ပြီး အိမ်အချို့တွင် မီးလိုင်းများ ဖြတ်တောက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ယခင်လကလည်း ကိုးမိုင်ရွာဘက်တွင် မီတာဆောင်ရန်ပြောကြားခဲ့ပြီး မဆောင်သည့် နေအိမ်များကို မီးလိုင်းဖြတ်တောက်ခဲ့ရာ မီတာကြေး ပြန်လည်ပေးဆောင်သည့် နေအိမ်များကို မီးလိုင်းပြန်လည် ဆက်သွယ်ပေးခဲ့ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။
“မီးကတရက်ကို ခုနစ်နာရီလောက်တော့လာတယ် တဆက်ထဲမဟုတ်ဘူး။ ညပိုင်းမှ လာတာများတာ နေ့ခင်းလည်း ခဏတဖြုတ်လာတတ်တယ် ။ပုံမှန်လည်းမဟုတ်ဘူး လာချင်တဲ့အချိန်လာတာပဲ ။ အဲဒါကို လူတယောက်ကစောင့်ပြီး လျှပ်စစ်သုံး အိမ်မှုကိစ္စတွေလုပ်ရတာ” ဟု ကလေးမြို့ခံတဦးက ပြောသည်။

ထမင်းဟင်းချက်ပြုတ်ရေးအတွက် မီးသွေးနှင့် ဂက်စ်ကို ခြွေတာသုံးစွဲရပြီး မီးလာချိန်တွင်သာ လျှပ်စစ်မီးဖြင့် အသုံးပြုရသည့် ပစ္စည်းများကို အားသွင်းရကြောင်း ဆိုသည်။

ရံဖန်ရံခါ ထရန်စဖော်မာလောင်သည့်အခါနှင့် အခြားအရေးအကြောင်းများရှိ၍ နှစ်ရက် သုံးရက်ခန့်မီးပြတ်တောက်ပါက နီးစပ်ရာ မီးစက်ရှိသည့်အိမ်များတွင် အကူအညီတောင်း၍ ဖုန်းများအားသွင်းလေ့ရှိကြောင်းလည်း သိရသည်။

အာဏာသိမ်းပြီး‌နောက် ကလေးမြို့တွင် လျှပ်စစ်မီတာခများ ကောက်ယူရန်ကြိုးစားမှုသည် ယခုအကြိမ်နှင့်ဆိုပါက သုံးကြိမ်မြောက်ဖြစ်ပြီး ကလေးမြို့ရှိ လျှပ်စစ်ရုံးဝန်ထမ်းသုံးဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#မီတာခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5🔥2👏1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍3🤮2
​​တနင်္သာရီ၊ကရင်နှင့်မွန်တွင် ပုံမှန်ထက် မိုးများမည့် သတိပေးချက်ထုတ်ပြန်
=====================

ရောင်နီ
(မဇ္စျိမ)။ ။ လက်ရှိကာလရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့အပြား၌ မိုးရွာနိုင်ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ပုံမှန်ထက်မိုးများနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတင်းထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်၌‌တိုင်ဖွန်းမုန်တိုင်းကိုအိနူ(Koinu) ဖြစ်နေစဉ် ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသည့် အထက်ပါ ဒေသ သုံးခု၌ ပုံမှန်ထက် မိုးများမည့် သတိပေးချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းဒေသများတွင် အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်၌ မိုးများနိုင်ကြောင်း ယနေ့ အောက်တိုဘာလ ၆ရက်တွင် သတိပေးထားသည်။

" မိုးက အရင်ရက်က တော်တော်များတယ်။ ဒီနေ့တော့ မိုးအုံ့တယ်။ ရှေ့ရက်တော့ မိုးများမယ်ထင်တယ်" ဟု မွန်ပြည်နယ်၊ ပေါင်မြို့မှ ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လက မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ မြို့နယ်အချို့၌ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသည်။

စက်တင်ဘာလ နှောင်းပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှ မြို့နယ်အချို့၌ တောင်ကျချောင်းရေများ ဝင်ရောက်ခြင်း၊ လေပြင်းကြောင့်သစ်ပင်များလဲပြိုခြင်းတို့ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းကိုအိနူ(Koinu)သည် တောင်တရုတ်ပင်လယ်၌‌ စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းတွင် ဖြစ်ခဲ့ပြီး အောက်တိုဘာလ ၅ရက်တွင် ထိုင်ဝမ်နိုင်ငံကို ဖြတ်ကျော်ခဲ့သည်။ မုန်တိုင်းဘေးကြောင့် လူတဦးသေဆုံးပြီး သုံးရာကျော် ဒဏ်ရာရခဲ့သည်။ Koinu သည် မကြာမီ အားလျော့သွားနိုင်သည်ဟု မ်ိုးဇလဌာနက ယနေ့ ခန့်မှန်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
ပုံအညွှန်း - ပြီးခဲ့သည့် ဇူလိုင်လက မွန်ပြည်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် မြင်ကွင်း။ (ပုံ - လူမှုကွန်ရက်)

#mizzima
#တနင်္သာရီတိုင်း
#ကရင်ပြည်နယ်
#မွန်ပြည်နယ်
#မိုးသတိပေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1🤯1
အွန်လိုင်းဈေးရောင်းလုပ်ငန်းတွေကို မှတ်ပုံတင်ခိုင်း‌ တာကြောင့် တနိုင်တပိုင်ရောင်းသူတွေ အခက်တွေ့
မောင်ခက်နွေ(မဇ္ဈိမ) အွန်လိုင်းကနေရောင်းချနေတဲ့ လုပ်ငန်းတွေကို ...
https://www.youtube.com/watch?v=P6YxmAWDtiI
👍6❤1😁1
​​BIMSTEC အစည်းအဝေးသို့ စစ်ကောင်စီ ခေါင်းဆောင်ကို ထိုင်း ဖိတ်ကြား 
========================

နိုဝင်ဘာ ၃၀ ရက်တွင် ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းအစိုးရက ဖိတ်ကြားထားကြောင်း သတင်းပေးရင်းမြစ်များကို ကိုးကားပြီး Thai PBS ၏ သတင်းဖော်ပြချက်အရ သိရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮14👍4❤1🔥1