Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ AI Ittihad

AI Ittihad 0 - 1 AI Ahli
Kessie 31'

#SaudiProfessionalLeague
#Footballnews
Photo - Twitter
👍1
စပိန်လာလီဂါ ပွဲစဉ် (၉) ရလဒ်
============
  
Athletic Club  3   -   0   Almeria
Guruzeta 10'
Garcia 63'
Sancet 81'

#Laliga
#Footballnews
Photo - Twitter
👍4
အောက်တိုဘာလ( ၇ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စက်တင်ဘာတစ်လထဲမှာပဲ စစ်ကောင်စီ နဲ့ တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ခဲ့ပြီး လေကြောင်းကနေ အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရတယ် လို့ တအာင်းတပ်(TNLA)က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်က Siam Paragon ကုန်တိုက်ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီး အတွက် နစ်နာကြေးတွေ ပေးအပ်သွားမယ်လို့ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးဌာန ကကြေညာလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း တွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရမှာပါ။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/yRjpCq6VXt4?si=d3EavnOP0yIN65DA

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9😁2
​​7.10.2023 (Saturday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

Cele City (ညနေ- ၄ နာရီခွဲ)
Jimmy Fallen Show (ညနေ- ၆ နာရီ)
Korea Movie - Sinkhole (ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍8
​​သုံးဆယ်ပေးကျေးရွာရှိ ပျူ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
===================


MTO
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာတွင် ရှိသည့် ပျူစောထီးစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ပျူနှင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ သေဆုံးမှုရှိကြောင်း မတ္တရာ မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ပြီးနောက် သုံးဆယ်ပေရွာအတွင်းရှိ စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ပထမ ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကားလေး စီးနဲ့ မန်းလေးနန်းတွင်း ကို ပို့တာ အဲ့အချိန်မှာ ကျတော်တို့ပူးပေါင်းအဖွဲ့တွေက စကစ နဲ့ ပျူတွေ ပေါင်းထိုင်ထားတဲ့ သုံးဆယ် ပေးရွာထဲက စခန်းကို မီတာ ၁၀၀ အနီးထိ ကပ်ပြီးတိုက်ခိုက်ခဲ့တာ အဲ့မှာ ကျဆုံးတာတွေကို မျက်မြင် တွေ့ ရတာတွေလည်းရှိတယ်။ နောက်ပိုင်းတပ်တွင်း သတင်းအရ အယောက် ၂၀ လောက်အထိ သေ တယ်လို့ ကြားတယ်” ဟုပြောသည်။

မီတာ ၁၀၀ အကွာအဝေးအထိ အနီးကပ်တိုက်ခိုက်ခဲ့သော်လည်း စခန်းသိမ်းနိုင်သည်အထိအနေအထား မရှိခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦး က ပြောသည်။

၎င်းက “ နေ့ခင်းကြီးဆိုတော့ သူတို့က အဲ့လောက်အထိ အနီးကပ်တက်မလာဘူးထင်ပြီး ပေါ့နေတာ ထင်တယ်။ ကျွန်တော် ဝင်စီးနင်းပစ်ခတ်ချိန်မှာ သူတို့ သိပ်တောင်ပြန် မပစ်နိုင်ဘူး ။ ကျွန်တော်တို့ဘက် မှာတော့ လုံး၀ အထိအခိုက်မရှိပါဘူး” ဟုပြောသည်။
သုံးဆယ်ပေးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်နှင့် ပျူစောထီး ပူးပေါင်း အင်အား ၇၀ နီးပါးရှိပြီး အနီး အနား ကျေးရွာများကို ဒုက္ခပေးခြင်း၊ ထို ရွာကိုဖြတ်သန်းသွားလာမည် ဆိုပါက ဝင်ထွက်၊ခွင့်ကတ်ပြား လိုအပ်ပြီး ထိုကတ် အတွက် ပိုက်ဆံ ပေးလုပ်ရခြင်းများရှိကြောင်း ဒေသခံများထံက သိရသည်။

ယခုတိုက်ခိုက်မှုကို မတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ကောင်းကင်တော်လှန်ရေးအင်အားစုနှင့်ရွှေဘိုခရိုင်ရင်း (၁၅)Eagle Guerilla Force စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#မတ္တရာမြို့နယ်
#ပျူရွာ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1
​​ဗီယက်နမ် မဲခေါင်မြစ်ဝှမ်း၌ ၂၀၃၅ မကျော်မီ သဲ ကုန်ခမ်းသွားနိုင်
========================

သဲတူးဖော်ခြင်းနှင့် ဆည်တည်ဆောက်ခြင်းများက “စပါးကျီ” ဒေသကို ချွတ်ခြုံကျစေကာ လူများ၊ ကောက်ပဲသီးနှံများနှင့် စီးပွားရေးတို့ကို ဘေးသင့်စေလျက် ရှိခြင်းနှင့်အတူ ဗီယက်နမ်၏ မဲခေါင်မြစ်ဝှမ်းသည် ၂၀၃၅ မကျော်လွန်ခင် သဲများ ကုန်ခမ်းသွားလိမ့်ဖွယ်ရှိကြောင်း ဦးဆောင်ပညာရှင်တဦးက သတိပေးသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3