Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​AISD ရောဂါကို တိုင်းရင်းဆေးနဲ့ပျောက်အောင် ကု၍မရပါ
====================

Zz
(မဇ္ဈိမ)။ ။HIV ပိုးကြောင့်ဖြစ်ပွားသော ခုခံအားကျဆင်းသည့်ရောဂါ(AIDS)အား မြန်မာတိုင်းရင်းဆေးဖြင့် ပျောက်ကင်းအောင်ကုသနိုင်ပြီဆိုသော ဗီဒီယိုဖိုင် TitTok တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေ သည်။

သက်ထား(သက္ထား7)ဆိုသော TitTok အသုံးပြုသူ အမျိုးသမီးတဦးက စက်တင်ဘာ ၁၄ ရက်နေ့က “ HIV ကို ၁၀ ရက်အတွင်း တိုင်းရင်းဆေးနဲ့ကုပေးမှာပါ၊ အာမခံနဲ့ ကုပေးမှာပါ” ဟု ရေးသားကာ ဗီဒီယိုဖိုင်တခုကို ဖြန့်ဝေထားသည်။

ဗီဒီယိုဖိုင်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမှ ဆရာတယောက်က လာရောက်ကု‌သပေးမှာဖြစ်ပြီး ကုသမည်ဆိုပါက မန္တလေးသို့လာရန်ပြောဆိုထားသလို ၁၀ ရက်အတွင်း သွေးစစ်လျင် Negative ထွက် သည်အထိ ကုသပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အဆိုပါ TitTok အသုံးပြုသူက စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်း “ HIV ကို တိုင်းရင်းဆေးနဲ့ ပျောက် ကင်းအောင်ကုနိုင်ပြီ” ဆိုသော ဗီဒီယိုဖိုင်အား ဖြန့်ဝေထားသေးသည်။

ယင်းဗီဒီယိုဖိုင် နှစ်ခုလုံးအား ကြည့်ရှုသူ ၃၈၀,၀၀၀ ကျော်၊ ကြိုက်နှစ်သူ ၁၀,၀၀၀ ကျော်နှင့် မှတ်ချက်ပေး သူ ၄၀၀ ကျော်ရှိခဲ့သည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ HIV ရောဂါပိုးအား တိုင်းရင်းဆေးဖြင့် ကုသ၍ ရ၊ မရ အချက် အလက်စစ်ဆေးကြည့်ခဲ့သည်။

HIV ဆိုသည်မှာ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါပိုးဖြစ်ပြီး ပိုးရှိသူနှင့် အကာကွယ်မဲ့ ဆက်ဆံပါက ကူးစက်ပြီး ခုခံအားကျဆင်းသည့်ဝေဒနာ(AIDS)ကို ဖြစ်ပွားစေသည်။

ယခုအချိန်ထိ AIDS ရောဂါအား လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်သောဆေးမရှိသေးဘဲ ရောဂါပိုးကို ထိန်းပေးနိုင်သော ဆေးသာရှိသေးသည်။

၎င်းဆေးမှာ ART ဟုအမည်ရပြီး အဆိုပါဆေးသည် ယခုအခါ HIV ရောဂါပိုးအား ထိန်းချုပ်နိုင်ရုံတင်မက စစ်ဆေး၍မရတော့သည်အထိ ပိုးကောင်ရေ လျော့နည်းအောင် ပြုလုပ်ပေးနိုင်နေပြီဖြစ်ကြောင်း Hello Sayarwon ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြချက်အရ သိရသည်။

လင့် - https://rb.gy/vsfa2
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အပြင် အခြားသော အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့များသည် HIV နှင့်ပတ်သက်၍ ပျောက်ကင်းအောင်ကုသနိုင်မည့် ဆေးများအား ယနေ့အချိန်ထိ ဖော်ထုတ်နေကြဆဲ ဖြစ် သည်။

ပြီးခဲ့သည့် စက်တင်ဘာလက အမေရိကန်နှင့် တောင်အာဖရိကတို့၌ AIDS ရောဂါ ကာကွယ်ဆေး၏ လက် တွေ့စမ်းသပ်မှုအား စတင်ခဲ့ကြောင်း National Institutes of Health (NIH) ဝက်ဘ်ဆိုက်၏ဖော်ပြချက် အရ သိရသည်။

လင့်- https://rb.gy/y8cwa
ထို့ပြင် AIDS ရောဂါအား ကုသနိုင်မည့်ဆေးမှာ မဝေးတော့သော ဆယ်စုနှစ်တခုတွင်း ဖြစ်လာနိုင်ကြောင်း Financial Times သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြထားသည်။

လင့် - https://rb.gy/4iveh
မိမိကျန်းမာရေးနှင့်ပတ်သက်၍ ဖုန်းဖြင့်ဆွေးနွေးတိုင်ပင်နိုင်သည့် ဝန်ဆောင်မှုဖြစ်သော “7887” သို့ မဇ္ဈိမ က ဆက်သွယ်မေးမြန်းခဲ့ရာ “ ဆေးပညာရပ်တွင် AIDS ရောဂါအား ပျောက်ကင်းအောင် ကုသနိုင်သော ဆေး ယနေ့ချိန်ထိ မရှိသေးကြောင်း၊ ရောဂါပိုးအားထိန်းပေးနိုင်သည့် ART ဆေးသာရှိ‌ပြီး တိုင်းရင်းဆေး ဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်သည်ဆိုသည်မှာ မဟုတ်မမှန်ကြောင်း” ဆရာဝန်တဦးက ပြန်လည် ဖြေဆိုသည်။

ထို့ကြောင့် HIV ရောဂါပိုးအား တိုင်းရင်းဆေးဖြင့် ပျောက်ကင်းအောင်ကုသနိုင်သည်ဆိုသော သတင်းမှာ သတင်းအမှားဖြစ်ပြီး မိမိမှာ HIV ပိုး ကူးစက်ခံရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုပေးသောနေရာများသို့ သွားရောက်၍ ကုသမှုခံယူသင့်ကြောင်း အကြံပြုအပ်သည်။

ထိုသို့ ကုသမှုမခံယူဘဲ ယခုကဲ့သို့ ဗီဒီယိုဖိုင်များအားယုံကြည်ပြီး ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင် ခြင်း(သို့မဟုတ်) ၎င်းတို့ထံကုသမှုခံယူခြင်းများပြုလုပ်ပါက ‌ရောဂါအခြေအနေပိုဆိုးနိုင်ကြောင်း အသိပေး အပ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#AIDS
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤3🔥1
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်
👏7👍2🔥1😁1
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်
======================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာအနီး ရိုးလမ်းခွဲဇရပ်တွင် အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီ အချိန်က စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်သည်ဟု ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်း တာဝန်ရှိသူထံက သိရသည်။

“စစ်ကောင်စီတပ်သားတွေ ထမင်းစားနေတဲ့ ဇရပ် အနီးမှာ သုံးလုံးတွဲ ပဒေသာမိုင်းခင်းပြီး အဝေးထိန်း စနစ်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မိုင်းလုံလောက်မှု မရှိတဲ့အတွက် တကြိမ်သာ တိုက်ခိုက်ခဲ့ရပါတယ်”ဟု ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်းမှူးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်းနှင့် အမှတ်(၁၉) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရရှိနိုင်ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်း တပ်ရင်းမှူးက ဆိုသည်။

ပုလဲမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွင် မိုးကာအုပ် ထားသည့် ၁၂ ဘီးကား ၁၂ စီး ၊ စစ်ဘက်သုံး ဖောကား ငါးစီးနှင့် ကိုက် ၅၀ အကွာတွင် ရှေ့ပြေးခြေလျင်စစ်ကြောင်း ပါရှိပြီး လက်ရှိတွင် ပုလဲမြို့နယ် ကုက္ကိုလ်စုကျေးရွာသို့ ရောက်ရှိနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

အဆိုပါ ယာဉ်တန်းကို အောက်တိုဘာ ၄ ရက်နေ့ကလည်း လည်ငေါက်ကျေးရွာအနီးတွင် Chindwin Toe Na Yar PDF ၊ BNRA နှင့် ဒေါင်းနက် တပ်ဖွဲ့တို့က ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းများကြောင့် ပုလဲမြို့နယ်ရှိ လက်တောင်းကြီး ၊ မန်ကျီးကန် ၊ ကိုက္ကိုလ်စု ၊ လည်ငေါက် စသည့်ကျေးရွာများမှ ဒေသခံများစစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း-မိုင်းဆွဲတိုက်ခိုက်ထားသည့်နေရာ။
ဓာတ်ပုံ-ယင်းမာပင်ခရိုင်တပ်ရင်း-၂၉

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥1😁1
​​ကနီမြို့နယ်က ပျူစောထီးဆိုသူများနေထိုင်သည့်ရွာကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်ရှိ ပျူစောထီးဆိုသူများနေထိုင်သည့် အလယ်ကျွန်းကျေးရွာကိုယမန်နေ့ အောက်တိုဘာလ ၆ ရက် မနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်သည်ဟု ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KLG-PDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည်။

“ကင်းထောက် ဒရုန်းနဲ့ အရင်ဆုံး ထောက်လှမ်းပြီးမှ မောင်းသူမဲ့ ဒရုန်းလေယာဉ်နဲ့ ဗုံးသီးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပျူစခန်းက နေအိမ် အချို့ ပျက်စီးမှုရှိတယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု KLG-PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

Shar Htoo Waw နည်းပညာဖြင့် မောင်းသူမဲ့ ဒရုန်းလေယာဉ် အသုံးပြု တိုက်ခိုက်မှုတွင် နေအိမ်များ ထိခိုက်ပျက်စီးခြင်းနှင့် ပျူစောထီးကျေးရွာအား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိသည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း(၂၁)၊ (၂၂) ၊ (၂၃)နှင့် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့( KLG-PDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏5❤1🔥1😁1
ဖရူဆိုတွင် ရပ်နားထားသည့် စစ်ကောင်စီ ယာဥ်တန်း လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ အမျိုးသမီး ဒဏ်ရာရ
🤬10🔥2😁1
ဖရူဆိုတွင် ရပ်နားထားသည့် စစ်ကောင်စီ ယာဥ်တန်း လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ အမျိုးသမီး ဒဏ်ရာရ
===================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ ၊ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းတွင် ရပ်နားထားသည့် စစ်ကောင်စီယာဥ်တန်းမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ အမျိုးသမီးတဦး ဦးခေါင်းနှင့် ကျောကုန်းတွင် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးမှုများ ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

မယ်စဲ့မြို့သို့ ဦးတည်နေသည့် ယာဥ်အစီး ၆၀ ခန့် ပါ ထိုစစ်ကောင်စီ ရိက္ခာယာဉ်တန်း မှ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဖရူဆိုမြို့နယ်၊ အနောက်ဖက်ခြမ်းရှိ ကျေးရွာတရွာမှ အသက် ၅၀ အရွယ် အမျိုးသမီး တဦး ထိခိုက်ပြီး နွားတကောင် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျေးရွာဘက်သို့ ထိုနေ့ ည ၁၀ နာရီကျော်အချိန်တွင်လည်း ယင်းလေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီး ၁၀ လုံးခန့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

“စစ်ယာဉ်တန်း အားလုံးနီးပါးက တန်းမြင့်လေးကျင့်ရေးကျောင်းမှာ ရှိနေတယ်ဗျ။ ဖရူဆိုနဲ့ထားလဲရွာကြားမှာရှိတယ်ဗျ။ လက်နက်ကြီးပစ်ခတ်တာ လေယာဉ်ဗုံးကြဲတာရှိတယ်ဗျ။ ထိခိုက်မှုတော့ အသေးစိတ်မသိရဘူးဗျ။ မြေပြင်က ဖုန်းလိုင်းအဆင်မပြေလို့ပါဗျ” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ပြန်ကြားရေးတာဝန်ရှိသူတဦးက ယနေ့ အောက်တိုဘာလ ၇ ရက် နေ့ခင်းပိုင်း၌ မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ ည ၁၁နာရီခန့်တွင်လည်း တာဝေးပစ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ငါးလုံးကျရောက်ပေါက်ကွဲကာ နေအိမ်နှစ်လုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာတွင် ပြည်သူများနေထိုင်နေသေးသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေခြင်းသည် ပြည်သူများအား ရန်သူသဖွယ် သတ်မှတ်ကာ စစ်ရာဇဝတ်မှုများကို စစ်ကောင်စီက ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုယာဥ်တန်းသည် ပြီးခဲ့သည့် ဩဂုတ်လအစပိုင်းတွင် လွိုင်ကော်မြို့မှ ထွက်ခွာလာကာ မယ်စဲ့မြို့နယ် ပန်းတိန်ဒေသသို့ ဦးတည်ချီတက်နေသည့် ယာဉ်တန်းဖြစ်သော်လည်း ယနေ့ အောက်တိုဘာလ ၇ ရက်နေ့အထိ ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီယာဉ်တန်းရောက်ရှိနေသည့် ဖရူဆိုမြို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လွိုင်ကော်နှင့် ဖယ်ခုံမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ရှောင်စခန်းများကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ပြုလုပ်ခဲ့၍ ပြည်သူ ခုနစ်ဦး ဒဏ်ရာရကာ စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူတဦးနှင့် မြေမြှုပ်မိုင်းကြောင့် ပြည်သူတဦး သေဆုံးခဲ့ရကြောင်း KNDF က အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာလအတွင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်နီပြည်အတွင်းရှိ ခရစ်ယာန်ဘာရားကျောင်းတကျောင်း၊ ကျန်းမာရေးအဆောက်အအုံ တလုံးနှင့် နေအိမ် သုံးလုံး ပျက်ဆီးခဲ့ရကြောင်း KNDF ၏ စက်တင်ဘာလ တလတာ စစ်ရေးသတင်းအနှစ်ချုပ်တွင် ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း-စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ-KNDF)

#Mizzima
#ဖရူဆို
#စစ်ကောင်စီယာဥ်တန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍2🔥2😢2🥰1
ဘန်ကောက်ပစ်ခတ်မှု Shopping Mall လုပ်ငန်းစုက သေဆုံးသူများအတွက် ဘတ် ၅သန်းစီ ထောက်ပံ့မည်ဟု ထုတ်ပြန်
👍9🔥1
​​ဘန်ကောက်ပစ်ခတ်မှု Shopping Mall လုပ်ငန်းစုက သေဆုံးသူများအတွက် ဘတ် ၅သန်းစီ ထောက်ပံ့မည်ဟု ထုတ်ပြန်
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပစ်ခတ်မှုဖြစ်ပွားသည့် Siam Paragon Shopping Mall လုပ်ငန်းစုမှ သေဆုံးရသူများ၏ မိသားစုဝင်များကို ဘတ်ငွေ ၅,၀၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၅,၀၀၀ ခန့်) ထောက်ပံ့ကူညီသွားမည်ဟု ယမန်နေ့ အောက်တိုဘာ လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

"အောက်တိုဘာလ ၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး Siam Paragon က သေဆုံးသွားတဲ့ မိသားစုတွေနဲ့ ဒဏ်ရာရသူတွေကို အလေးအနက် ဝမ်းနည်းကြောင်း ဖော်ပြလိုက်ပါတယ်။ ကျွန်ုပ်တို့သည် ကွယ်လွန်သူမိသားစု နှစ်ခုကို တဦးလျှင် ဘတ် ၅,၀၀၀,၀၀၀၊ ဒဏ်ရာရရှိသူ ငါးဦးကို တဦးလျှင် ဘတ် ၃၀၀,၀၀၀ သိန်း(မြန်မာကျပ်ငွေ သိန်း ၃၀၀ ခန့်) အစိုးရ၏ ထောက်ပံ့ကူညီမှုများတွင် ထည့်သွင်းသွားမည်”
ဟု Siam Paragon လုပ်ငန်းစု၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ထားသည်။

ဘန်ကောက်မြို့လယ်ရှိ Siam Paragon Shopping Mall တွင် အောက်တိုဘာလ ၃ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း တရုတ်နိုင်ငံသား ခရီးသွားအမျိုးသမီးတဦးနှင့် မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်တို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ငါးဦးရှိကြောင်း သိရသည်။

"လေးလေးရဲ့ အမေနဲ့ မိသားစုကတော့ ထိုင်းကိုရောက်ပါပြီ။ Siam Paragon ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ညီမတို့ အဲ့တာတွေကို မသိရသေးပါဘူး" ဟု ထိုင်းနိုင်ငံရှိ သေဆုံးသူ မမိုးမြင့်၏ တူမတော်စပ်သူက မဇ္ဈိမကိုပြောသည်။

မမိုးမြင့်၏ နာရေးကို လာမည့် အောက်တိုဘာလ ၈ ရက်တွင် ထိုင်းနိုင်ငံ၊ နွန်သာဘူရီ ၊ ပတ်ခ်ကရက်မြို့ ရှိ Phasukmanijak ဘုရားကျောင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"၈ ရက်နေ့ နံနက်၈ နာရီအချိန်ကစပြီး၊ မွန်းလွဲ ၁ နာရီအချိန်တွင် လေးလေးမိုးမြင့်ရဲ့ ဈာပနအခမ်းနားကို မီးသင်္ဂြိုဟ်ပေးမယ်ဖြစ်၍ မိတ်ဆွေသူငယ်ချင်းအားလုံး လာခဲ့ကြပါလို့ဖိတ်ပါတယ်နော်” ဟု မမိုးမြင့်၏ တူမတော်စပ်သူက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။

ချစ်ခင်သူများက ကိုမိုးမြင့်ဟုခေါ်ကြသည့် လိင်စိတ်ခံယူမှု ကွဲပြားသူ သေဆုံးသူ၏ နာရေးသို့ ပစ်ခတ်မှုတရားခံ အသက် ၁၄ နှစ်အရွယ်သေနတ်သမား၏ ဖခင်သည် ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့က သွားရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Khaosod English သတင်းဌာနက ဖော်ပြထားသည်။

၎င်းသည် မမိုးမြင့်၏ အလုပ်ရှင်ကို ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်၍ နောင်တရကြောင်း၊ တုန်လှုပ်ခြောက်ခြားနေသောကြောင့် စောစောမတောင်းပန်မိခဲ့ကြောင်း၊ တာဝန်ယူရမည့်ကိစ္စရပ်အားလုံးကို တာဝန်ယူသွားရန် ဆန္ဒရှိပြီး ဆုံးရှုံးမှုများအတွက်လည်း ကုစားသွားပါမည်ဟု ပြောကြားခဲ့ကြောင်း Khaosod English ၏ သတင်းအရ သိရှိရသည်။

စျာပနအခမ်းအနားသို့ မမိုးမြင့်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင်များ တက်ရောက်နိုင်ရေးကိုလည်း ထိုင်းအစိုးရမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားကြသည်။
ကွယ်လွန်ချိန်တွင် အသက် ၃၁ နှစ်အရွယ်ရှိ မမိုးမြင့်သည် Siam Center ရှိ Take Toys Co. Ltd မှ ဆိုင်ဝန်ထမ်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့က Siam Paragon Shopping Mall ရှိ ဘန်ကောက်ဘဏ်သို့ လုပ်ငန်းကိစ္စဖြင့် ရောက်ရှိနေစဉ် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

မမိုးမြင့်သေဆုံးရမှုနှင့်ပတ်သက်၍ ၎င်း၏အလုပ်ရှင်မှဦးဆောင်ကာ တရားရေးအမှုကိစ္စများကို ဆောင်ရွက်ပေးနေကြောင်းနှင့် ကျန်ရစ်သူမိသားစုအတွက်လည်း အလုပ်ရှင်မှ လစဉ် တလလျှင် ဘတ် ၁၀၀၀၀ (မြန်မာကျပ်ငွေ ၁၀ သိန်းခန့်) ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုကြောင်း မမိုးမြင့်၏ တူတော်စပ်သူ ကိုအောင်မင်းက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုကျူးလွန်သူ အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ်ကို ထိုင်းရဲများက ဖမ်းဆီးထားပြီး ၎င်းအား ပစ္စတိုသေနတ်ရောင်းချသည်ဟု သံသယရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်း ယာလာခရိုင်မှ အမျိုးသား သုံးဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - သေဆုံးသူ မမိုးမြင့်၏ စျာပနအခမ်းအနား
ဓာတ်ပုံ - မိသားစုဝင်တဦး၏ လူမှုကွန်ယက်စာမျက်နှာ

#ထိုင်းနိုင်ငံ
#ပစ်ခတ်မှု
#ဈာပန
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥1
​​ဖြည့်စွက်စာ ကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ သတင်းမှားဖြန့်
======================

JC
(မဇ္ဈိမ)။ ။ဖြည့်စွက်စာတမျိုးဖြစ်သည့် ကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ ရေးသားထားသည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

စစ်ကောင်စီထောက်ခံသည့် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်သည့် အသန်း(ICG)ချန်နယ်က အောက်တိုဘာ ၂ ရက်နေ့တွင် “လိင်ပစ္စည်း တရားမဝင်လိင်ဆေးရောင်းတဲ့ ကုလားမွတ်တွေထုတ်ထား တဲ့တားဆေးတွေ ဈေးကွက်ထဲအရမ်းဝင်နေပြီးတော့ အသက်မပြည့်သေးသည့်ကလေးငယ်တွေ အိမ်က မသိအောင် တားဆေးတွေ ခိုးသောက်နေကြတယ်” (မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ မြန်မာအမျိုး သမီးများအား ရာသက်ပန် ကလေးမမွေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ချိနေကြောင်း ရုပ်သံဖိုင်တခုနှင့် အတူ ဖြန့်ဝေထားသည်။

ယင်းစာသားနှင့် အကြောင်းအရာကို အခြားတယ်လီဂရမ်ချန်နယ် ခြောက်ခုတွင် ပြန်လည်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၃,၀၀၀ ကျော်ရှိပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက ထိုအကြောင်းကိုစိစစ်ခဲ့ရာ အကြောင်းအရာလွဲမှားနေပြီး အမုန်းစကားဖြင့် သတင်းမှားဖြန့်ဝေထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

ရုပ်သံဖိုင်တွင် @pyaesonexlaing ဆိုသည့် TitTok အကောင့်မှ “ခိုးသောက်လို့မရတဲ့တားဆေး” စာသား ကို ပထမဆုံးဖော်ပြထားပြီး “Saiko” ကော်လဂျင်ကိုသောက်ပါက အသားအရေဖြူဝင်းလာသဖြင့် ခိုး သောက်၍မရကြောင်း အမွှန်းတင်ကာ ပစ္စည်းကောင်းကြောင်းဖော်ပြထားသည့် ရုပ်သံဖြစ်သည်။ ရုပ်သံ တွင်ပါဝင်သည့် “တားဆေး” ဆိုသော စကားလုံးသည် သန္ဓေတားဆေးကို ဆိုလိုခြင်းမဟုတ်ပေ။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှ “Saiko” ကော်လဂျင်ရောင်းချနေသည့် “Saikono Collagen By Myanmar” ပေ့ချ်အားမေးမြန်းခဲ့ရာတွင် ၎င်းတို့၏ ကော်လဂျင်သောက်သုံးမှုကြောင့် ကိုယ်ဝန်မရနိုင်ခြင်း မရှိကြောင်း၊ ကော်လဂျင်သောက်သုံးမှုကြောင့် ကိုယ်ဝန် ရရှိခြင်း၊ မရခြင်းနှင့် လုံးဝသက်ဆိုင်မှုမရှိသော် လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ မသုံးစွဲသင့်ကြောင်း အရောင်းဝန်ထမ်း အမျိုးသမီးတဦး ကပြောသည်။

“Saiko” ကော်လဂျင်သည် ထိုင်းနိုင်ငံမှထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်း၌လည်း FDA အသိအမှတ်ပြု လက်မှတ် ရရှိပြီးပစ္စည်းဖြစ်ကြောင်း ဆိုသည်။

ကော်လဂျင်သောက်သုံးမှုကြောင့် ကိုယ်ဝန်ရနိုင်မှုကို တားဆီးခြင်း ရှိ၊ မရှိကို Google တွင် “Can collagen prevent you from getting pregnant?” စကားလုံးဖြင့်ရှာဖွေကြည့်ရာ ကော်လဂျင်သောက်သုံးမှု ကြောင့် ကိုယ်ဝန်ရရှိမှုကို တားဆီးနိုင်ခြင်းလုံးဝမရှိကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဖြည့်စွက်စာကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ မြန်မာအမျိုးသမီးများအား ရည်ရွယ် ချက်ရှိရှိဖြင့် ကိုယ်ဝန်မဆောင်နိုင်ရန် ဈေးကွက်အတွင်း ရောင်းချနေသည်ဆိုခြင်းမှာ မှားယွင်းနေသည့် အကြောင်းအရာဖြင့် ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်ထားသည့် သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Hate_Speech
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤3🤮1