Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဖြည့်စွက်စာ ကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ သတင်းမှားဖြန့်
======================

JC
(မဇ္ဈိမ)။ ။ဖြည့်စွက်စာတမျိုးဖြစ်သည့် ကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ ရေးသားထားသည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

စစ်ကောင်စီထောက်ခံသည့် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်သည့် အသန်း(ICG)ချန်နယ်က အောက်တိုဘာ ၂ ရက်နေ့တွင် “လိင်ပစ္စည်း တရားမဝင်လိင်ဆေးရောင်းတဲ့ ကုလားမွတ်တွေထုတ်ထား တဲ့တားဆေးတွေ ဈေးကွက်ထဲအရမ်းဝင်နေပြီးတော့ အသက်မပြည့်သေးသည့်ကလေးငယ်တွေ အိမ်က မသိအောင် တားဆေးတွေ ခိုးသောက်နေကြတယ်” (မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ မြန်မာအမျိုး သမီးများအား ရာသက်ပန် ကလေးမမွေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ချိနေကြောင်း ရုပ်သံဖိုင်တခုနှင့် အတူ ဖြန့်ဝေထားသည်။

ယင်းစာသားနှင့် အကြောင်းအရာကို အခြားတယ်လီဂရမ်ချန်နယ် ခြောက်ခုတွင် ပြန်လည်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၃,၀၀၀ ကျော်ရှိပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက ထိုအကြောင်းကိုစိစစ်ခဲ့ရာ အကြောင်းအရာလွဲမှားနေပြီး အမုန်းစကားဖြင့် သတင်းမှားဖြန့်ဝေထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

ရုပ်သံဖိုင်တွင် @pyaesonexlaing ဆိုသည့် TitTok အကောင့်မှ “ခိုးသောက်လို့မရတဲ့တားဆေး” စာသား ကို ပထမဆုံးဖော်ပြထားပြီး “Saiko” ကော်လဂျင်ကိုသောက်ပါက အသားအရေဖြူဝင်းလာသဖြင့် ခိုး သောက်၍မရကြောင်း အမွှန်းတင်ကာ ပစ္စည်းကောင်းကြောင်းဖော်ပြထားသည့် ရုပ်သံဖြစ်သည်။ ရုပ်သံ တွင်ပါဝင်သည့် “တားဆေး” ဆိုသော စကားလုံးသည် သန္ဓေတားဆေးကို ဆိုလိုခြင်းမဟုတ်ပေ။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှ “Saiko” ကော်လဂျင်ရောင်းချနေသည့် “Saikono Collagen By Myanmar” ပေ့ချ်အားမေးမြန်းခဲ့ရာတွင် ၎င်းတို့၏ ကော်လဂျင်သောက်သုံးမှုကြောင့် ကိုယ်ဝန်မရနိုင်ခြင်း မရှိကြောင်း၊ ကော်လဂျင်သောက်သုံးမှုကြောင့် ကိုယ်ဝန် ရရှိခြင်း၊ မရခြင်းနှင့် လုံးဝသက်ဆိုင်မှုမရှိသော် လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ မသုံးစွဲသင့်ကြောင်း အရောင်းဝန်ထမ်း အမျိုးသမီးတဦး ကပြောသည်။

“Saiko” ကော်လဂျင်သည် ထိုင်းနိုင်ငံမှထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်း၌လည်း FDA အသိအမှတ်ပြု လက်မှတ် ရရှိပြီးပစ္စည်းဖြစ်ကြောင်း ဆိုသည်။

ကော်လဂျင်သောက်သုံးမှုကြောင့် ကိုယ်ဝန်ရနိုင်မှုကို တားဆီးခြင်း ရှိ၊ မရှိကို Google တွင် “Can collagen prevent you from getting pregnant?” စကားလုံးဖြင့်ရှာဖွေကြည့်ရာ ကော်လဂျင်သောက်သုံးမှု ကြောင့် ကိုယ်ဝန်ရရှိမှုကို တားဆီးနိုင်ခြင်းလုံးဝမရှိကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဖြည့်စွက်စာကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ မြန်မာအမျိုးသမီးများအား ရည်ရွယ် ချက်ရှိရှိဖြင့် ကိုယ်ဝန်မဆောင်နိုင်ရန် ဈေးကွက်အတွင်း ရောင်းချနေသည်ဆိုခြင်းမှာ မှားယွင်းနေသည့် အကြောင်းအရာဖြင့် ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်ထားသည့် သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Hate_Speech
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤3🤮1
ပြင်ဦးလွင်တွင် ဆောင်ရွက်မည့် “ဖက်ဒရယ်စမ်းရေ” စီမံကိန်း ပြည်သူများဝိုင်းဝန်းပါဝင်ပေးကြရန် KNDF ဥက္ကဋ္ဌ တိုက်တွန်း
❤16🤮2👍1😁1
ပြင်ဦးလွင်တွင် ဆောင်ရွက်မည့် “ဖက်ဒရယ်စမ်းရေ” စီမံကိန်း ပြည်သူများဝိုင်းဝန်းပါဝင်ပေးကြရန် KNDF ဥက္ကဋ္ဌ တိုက်တွန်း
=======================

001
(မဇ္စျိမ)။ ။ ပြင်ဦးလွင်မြို့ ၊ မန္တလေး - လားရှိုး လမ်းမကြီး မြောက်ဘက် တပ်မတော်နည်းပညာတက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်ပိုင်မြေဧက ၃၀၀ ခန့်ကို စီးပွားရေးလုပ်ငန်းသုံးနှင့် လူနေအိမ်ရာမြေများ ဖော်ထုတ်ရောင်းချမည့်”ဖက်ဒရယ်စမ်းရေ” စီမံကိန်းတွင် ပြည်သူများ ဝိုင်းဝန်းပါဝင်ပေးကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးက တိုက်တွန်းလိုက်သည်။

အဆိုပါ အိမ်ရာစီမံကိန်း မြေကွက်များကို ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ ညဦးပိုင်းအချိန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း မြေကွက်သတ်မှတ်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကိုသာ ပေးသွင်းရန်လိုပြီး တော်လှန်ရေးကာလအပြီး စီမံကိန်းပြင်ဆင်ချိန်တွင် ကျန် ၆၀ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ The End of Dictatorshipက ထုတ်ပြန်ထားသည်။

စီမံကိန်းမှ ရောင်းချရငွေများကို ကာကွယ်ရေးတွင် အရေးပါသည့် သုံးစွဲမှုများအတွက် ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် ဒေသအလိုက် လုပ်ဆောင်ရမည့် ပညာရေး၊ ကျန်းမာရေး အပါအဝင် တော်လှန်ရေးကာလအတွင်း အခက်အခဲကြုံတွေ့နေရသည့် ပြည်သူလူထုအတွက် ပံ့ပိုးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် တော်လှန်ရေးရဲဘော်များအတွက် အသုံးပြုခြင်း စသည့် ကဏ္ဍရပ်များတွင်လည်း ခွဲဝေသုံးစွဲသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ကလည်း IEC ပေါ့နော်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့က ဒီဟာကို ထောက်ခံတယ်။

အထူးသဖြင့် ကျွန်တော်တို့အနေနဲ့ပေါ့နော်။ KNDF အနေနဲ့လည်း လက်ရှိရောင်းချမယ့်စီမံကိန်းမှာ ပြည်သူတွေက ထည့်ဝင်ပေးခြင်းအားဖြင့် ဒီတော်လှန်ရေးကို ပိုအားရှိစေသလို ခုနကပြောတဲ့ ပြည်နယ်အစိုးရဘက်ကလုပ်ရမယ့် အလုပ်တာဝန်တွေကိုလည်း ကျွန်တော်တို့ ပိုပြီးလုပ်နိုင်မှာဖြစ်သလို လူထုတွေ အထူးသဖြင့် ထိခိုက်နစ်နာနေတဲ့ရဲဘော်တွေ အားလုံးက ပိုပြီးမှ အကူအညီတွေရပြီးမှ တော်လှန်ရေးကိုပိုပြီးမှ အားကောင်းစေမယ်လို့ ယုံကြည်တဲ့အတွက်အခုလိုမျိုးတိုက်တွန်းခြင်းဖြစ်ပါတယ်ဗျ”ဟု KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက မဇ္စျိမကို​ ပြောသည်။

စီမံကိန်းတွင် စီးပွားရေးလုပ်ငန်းသုံးအဖြစ် ပေ ၁၀၀ × ပေ ၂၀၀ အကွက်များအား မန္တလေး-လားရှိုးလမ်းမကြီးဘက်ခြမ်းတွင် ဖော်ဆောင်မည်ဖြစ်ပြီး စီမံကိန်းအတွင်းဘက်တွင် ပေ ၄၀ × ပေ ၈၀ အကွက်၊ ပေ ၈၀ ပတ်လည်အကွက်၊ တဧက အကွက်များအား လူနေအိမ်ရာမြေကွက်များအဖြစ် ဖော်ထုတ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြေကွက်ဈေးနှုန်းများမှာ အမေရိကန်ဒေါ်လာ ၃၆၀,၀၀၀ မှ ၂၈,၈၀၀ အတွင်း ဈေးနှုန်းအမျိုးမျိုးရှိပြီး တော်လှန်ရေးကာလအတွင်း သတ်မှတ် ၄၀ ရာခိုင်နှုန်းအား တကြိမ်တည်းပေးသွင်းပါက ဒေါ်လာ ၁၄၄,၀၀၀ မှ ၁၁,၅၂၀ အတွင်း၊ သုံးလအတွင်း သုံးကြိမ်ခွဲသွင်းပါက ဒေါ်လာ ၄၈,၀၀၀မှ ၃,၈၄၀ အတွင်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မြေကွက်အမျိုးအစားကို ဂရန်မြေသတ်မှတ်ထားကာ တော်လှန်ရေးကာလအတွင်း ၄၀ ရာခိုင်နှုန်းပေးသွင်းပြီးပါက ကနဦးပိုင်ဆိုင်မှုအထောက်အထားအဖြစ် အာမခံစာချုပ်ထုတ်ပေးမည်ဖြစ်ကြောင်း The End of Dictatorship ကကြေညာထားသည်။

“တော်လှန်ရေးကာလမှာက အခက်ခဲတွေကိုယ်စီရှိကြတယ်။ စီးပွားရေးတွေလည်းကျတယ်လို့ နားလည်တယ်။ အခက်အခဲတွေ ပိုရှိပါတယ်။ ဒါပေမဲ့ အခု ပြင်ဦးလွင် ပရောဂျက်ကို အနည်းဆုံး ၈၀ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းအထိ အမြန်လေးရောင်းချနိုင်ဖို့လိုသလို နောက်ထပ် ကျွန်တော်တို့ ကရင်နီမှာက လက်တွေ့ကျကျ တော်လှန်ရေးကာလမှာတောင် လာနေလို့ရတဲ့ ပရောဂျက်တွေ လာပြီးမှ စီးပွားရေး လူမှုရေးလုပ်ငန်းတွေ လာလုပ်လို့ရတဲ့ ပရောဂျက်တွေလည်းထပ်ပြီးမှ ရောင်းချဦးမှာပေါ့။ အဲ့ဒီအချိန်မျိုးမှာလည်း ထပ်ပြီးပါဝင်ကြဖို့လိုတယ်။ ဒီဟာတွေက ကျွန်တော်တို့အခုပြောတဲ့ ၂၀၂၃ အာဏာရှင်ဖြုတ်ချရေးအတွက်ကို အမြန်ဆုံးအားသစ်ခွန်သစ်လောင်းပေးနိုင်ဖို့အတွက်ကိုဖြစ်တဲ့အတွက် ကျွန်တော်တို့ ကရင်နီကနေလည်း တိုက်တွန်းနှိုးဆော်ရင်း အခုလို တခါတည်း စီမံကိန်းကိုလည်းကြေညာလိုပါတယ်”ဟု KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ဆိုသည်။

အဆိုပါ ဖက်ဒရယ်စမ်းရေစီမံကိန်းအား နိုင်ငံခြားသားများလည်းဝယ်ယူနိုင်ပြီး တော်လှန်ရေးအလွန်ကာလတွင် နွေဦးရင်းနှီးမြှုပ်နှံမှုမြေကွက်များကို နိုင်ငံခြားသားမြေပိုင်ဆိုင်မှုအာမခံသည့် သီးသန့်အမိန့်ဒီကရီဥပဒေများ ပြဌာန်းပြီး တော်လှန်ပြည်သူများအား အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က အသိပေးထားသည်။

လက်ရှိတွင် စီမံကိန်းမြေကွက်များ စတင်ရောင်းချမည့်ရက် မရောက်ခင် ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့အထိ ဝယ်ယူရန် ကြိုတင်စာရင်းသွင်းထားသည့် ပမာဏ ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်ရှိကြောင်း NUG ၊ The End of Dictatorship က အသိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဖက်ဒရယ်စမ်းရေစီမံကိန်း
#ပြင်ဦးလွင်
👍18👏9❤2🤮2🤣2
Media is too big
VIEW IN TELEGRAM
👉 Captain America မှာပါဝင်ပြီး နောင်တရခဲ့ဖူးတယ်ဆိုတဲ့ Chris Evans

Full Video Link - https://youtu.be/KgTZEM0t4Qk

#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
👍5🤮1
This media is not supported in your browser
VIEW IN TELEGRAM
👉 နောက်ရင်သွေးလေးလွယ်ထားရတဲ့မင်းသမီး Anushka Sharma

Full Video Link - https://youtu.be/KgTZEM0t4Qk

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍4😁1
​​ဗုံးခြိမ်းခြောက်မှုကြောင့် ဖိလစ်ပိုင်လေဆိပ် ၄၂ ခုတွင် လုံခြုံရေးတပ်လှန့်
=========================

ဖိလစ်ပိုင်နိုင်ငံတွင် လေယာဉ်များအား ဗုံးခြိမ်းခြောက်မှုတရပ် လေကြောင်းအာဏာပိုင်များက ရရှိသည့်နောက်တွင် သောကြာနေ့၌ လေဆိပ်ဒါဇင်များစွာတွင် လုံခြုံရေးကင်းလှည့်မှုများနှင့် အနံ့ခံခွေးများဖြင့် ရှာဖွေခြင်းများဖြင့် လုံခြုံရေးတပ်လှန့်ခဲ့သည်။

မနီလာက လေယာဉ်တစင်းနှင့် အခြား လေးစင်း “ပေါက်ကွဲလိမ့်မည်”ဟု သတိပေးထားသည့် အီးမေးလ်မှတဆင့် ရရှိသော ခြိမ်းခြောက်မှုကို စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7
​​မုန်းမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
======================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီးတဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ အောက်တိုဘာလ ၅ ရက် နှင့် ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

“ညတိုင်းလိုလို တညကို နှစ်လုံး၊ သုံးလုံး အဲ့ဒီလိုမျိုး တောက်လျှောက်ပစ်တယ်။ ဒါ အနိမ့်ဆုံးပေါ့နော်။ အဲ့ဒီလိုမျိုး အမြဲတမ်း ပစ်နေတဲ့အခါမှာ ရွာတွေထဲမှာ မနေရဲတာတော့ တော်တော်များတယ်" ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီဝင်တဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်အောက်ခံတပ်ရင်းများဖြစ်သည့် အမှတ်(၅၉၉) နှင့် (၅၉၀) တပ်ရင်း တပ်စခန်းများဘက်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

KNU တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၀၇) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသည့် ဒေသခံများ ရှိနေသည်ဟု ဒေသခံထံက သိရသည်။

အောက်တိုဘာလ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် အဆိုပါ ခမရ (၃၀၇) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ ဗမာငတိုးခင်ကျေးရွာမှ အသက် ၅၄ နှစ်အရွယ်ရှိ ဒေါ်ဝင်းမြင့် လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကာ အသက် ၅၀ အရွယ်ရှိ ဒေါ်မြင့်စန်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က ဖော်ပြထားသည်။

ထို့အတူ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း မုန်းမြို့နယ်၊ ငတိုးခင်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ်ရှိ ဦးဇော်မင်းနှင့် အသက် ကိုးနှစ်အရွယ်ရှိ နော်နီလာထွေး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် KNU နယ်မြေများအတွင်းရှိ ပြည်သူလူထုများသည် စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU က ဆိုထားသည်။
“သုံးနေတဲ့ လက်နက်၊ ခဲ၊ ယမ်းဆိုတာတွေ၊ သူတို့အသုံးပြုနေတာတွေကလည်း ပြည်သူတွေဆီကနေ ရထားတာတွေချည်းပဲလေ။ ဒါကြောင့်မို့ ပြည်သူ့ဆီက ရလာတဲ့ လက်နက်ခဲယမ်းနဲ့ ပြည်သူ့ဘက်ကို ပြန်ပြီးခြိမ်းခြောက်တာကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီဝင်က မဇ္ဈိမကိုပြောသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း KNU နယ်မြေများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ၈၈ ဦး သေဆုံး၍ ၃၄၂ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်ခဲ့သည့် “အာဏာဟန်ချက် အပြောင်းအလဲ- မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောင်းလာခြင်း" အမည်ရ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် KNU နယ်မြေများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ အရပ်သားများအ‌ပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်နေရသည့်ပြည်သူ ၆၃၇,၄၁၄ ဦးအထိ ရှိကြောင်း KPSN၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#မုန်းမြို့နယ်
#KNU
#လက်နက်ကြီးပစ်ခတ်မှု

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူအမျိုးသမီးနှင့် ဒဏ်ရာရ ဒေသခံတစ်ဦးပုံ (ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬4🔥1😁1
ရေဦးတွင် စစ်ကောင်စီတပ်က ပြည်သူပိုင် ဆန်စက်ကိုဖောက်ထွင်းပြီး ဆန်များ အဓမ္မယူဆောင်
🤬7🔥2😁1
ရေဦးတွင် စစ်ကောင်စီတပ်က ပြည်သူပိုင် ဆန်စက်ကိုဖောက်ထွင်းပြီး ဆန်များ အဓမ္မယူဆောင်
=======================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ရွာ အနီးရှိ ဆန်စက်မှ ဆန်အိတ်တွေကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းတွင် ရေဦးမြို့ မြောက်ဘက်ခြမ်း ကို စစ်ကြောင်းထိုးပြီးနောက် ဖိန်းကားရွာ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရေဦးအခြေပြု People’s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြော သည်။

၎င်းက “ ဖိန်းကားရွာအနီးက စူပါဖိုက်ဆန်စက်ထဲက ဆန်အိတ်ပိုင်းတွေကို SKATကားနဲ့ ရေဦးကိုပို့ တယ် လို့ သိထားတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် အောက်ကိုဘာလ ၆ ရက်နေ့ ညတွင် ဖိန်းကားရွာတွင် ညအိပ်တပ်စွဲပြီးနောက် ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်းတွင် ရေဦးအနောက်ခြမ်းကျေးရွာများဖြစ်သည့် ကန်ပေါက်ရွာ ၊ဇဝရွာ နှင့် နှောကုန်းရွာ များ ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

စစ်ကောင်စီတပ်၏ အောက်တိုဘာ ၆ ရက် နှင့် ၇ ရက် နှစ် ရက်တာ စစ်ကြောင်းထိုးမှုကြောင့် ရေဦးနယ် အနောက်ခြမ်း နှင့် မြောက်ခြမ်းရှိ ကျေးရွာများဖြစ်သည့် ရွာသစ်၊နဘောင်၊ ဖိန်းကား၊ အုန်းတပေါင်း၊ ဗိုလ်ရုံ၊ ပန်းကုံး၊ကန်ပေါက်၊ဖလံဂုဏ်၊ဇဝ၊နှောကုန်း၊ကုန်းကြီး၊ကုန်းတန်း၊တောင်ကုန်း၊မြင်းပေါက်၊ ဝက်ဖိုး နှင့် ရွာမိဿာ စသည့် ကျေးရွာများ မှ ဒေသခံ ပြည်သူ ဦးရေ ၁၀,၀၀၀ နီးပါးသည် ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း ဒေသခံများထံက သိရသည်။

“မိုးထဲရေထဲထွက်ပြေးနေကြရတော့ ပြည်သူတွေဒုက္ခရောက်ကြရတာပေါ့ဗျာ။ စစ်ရှောင်ပြည်သူပေါင်း ၁၀,၀၀၀ လောက် မိုးထဲ၊ရေထဲထွက်ပြေးနေကြရတယ်။ မိုးရွာလိုက်တော့ မူးဘောင်လမ်းတွေကလည်း မကောင်းဘူးဗျ ။ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ကို မနည်းရုန်းကန်ပြေးနေကြရတယ်” ဟု ကိုထူးခန့်ဇော် က ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည် အင်အား ၁၀၀ ခန့် ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ တွင်လည်း ရေဦးမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် သောင်းနှင့်ချီသည့် ပြည်သူများဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - ပြည်သူများဘေးလွတ်ရာသို့ စစ်ရှောင်နေကြရစဉ်(ဓာတ်ပုံ-ပေးပို့)

#Mizzima
#ရေဦးမြို့နယ်
#စစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍1🔥1😁1