Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
👉 Captain America မှာပါဝင်ပြီး နောင်တရခဲ့ဖူးတယ်ဆိုတဲ့ Chris Evans

Full Video Link - https://youtu.be/KgTZEM0t4Qk

#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
👍5🤮1
This media is not supported in your browser
VIEW IN TELEGRAM
👉 နောက်ရင်သွေးလေးလွယ်ထားရတဲ့မင်းသမီး Anushka Sharma

Full Video Link - https://youtu.be/KgTZEM0t4Qk

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍4😁1
မိသားစုကိုဆက်ပြီးအချိန်ပေးသွားဉီးမယ့် မင်းသမီး Son YeJin | Cele City - Episode 39
Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele ...
https://www.youtube.com/watch?v=KgTZEM0t4Qk
👍3🔥1
​​ဗုံးခြိမ်းခြောက်မှုကြောင့် ဖိလစ်ပိုင်လေဆိပ် ၄၂ ခုတွင် လုံခြုံရေးတပ်လှန့်
=========================

ဖိလစ်ပိုင်နိုင်ငံတွင် လေယာဉ်များအား ဗုံးခြိမ်းခြောက်မှုတရပ် လေကြောင်းအာဏာပိုင်များက ရရှိသည့်နောက်တွင် သောကြာနေ့၌ လေဆိပ်ဒါဇင်များစွာတွင် လုံခြုံရေးကင်းလှည့်မှုများနှင့် အနံ့ခံခွေးများဖြင့် ရှာဖွေခြင်းများဖြင့် လုံခြုံရေးတပ်လှန့်ခဲ့သည်။

မနီလာက လေယာဉ်တစင်းနှင့် အခြား လေးစင်း “ပေါက်ကွဲလိမ့်မည်”ဟု သတိပေးထားသည့် အီးမေးလ်မှတဆင့် ရရှိသော ခြိမ်းခြောက်မှုကို စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7
​​မုန်းမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
======================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီးတဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ အောက်တိုဘာလ ၅ ရက် နှင့် ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

“ညတိုင်းလိုလို တညကို နှစ်လုံး၊ သုံးလုံး အဲ့ဒီလိုမျိုး တောက်လျှောက်ပစ်တယ်။ ဒါ အနိမ့်ဆုံးပေါ့နော်။ အဲ့ဒီလိုမျိုး အမြဲတမ်း ပစ်နေတဲ့အခါမှာ ရွာတွေထဲမှာ မနေရဲတာတော့ တော်တော်များတယ်" ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီဝင်တဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့နယ်တွင် စစ်ကောင်စီ၏ လက်အောက်ခံတပ်ရင်းများဖြစ်သည့် အမှတ်(၅၉၉) နှင့် (၅၉၀) တပ်ရင်း တပ်စခန်းများဘက်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

KNU တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၀၇) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသည့် ဒေသခံများ ရှိနေသည်ဟု ဒေသခံထံက သိရသည်။

အောက်တိုဘာလ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် အဆိုပါ ခမရ (၃၀၇) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ ဗမာငတိုးခင်ကျေးရွာမှ အသက် ၅၄ နှစ်အရွယ်ရှိ ဒေါ်ဝင်းမြင့် လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကာ အသက် ၅၀ အရွယ်ရှိ ဒေါ်မြင့်စန်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က ဖော်ပြထားသည်။

ထို့အတူ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း မုန်းမြို့နယ်၊ ငတိုးခင်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ်ရှိ ဦးဇော်မင်းနှင့် အသက် ကိုးနှစ်အရွယ်ရှိ နော်နီလာထွေး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် KNU နယ်မြေများအတွင်းရှိ ပြည်သူလူထုများသည် စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU က ဆိုထားသည်။
“သုံးနေတဲ့ လက်နက်၊ ခဲ၊ ယမ်းဆိုတာတွေ၊ သူတို့အသုံးပြုနေတာတွေကလည်း ပြည်သူတွေဆီကနေ ရထားတာတွေချည်းပဲလေ။ ဒါကြောင့်မို့ ပြည်သူ့ဆီက ရလာတဲ့ လက်နက်ခဲယမ်းနဲ့ ပြည်သူ့ဘက်ကို ပြန်ပြီးခြိမ်းခြောက်တာကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီဝင်က မဇ္ဈိမကိုပြောသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း KNU နယ်မြေများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ၈၈ ဦး သေဆုံး၍ ၃၄၂ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်ခဲ့သည့် “အာဏာဟန်ချက် အပြောင်းအလဲ- မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောင်းလာခြင်း" အမည်ရ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် KNU နယ်မြေများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ အရပ်သားများအ‌ပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်နေရသည့်ပြည်သူ ၆၃၇,၄၁၄ ဦးအထိ ရှိကြောင်း KPSN၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#မုန်းမြို့နယ်
#KNU
#လက်နက်ကြီးပစ်ခတ်မှု

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူအမျိုးသမီးနှင့် ဒဏ်ရာရ ဒေသခံတစ်ဦးပုံ (ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬4🔥1😁1
ရေဦးတွင် စစ်ကောင်စီတပ်က ပြည်သူပိုင် ဆန်စက်ကိုဖောက်ထွင်းပြီး ဆန်များ အဓမ္မယူဆောင်
🤬7🔥2😁1
ရေဦးတွင် စစ်ကောင်စီတပ်က ပြည်သူပိုင် ဆန်စက်ကိုဖောက်ထွင်းပြီး ဆန်များ အဓမ္မယူဆောင်
=======================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ရွာ အနီးရှိ ဆန်စက်မှ ဆန်အိတ်တွေကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းတွင် ရေဦးမြို့ မြောက်ဘက်ခြမ်း ကို စစ်ကြောင်းထိုးပြီးနောက် ဖိန်းကားရွာ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရေဦးအခြေပြု People’s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြော သည်။

၎င်းက “ ဖိန်းကားရွာအနီးက စူပါဖိုက်ဆန်စက်ထဲက ဆန်အိတ်ပိုင်းတွေကို SKATကားနဲ့ ရေဦးကိုပို့ တယ် လို့ သိထားတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် အောက်ကိုဘာလ ၆ ရက်နေ့ ညတွင် ဖိန်းကားရွာတွင် ညအိပ်တပ်စွဲပြီးနောက် ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်းတွင် ရေဦးအနောက်ခြမ်းကျေးရွာများဖြစ်သည့် ကန်ပေါက်ရွာ ၊ဇဝရွာ နှင့် နှောကုန်းရွာ များ ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

စစ်ကောင်စီတပ်၏ အောက်တိုဘာ ၆ ရက် နှင့် ၇ ရက် နှစ် ရက်တာ စစ်ကြောင်းထိုးမှုကြောင့် ရေဦးနယ် အနောက်ခြမ်း နှင့် မြောက်ခြမ်းရှိ ကျေးရွာများဖြစ်သည့် ရွာသစ်၊နဘောင်၊ ဖိန်းကား၊ အုန်းတပေါင်း၊ ဗိုလ်ရုံ၊ ပန်းကုံး၊ကန်ပေါက်၊ဖလံဂုဏ်၊ဇဝ၊နှောကုန်း၊ကုန်းကြီး၊ကုန်းတန်း၊တောင်ကုန်း၊မြင်းပေါက်၊ ဝက်ဖိုး နှင့် ရွာမိဿာ စသည့် ကျေးရွာများ မှ ဒေသခံ ပြည်သူ ဦးရေ ၁၀,၀၀၀ နီးပါးသည် ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း ဒေသခံများထံက သိရသည်။

“မိုးထဲရေထဲထွက်ပြေးနေကြရတော့ ပြည်သူတွေဒုက္ခရောက်ကြရတာပေါ့ဗျာ။ စစ်ရှောင်ပြည်သူပေါင်း ၁၀,၀၀၀ လောက် မိုးထဲ၊ရေထဲထွက်ပြေးနေကြရတယ်။ မိုးရွာလိုက်တော့ မူးဘောင်လမ်းတွေကလည်း မကောင်းဘူးဗျ ။ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ကို မနည်းရုန်းကန်ပြေးနေကြရတယ်” ဟု ကိုထူးခန့်ဇော် က ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည် အင်အား ၁၀၀ ခန့် ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ တွင်လည်း ရေဦးမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် သောင်းနှင့်ချီသည့် ပြည်သူများဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - ပြည်သူများဘေးလွတ်ရာသို့ စစ်ရှောင်နေကြရစဉ်(ဓာတ်ပုံ-ပေးပို့)

#Mizzima
#ရေဦးမြို့နယ်
#စစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍1🔥1😁1
စစ်ကိုင်းတိုင်းမှာ လူထုအသိပညာပေး ဖက်ဒရယ်လှုပ်ရှားမှုတွေ ပြုလုပ်နေ
KMN (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ်နဲ့ ...
https://www.youtube.com/watch?v=9L8XvEoMFqY
👍6🔥1😁1
အောက်တိုဘာလ (၇) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့ ………….. ဘန်ကောက်ပစ်ခတ်မှု Shopping Mall လုပ်ငန်းစုက ...
https://www.youtube.com/watch?v=qfKGSyfwOuk
👍5🔥1👏1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ အောက်တိုဘာ၂၀၂၃) 
=======================

ရောင်းလိုအားနှင့်ဝယ်လိုအားကို မျှတအောင်လုပ်ရမည်ဆိုသည့် အခြေခံစီးပွားရေးဆိုင်ရာကိုတောင် မသိဘဲ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ကုန်ဈေးနှုန်းကျအောင် စစ်တပ်ကုမ္ပဏီများကို ဈေးလိုက်ရောင်းခိုင်းနေပြီး ယင်းကုမ္ပဏီများမှ နေရာကွက်ကွက်လေးရောင်းရုံမျှဖြင့် ကုန်ဈေးနှုန်းများ ကျဆင်းသွားမည်ဟု ထင်နေသည် အာဏာလုမင်းအောင်လှိုင်၏ အရည်အချင်းကို တွေ့ရသည်မှာ စိတ်ပျက်စရာဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
​​တရုတ်ထုတ် EV လျှပ်စစ်ကားမီးလောင်မှုမှာ ထုတ်လုပ်မှုပုံစံ ချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း KSD Myanmar ထုတ်ပြန်
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၌ အောက်တိုဘာလ ၅ ရက် ညပိုင်းက မီးလောင်ကျွမ်းခဲ့သော တရုတ်ထုတ် EV လျှပ်စစ်ကား လောင်ကျွမ်းရသည့်အကြောင်းအရင်းမှာ ထုတ်လုပ်မှု ပုံစံချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း KSD Myanmar က ထုတ်ပြန်သည်။

ကားမီးလောင်မှုဖြစ်ပွားပြီး နောက်တနေ့ အောက်တိုဘာ ၆ ရက်နေ့တွင် ကားရောင်းချသည့် သာဓုကန်စက်မှုဇုံ KHAING KHAING SANGDA ကုမ္ပဏီမှ တာ၀န်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးရာ၌ ကုမ္ပဏီမှရောင်းချထားသည့်အတိုင်းမဟုတ်ဘဲ စီးနင်းအသုံးပြုသူက ၎င်း၏ သဘောဆန္ဒအတိုင်း ( 660 cc ) အင်ဂျင် နှင့် ဂီယာဘောက် တပ်ဆင်ပြီးBattery Charging သွင်းသည့်စနစ် နှင့် ဝါယာရိန်း စနစ် ပြောင်းလဲတပ်ဆင် အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဘာကြောင့်လောင်နိုင်တယ်ဆိုတဲ့ အဖြေကို သိဖို့အရေးကြီးတယ်။ အဲ့ဟာတစ်ခုပဲ။ စက်ရုံကထုတ်ပြန်တယ်ဆိုတဲ့ဟာကိုလည်း သိပ်တော့သဘောမကျဘူး။ ပြီးလို့ဆိုရင် အဲ့ပိုင်ရှင်ပြောထားတဲ့ပုံစံတွေကိုလည်းသဘောမကျဘူး။ စက်ရုံနဲ့ ဒီကောင်နဲ့ ညှိပြီးတော့သိတယ်မလား မင်းဒီလို ဒီလိုပြော ပုံစံမျိုးနဲ့ ငါတို့ကို ဒီလိုပြောပေး ဒီလိုဖြစ်စေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပြောသလိုမျိုးတောင်ခံစားရတယ်ကွာ ” ဟု ရန်ကုန်မြို့ရှိ ကားအကြောင်း နှံ့စပ်သူတစ်ဦးက ၎င်း၏ ထင်မြင်ချက်ကိုပြောသည်၊

ကုမ္ပဏီဘက်မှ​ ထုတ်ပြန်ဖြေရှင်းချက်နှင့် ပတ်သက်၍ ပြည်သူလူထုအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသဖြင့် မဇ္ဈိမမှ KSD Myanmar ဖေစ့်ဘွတ်ပေ့ချ်နှင့် ၎င်းတို့၏ မေလ်းမှတဆင့်ဆက်သွယ်ရာ လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်းမပြုသေးပေ။

လျှပ်စစ်ကားများနှင့် ပတ်သက်၍ တင်သွင်းမှုကို ဦးစားပေးခွင့်ပြုရန် စစ်ကောင်စီက မူဝါဒချမှတ်ထားပြီး ဘက်ထရီစွမ်းအင်သုံးကားများကို အကောက်ခွန်ကင်းလွှတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားသလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ရန်ကုန်နှင့် နေပြည်တော်မြို့တို့တွင် လျှပ်စစ်ကား တက္ကစီများပြေးဆွဲနိုင်ရေးကိုလည်း စီစဉ်လျက်ရှိသည်။

လျှပ်စစ်ကားတင်သွင်းမှုကို ကုမ္ပဏီ ၂၆ ခု ခွင့်ပြုထားပြီး EV(Electric Vehical) လျှပ်စစ်ကား တစ်စီးတန်ဖိုးမှာ စျေးကွက်အတွင်း မြန်မာငွေ သိန်း ၆၀၀ မှာ ၇၀၀ ကြားရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#EV လျှပ်စစ်ကား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍3🔥1