အောက်တိုဘာလ (၇) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့ ………….. ဘန်ကောက်ပစ်ခတ်မှု Shopping Mall လုပ်ငန်းစုက ...
https://www.youtube.com/watch?v=qfKGSyfwOuk

YouTube
အောက်တိုဘာလ (၇) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့ …………..
ဘန်ကောက်ပစ်ခတ်မှု Shopping Mall လုပ်ငန်းစုက သေဆုံးသူတွေအတွက် ဘတ် ၅သန်းစီ ထောက်ပံ့မယ်လို့ ထုတ်ပြန်တဲ့သတင်း
ရခိုင် အမျိုးသမီးလေးဦး အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေဆီကို လူကုန်ကူးခံရတဲ့သတင်း
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း နိ…

👍5🔥1👏1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ အောက်တိုဘာ၂၀၂၃)
=======================
ရောင်းလိုအားနှင့်ဝယ်လိုအားကို မျှတအောင်လုပ်ရမည်ဆိုသည့် အခြေခံစီးပွားရေးဆိုင်ရာကိုတောင် မသိဘဲ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ကုန်ဈေးနှုန်းကျအောင် စစ်တပ်ကုမ္ပဏီများကို ဈေးလိုက်ရောင်းခိုင်းနေပြီး ယင်းကုမ္ပဏီများမှ နေရာကွက်ကွက်လေးရောင်းရုံမျှဖြင့် ကုန်ဈေးနှုန်းများ ကျဆင်းသွားမည်ဟု ထင်နေသည် အာဏာလုမင်းအောင်လှိုင်၏ အရည်အချင်းကို တွေ့ရသည်မှာ စိတ်ပျက်စရာဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍3🔥1
တရုတ်ထုတ် EV လျှပ်စစ်ကားမီးလောင်မှုမှာ ထုတ်လုပ်မှုပုံစံ ချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း KSD Myanmar ထုတ်ပြန်
====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၌ အောက်တိုဘာလ ၅ ရက် ညပိုင်းက မီးလောင်ကျွမ်းခဲ့သော တရုတ်ထုတ် EV လျှပ်စစ်ကား လောင်ကျွမ်းရသည့်အကြောင်းအရင်းမှာ ထုတ်လုပ်မှု ပုံစံချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း KSD Myanmar က ထုတ်ပြန်သည်။
ကားမီးလောင်မှုဖြစ်ပွားပြီး နောက်တနေ့ အောက်တိုဘာ ၆ ရက်နေ့တွင် ကားရောင်းချသည့် သာဓုကန်စက်မှုဇုံ KHAING KHAING SANGDA ကုမ္ပဏီမှ တာ၀န်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးရာ၌ ကုမ္ပဏီမှရောင်းချထားသည့်အတိုင်းမဟုတ်ဘဲ စီးနင်းအသုံးပြုသူက ၎င်း၏ သဘောဆန္ဒအတိုင်း ( 660 cc ) အင်ဂျင် နှင့် ဂီယာဘောက် တပ်ဆင်ပြီးBattery Charging သွင်းသည့်စနစ် နှင့် ဝါယာရိန်း စနစ် ပြောင်းလဲတပ်ဆင် အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ဘာကြောင့်လောင်နိုင်တယ်ဆိုတဲ့ အဖြေကို သိဖို့အရေးကြီးတယ်။ အဲ့ဟာတစ်ခုပဲ။ စက်ရုံကထုတ်ပြန်တယ်ဆိုတဲ့ဟာကိုလည်း သိပ်တော့သဘောမကျဘူး။ ပြီးလို့ဆိုရင် အဲ့ပိုင်ရှင်ပြောထားတဲ့ပုံစံတွေကိုလည်းသဘောမကျဘူး။ စက်ရုံနဲ့ ဒီကောင်နဲ့ ညှိပြီးတော့သိတယ်မလား မင်းဒီလို ဒီလိုပြော ပုံစံမျိုးနဲ့ ငါတို့ကို ဒီလိုပြောပေး ဒီလိုဖြစ်စေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပြောသလိုမျိုးတောင်ခံစားရတယ်ကွာ ” ဟု ရန်ကုန်မြို့ရှိ ကားအကြောင်း နှံ့စပ်သူတစ်ဦးက ၎င်း၏ ထင်မြင်ချက်ကိုပြောသည်၊
ကုမ္ပဏီဘက်မှ ထုတ်ပြန်ဖြေရှင်းချက်နှင့် ပတ်သက်၍ ပြည်သူလူထုအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသဖြင့် မဇ္ဈိမမှ KSD Myanmar ဖေစ့်ဘွတ်ပေ့ချ်နှင့် ၎င်းတို့၏ မေလ်းမှတဆင့်ဆက်သွယ်ရာ လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်းမပြုသေးပေ။
လျှပ်စစ်ကားများနှင့် ပတ်သက်၍ တင်သွင်းမှုကို ဦးစားပေးခွင့်ပြုရန် စစ်ကောင်စီက မူဝါဒချမှတ်ထားပြီး ဘက်ထရီစွမ်းအင်သုံးကားများကို အကောက်ခွန်ကင်းလွှတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားသလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ရန်ကုန်နှင့် နေပြည်တော်မြို့တို့တွင် လျှပ်စစ်ကား တက္ကစီများပြေးဆွဲနိုင်ရေးကိုလည်း စီစဉ်လျက်ရှိသည်။
လျှပ်စစ်ကားတင်သွင်းမှုကို ကုမ္ပဏီ ၂၆ ခု ခွင့်ပြုထားပြီး EV(Electric Vehical) လျှပ်စစ်ကား တစ်စီးတန်ဖိုးမှာ စျေးကွက်အတွင်း မြန်မာငွေ သိန်း ၆၀၀ မှာ ၇၀၀ ကြားရှိသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#EV လျှပ်စစ်ကား

😁9👍3🔥1
ပုလဲနယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ရှောင်တိမ်းနေရ
🤬5🔥1😢1

=====================
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါ လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များက ယာဉ်တန်းဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဇော်ထက်က ပြောသည်။
“လမ်းမကြီးပေါ်မှာရှိတဲ့ ကျေးရွာတွေအားလုံးနီးပါး ထွက်ပြေးကြရတယ်။ ပြည်သူဦးရေ ၁၀,၀၀၀ လောက်ရှိမယ် ” ဟု ၎င်းကပြောသည်။
ကား ၁၇စီးပါ ယာဉ်တန်းဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ နံနက် ၄ နာရီအချိန်က ပုလဲမြို့ပေါ် မှတဆင့် ပုလဲ-ဂန့်ဂေါ လမ်းအတိုင်း စစ်ကြောင်းထိုးလာရာ လမ်းမကြီးနံဘေးရှိ ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ နီးပါး အရေးပေါ်တိမ်းရှောင်နေရသည်ဟု ဆိုသည်။
“စစ်ကောင်စီတပ်တွေက လမ်းတလျှောက် လမ်းဘေးဝဲယာမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားတယ် ။ လမ်းမကြီးပေါ်ရှိတဲ့ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို အကုန်ဝင်ယူပြီး ယာဉ်တွေပေါ်တင်သွားကြတယ်” ဟုပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကြောင့် မင်းတိုင်ပင်၊ ငှက်ပျောတော၊ သပြေကုန်း၊ သရက်ခါး၊တောတိုက်၊ သာယာကုန်း ၊ တလိုင်းကန်၊ နှောကန် ၊ စပါးစေ့ စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရ ခြင်းဖြစ်သည်ဟု ဆိုသည်။
လမ်းတလျှောက်တွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုများ ရှိနိုင်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့သည် ပုလဲ-ဂန့်ဂေါ ကားလမ်းနံဘေးရှိ မင်းတိုင်ပင်ရွာတွင် တပ်စွဲထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ပျူစောထီးဆိုသူများနေထိုင်သည့် အင်မထီးရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်ထက်က ဆိုသည်။
အိုးအိမ်များကို စွန့်ခွာပြီး စစ်ရှောင်လာကြရသောဒေသခံပြည်သူများအား သက်ဆိုင်ရာ ကျေးရွာများ မှ တာဝန်ရှိသူများ၊ ပအဖ အဖွဲ့ဝင်များနှင့် သပိတ်အဖွဲ့များက လိုအပ်သည့်ဆန်နှင့် ငွေသားများကို ကူညီပေးအပ်မှုများ ပြုလုပ်ပေးထားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ကြောင်းထို
ပုံအညွှန်း- တိမ်းရှောင်နေရသည့် စစ်ရှောင်များ။

👍6🤬3👎1🔥1
Weekend News Roundup | 7 October 2023
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ...
https://www.youtube.com/watch?v=SoxeJc8tq-0

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
-နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတပြော တဲ့သတင်း
-စစ်ခေါင်းဆောင်နဲ့…

👍8😁2
ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲစဉ် အစောပိုင်းရလဒ်
==============
Luton 0 - 1 Tottenham
Ven de Van 52'
#PremierLeague
#Footballnews
Photo - Twitter
==============
Luton 0 - 1 Tottenham
Ven de Van 52'
#PremierLeague
#Footballnews
Photo - Twitter
❤5👍1🔥1
ပုလဲနယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ရှောင်တိမ်းနေရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါ လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များက ယာဉ်တန်းဖြင့် စစ.....
https://ift.tt/jXPuAoV

👍5🔥1🤬1
ကလေးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံး
====================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကြောင့် အသက် ၁၇နှစ်အရွယ် လူငယ်တဦး သေနတ်ကျည်ဆန်ထိမှန်ကာ သေဆုံးသွားကြောင်း ကလေးမြို့ ဒေသခံများထံက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီခန့်တွင် လူငယ်လေးဦးသည် ဘော်လုံးကန်ရန် ဆိုင်ကယ်တစီးဖြင့် သွားနေစဉ် တာဟန်းရပ်ကွက် လက်ပံချောင်းလမ်းခွဲ၌ စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူတဦးက မဇ္စျိမကိုပြောသည်။
“ ဘောလုံးကန်ဖို့သွားကြတာပါ။ သူတို့က ဆိုင်ကယ်တစ်စီးပေါ်မှာ ရှေ့မှာ ကလေးတယောက်၊ အနောက်မှာလူငယ်သုံးတင်ထားတာဗျ။ ဆိုင်ကယ်တစ်စီးပေါ်မှာ လူငယ်လေးယောက်က စီးနေကြတာ။ တာဟန်း အေဂျီဘုရားကျောင်းနားမှာ စစ်သားတွေက စစ်ဆေးရေးလုပ်နေတာကိုတွေ့တော့ ကလေးတွေက ပြန်လှည့်ထွက်ခဲ့တယ်။ အဲမှာ စစ်သားတွေက လှမ်းပစ်တာ နောက်ဆုံးမှာ ထိုင်တဲ့သူကို မှန်ပြီးတော့ သေဆုံးသွားတာဖြစ်တယ်” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းကြောင့် အသက်၁၇နှစ်အရွယ် မောင်လျန်းမွမ်းစိန်သည် နောက်ကြောတွင် သေနတ်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသည်ဟု ၎င်းက ဆက်လက်ပြောပြသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့ တွင် အစစ်အဆေး တင်းကျပ်စွာပြုလုပ်နေပြီး ယခုရက်ပိုင်းတွင် ကလေးမြို့ ၊ တာဟန်းရပ်ကွက်ရှိ တာဟန်း အေဂျီဘုရားကျောင်းအနီးနှင့် လက်ပဲချောင်းလမ်းခွဲတွင် နေရာယူကာ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးနေကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ရိုက်နှက်စစ်ဆေးမှု များကြောင့် အသက်၃၀နှစ်အရွယ်ဒိုဒိတ်ဟွဲ သေဆုံးမှုဖြစ်ခဲ့သေးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကလေးမြို့
#လူငယ်သေဆုံး
ပုံအညွှန်း။ ။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မောင်လျန်းမွမ်းစိန်(ဓာတ်ပုံ-ပေးပို့)

😢9🤬4👍2❤1😁1