Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘန်ကောက်ပစ်ခတ်မှု သေဆုံးသူ မမိုးမြင့်၏ ရုပ်အလောင်းကို ယနေ့ မီးသဂြိုဟ်မည်
======================

မဇ္စျိမ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စျေးဝယ်စင်တာတာ တခုအတွင်း ပစ်ခတ်မှုတွင် သေဆုံးသွားသည့် မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၈ ရက်၊ မွန်းလွဲ ၁ နာရီတွင် မီးသဂြိုဟ်သွားမည် ဖြစ်သည်။

အသက် (၃၁) နှစ်အရွယ် မမိုးမြင့်၏ စျာပန အခမ်းအနားကို ထိုင်းနိုင်ငံ အလယ်ပိုင်း၊ နွန်သဘူရီပြည်နယ်၊ ပတ်(ခ်)ကရတ်မြို့ရှိ ဘုန်းကြီးကျောင်းတခုတွင် ကျင်းပနေခြင်း ဖြစ်သည်။
နာရေးအခမ်းအနားကို မမိုးမြင့်၏ မိခင်၊ မိသားစုဝင်များနှင့် မြန်မာရွှေ့ပြောင်းလုပ်းအချို့လည်း တက်ရောက်နေကြသည်ကို တွေ့ရသည်။

အရှေ့တောင်အာရှ နိုင်ငံများအနက် ထင်ရှားသော နိုင်ငံတခုဖြစ်သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆီယမ်ပါရာဂွန် စျေးဝယ်စင်တာတွင် အောက်တိုဘာလ ၃ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ရာ မမိုးမြင့်အပါအဝင် နှစ်ဦး သေဆုံးခဲ့သည်။

သေနတ်ပစ်ခတ်မှုကို ကျူးလွန်ခဲ့သော အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ်အမျိုးသားကိုတော့ အရွယ်မရောက်သေးသူများကို ထိန်းသိမ်းသောစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

#မမိုးမြင့်
#ဘန်ကောက်ပစ်ခတ်မှု
#ထိုင်း
#Mizzima
👍12😢2❤1🤮1
​​မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်ကောင်စီတပ်ကြပ်ကြီး ပစ်သတ်ခံရ
=========================

007
(မဇ္စျိမ)။ ။မန္တလေးမြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်ကောင်စီတပ်ကြပ်ကြီးတဦး ရုံးရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

“နေ့လယ် ၁ နာရီကျော်လောက်ကဖြစ်တာ။ အဲဒီစစ်သား ရုံးရှေ့ထွက်အလာကို စောင့်ပစ်သွားတာ။ သေနတ်သံ နှစ်ချက်ကြားလိုက်ရတယ်။ နောက်တော့ လူနာတင်ကားနဲ့ လာသယ်သွားတယ်။

ပွဲချင်းပြီး သေတာလို့ သိရတယ်” ဟု အခင်းဖြစ်ပွားနေရာ၀န်းကျင်တွင် နေထိုင်သူတဦးကပြောသည်။

၎င်းတစ်ဦးတည်း ရုံးအပြင်ဘက်ထွက်လာစဉ် ဆိုင်ကယ်စီးလူငယ်အမျိုးသားနှစ်ဦးက ပစ္စတိုဖြင့်ပစ်ခတ် သွားခြင်းဖြစ်ပြီး ဦးခေါင်းနောက်စေ့ဖောက်၀င်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ရပ်ကွက်ရုံးနှင့် နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက ပြောသည်။

“ခေါင်းပွင့်ထွက်ပြီး လဲကျသွားရာကနေ လမ်းနဲ့ခေါင်းနဲ့ဆောင့်မိပြီး On the spot ပဲ ။ နာမည်တို့၊ ကိုယ်ပိုင် အမှတ်တို့၊ ဘယ်တပ်ကတို့ဆိုတာ အပြင်ကိုပေးမသိထားဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များတွင်မူ စိုးရိမ်ရဒဏ်ရာဖြင့် မန္တလေးနန်းတွင်းသို့ သယ်ဆောင်သွားကြောင်း၊ အခင်းဖြစ်နေရာတွင် အမေရိကန်နိုင်ငံထုတ် LUGER အမှတ်တံဆိပ် ၉ မမ ကျည်ဆန်ခွံတခု တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ဖော်ပြကြသည်။

၎င်းတပ်ကြပ်ကြီးအား ပစ္စတိုဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အခင်းဖြစ်နေရာ တွင် ပွဲချင်းပြီးသေဆုံးသွားသည်ကို တွေ့ရကြောင်း Generation Z Power ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျားတပ်ဖွဲ့(မန္တလေး)က အောက်တိုဘာလ ၇ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင် သတင်းထုတ် ပြန်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သိရှိနိုင်ရန် ၎င်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက် အသွယ် မရရှိသေးပေ။
အဆိုပါရပ်ကွက်ရုံးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင် စီတပ်ကြပ်ကြီးတဦး ဒဏ်ရာရခဲ့သည်။

တော်လှန်ရေးနှစ်နှစ်တာကာလအတွင်း ပြည်သူ့ခုခံစစ်များကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၃၅,၀၀၀ ခန့်သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေး၀န်ကြီးဌာနမှ ဒုတိယအ တွင်း၀န် ဦးမောင်မောင်ဆွေက ပြောကြားထားသည်။

ပုံစာ - ပစ်သတ်ခံလိုက်ရသည့်စစ်ကောင်စီတပ်ကြပ်ကြီး(Photo-ပေးပို့)
စာတည်း။ ။စောဖေ

#မန္တလေးမြို့
#ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
#စစ်ကောင်စီတပ်ကြပ်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏2😁1
​​အာရှအားကစားပြိုင်ပွဲ နောက်ဆုံးဆုတံဆိပ်များ ဇယား
တနင်္ဂနွေနေ့မှာ ဟန်ကျိုးမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲရဲ့ ၁၅ ရက်မြောက်နေ့ နောက်ဆုံးဆုတံဆိပ်များ ဇယား။

#AsianGames
👍4😁1
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က အသက်မပြည့်သေးသည့် မြေးနှင့် အဘွားဖြစ်သူကို သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီး
🤬12❤1👍1🥴1
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က အသက်မပြည့်သေးသည့် မြေးနှင့် အဘွားဖြစ်သူကို သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီး
=======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံ မြေးအဘွားနှစ်ဦးကို သတ်ဖြတ်ပြီး လူနေအိမ်များကို မီးရှို့ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF – UCR) က ယမန်နေ့ အောက်တိုဘာလ ၇ရက်တွင် ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း စက္ကန့်ကျေးရွာကို ယမန့်နေ့ နံနက်ပိုင်းက အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာ၍ ဒေသခံများ ရှောင်တိမ်းခဲ့သည်။ ထို့နောက်ရွာအတွင်း ခေတ္တပြန်လာသော မြေအဘွားနှစ်ဦးသည် ထိုစစ်ကောင်စီ စစ်ကြောင်း၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူများမှာ အသက်(၆၇နှစ်) နူးငိုက်နှမ် နှင့် အသက် (၁၄နှစ်) ဆလိုင်း ဗန်ဘွေ့လျန် တို့ဖြစ်ကြောင်းသိရသည်။

“ သူတို့နှစ်ယောက် စစ်ဘေးရှောင်တဲ့နေရာကနေ မုန်ညှင်း သွားပြန်ယူဦးမယ်ဆိုပြီး ရွာထဲပြန်သွားကြတာ ။ အဲဒီမှာ ဖမ်းပြီးအသတ်ခံရတာ ။ သူ့သားလေးကို ဖုန်းဆက်တော့ စကစ တယောက်က ကိုင်ပြီး သေသွားကြပြီလို့ ပြန်ပြောတယ် ။ အလောင်းနဲ့ ဆိုင်ကယ်ကို ပါမီးရှို့လိုက်ကြတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျွန်ငိုင်း က မဇ္စျိမ ကိုပြောသည်။

ထို့ပြင် ရွာထဲကျန်ခဲ့သည့် မသန်စွမ်းအမျိုးသားတဦး အသက်ရှင်၊ မရှင်ကို သတင်းမရရှိတော့ကြောင်းဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့ မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံး ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

“အထိနာလို့ မီးရှို့တဲ့သဘောပဲဗျ ။ စကစ ဘက်က မိုင်းက နှစ်ကြိမ်လောက်ထိထားတယ် ။

အပြန်အလှန် ပစ်ခတ်မှုမှာလည်း သေဆုံးဒဏ်ရာရတာတွေရှိနေတယ် ။ တိုက်ပွဲက ဆက်ဖြစ်အုန်းမယ့်အခြေအနေရှိနေတယ်” ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦး က မဇ္စျိမ ကိုပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်များက စက္ကန့် ဇီးချောင်း တံတားထပ်နှင့် ရွာထဲတွင် မိုင်းထောင်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရရှိမှုများပြားကြောင်းဆိုသည်။

ယင်းတိုက်ပွဲကို CNDF ၊ CDF – KKG ၊ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၆) နှင့် တောင်ပိုင်းဒေသခံတပ်ရင်းတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း CNDF မှ ရဲဘော်တဦး ၄၀မမကျည်ထိမှန်၍ မျက်လုံးကွဲကာ ဒဏ်ရာ ပြင်းထန်ပြီး ကျန်ရဲဘော်တဦး မေးစေ့တွင် မစိုးရိမ်ရဒဏ်ရာရရှိထားကာ CDF – KKG မှ ရဲဘော်တဦး ကျည်ထိ ဒဏ်ရာရရှိထားကြောင်းသိရသည်။

ယမန့်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ စက္ကန့်ကျေးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ပြီး ရွာအတွင်းတပ်စွဲနေထိုင်ခဲ့ကာ ယနေ့နံနက် အောက်တိုဘာလ ၈ရက်တွင် ထပ်မံမီးရှို့နေကြောင်း သိရသည်။

ထို့ကြောင့် ရွာတွင်းရှိ လူနေအိမ် ၈၀ မှ ၁၀၀ အတွင်း ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသအတွင်း အရင်းအမြစ်များထံက သိရသော် လည်း ဖြစ်ပွားရာနေရာအနီးတဝိုက်တွင် ဖုန်း ၊အင်တာနက်များ ဖြတ်တောက်ထားသဖြင့် မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေး ။

ကလေးမြို့နယ်တောင် ပိုင်းတွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများထံက သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကလေးမြို့
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍7😢4❤1🔥1
​​ဟားမတ်စ်က ရုတ်တရက် တိုက်ခိုက်၍ အစ္စရေးက ဂါဇာကို ပြန်လည်တိုက်ခိုက်ပြီး တိုက်ပွဲများ ပြင်းထန်နေ
==========================

ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်အဖွဲ့၏ ရုတ်တရက် အကြီးအကျယ် တိုက်ခိုက်မှုများကြောင့် အောက်တိုဘာ ၇ ရက်က အစ္စရေးဘက်တွင် လူ ၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း အစ္စရေးစစ်တပ်က ပြောသည်။ ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်အဖွဲ့၏ ပုန်းခိုရာနေရာများကို ပြိုပျက်အောင် ချေမှုန်းသွားမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2👏2❤1😁1
​​ဆွီဒင်သို့ ဆုသွားယူရန် ခရီးသွားလာခွင့် ပိတ်ပင်ခံရမှုအပေါ် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်
======================

ဆွီဒင်၌ ဂုဏ်သတင်းကြီးမားသော ဆုတဆုကို တက်ရောက်ရယူနိုင်ခြင်း မရှိစေရန် ခရီးသွားလာခွင့် ပိတ်ပင်ခံရမှုအပေါ် ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ကမ္ဘောဒီးယား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး တက်ကြွလှုပ်ရှားသူ သုံးဦးက ၎င်းတို့၏ လက်နှင့် ခြေထောက်တို့တွင် သံကြိုးများခတ်လျက်ဖြင့် အောက်တိုဘာ ၆ ရက်က ဖနွမ်းပင်မြို့၌ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2🔥1
​​ဘုန်းကြီးကျောင်းအနီး တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၃ဦးပြင်းထန်ဒဏ်ရာရ
======================

သွင်ထူးဈာန်(ကော်သူးလေ)
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဝင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ခေတ္တတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်။

KLOUD၊ ANGRY BIRD DRONE RANGERနှင့်POWE OF ABABIL ပူးပေါင်းဒရုန်းအဖွဲ့မှ အောက်တိုဘာလ ၆ ရက် နေ့လယ် ၃ နာရီ ၅၅ မိနစ်ခန့်တွင် ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Angry Bird Drone Rangerအဖွဲ့ တာဝန်ရှိသူထံက သိရသည်။

" လေယာဥ်တစီးကို ဗုံးတလုံးနဲ့ နှစ်ကြိမ်တိုက်ခိုက်တယ်။ ဗုံးအမျိုးအစားက လက်လုပ်ပါ။ 1 Kg ရှိပါတယ်။ လက်နက်ကြီး ကျည် ၆၀ မမ ပြင်းအား နီးပါးရှိတယ်"ဟု ANGRY BIRD DRONE RANGERအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် SHAR HTOO WAW ဒရုန်း နည်းပညာ(မောင်းသူမဲ့​ လေယာဥ်ငယ်များ) အသုံးပြုခဲ့ကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီး သုံးနှစ်နီးပါးကာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းနည်းပညာကို အဆင့်မြင့်တင်ကာ တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒရုန်း
#ကော့ကရိတ်ခရိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23👏4😁3
​​Graphic showing the number of children displaced by natural disasters worldwide from 2016 to 2021, by type of event, according to UNICEF data. / AFP / Sabrina BLANCHARD
👍3🔥1
​​အခြေခံလစာတွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်မံခံစားခွင့်ပြုကြောင်း စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်
=======================

ရွှေနွယ်
(မဇ္ဈိမ)။ ။နေ့စားအလုပ်သမားများအား အပိုထောက်ပံ့ကြေးငွေ ကျပ် ၁,၀၀၀ ထပ်မံခံစားခွင့်ပြုကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ အောက်တိုဘာလ ၅ ရက် နေ့က ထုတ်ပြန်ကြေညာသည်။

“အနည်းဆုံးအခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်ကြေညာခြင်း” ဟူသည့် အဆိုပါ ထုတ်ပြန်ကြေညာ ချက်တွင် “အလုပ်ချိန် တနေ့ရှစ်နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ကို ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ့် လုပ်ခ ကျပ် ၅,၈၀၀ တိတိကို ခွင့်ပြုရန်ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်က ဆုံးဖြတ်ပြဋ္ဌာန်းခဲ့သည့် အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀ ၊ ပုဒ်မခွဲ (ဃ)အား သုံးပွင့် ဆိုင်ကိုယ်စားလှယ်များညှိနှိုင်းဆွေးနွေး၍ ၂၀၁၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် “ မြန်မာနိုင်ငံရှိ အလုပ် သမားများအတွက် နေရာဒေသနှင့်လုပ်ငန်းအမျိုးမစားမခွဲခြားဘဲ တနိုင်ငံလုံးတပြေးညီ တနာရီလျှင် ၆၀၀ ကျပ်နှုန်းဖြင့် အလုပ်ချိန်ရှစ်နာရီ တရက်အတွက် ၄၈၀၀ ကျပ်” ဟု ထုတ်ပြန်သတ်မှတ်ခဲ့သည်။

ယခု ပြင်ဆင်ပြဋ္ဌာန်းသည့် ဥပဒေသည် ၂၀၁၈ ခုနှစ်က နောက်ဆုံးပြဋ္ဌာန်းခဲ့သည့် ဥပဒေအား ငါးနှစ် အကြာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် အမိန့်ကြေညာစာထုတ်၍ ပြင်ဆင်ပြဋ္ဌာန်းခြင်းဖြစ် သည်။

“ဘယ်လိုမှအဆင်မပြေတဲ့နှုန်းထားလေနော်။ ၂၀၁၈ ခုနှစ်ကသတ်မှတ်တဲ့ ၄၈၀၀ ကို ငါးနှစ်ပြည့်မှ ၁,၀၀၀ တိုးတယ်ဆိုတော့ တနှစ်ကို ၂၀၀ နီးပါးလို့မြင်တယ်။ တနှစ်နဲ့တနှစ် ကုန်စျေးနှုန်းကတက်နေတာ။ စစ် အာဏာသိမ်းပြီးနောက်မှာ ငါးဆလောက်တက်နေတာ။ သူတို့တိုးပေးတဲ့ ၁၀၀၀ ဆိုတဲ့နှုန်းထားက အလုပ် သမားတွေအတွက် ဘယ်လိုမှဖူလုံတဲ့ လစာမဟုတ်ဘူး” ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်မှ မဇ္ဈိမကို ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏လုပ်ဆောင်ချက်သည် မြေပြင်ပကတိအခြေအနေများနှင့်ကိုက်ညီမှုရှိသည့် လုပ် ဆောင်ချက်မဟုတ်ဘဲ ဟန်ပြလုပ်ဆောင်ချက်သာဖြစ်သည်ဟုလည်း FGWM ဥက္ကဋ္ဌကဆိုသည်။

ပြင်ဆင်သတ်မှတ်သည့်အခြေခံလုပ်ခလစာနှုန်းထားသည် ယခု အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအပေါ်တွင် သက်ရောက်မှုရှိစေမည်ဖြစ် ကြောင်းလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကုန်ကြမ်းယူပြီး ကုန်ချောပို့တာ CMP လို့ခေါ်တာပေါ့နော်။ အထည်ချုပ်လုပ်သားတွေပေါ့။

အောက်တို ဘာလကစပြီး အကျုံးဝင်တယ်လို့ ပြောတယ်။ ဒါပေမယ့် အမတို့ရဲ့အဖွဲ့ဝင်တွေတင်ပြလာတဲ့ စက်ရုံတွေ ရဲ့အခြေအနေက အလုပ်ရှင်တွေအနေနဲ့ တိုးပေးဖို့အစီအစဉ်မရှိသေးဘူးလို့ ကြားရတယ်။ စစ်ကောင်စီက တိုးပေးတဲ့ ၁,၀၀၀ ဆိုတာ အလုပ်ရှင်တွေဘက်က ဘာသံမှမထွက်သေးဘူးလို့ အမတို့ရဲ့ အဖွဲ့ဝင်လုပ်သား တွေဆီက ပြန်သိရတယ်” ဟု ဒေါ်မိုးစန္ဒာမြင့်ကပြောသည်။
စစ်ကောင်စီက ပြင်ဆင်သတ်မှတ်သည့် အခြေခံလုပ်ခလစာနှုန်း တရက်အတွက် ၅,၈၀၀ ကျပ်သည် ရက် ၃၀ (တလ) နှုန်းထားအားဖြင့် ၁၇၄,၀၀၀ ကျပ်ရှိသည်။

သို့သော် အားကစားပစ္စည်းစက်ရုံတွင်လုပ်ကိုင်လျက်ရှိသည့် နေ့စားလပေးဝန်ထမ်းတဦးကမူ ၎င်းတို့၏ စက်ရုံတွင် လစာနှုန်းထားတိုးမြှင့်ပေးခြင်းနှင့်ပတ်သက်၍ မည်သည့်သတင်းစကားမျှ မကြားရသေးသကဲ့ သို့ ယခုလုပ်ခလစာနှင့် တိုးမြှင့်ပေးမည့်လုပ်ခလစာနှစ်မျိုးလုံးသည် စားဝတ်နေရေးကြပ်တည်းနေမှုမှ ရုန်း ထွက်နိုင်မည့် လစာနှုန်းထားများမဟုတ်ကြောင်း ပြောသည်။

“အလုပ်သမားခေါင်းဆောင်တွေကတော့ အစိုးရဘက်က ဒီလိုတိုးပေးတယ်လို့ အသိပေးတယ်။

စက်ရုံ ဘက်က တိုးပေးဖို့ စက်ရုံမှူးတွေနဲ့ တိုင်ပင်ရဦးမယ်ပြောတယ်။ တရားဝင်တိုးမပေးသေးပါဘူး။ ဆန် တပြည် ၃,၀၀၀ ကျော်နေတဲ့ခေတ်မှာ ၅,၈၀၀ ကလည်း ဘယ်လိုမှမလောက်ငှပါဘူး” အဆိုပါ ဝန်ထမ်း ကဆိုသည်။

စက်ရုံဝန်ထမ်းများအနေဖြင့် မြင့်တက်နေသည့်ကုန်စျေးနှုန်းနှင့် လုပ်ခလစာကြား ချိန်ညှိသုံးစွဲနေရသည့် အတွက် ယခင်ကဲ့သို့ လောက်ငဖူလုံအောင် မစားနိုင်ကြတော့ကြောင်း မတတ်သာသည့်အတွက်သာ ဆက်လက်လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်းနှင့် နေ့စဉ် လစဉ် အကြပ်အတည်းများနှင့် ရင်ဆိုင်နေကြရ ကြောင်း အဆိုပါ စက်ရုံဝန်ထမ်းမှပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က Non CDM ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သား များကို စားဝတ်နေရေး သက်သာချောင်ချိရေးအတွက်ဟုဆိုကာ လစဉ်အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ စီပေးမည်ဟု ထုတ်ပြန်ခဲ့သေးသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ စစ်အာဏာမသိမ်းမီက အထည် ချုပ်လုပ်ငန်း ၇၀၀ ကျော်နှင့် လုပ်သား ၇၀၀,၀၀၀ ကျော်ရှိခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက် စက်ရုံ ၂၅ ရာနှုန်းရပ်ဆိုင်းသွားပြီး လက်ရှိတွင် စက်ရုံ ၄၈၅ ရုံနှင့် လုပ်သား ၄၅၃,၀၀၀ သာကျန်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#အခြေခံလစာ
#အပိုထောက်ပံ့ကြေး
#ကုန်ဈေးနှုန်း

ပုံအညွှန်း - လှိုင်သာယာစက်မှုဇုန်မှအလုပ်သမားများ (AFP)
👍14😁3👏2❤1🤯1
မွန်နှင့် ကရင်တွင် ၄ ရက်ဆက် မိုးများ၍ ရေကြီးရေလျှံလာမည်ကို ဒေသခံများစိုးရိမ်
😢10👍1🔥1👏1