Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပဲခူးမြို့တွင် ၅၉ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန်အဖြစ် စံချိန်တင် ၊ မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးရေဝင်ရောက်
😢10🔥1
ပဲခူးမြို့တွင် ၅၉ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန်အဖြစ် စံချိန်တင် ၊ မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးရေဝင်ရောက်
===============

ရွှေနွယ်

(မဇ္ဈိမ)။ ပဲခူးမြို့တွင် မိုးများပြီး နှစ်ပေါင်း ၅၉ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန်အဖြစ် ၇.၈၇ လက်မဖြင့် ယနေ့ စံချိန်သစ် တင်ခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

 မြစ်ရေ၊ ချောင်းရေများ စိုးရိမ်ရေမှတ်ကျော်လွန်နေကာ ယနေ့ အောက်တိုဘာလ ၈ ရက်၌ ပဲခူးမြို့ မြို့ပေါ်ရပ်ကွက်များအားလုံးတွင် ရေဖုံးလွှမ်းလျက်ရှိ‌ေကြာင်း သိရသည်။ ထို့ကြောင့် ဒေသခံများ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းနေကြရပြီး
ပဲခူး− ရန်ကုန်ကားလမ်းတွင်လည်း ရေနစ်မြုပ်နေသည်မှာ လူတရပ်နီးပါးရှိကြောင်း ဒေသခံများက ပြောသည်။ 

 ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရေမြင့်တက်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

"ကျွန်တော့် အသက် ၄၀ ရှိပြီ။ တခါမှဒီလောက်ရေကြီးတာမကြုံဖူးဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ရေတော်တော်ကြီးတာတခါရှိခဲ့တယ်။ အခုကတော့ မြို့လယ်ခေါင်နာရီစင်နားအထိ ရေရောက်နေပြီ။ ပဲခူးမြို့သမိုင်းမှာ အဲ့ဒီနေရာကို ရေတခါမှမရောက်ဖူးဘူးဗျ” ဟု ချမ်းမြေ့ဇေယျာ ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။

ယနေ့ အယ ညနေပိုင်းအချိန် ရေဝင်ရောက်မှုအနေအထားအရ ကျွန်းသာယာရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ မဇင်းရပ်ကွက်နှင့် ကလျာဏီရပ်ကွက်တို့သည် ရေဝင်ရောက်မှုအဆိုးဝါးဆုံးရပ်ကွက်များဖြစ်ပြီး၊ ရွှေနံသာရပ်ကွက် ရေဘေးကူညီကယ်ဆယ်ရေးစခန်းသည် ယနေ့တွင် ရေနစ်မြုပ်သွားသည့်အတွက် အဆိုပါ စခန်းမှရေဘေးရှောင်များအား ရွှေမောဓောဘုရားသို့ ပြောင်းရွှေ့ပို့ဆောင်နေရကြောင်းသိရသည်။

"မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းများမယ်ဗျ။ ၁၀ ခုလောက်ရှိနေမယ်။ ရေကဆက်တိုးနေတုန်းပဲ။ မိုးရေချိန်လည်းများနေတယ်။ ဆည်တွေရေကျော်နေပြီလို့လည်းကြားထားတယ်။ ဆည်ကရေကျော်တော့ မြေနိမ့်ပိုင်းတွေခံရတာပေါ့" ဟု ချမ်းမြေ့ဇေယျာ ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။

မော်လမြိုင်မှ ရန်ကုန်သို့သွားရောက်မည့် ခရီးသည်တင်ရထားတစီးသည်လည်း ပဲခူးမြို့တွင်းရေကြီးနေသည့်အတွက် သွားလာ၍မရသောကြောင့် ဝေါမြို့တွင် ရပ်နားထားရကြောင်း မြန်မာ့မီးရထားလူမှုကွန်ရ က်စာမျက်နှာတွင် မျှဝေထားသည်ကိုတွေ့ရသည်။ထို့ပြင် ရန်ကုန်−မန္တလေး အဆန်ရထားခရီးစဉ်များလည်းဖျက်သိမ်းထားကြောင်း သိရသည်။

"ပဲခူးရေကြီး အခြေအနေမကောင်း ဈေးပိုင်း ၁၉ လမ်းထိပ်ကရေတံခါးပွင့် သွားပြီး ဈေးပိုင်း‌ထဲပါရေတွေဝင်လာပြီ" ၊ "ပဲခူးလှေစီးနေပြီ" ၊ "ပဲခူးမြို့၊ကျွန်းသာဟာဓါတ်ဆီဆိုင်ရှေ့မှ ယာဉ်ဝင်းသစ်ဝင်ပေါက်ရှေ့အထိ ရေ ကျော်နေပါပြီ။ ကားလေးဖြတ်ရန်မသင့်တော့ပါ” အစရှိသဖြင့် ပဲခူးမြို့ဒေသခံအသီးသီးမှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင်မျှဝေထားသည်ကိုလည်းတွေ့ရသည်။

ပဲခူးမြစ်ရေသည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တိုင်းတာချက်အရ ၉၅၆ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် နှစ်ပေနှင့် ငါး လက်မခန့်ရှိနေကြောင်းနှင့် နောက်နရက်အတွင်း စိုးရိမ်ရေမှတ်အထက် သုံးပေသို့ ဆက်လက်မြင့်တက်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပဲခူးမြို့တွင် ယနေ့ မိုးအသင့်အတင့်ထစ်ချုန်းရွာနိုင်ပြီး တခါတရံ မိုးသည်းထန်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

စာတည်။ ။အောင်ကျော်ဖြိုး

#Mizzima
#ပဲခူးမြို့
#စံချိန်တင် မိုးရေချိန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢2🔥1
​​အစ္စရေး-ဂါဇာ တိုက်ပွဲများအတွင်း ထိုင်း ၂ ဦး သေဆုံးဟု ထိုင်းဝန်ကြီးချုပ် ပြော
================

အစ္စရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်အဖွဲ့အကြား ပြင်းထန်သော တိုက်ခိုက်မှုများအတွင်း ထိုင်းနိုင်ငံသား နှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က အောက်တိုဘာ ၈ ရက်တွင် ပြောသည်။
ဂါဇာကမ်းမြှောင်ဒေသမှ ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ရုတ်တရက် အကြီးစား တိုက်ခိုက်မှု ဆင်နွှဲခြင်းကြောင့် အစ္စရေးဘက်ကလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများဖြစ်ပြီး ကာလရှည် ပဋိပက္ခတရပ်၏ အရှိန်မြင့်တက်မှုအတွင်း နှစ်ဖက်စလုံး၌ လူရာချီ သေဆုံးခဲ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
လောင်းလုံးမြို့နယ်မှာ လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
==============

ကိုရွှေမြိတ်

(မဇ္ဈိမ)။    ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ကြသည်ဟု သိရသည်။

DDMSC ၏အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် LGBT Community က ဦးဆောင်၍ လိင်တူချစ်သူများနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများကို နည်းမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခံရမှုနှင့် အကြမ်းဖက်မှု‌များကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့်ပြုလုပ်ကြခြင်းဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် ပြုလုပ်ကြခြင်းဖြစ်ပြီး ဒေသခံ အမျိုးသမီး‌များနှင့် လူငယ်အများအပြား၏ ပူးပေါင်းပါဝင်မှုနှင့်အတူ “မတူကွဲပြားမှုကို လက်ခံပြီး ခွန်အားအဖြစ်‌ ပေါင်းစည်းကြ” စာသားပါဘန်နာကို ကိုင်ဆွဲ ချီတက်ကြကြောင်း သိရသည်။

စာတည်း ။   ။ ဖူးသိမ်ကျ

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#LGBT
#ချီတက်ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤2🔥1🤣1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ အောက်တိုဘာ၂၀၂၃)
==============

အမျိုးသားညီညွတ်ရေးအစိုးရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မှာရှိတဲ့ စစ်ရှောင် ပြည်သူများနှင့် ကိုယ်၀န် ဆောင် မိခင်တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားစာနာမှ ကိုယ်၀န်ဆောင် ထောက်ပံ့ ငွေများနှင့် လိုအပ်သည့်စားစရာများကို အောက်တိုဘာ ၇ရက်က ပေးအပ်ထောက်ပံ့ ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးငယ်များသည် ၎င်းတို့ ခံစားခွင့်ရှိသော အခွင့်အရေးများကို အပြည့်အဝ ခံစားရမည့်အစား ၎င်းတို့၏ အခွင့်အရေးများကို ရက်ရက် စက်စက် ချိုးဖောက်ခံနေရရုံသာမက စစ်တပ်၏ သတ်ဖြတ်ခြင်းကိုပင် ခံနေရကြောင်း သံအမတ် ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ပြောသည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ဖလား ရန်ပုံငွေဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဝင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ခေတ္တတပ်စွဲ ထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး ပြင်းထန် ဒဏ်ရာ ရသွားကြောင်း သိရသည်။

မန္တလေးမြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်ကောင်စီတပ်ကြပ်ကြီးတဦး ရုံးရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကြောင့် အသက် ၁၇နှစ်အရွယ် လူငယ်တဦး သေနတ်ကျည်ဆန်ထိမှန်ကာ သေဆုံးသွားကြောင်း ကလေးမြို့ ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နောက် ရွာ အနီးရှိ ဆန်စက်မှ ဆန်အိတ်တွေကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ဝင်းအတွင်း ယမန်နေ့ (အောက်တို ဘာ၇ရက်) ညနေ ၃နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျေးရွာများအား စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးစဉ်က လာရောက်ခြင်းမရှိခဲ့သည့် မီးသတ်ကားများက တပ်မ(၃၃)ဝင်းအတွင်း သွားရောက်ငြှိမ်းသတ်ပေးခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံ အနီး တွင် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Brother Defense Force တပ်ဖွဲ့မှ သိရသည်။

လူမှုကွန်ယက်ပေါ်၌ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁,၃၀၀ ကျော်ရှိသည်ဟု Data for Myanmarက ယနေ့ ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Non-CDM ဆရာမ ဒေါ်နုနုလှိုင်သည် CDM ပညာရေးဝန်ထမ်းများ၏ အချက်လက်များကို စစ်ကောင်စီထံပေးပို့ပြီး ဖမ်းဆီးခိုင်းစေခြင်းများလုပ်ဆောင်နေသည်ကို ရပ်တန်းကရပ်ရန် မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ ယနေ့(အောက်တိုဘာ ၈)တွင် သတိပေးချက် ထုတ်ပြန်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း တပ်စွဲထားသော စစ် ကောင်စီ တပ်သားများအား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီတပ်က အရပ်သားများအပေါ် ပစ်မှတ်ထား၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုကျုးလွန်လာကြောင်း ဒေသခံများနှင့် အရပ်ဖက်အဖွဲ့များ ကပြောသည်။

ကချင်ပြည်နယ် ဖားကန့်မှော်လှည့် သပိတ်စစ်ကြောင်းက ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ချီ တက်ဆန္ဒပြကြသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ကိုရီးယား-မြန်မာ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရုပ်ရှင် The Way ဇတ်ကား ပြသပြီး ပြည်သူ ၄၀၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။

စစ်ကောင်စီထံအခွန်မဆောင်ရေး၊ ပတ်စ်ပို့သက်တမ်းမတိုးရေးလှုပ်ရှားမှုအဖြစ် အောက်တိုဘာ လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများ ဆန္ဒ ပြခဲ့ကြကြောင်း သိရသည်။
👍13😁2❤1