Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လာမဲ့နိုဝင်ဘာမှာ လက်ထပ်တော့မည့် Girl Day အဖွဲ့ဝင် Sojin 👱‍♀️နှင့်သရုပ်ဆောင် Lee Dong Ha 👨
👍1💔1
လာမဲ့နိုဝင်ဘာမှာ လက်ထပ်တော့မည့် Girl Day အဖွဲ့ဝင် Sojin 👱‍♀️နှင့်သရုပ်ဆောင် Lee Dong Ha 👨
===============

October 6 ရက်နေ့မှာ Sojin ရဲ့အေဂျင်စီက "သူတို့နှစ်ယောက်ရဲ့ ရေရှည်ဆက်ဆံရေးမှာ ယုံကြည်မှုတွေတည်ဆောက်ထားတဲ့ သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲကို မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ ရင်းနှီးတဲ့သူတွေနဲ့ နိုဝင်ဘာလမှာ သီးသန့်ကျင်းပသွားမှာပါ။

 မင်းသမီး Sojin က ပရိသတ်တွေကို ကောင်းမွန်တဲ့ ပရောဂျက်တွေလည်းချပြသွားဖို့ရှိပါတယ်လို့ဆိုပါတယ်.. 

အဲဒီနေ့နှောင်းပိုင်းမှာတော့ Sojin ဟာ သူမရဲ့ Instagram မှာ ကိုယ်တိုင် လက်ထပ်တော့မည် သတင်းကို ပရိသတ်တွေကို ကြေငြာခဲ့ပါတယ်။

“ အားလုံးမင်္ဂလာပါ။
ဒီစာလေးက ကိုယ်ရေးကိုယ်တာဖြစ်ပေမဲ့လည်း ကျွန်မတို့ ဘဝအတွက် ကြီးစွာသောပျော်ရွှင်မှုလေးဖြစ်တာကြောင့် သတင်းကောင်းတစ်ခု အနေနဲ့ ဝေမျှချင်တာဖြစ်ပါတယ်။

လာမယ့်နိုဝင်ဘာလမှာတော့ ကျွန်မအချစ်ရဆုံးသူ Lee Dong Ha နဲ့ တစ်သက်လုံးဖြတ်သန်းမယ်လို့ ကတိပေးသွားမှာဖြစ်ပါတယ်။ 

ဟုတ်ပါတယ် ကျွန်မဟာအခု အိမ်ထောင်ပြုတော့မယ့် သတို့သမီးလောင်းလေး ဖြစ်သွားပြီ။

သူက ကျွန်မ နှလုံးသားထဲက လွတ်နေတဲ့ နေရာလေးကို ချစ်ခြင်းမေတ္တာတွေ ဖြည့်ပေးတဲ့သူပါ။ 

ဒါ့အပြင် သူက ကျွန်မ လေးစားချစ်ခင်ရတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ကျွန်မ တန်ဖိုးထားရတဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိလာရပါတယ်။ 

ကျွန်မတို့နှစ်ယောက်ရဲ့ အချိန်တွေကို အဖိုးတန်စွာ သစ္စာရှိရှိဖြင့် ဖြတ်သန်းကြရန် စီစဉ်ထားပါသည်။

ထုံးစံအတိုင်း ဒီနေရာလေးမှာ ကျွန်မရဲ့နေ့စဉ်ဘဝအကြောင်းလေးတွေကို မျှဝေပေးဦီးမှာပါ။ 
ဒါ့အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေကို ကောင်းမွန်တဲ့ ပရောဂျက်တွေ ပိုမိုကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပြန်လည်ပေးဆပ်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ။

အရင်ကတည်း က ကျွန်မကို အချိန်အကြာကြီး အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့ ဒီပို့စ်ကို ဖတ်ပြီး ဒီနေ့အထိ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်” လို့ပြောခဲ့ပါတယ်။ #girlday #kpopnews
👍2💔1
အောက်တိုဘာလ (၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 - လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိတဲ့ သတင်း04:47 - TNLA နဲ့ SSPP တ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FqZc2VTfl4b0&h=AT3IkMU_31iKdazrm0QEbxYBkglLQ8FDaEV2yNuER-UPBK6wnHa6DdkJBLxpQkPz2mr1vsE7l4APUuhsaMcGsBa8y0F41xD58-YapkeOxmhsMIGbBnL4RKhIuHG02I67&s=1
အချင်းချင်းပစ်ခတ်မှုကို သင်ပုန်းခြေကာ တော်လှန်ရေးအောင်မြင်ရန်ဆောင်ရွက်မည်ဟု TNLA နှင့် SSPP
ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော်(TNLA) တို့ နှစ်ဖက်အဖွဲ့အစည်းကြားသင်ပုန်းခြေကာ...
https://ift.tt/JXkDPi3
😁1
ဂျပန်တွင် လုပ်ငန်းခွင်အတွင်း သံတုံးပိ၍ မြန်မာလုပ်သား ၁ ဦး သေဆုံး
ဂျပန်နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအတွင်း အလုပ် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တဦး သုံးတန်ခန့်အလ...
https://ift.tt/JonedbT
The Burmese barmaid who nabbed a North Korean assassin

This photo taken on October 4, 2023 shows Dar San Ye asking for "donations" from motorists in Yangon. Forty years ago, Myanmar barmaid Dar San Ye stood in a river running through Yangon, squaring up to a North Korean agent gripping a live grenade. Photos: Sai Aung Main/AFP
😢1
အချင်းချင်းပစ်ခတ်မှုကို သင်ပုန်းခြေကာ တော်လှန်ရေးအောင်မြင်ရန်ဆောင်ရွက်မည်ဟု TNLA နှင့် SSPP ပူးတွဲထုတ်ပြန်
👍4😁1
အချင်းချင်းပစ်ခတ်မှုကို သင်ပုန်းခြေကာ တော်လှန်ရေးအောင်မြင်ရန်ဆောင်ရွက်မည်ဟု TNLA နှင့် SSPP ပူးတွဲထုတ်ပြန်
==============

ဂျူချန်း

(မဇ္ဈိမ)။ ။ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော်(TNLA) တို့ နှစ်ဖက်အဖွဲ့အစည်းကြားသင်ပုန်းခြေကာ တော်လှန်ရေးအမြန်အောင်မြင်ရန် ညှိနှိုင်းဆောင်ရွက်သွား မည်ဟု ယမန်နေ့က ထုတ်ပြန်သည်။

“အချင်းချင်း နားလည်မှုလွဲပြီး ပဋိပက္ခဖြစ်ကြတယ်။ အဲ့ဒီနေ့မှာပဲ အချင်းချင်းညှိနှိုင်းပြီး ပြေလည်သွား တော့ ပြဿနာဆက်မဖြစ်ဘူး။ ကျနော်တို့က နဂိုကတည်းက စစ်ရေး၊ နိုင်ငံရေး မဟာမိတ်တွေဖြစ်ပါ တယ်။ SSPP နဲ့ အရင်ကတည်းကလည်း သဘောတူညီမှုတွေရှိတယ်။ အဲဒီအတိုင်းပဲ ဆက်သွားမယ်။ 

မဟာမိတ်တွေကြား ရှေ့လျှောက် ပြဿနာတွေမပေါ်ပေါက်အောင် နှစ်ဖက်ထိန်းသိမ်းပြီး ဆောင်ရွက် သွားမယ်” ဟု PSLF/TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က မဇ္ဈိမကိုပြောသည်။

အချင်းချင်း နားလည်မှုလွဲမှားခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှု ဖြင့် ရှေ့ဆက်ရန် အောက်တိုဘာလ ၈ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် ပလောင်ပြည် နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) တို့က သဘောတူညီချက် ပူးတွဲထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအနီးတွင် စက်တင်ဘာလ ၂၃ ရက်နေ့က SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးချက်များတွင် SSPP/SSA နှင့် PSLF/TNLA တို့ ပူးပေါင်းကာ ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်သွားရန် ရှိ၊ မရှိ မဇ္ဈိမမှ မေးမြန်းခဲ့ရာ အစည်းအဝေးအတွင်း ထိုကဲ့သို့သဘောတူညီချက် ချမှတ်ထားခြင်းမရှိသဖြင့် အတည်ပြု ဖြေကြားမပေးနိုင်ကြောင်း ဆိုသည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်ထားသည်။

“တိုက်ပွဲငြိမ်တယ်ဆိုပေမယ့်လည်း စကစဘက်က ကျနော်တို့ရှိတဲ့နေရာတွေ အဓိကတော့ ကွတ်ခိုင်၊ ခိုမုန်းအထက်နားတောင်ကျောပေါ်မှာ နေ့တိုင်းလိုလို လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ကျနော်တို့ဘက်က ပြန်လည်ပစ်ခတ်တာတော့ မရှိဘူး။ မနေ့ကတောင် ကင်းထောက်လေယာဉ်နဲ့ ထောက်လှမ်းတာမျိုးရှိ တယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းပဲလို့ ပြောလို့ရတာပေါ့”ဟု ဒုဗိုလ်မှူးကြီး တားအိုက် ကျော်က ပြောသည်။

စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့တွင် တပ်စွဲထားသည့် SSPP/SSA ကို တပ်ဆုတ်ပေး ရန် သတိပေးပြီးနောက် SSPP မှ ဆုတ်ခွာခြင်းမရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် အင်အား ၁,၀၀၀ ခန့်ဖြည့်တင်းကာ ဩဂုတ်လပထမအပတ်မှစတင်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားကြသည်။

လတ်တလော စစ်ကောင်စီတပ်ဖွဲ့နှင့် SSPP/SSA တို့ကြား စစ်ရေးအခြေအနေကို သိရှိနိုင်ရန် SSPP/ SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို မဇ္ဈိမမှတယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိ သေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ သီန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအနီး၌ SSPP/SSA နယ်မြေသို့ စစ်ကောင်စီတပ်ဖွဲ့က နယ်ကျော်လာသဖြင့် ၁၀ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတခုဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်း ဌာနကဖော်ပြထားသည်။

စာတည်း ။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#TNLA
#SSPP/SSA

ပုံအညွှန်း-SSPP/SSA နှင့် TNLA တပ်သားများ

Website Link - https://www.mizzimaburmese.com/article/134201

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤2
​​ဂျပန်တွင် လုပ်ငန်းခွင်အတွင်း သံတုံးပိ၍ မြန်မာလုပ်သား ၁ ဦး သေဆုံး
==============

ကီရာ

(မဇ္စျိမ)။ ။ဂျပန်နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအတွင်း အလုပ် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တဦး သုံးတန်ခန့်အလေးချိန်ရှိသည့် သံတုံးပိ၍ သေဆုံးသွားကြောင်း ဂျပန်ရောက် မြန်မာလူမျိုးများထံမှ သိရသည်။

အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လုပ်ငန်းခွင်အတွင်း မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသည့် မြန်မာရွေ့ပြောင်းလုပ်သားမှာ ရေစကြိုမြို့နယ်မှ အသက်၂၈ နှစ်အရွယ် ကိုထက်ဆိုသူ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သင် အလုပ်သမားအဖြစ် လာ ရောက်လုပ်ကိုင်နေသည်မှာ တနှစ်ကျော်ခန့်သာရှိသေးကြောင်း လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။

လတ်တလောတွင် ဂျပန်ရောက် မြန်မာလူမျိုးများမှ ဝိုင်းဝန်းကူညီပေးရန် ကြိုးစားနေကြကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ် သတိပြုကြရန် NLD စည်းရုံးရေးကော်မတီ(ဂျပန်)မှ စည်းရုံးရေးမှူး ဦးခင်အောင် က ပြောသည်။

“မိဘကျေးဇူးဆပ်ချင်တဲ့သူတွေဖြစ်ပေမယ့်လို့ ဒါတွေက ဖြစ်တတ်တာမို့ သတိထားစေချင်ပါတယ်” ဟု ဦခင်အောင်က သတိပေးသည်။

“လုပ်ငန်းခွင်ထဲမှာ သုံးတန်လောက်ရှိတဲ့သံတုံးပိပြီး သားလေးကိုထက်သေသွားပြီတဲ့၊ အမေတို့ကို ကျေးဇူး ဆပ်ချင်လို့ ဂျပန်ကို သွားရောက်အလုပ်ကြိုးစားလုပ်တာ တနှစ်ကျော်လေးပဲရှိသေးတာ၊ အမေတို့ မိသားစု ကိုလည်း ပုံမှန်ငွေပို့ပြီး မိသားစုကိုလည်း စောက်ရှောက်ပေးနေတဲ့ သားလေးပါ၊ အခုတော့ ရုပ်ပျက်ဆင်း ပျက်ဆုံးသွားပြီ၊ အမေတို့က အညာရေစကြိုကပါ ဘာမှဆက်မလုပ်တတ် ကူကြပါကယ်ကြပါ”ဟု မိသားစု ဝင်တဦးကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံသားများသည် ဂျပန်နိုင်ငံသို့ အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ၊ ကျွမ်းကျင်လုပ်သားဗီဇာနှင့် အလုပ်သင်ဗီဇာများဖြင့် အများဆုံး လာရောက်ကြသည်။

ယင်းအနက် အလုပ်သင်ဗီဇာဖြင့် လာရောက်ကြသည့် ‌အမျိုးသားအများစုသည် ဆောက်လုပ်ရေးလုပ်ငန်း ဖြင့် လာရောက်ကြပြီး လုပ်ငန်းခွင်တွင်း အခက်အခဲများကြောင့် အများဆုံးထွက်ပြေးသူများသည်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သင် လုပ်သားများဖြစ်ကြောင်း ဂျပန်ရောက် မြန်မာများက ပြော သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဂျပန်မြန်မာ
#ရွှေ့ပြောင်းလုပ်သား
#Mizzima

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😱4👍2❤1