အချင်းချင်းပစ်ခတ်မှုကို သင်ပုန်းခြေကာ တော်လှန်ရေးအောင်မြင်ရန်ဆောင်ရွက်မည်ဟု TNLA နှင့် SSPP ပူးတွဲထုတ်ပြန်
👍4😁1

==============
ဂျူချန်း
(မဇ္ဈိမ)။ ။ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော်(TNLA) တို့ နှစ်ဖက်အဖွဲ့အစည်းကြားသင်ပုန်းခြေကာ တော်လှန်ရေးအမြန်အောင်မြင်ရန် ညှိနှိုင်းဆောင်ရွက်သွား မည်ဟု ယမန်နေ့က ထုတ်ပြန်သည်။
“အချင်းချင်း နားလည်မှုလွဲပြီး ပဋိပက္ခဖြစ်ကြတယ်။ အဲ့ဒီနေ့မှာပဲ အချင်းချင်းညှိနှိုင်းပြီး ပြေလည်သွား တော့ ပြဿနာဆက်မဖြစ်ဘူး။ ကျနော်တို့က နဂိုကတည်းက စစ်ရေး၊ နိုင်ငံရေး မဟာမိတ်တွေဖြစ်ပါ တယ်။ SSPP နဲ့ အရင်ကတည်းကလည်း သဘောတူညီမှုတွေရှိတယ်။ အဲဒီအတိုင်းပဲ ဆက်သွားမယ်။
မဟာမိတ်တွေကြား ရှေ့လျှောက် ပြဿနာတွေမပေါ်ပေါက်အောင် နှစ်ဖက်ထိန်းသိမ်းပြီး ဆောင်ရွက် သွားမယ်” ဟု PSLF/TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က မဇ္ဈိမကိုပြောသည်။
အချင်းချင်း နားလည်မှုလွဲမှားခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှု ဖြင့် ရှေ့ဆက်ရန် အောက်တိုဘာလ ၈ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် ပလောင်ပြည် နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) တို့က သဘောတူညီချက် ပူးတွဲထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအနီးတွင် စက်တင်ဘာလ ၂၃ ရက်နေ့က SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးချက်များတွင် SSPP/SSA နှင့် PSLF/TNLA တို့ ပူးပေါင်းကာ ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်သွားရန် ရှိ၊ မရှိ မဇ္ဈိမမှ မေးမြန်းခဲ့ရာ အစည်းအဝေးအတွင်း ထိုကဲ့သို့သဘောတူညီချက် ချမှတ်ထားခြင်းမရှိသဖြင့် အတည်ပြု ဖြေကြားမပေးနိုင်ကြောင်း ဆိုသည်။
စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်ထားသည်။
“တိုက်ပွဲငြိမ်တယ်ဆိုပေမယ့်လည်း စကစဘက်က ကျနော်တို့ရှိတဲ့နေရာတွေ အဓိကတော့ ကွတ်ခိုင်၊ ခိုမုန်းအထက်နားတောင်ကျောပေါ်မှာ နေ့တိုင်းလိုလို လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ကျနော်တို့ဘက်က ပြန်လည်ပစ်ခတ်တာတော့ မရှိဘူး။ မနေ့ကတောင် ကင်းထောက်လေယာဉ်နဲ့ ထောက်လှမ်းတာမျိုးရှိ တယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းပဲလို့ ပြောလို့ရတာပေါ့”ဟု ဒုဗိုလ်မှူးကြီး တားအိုက် ကျော်က ပြောသည်။
စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့တွင် တပ်စွဲထားသည့် SSPP/SSA ကို တပ်ဆုတ်ပေး ရန် သတိပေးပြီးနောက် SSPP မှ ဆုတ်ခွာခြင်းမရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် အင်အား ၁,၀၀၀ ခန့်ဖြည့်တင်းကာ ဩဂုတ်လပထမအပတ်မှစတင်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားကြသည်။
လတ်တလော စစ်ကောင်စီတပ်ဖွဲ့နှင့် SSPP/SSA တို့ကြား စစ်ရေးအခြေအနေကို သိရှိနိုင်ရန် SSPP/ SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို မဇ္ဈိမမှတယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိ သေးပေ။
ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ သီန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအနီး၌ SSPP/SSA နယ်မြေသို့ စစ်ကောင်စီတပ်ဖွဲ့က နယ်ကျော်လာသဖြင့် ၁၀ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတခုဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်း ဌာနကဖော်ပြထားသည်။
စာတည်း ။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ရှမ်းပြည်နယ်
#TNLA
#SSPP/SSA
ပုံအညွှန်း-SSPP/SSA နှင့် TNLA တပ်သားများ
Website Link - https://www.mizzimaburmese.com/article/134201
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍9❤2
ဂျပန်တွင် လုပ်ငန်းခွင်အတွင်း သံတုံးပိ၍ မြန်မာလုပ်သား ၁ ဦး သေဆုံး
==============
ကီရာ
(မဇ္စျိမ)။ ။ဂျပန်နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအတွင်း အလုပ် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တဦး သုံးတန်ခန့်အလေးချိန်ရှိသည့် သံတုံးပိ၍ သေဆုံးသွားကြောင်း ဂျပန်ရောက် မြန်မာလူမျိုးများထံမှ သိရသည်။
အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လုပ်ငန်းခွင်အတွင်း မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသွားသည့် မြန်မာရွေ့ပြောင်းလုပ်သားမှာ ရေစကြိုမြို့နယ်မှ အသက်၂၈ နှစ်အရွယ် ကိုထက်ဆိုသူ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သင် အလုပ်သမားအဖြစ် လာ ရောက်လုပ်ကိုင်နေသည်မှာ တနှစ်ကျော်ခန့်သာရှိသေးကြောင်း လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။
လတ်တလောတွင် ဂျပန်ရောက် မြန်မာလူမျိုးများမှ ဝိုင်းဝန်းကူညီပေးရန် ကြိုးစားနေကြကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ် သတိပြုကြရန် NLD စည်းရုံးရေးကော်မတီ(ဂျပန်)မှ စည်းရုံးရေးမှူး ဦးခင်အောင် က ပြောသည်။
“မိဘကျေးဇူးဆပ်ချင်တဲ့သူတွေဖြစ်ပေမယ့်လို့ ဒါတွေက ဖြစ်တတ်တာမို့ သတိထားစေချင်ပါတယ်” ဟု ဦခင်အောင်က သတိပေးသည်။
“လုပ်ငန်းခွင်ထဲမှာ သုံးတန်လောက်ရှိတဲ့သံတုံးပိပြီး သားလေးကိုထက်သေသွားပြီတဲ့၊ အမေတို့ကို ကျေးဇူး ဆပ်ချင်လို့ ဂျပန်ကို သွားရောက်အလုပ်ကြိုးစားလုပ်တာ တနှစ်ကျော်လေးပဲရှိသေးတာ၊ အမေတို့ မိသားစု ကိုလည်း ပုံမှန်ငွေပို့ပြီး မိသားစုကိုလည်း စောက်ရှောက်ပေးနေတဲ့ သားလေးပါ၊ အခုတော့ ရုပ်ပျက်ဆင်း ပျက်ဆုံးသွားပြီ၊ အမေတို့က အညာရေစကြိုကပါ ဘာမှဆက်မလုပ်တတ် ကူကြပါကယ်ကြပါ”ဟု မိသားစု ဝင်တဦးကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာနိုင်ငံသားများသည် ဂျပန်နိုင်ငံသို့ အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ၊ ကျွမ်းကျင်လုပ်သားဗီဇာနှင့် အလုပ်သင်ဗီဇာများဖြင့် အများဆုံး လာရောက်ကြသည်။
ယင်းအနက် အလုပ်သင်ဗီဇာဖြင့် လာရောက်ကြသည့် အမျိုးသားအများစုသည် ဆောက်လုပ်ရေးလုပ်ငန်း ဖြင့် လာရောက်ကြပြီး လုပ်ငန်းခွင်တွင်း အခက်အခဲများကြောင့် အများဆုံးထွက်ပြေးသူများသည်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သင် လုပ်သားများဖြစ်ကြောင်း ဂျပန်ရောက် မြန်မာများက ပြော သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဂျပန်မြန်မာ
#ရွှေ့ပြောင်းလုပ်သား
#Mizzima
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

😱4👍2❤1
ပဲခူးရေဘေးနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ် ရေး လတ်တလော အခြေအနေ
=================
ရောင်နီ
(မဇ္စျိမ)။ ။ ပဲခူး - မော်လမြိုင်လမ်းမှ ပဲခူးမြို့အနီး ၃၉ မိုင်တိုးဂိတ်အနီးလမ်းပိုင်းတွင် ရေလျှံနေဆဲဖြစ်ပြီး မော်တော်ယာဥ်များ ဖြတ်သန်းသွားလာရန် အဆင်မပြေနိုင်သေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ပဲခူးမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့က မိုးရွာသွန်းမှုစံချိန်တင်ခဲ့ပြီးနောက် နေရာအများစုတွင် ရေကြီးရေလျှံမှု ရင်ဆိုင်နေရသည်။ ပဲခူး - မော်လမြိုင်လမ်းမှ ပဲခူးမြို့အနီးလမ်းပိုင်းနေရာများ၌ ကားလမ်းပေါ်ရေလျှံနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြုံနေသည်ဟုဒေသခံများနှင့်ခရီးသွားများကပြောသည်
“ တိုးဂိတ်မှာ ဒီနေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်အထိ ရေမကျသေးဘူး။ ရေက ပေါင်လောက်ထိ ရှိတယ်။ ဘောနက်ကြီးရွာမှာဆိုရင်လည်း ရွာထိပ်မှာ ပေါင်လောက်ရှိတယ်” ဟု ဒေသခံတဦးက ယနေ့ အောက်တိုဘာလ ၉ရက် နံနက်တွင် ပြောသည်။
ယနေ့ နံနက်တွင် ၃၉ မိုင်တိုးဂိတ်အနီး လမ်းမပေါ် ရေလျှံမှုကို မသိဘဲ မောင်းနှင်လာသည့် မော်တော်ယာဥ်ငယ်အချို့ လမ်းခုလတ်တွင် ပိတ်မိနေသလို ရေဝင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ ရေကြီးတာကို သတိမထားမိပဲ မောင်းလာတဲ့ ကားတွေနဲ့ နောက်ကြောင်းပြန်လှည့်ဖို့ ဝေးတဲ့ကားတွေက ဒီအတိုင်းပဲ ဖြတ်နေကြတယ်။ ဖြတ်ရင်း ကားပျက်သွားတာတွေကြောင့် အနီးနားက ဒေသခံတွေက ဝိုင်းပြီးတွန်းပေးရတာမျိုးရှိတယ်။ ကားလေးဆို ပိုဆိုးတယ်။ Express ကားတွေဆို ဖြည်းဖြည်းထိန်းမောင်းရင် ရနိုင်ပေမယ့် ကားလေးဆို ပျက်နိုင်တဲ့အတွက် အဆင်မပြေဘူး” ဟု ဒေသခံတဥိးကပြောသည်။
လက်ရှိအချိန်တွင် အမြန်လမ်းမှ တဆင့် ဘုရားကြီးဂိတ်ကို ဖြတ်ကာ မော်လမြိုင်မြို့သို့ သွားရောက်မည့် ကားများအနေဖြင့် ၃၉ မိုင်တိုးဂိတ်ကို ဖြတ်သန်းရန် အဆင်မပြေသေးသည့်အတွက် လာရောက်ခြင်းမပြုကြရန်လည်း ဘုရားကြီးဒေသခံတဦးက အသိပေးထားသည်။ မော်လမြိုင်သို့ သွားရောက်ရမည့် မော်တော်ယာဥ်များအနေဖြင့် အမြန်လမ်း ၇၂ မိုင်မှတဆင့် ဒိုက်ဦးမြို့ကို ဖြတ်သန်းကာ သွားရောက်၍ရနိုင်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။
ယမန်နေ့က ရေကြီးနစ်မြုပ်မှုတွင် အမြန်လမ်းမကြီးပေါ်ရှိ ရန်ကုန်ဘက်မှ အထွက် မိုင်တိုင် ၄၅ မိုင် ၂ ဖာလုံမှ တံတားသည် အနည်းငယ်ပြိုကျပျက်စီးခဲ့သည်။အဆိုပါ တံတားကို ယနေ့ နံနက်တွင် ပြန်လည်ပြုပြင်နေသည်ကို တွေ့ရကြောင်းရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ဖြတ်သန်းသွားလာခဲ့သည့် ခရီးသည်တဦးက ပြောသည်။
“ အမြန်လမ်းတောက်လျောက် သွားမယ်ဆို အဆင်ပြေတယ်။ ၄၅ မိုင်မှာတချက် ရန်ကုန်က ထွက်လာတဲ့ ဘက်မှာ တံတားလေး ပြိုနေတာ ရှိတယ်။ လက်ရှိမှာ ပြန်ပြင်နေပြီ။ အဲ့နားလေး တချက် ထိန်းမောင်းရင် အမြန်လမ်းက သွားလို့ရပါတယ်” ဟုဆိုသည်။
ပဲခူးမြို့ရှောင်လမ်းတွင်လည်း ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ကုက္ကိုတန်းအနီး ပြွန်ပေါက် ၉/၈ တွင် ရေတိုက်စားမှုကြောင့် မြေသားပဲ့ကျခဲ့သည်။
ယနေ့ အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းအထိလည်း ပဲခူးမြို့တွင် မြစ်ရေ၊ ချောင်းရေများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပဲခူးမြို့ကို ဖြတ်ကျော်ကာ ကားလမ်း၊ ရထားလမ်းများသွားလာ၍မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေကြောင်း ဒေသခံများက ယနေ့နံနက်ပိုင်းတွင် မဇ္စျိမကို ပြောကြားထားသည်။
လက်ရှိတွင် ရေကြီး ရေလျှံမှုများကြောင့် ပဲခူးမြို့ပေါ်၌ ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ ခုအထိ ဖွင့်လှစ်ထားပြီး ဒေသခံ ၁၀,၀၀၀ ကျော် ခိုလှုံနေကြရသည်။
ပဲခူးမြို့တွင် လက်ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းမှာ ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်အထက် မြင့်တက်နေခြင်းနှင့် တချိန်တည်းတွင် နေရာကွက်မိုးရွာသွန်းမှုကြောင့် ဖြစ်သည်။ ပဲခူးမြစ်ရေသည် ယနေ့ အောက်တိုဘာ ၉ ရက်တိုင်းထွာချက်များအရ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေ ၂ လက်မတွင် တည်ရှိနေသည်။ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ ထုတ်ပြန်ထားသည်။
စာတည်း - အေးချမ်း
#mizzima
#ပဲခူးရေဘေး
#၃၉ မိုင်တိုးဂိတ်
#လမ်းပန်းဆက်သွယ်ရေး

👍6❤1
လုံခြုံရေးအခြေအနေကြောင့် အစ္စရေးမှာ ပွဲစဉ်များကို UEFA မှ ရွှေ့ဆိုင်းထား
==============
By PKThawn
ဒေသတွင်း တင်းမာမှုတွေ တိုးလာနေတဲကြားက အစ္စရေးနိုင်ငံမှာ လာမယ့်နှစ်ပတ်အတွင်း ကျင်းပမယ့် ပွဲစဉ်တွေအားလုံးကို UEFA က ရွှေ့ဆိုင်းလိုက်ပါတယ်။
စနေနေ့ကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံသား ၆၀၀ ကျော် သေဆုံးခဲ့ကြောင်း အစိုးရက ပြောကြားပါတယ်။
ကြာသပတေးနေ့မှာ ဆွစ်ဇာလန်နဲ့ အစ္စရေးတို့ရဲ့ ၂၀၂၄ ယူရိုခြေစစ်ပွဲကို လက်ရှိလုံခြုံရေးအခြေအနေအရ ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်တွေထဲမှ တစ်ပွဲဖြစ်ကြောင်း UEFA က ပြောပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်က ပွဲရက်အသစ်တွေကို စီစဉ်ပေးမယ်လို့ ပြောထားပါတယ်။
ရွှေ့ဆိုင်းပွဲစဉ်များ
၂၀၂၄ ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲ
အောက်တိုဘာ ၁၂ - အစ္စရေး vs ဆွစ်ဇာလန်
၂၀၂၅ ဥရောပ ယူ-၂၁ ချန်ပီယံရှစ် ခြေစစ်ပွဲ
အောက်တိုဘာ ၁၂ - အစ္စရေး vs အက်စ်တိုးနီးယား
အောက်တိုဘာ ၁၇ - အစ္စရေး vs ဂျာမနီ
၂၀၂၄ ဥရောပ ယူ-၁၇ ချန်ပီယံရှစ်
အောက်တိုဘာလ ၁၁-၁၇ ရက် - အစ္စရေး၊ ဘယ်လ်ဂျီယံ၊ ဂျီဘရော်တာနဲ့ ဝေးလ်တို့ပါဝင်တဲ့ မီနီပြိုင်ပွဲ
ကိုဆိုဗိုမှာ အစ္စရေးရဲ့ ဥရောပချန်ပီယံရှစ်ခြေစစ်ပွဲကို အောက်တိုဘာ ၁၅ ရက်မှာ ဆက်လက်ကျင်းပနိုင်မလားဆိုတာ စောင့်ကြည့်ဖို့ လာမယ့်ရက်ပိုင်းအတွင်း အခြေအနေကို အကဲဖြတ်သွားမယ်လို့ UEFA က ပြောပါတယ်။
" UEFA က အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ပွဲစဉ်ရက်အသစ်တွေကို ဆုံးဖြတ်ချက်တွေ မချခင်နဲ့ တခြားလာမယ့် ပွဲစဉ်တွေမှာ အလားအလာရှိတဲ့ အပြောင်းအလဲတွေ မလုပ်ခင်မှာ ပါဝင်တဲ့ အသင်းအားလုံးနဲ့ အဆက်အသွယ် ရှိနေမှာပါ"လို့ ၎င်းက ပြောပါတယ်။
အစ္စရေး ပရီးမီးယားလိဂ်ချန်ပီယံ မက်ကာဘီ ဟိုင်ဖာအသင်းဟာ ဒီရာသီ ယူရိုပါလိဂ်မှာ ကစားနေပြီး နိုင်ငံတကာ ကြားရက်ပွဲစဉ်တွေအပြီးမှာ ဗီလာရီးယဲလ်သို့ သွားရောက်ဖို့ ရှိပါတယ်။
သူတို့ရဲ့ အိမ်ကွင်းပွဲစဉ်ကို နိုဝင်ဘာ ၇ ရက်မှာ စပိန်ကလပ်အသင်းနဲ့ ကစားဖို့ စီစဉ်ထားပါတယ်။
Ref; BBC
#IsraelPalestineWar #Israel #UEFA #Mizzima

👍4
India Extends Biometric Data Collection Deadline for Myanmar Refugees
India Extends Biometric Data Collection Deadline for Myanmar Refugees ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=nEgPif1j_vs

YouTube
India Extends Biometric Data Collection Deadline for Myanmar Refugees
India Extends Biometric Data Collection Deadline for Myanmar Refugees
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.…

👍3😁1
Thousands dead after strong earthquake hits Afghanistan
The death toll from a series of earthquakes in western Afghanistan rose sharply on Sunday to more than 2000 as rescuers ...
https://www.youtube.com/watch?v=KanX0XSUFjc

The death toll from a series of earthquakes in western Afghanistan rose sharply on Sunday to more than 2,000 as rescuers scrabbled for survivors among the ruins of razed villages. Saturday's magnitude 6.3 quake -- followed by eight strong aftershocks -- jolted…
Mall Shooting Funeral Held for Burmese Victim as Suspects Arrested
Mall Shooting Funeral Held for Burmese Victim as Suspects Arrested ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=l7ugPPbGQ84
Mall Shooting Funeral Held for Burmese Victim as Suspects Arrested ----------------------------------------- မဇ္ဈိမကို ...
https://www.youtube.com/watch?v=l7ugPPbGQ84
YouTube
Mall Shooting Funeral Held for Burmese Victim as Suspects Arrested
Mall Shooting Funeral Held for Burmese Victim as Suspects Arrested
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.…
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.…
UN Calls for End to Forced Labour in Myanmar
UN Calls for End to Forced Labour in Myanmar ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=gi1wwA0rF_U
UN Calls for End to Forced Labour in Myanmar ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://www.youtube.com/watch?v=gi1wwA0rF_U
YouTube
UN Calls for End to Forced Labour in Myanmar
UN Calls for End to Forced Labour in Myanmar
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U…

Oct - 9 [4 Pm] Mizzima News Hour
Oct - 9 [4 Pm] Mizzima News Hour Mizzima Headline News #4pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=-p7A_-TEPy8

Mizzima Headline News
#4pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FjqGV7iICXVQ&h=AT0BlOcjP2u9ARoYoQANeMIKhUyOH-4FQ-a3J40kPUzEVauDlvLL-cODRfxbXcmjoKAx84xCw7VmogOtu14mIgwV2PefU0mwWHVfTmYKFityCW6LcepcZ_7gwNBAxo7Y&s=1

🤮2
အောက်တိုဘာလ (၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 − ပဲခူးမှာ ရေကြီးရေလျှံမှုဆက်ဖြစ်နေပြီး ကားလမ်းနဲ့ ရထားလမ်းတွေ ပြတ်တောက်တဲ့သတင်း03:10 − ဂျပန်နိုင်ငံမှာ လု.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FjqGV7iICXVQ&h=AT2R71Bl5F6s99Ak6k_VlPGcJf1Swfa7JzPrmwn7RDDqfnBHAqH1vxourw-PtgGJfOgBvJ-O3hvjOguKDJhJMURZVuoRDwce43tdsXFzwMtBMzh4T_qNau9yGRWIBlUZ&s=1

👍1🔥1
အနိမ့်ဆုံးလုပ်ခ ၁,၀၀၀ ကျပ် တိုးပေးကာ တရက် ၅၈၀၀ ကျပ်သတ်မှတ်|Business Roundup(9.10.2023)
- အနိမ့်ဆုံးလုပ်ခ ၁,၀၀၀ ကျပ် တိုးပေးကာ တရက် ၅၈၀၀ ကျပ်သတ်မှတ်- ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြုပြီး .....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FvIJFDSaCXDA&h=AT1guAi63DdnnFbD0If0m-2UdoTK_yG9hPj0gdl3k7POWncqRXm5rNwP2avPZ4ijYLOewfeXDK0UmN-ofGtdzQLPAmQWEgG3cgUA8NZf85o7QH9_KOsNF2wLq5WMaYrC&s=1

🔥1😁1
အောက်တိုဘာလ (၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 − ပဲခူးမှာ ရေကြီးရေလျှံမှုဆက်ဖြစ်နေပြီး ကားလမ်းနဲ့ ...
https://www.youtube.com/watch?v=jqGV7iICXVQ

00:59 − ပဲခူးမှာ ရေကြီးရေလျှံမှုဆက်ဖြစ်နေပြီး ကားလမ်းနဲ့ ရထားလမ်းတွေ ပြတ်တောက်တဲ့သတင်း
03:10 − ဂျပန်နိုင်ငံမှာ လုပ်ငန်းခွင်အတွင်း သံတုံးပိလို့ မြန်မာလုပ်သား ၁ ဦး သေဆုံးတဲ့သတင်း
04:55 − မြန်မာနိုင်ငံ တောင်ပိုင်းဒေတွေမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ …

🔥1
Spectators watch light show as Asian Games conclude in Hangzhou
"I think the Asian Games were organised very well, demonstrating the grandeur of our country," says one spectator after the ...
https://www.youtube.com/watch?v=zn8Xg6Ffruw

"I think the Asian Games were organised very well, demonstrating the grandeur of our country," says one spectator after the largest Asiad ever concludes in host city Hangzhou, China. "Over the years, we have successfully hosted a series of influential competitions…
👍3🔥1
အနိမ့်ဆုံးလုပ်ခ ၁,၀၀၀ ကျပ် တိုးပေးကာ တရက် ၅၈၀၀ ကျပ်သတ်မှတ်|Business Roundup(9.10.2023)
အနိမ့်ဆုံးလုပ်ခ ၁,၀၀၀ ကျပ် တိုးပေးကာ တရက် ၅၈၀၀ ကျပ်သတ်မှတ် ...
https://www.youtube.com/watch?v=vIJFDSaCXDA

- အနိမ့်ဆုံးလုပ်ခ ၁,၀၀၀ ကျပ် တိုးပေးကာ တရက် ၅၈၀၀ ကျပ်သတ်မှတ်
- ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြုပြီး ပြောင်းလဲပြေးဆွဲဖို့ စစ်ခေါင်းဆောင်ပြော
- စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီကို ခွဲတမ်းဖြင့်ရောင်းချနေပြီး ဆီဆိုင်တချို့အရောင်းပိတ်ထား
- ရွှေ ရည်ညွှန်းဈေးကို…

👍2🔥2😁1
အိန္ဒိယမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၀ ကျော်ရှိလာပြီးစစ်တပ်က လေကြောင်းနဲ့ကယ်ဆယ်ရေးလုပ်ဆောင်နေ
အိန္ဒိယမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၀ ကျော်ရှိလာပြီး ...
https://www.youtube.com/watch?v=FencPL39KBk

အိန္ဒိယမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၀ ကျော်ရှိလာပြီး စစ်တပ်က လေကြောင်းနဲ့ကယ်ဆယ်ရေးလုပ်ဆောင်နေ
#InternationalNews#reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိ…

🔥4👍2