Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆု
လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှုထိတ်လန့....
https://ift.tt/ub2OSUd
🔥2🤬2😢1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyapoiL2p36g&h=AT0hhwwB1jjAjTVXZjbWsGlTrvP_Xmr4k07HALiuu-C_aVf_cNftJZHIc-i0aqmAC3s2dRTGhymASrgaq5204SkMmfMKt0qy41U5wwIvxTfzfjaOQyT7HxqaE17maZId&s=1
👍1🤮1
လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆု
လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှုထိတ်လန့....
https://ift.tt/wW21a0M
😢3🤣1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyapoiL2p36g&h=AT18fT8lh_0rrrSnD5lb-dfxS3QHz6C8ZmT4MAkPnyRgWUN2B8H9c7UAr2z0CZQiH8SZ63C_N3X6YGMQZA1Ee0gtEZZZrC_ng-UO57LIRxKDl4bCZs5CNaCFBOQbMKff&s=1
👍2🤮1
BRI စီမံကိန်းတွေကို တိုးချဲ့ဖို့ တရုတ်နဲ့စစ်ကောင်စီ ကြိုးပမ်းနေ | Business Roundup (10.10.2023)
- ပြည်ပစေလွှတ်တဲ့ အလုပ်သမားစာရင်းကို အေဂျင်စီတွေထံကနေ စစ်ကောင်စီ ကောက်ခံနေ- မြန်မာနိုင်ငံရှိ BRI စီမံကိန်းတွ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F348kIrk_2dQb&h=AT2bzUqj4oUywp7dNKKVirAdYxrDZEL0t7vBXz4TlCdh5nMSlyusU56rGYExpshNNIECIzmYIj6_7DMj4UOkJlVVoIFLmVrTsaZ-cPBSA_7Z9IiDNRlLrbUWNOJr18YT&s=1
❤2🤬2
BRI စီမံကိန်းတွေကို တိုးချဲ့ဖို့ တရုတ်နဲ့စစ်ကောင်စီ ကြိုးပမ်းနေ | Business Roundup (10.10.2023)
- ပြည်ပစေလွှတ်တဲ့ အလုပ်သမားစာရင်းကို အေဂျင်စီတွေထံကနေ စစ်ကောင်စီ ကောက်ခံနေ- မြန်မာနိုင်ငံရှိ BRI စီမံကိန်းတွ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F348kIrk_2dQb&h=AT2sNB5RTAQthPp7pGGKUM2pXTAo0RlbiCfn4W94m_knhIlrksMLqdiRFxtE32qh-lM6av6PkD-u5tyIWz6KBYzXzaaoHaVsHaS99ZOKhlcp-TSHkMtZOP8tUBmiIbhe&s=1
🤮2❤1
​​လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှု ထိတ်လန့် ဝမ်းနည်း‌ကြောင်း ယူနီဆက်ဖ် ထုတ်ပြန်
===============

လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှုထိတ်လန့်၀မ်းနည်း‌ ‌ကြောင်း ယူနီဆက်ဖ်မြန်မာက ထုတ်ပြန်သည်"လက်ခံနိုင်စရာအကြောင်းပြချက်လုံးဝမရှိသော တိုက်ခိုက်မှု လုပ်ရပ်သည် ကျပ်တည်းသော အခြေအနေကာလများတွင် ထိခိုက် နစ်နာလွယ်သူများကို ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်ကြောင်း မီးမောင်းထိုးပြနေပါသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်တိုင်းသည် လုံခြုံစိတ်ချရ၍ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးသောပတ်ဝန်းကျင်များတွင်သာ ရှင်သန်ကြီးပြင်းရပါမည်။ မိမိတို့သားသမီးများနှင့် မိသားစုများအားဆုံးရှုံးခဲ့ကြရသော မိသားစုဝင်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်းရဲ့ ပစ်မှတ်များ မဟုတ်ပါ" ဟု ယူနီဆက်ဖ်မြန်မာက ဆိုသည်။

အောက်တိုဘာ ၉ ရက်ညပိုင်း လူအိပ်ချိန်တွင် လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ က လေ‌ကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၃ ဦးအပါအ၀င် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။
စစ်ကောင်စီ တစ်လလျှင် လေ‌ကြောင်းတိုက်ခိုက်မှု ပျမ်းမျှ အကြိမ် ၃၀ ခန့်ရှိသည်ဟု UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက တင်ပြထားသည်။

လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်း ဗုံးကြဲခံရမှု UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။
တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်သည် တစ်ဘီလီယံဒေါ်လာကျော် တန်ဖိုးရှိသော လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်း ဝယ်ယူခဲ့ကြောင်း၊ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ပြည်သူ ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ လူပေါင်း နှစ်သန်း ဝန်းကျင်မှာ နေရပ်စွန့်ခွာခဲ့ရကြောင်း၊ နေအိမ် စုစုပေါင်း ၇၅,ဝဝဝ ကျော်မှာ ဖဖျက်ဆီးမီးရှို့ခံခဲ့ရသည်ဟု ဦးကျော်မိုးထွန်းက ‌UN အစည်းအဝေး တွင် ‌ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤮3😢2💩1
NUG လမ်းညွှန်မှုဖြင့် တနင်္သာရီတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အခြေခံစစ်ပညာသင်တန်းပြုလုပ်
👍15❤2😁1
NUG လမ်းညွှန်မှုဖြင့် တနင်္သာရီတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အခြေခံစစ်ပညာသင်တန်းပြုလုပ်
===================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အခြေခံစစ်ပညာ သင်တန်းပြုလုပ်သည်ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“NUG ရဲ့ One year plan အရ နွေဦးကာလမှာ ထိုးစစ်ဆင်‌ပြီး စစ်ရေးအရှိန် မြှင့်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုစတားက ပြောသည်။

အဆိုပါစစ်ပညာသင်တန်းအား သင်ကြားပို့ချပေး နေသည်မှာ နှစ်ပတ်ပြည့်သွားပြီဖြစ်ပြီး သင်တန်းသား ဦးရေ ၈၀ ခန့် တက်ရောက်သင်ကြား နေသည်ဟု ဆိုသည်။

အဆိုပါသင်တန်းတွင် စစ်ရေးပြ၊ လက်နက်ငယ် ဖြုတ်တပ်ခြင်း၊ လက်နက်ငယ် ပစ်ခတ်ခြင်း၊ အခြေခံစစ်ရေးနှင့် နိုင်ငံရေး ဘာသာရပ်များ သင်ကြားပို့ချပေးခြင်းဖြစ်သည်ဟု ကိုစတားက ပြောသည်။
အဆိုပါ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၃) သို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက နိုင်ငံရေးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လာရောက်သင်ကြား ပို့ချပေးခဲ့ပြီး သင်တန်းကာလမှာ တလကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း တနင်္သာရီတိုင်း စစ်ဌာန၊ စစ်ဆင်ရေး ဌာန၏ ‌ Drone လက်ရုံး တပ်ဖွဲ့ (Dragon squad) မှ ပြုလုပ်သည့် မောင်းသူမဲ့ Drone သင်တန်း အပါတ်စဉ် (၁/၂၀၂၃) သင်တန်း ဆင်းပွဲကိုလည်း ပြုလုပ်ခဲ့ သေးသည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း
#NUG
#အခြေခံစစ်ပညာသင်တန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁2❤1