ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် သင့်တော်သည့် အချိန်၌ ရွေးကောက်ပွဲများ ကျင်းပမည်
======================
ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် မဲရုံများ၏ လုံခြုံရေးအခြေအနေကို ထည့်သွင်းစဉ်းစား၍ သင့်တော်သည့်အချိန်၌ ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6❤1🔥1
ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမားဟောင်း အီဒင်ဟာဇက် ဘောလုံးကစားသမားဘဝမှ အနားယူ
==================
By PKThawn
ချယ်လ်ဆီးတောင်ပံကစားသမားဟောင်း အီဒင် ဟာဇက်ဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာပြီးနောက် ဘောလုံးလောကမှ သူ့ရဲ့အနားယူမှုကို ကြေညာလိုက်ပါတယ်။
အသက် ၃၂ နှစ်ရှိ ဟာဇက်ဟာ ၂၀၁၉ မှာ ချယ်လ်ဆီးမှ ရီးယဲလ်သို့ ပေါင် ၈၉ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း စပိန်ဘီလူးကြီးအတွက် လိဂ်ပွဲ ၅၄ ပွဲသာ ကစားခဲ့ပါတယ်။
သူဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှိစဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။
"ခင်ဗျားကိုယ်တိုင် နားထောင်ရမှာဖြစ်ပြီး အချိန်တန်ရင် ရပ်နားလိုက်ပါလို့ ပြောရပါမယ်"လို့ သူ့ရဲ့ စာချုပ်ကို ဇွန်လမှာ ဖျက်သိမ်းပြီးကတည်းက အလွတ်အေးဂျင့်ဖြစ်ခဲ့တဲ့ ဟာဇက်က ပြောပါတယ်။
"၁၆ နှစ်နဲ့ ပွဲပေါင်း ၇၀၀ ကျော် ကစားအပြီးမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်အနေနဲ့ ကျနော့်ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်"
ဘယ်လ်ဂျီယံကစားသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရတဲ့ အသင်းလူစာရင်းမှာ တစိတ်တပိုင်းအဖြစ်ပါဝင်နေပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းမှ အနားယူခဲ့ပြီးဖြစ်ပါတယ်။
ဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်မှာ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်နဲ့ စပိန်စူပါဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပိန်မှာ သူ့ရဲ့အချိန်ဟာ စိတ်ပျက်စရာလို့ အများစုက ယူဆကြပြီး သူဟာ ပြိုင်ပွဲအရပ်ရပ်မှာ ၇၆ ပွဲကစားပြီး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဟာဇက်ဟာ ပြင်သစ်ကလပ် လိုင်လီမှာ သူ့ရဲ့ကစားသမားဘဝကို စတင်ခဲ့ပြီး ၁၄၉ ပွဲကစားကာ ဂိုး ၅၀ သွင်းယူပြီး ၂၀၁၀-၁၁ မှာ ပြည်တွင်းလီဂူးဝမ်းနဲ့ ပြင်သစ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၂ နွေရာသီမှာ ပေါင် ၃၂ သန်းဖြင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၄-၁၅ မှာ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရင်း ကလပ်အသင်းရဲ့ ကြီးကျယ်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
ဟာဇက်ဟာ ၂၀၁၉ ယူရိုပါလိဂ်ဖိုင်နယ်မှာ အာဆင်နယ်နဲ့ယှဉ်ပြိုင်ရာမှာ အပြာရောင်တို့အတွက် သူ့ရဲ့နောက်ဆုံးပွဲမှာ ဖလားအောင်ပွဲအပါအဝင် အသင်းအတွက် ၃၅၂ ပွဲကစား၊ ၁၁၀ ဂိုးသွင်းယူပေးခဲ့ပါတယ်။
တရာသီအတွင်း ၁၅ ဂိုးနဲ့အထက် သွင်းယူကာ ၁၅ ဂိုးနဲ့အထက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ သီယာရီ ဟင်နရီ၊ လီတစ်စီယာ၊ အဲရစ်ကန်တိုနာတို့နဲ့အတူ သူဟာ ၂၀၁၈-၁၉ ရာသီအတွင်း ၁၆ ဂိုးသွင်း ၁၅ ဂိုးဖန်တီးပေးကာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ကစားသမား ၄ ဦးတည်းထဲက ကစားသမားတဦးလည်းဖြစ်ပါတယ်။
"ကျနော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ကြီးကျယ်တဲ့ မန်နေဂျာ၊ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ တွေ့ဆုံရတာ ကံကောင်းခဲ့ပါတယ်၊ အခုလို ကောင်းမွန်တဲ့ အချိန်တွေအတွက် အယောက်တိုင်းကို ကျေးဇူးတင်ပါတယ်၊ အားလုံးကို ကျနော် လွမ်းဆွတ်နေမှာပါ"လို့ ဟာဇက်က ဆိုရှယ်မီဒီယာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“လိုင်လီ၊ ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ်အတွက် ကျနော် ကစားပေးခဲ့တဲ့ ကလပ်တွေကို ကျေးဇူးတင်သလို၊ ကျနော့်ရဲ့ ဘယ်လ်ဂျီယံအသင်းအတွက် RBFA အဖွဲ့ချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။
"အကောင်းနဲ့ အဆိုးအချိန်တွေမှာ ကျနော်နဲ့အတူ အနီးကပ်ရှိပေးတဲ့ ကျနော့်မိသားစု၊ သူငယ်ချင်းတွေ၊ ကျနော့်ရဲ့အကြံပေးတွေနဲ့ အပေါင်းအသင်းတွေကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
“နောက်ဆုံးအနေနဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကျနော့်ကို လိုက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ ကျနော်ကစားခဲ့တဲ့ နေရာတိုင်းကို ခင်ဗျားတို့ရဲ့ လာရောက်အားပေးမှုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။
"အခုအချိန်က ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်ပြီး အတွေ့အကြုံသစ်တွေရဖို့ အချိန်ပါပဲ။ မကြာခင် ကွင်းပြင်မှာ ပြန်ဆုံကြမယ်။"
ဟာဇက်ဟာ ၂၀၀၈ မှာ လူဇင်ဘတ်အသင်းနဲ့ ရင်ဆိုင်တဲ့ နိုင်ငံတကာပွဲစဉ်မှာ ပွဲဦးထွက်ကစားပြီးနောက် ဘယ်လ်ဂျီယံအသင်းအတွက် ၁၂၆ ပွဲကစားကာ ၃၃ ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလား ၃ ကြိမ်နဲ့ ဥရောပချန်ပီယံ ၂ကြိမ်တို့မှာ ပါဝင်ခဲ့ပြီး အသင်း ၅၆ ပွဲမှာ အသင်းခေါင်းဆောင်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။
သူဟာ တတိယနေရာ play-off ပွဲမှာ အင်္ဂလန်ဘက်ကို တစ်ဂိုးသွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ဘယ်လ်ဂျီယံက ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယနေရာနဲ့ပြီးဆုံးတဲ့ပွဲမှာလည်း သွင်းဂိုး ၃ ဂိုး ရရှိခဲ့ပါတယ်။
(BBC)
Photo: EPA
#EdenHazard #ဟာဇက်

👍6😢4❤2🔥1
အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲခြင်းဟု NUG ထုတ်ပြန်
==================
အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။
အောက်တိုဘာလ (၉) ရက်၊ ည ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် (Munglai Hkyet) စစ်ဘေးရှောင်စခန်းအား အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ကြီး၊ လေကြောင်းတို့ကို တပြိုင်နက်အသုံးပြုကာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
"ယခုဖြစ်ရပ်သည် အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အချိန်ကိုက် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်သည်" ဟု NUG က ဆိုသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်သော စစ်ဘေးရှောင် စခန်းအားရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။
" လူမဆန်စွာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကချင်တိုင်းရင်းသားများနှင့်အတူ တသားတည်း ရပ်တည်သွားမည်ဖြစ်သည်။ ကချင်တိုင်းရင်းသားများ၏ ထိခိုက်ဆုံးရှုံးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ထပ်တူ နာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ရေးအတွက် အတူတကွ အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်သည်" ဟု NUG က ထုတ်ပြန်သည်။
နိုင်ငံတကာအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အရ အချိန်နှင့်တပြေးညီ ပြင်းထန်ထိရောက်စွာ ဟန့်တားအရေးယူ ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့်အတူ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် အလေးအနက် တောင်းဆိုတိုက်တွန်း ကြောင်း NUG က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းရှိ ကလေးသူငယ် ၁၃ ဦးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးထက် မနည်းရှိကြောင်း ကနဦးသိရှိရပြီး မြေပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နေဆဲဖြစ်ပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ ပိုမိုများပြားလာနိုင်သည် ဟု NUG က ထုတ်ပြန်သည်။
ထို့အပြင် အဆိုပါ တိုက်ခိုက်မှုဒဏ်ကြောင့် စစ်ဘေးရှောင်စခန်း အပြင် စာသင်ကျောင်း ၁ ကျောင်း ၊ မူကြိုကျောင်း ၁ကျောင်း၊ ဘုရားကျောင်း ၁ ကျောင်း နှင့် အရပ်သားလူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့သည်။
ဓာတ်ပုံ- လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မုန်လိုက်ခက် မြင်ကွင်း

😢12👍4🤣2🔥1
ထိုင်းခရိုင် ၃၄ ခု၌ ရေကြီးကာ မြစ် ၃ စင်း ကမ်းပါးပြိုမည့် ဘေးရှိနေ
=======================
ထိုင်းနိုင်ငံတွင် မကြာသေးခင်က မိုးရွာသွန်းမှုများကြောင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်အချို့က ခရိုင် ၃၄ ခုတွင် ရေကြီးရေလွှမ်းမှုများ ဖြစ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ထိုင်းနိုင်ငံတွင် မကြာသေးခင်က မိုးရွာသွန်းမှုများကြောင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်အချို့က ခရိုင် ၃၄ ခုတွင် ရေကြီးရေလွှမ်းမှုများ ဖြစ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤1🔥1😢1
အစ္စရေး-ဟားမတ်စ် စစ်ပွဲ ဆိုးဝါးလာ၍ နိုင်ငံသားများကို ကယ်ထုတ်ရန် အင်ဒိုနီးရှား ပြင်ဆင်
=====================
အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်ကြားက ပဋိပက္ခစစ်ပွဲက ဆိုးဝါးလာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ နိုင်ငံသား ၁၀ ဦးကို ဂါဇာမှ ကယ်ထုတ်ရန် ပြင်ဆင်လျက် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်ကြားက ပဋိပက္ခစစ်ပွဲက ဆိုးဝါးလာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ နိုင်ငံသား ၁၀ ဦးကို ဂါဇာမှ ကယ်ထုတ်ရန် ပြင်ဆင်လျက် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
KNDF တပ်ရင်း(၅)တွင် အမျိုးသမီးစစ်သည်ပါဝင်မှု ၄၀ ရာခိုင်နှုန်းခန့်ရှိ
====================
ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၅)တွင် အမျိုးသမီးစစ်သည်များ လည်း တာဝန်ထမ်းဆောင်နေကြပြီး တပ်ဖွဲ့အတွင်း အမျိုးသမီးပါဝင်မှု ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း တာဝန်ရှိသူတဦးက ပြောသည်။
KNDF တပ်ရင်း(၅) တပ်ခွဲ(၄) သည် KNDF ၏ ပထမဆုံး အမျိုးသမီးတပ်ခွဲအဖြစ် တိုက်ပွဲဝင်လာသည်မှာ တနှစ်ကျော်ရှိပြီဖြစ်ကြောင်း အမျိုးသမီးစစ်သည်တော်များ စစ်ရေးလေ့ကျင့်နေသည့်ဓာတ်ပုံများကို အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်လာသည်။
“ရှေ့တမ်းစစ်မျက်နှာပြင်မှာ ပါ၀င်တာတွေ ရှိပါတယ်။ မီဒီယာမှာချမပြခဲ့တာတွေလည်း ရှိတာပေါ့။ အခြား Drone အဖွဲ့နဲ့ ဆေးအဖွဲ့တွေသာမက နိုင်တဲ့နေရာကနေ ပါ၀င်ကြပါတယ်။ တပ်ဖွဲ့အတွင်း အမျိုးသမီး ပါဝင်မှုကတော့ ၄၀ ရာခိုင်နှုန်းလောက်ရှိပါတယ်” ဟု KNDF တပ်ရင်း(၅)မှတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
“အမျိုးသမီးတွေခံစားခဲ့ရတဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ ၊ ခွဲခြားဆက်ဆံမှုတွေအတွက် နောင်တချိန် ဖယ်ဒရယ်စနစ်ထူထောင်သွားတဲ့အခါမှာ နိုင်ငံရေးစကားဝိုင်းတွေ၊ ညှိနှိုင်းမှုတွေ၊ မူဝါဒတွေ ရေးဆွဲတဲ့အခါ မှာ အမျိုးသမီးတွေပါဝင်နိုင်ဖို့ ဆက်ပြီးကြိုးစားရမှာ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ အခွင့်အရေး၊ ခံစားပိုင် ခွင့်ရရှိဖို့က အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ အမျိုးသားတွေလည်း တကယ့်လူမှုဘဝမှာ ကြိုး စားပေးဖို့အများကြီး လိုအပ်ပါတယ်” ဟု KNDF တပ်ရင်း(၅)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။စောဖေ
#KNDFတပ်ရင်း(၅)
#အမျိုးသမီးစစ်သည်
#ကရင်နီပြည်နယ်
ပုံအညွှန်း-အမျိုးသမီးစစ်သည်များ စစ်ရေးလေ့ကျင့်နေစဉ် (KNDF B05)
---------------------

👍14😁1
သံအမတ်ဟောင်း အသတ်ခံရမှု သံသယရှိသူ မြန်မာလူငယ်ကို ကူညီဖမ်းဆီးပေးရန် စစ်ကောင်စီကို ထိုင်း တောင်းဆို
======================
အငြိမ်းစား ထိုင်းသံအမတ်ဟောင်းတဦး ဘန်ကောက်ရှိ နေအိမ်၌ အသတ်ခံရမှုဖြစ်စဉ်တွင် ထွက်ပြေးသွားသည့် သံသယရှိသူ မြန်မာတဦးကို ကူညီ ဖမ်းဆီးပေးရေး ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီ အာဏာပိုင်တို့ထံ တောင်းဆိုထားကြောင်း သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
အငြိမ်းစား ထိုင်းသံအမတ်ဟောင်းတဦး ဘန်ကောက်ရှိ နေအိမ်၌ အသတ်ခံရမှုဖြစ်စဉ်တွင် ထွက်ပြေးသွားသည့် သံသယရှိသူ မြန်မာတဦးကို ကူညီ ဖမ်းဆီးပေးရေး ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီ အာဏာပိုင်တို့ထံ တောင်းဆိုထားကြောင်း သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4❤1👍1🖕1
လှည်းကူးတွင် ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်ရှိ ၊ သောက်သုံးရေနှင့် ရိက္ခာအကူအညီများ လိုအပ်နေ
👍6🔥1