ထိုင်းခရိုင် ၃၄ ခု၌ ရေကြီးကာ မြစ် ၃ စင်း ကမ်းပါးပြိုမည့် ဘေးရှိနေ
=======================
ထိုင်းနိုင်ငံတွင် မကြာသေးခင်က မိုးရွာသွန်းမှုများကြောင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်အချို့က ခရိုင် ၃၄ ခုတွင် ရေကြီးရေလွှမ်းမှုများ ဖြစ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍4❤1🔥1😢1
အစ္စရေး-ဟားမတ်စ် စစ်ပွဲ ဆိုးဝါးလာ၍ နိုင်ငံသားများကို ကယ်ထုတ်ရန် အင်ဒိုနီးရှား ပြင်ဆင်
=====================
အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်ကြားက ပဋိပက္ခစစ်ပွဲက ဆိုးဝါးလာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ နိုင်ငံသား ၁၀ ဦးကို ဂါဇာမှ ကယ်ထုတ်ရန် ပြင်ဆင်လျက် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်ကြားက ပဋိပက္ခစစ်ပွဲက ဆိုးဝါးလာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ နိုင်ငံသား ၁၀ ဦးကို ဂါဇာမှ ကယ်ထုတ်ရန် ပြင်ဆင်လျက် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
KNDF တပ်ရင်း(၅)တွင် အမျိုးသမီးစစ်သည်ပါဝင်မှု ၄၀ ရာခိုင်နှုန်းခန့်ရှိ
====================
ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၅)တွင် အမျိုးသမီးစစ်သည်များ လည်း တာဝန်ထမ်းဆောင်နေကြပြီး တပ်ဖွဲ့အတွင်း အမျိုးသမီးပါဝင်မှု ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း တာဝန်ရှိသူတဦးက ပြောသည်။
KNDF တပ်ရင်း(၅) တပ်ခွဲ(၄) သည် KNDF ၏ ပထမဆုံး အမျိုးသမီးတပ်ခွဲအဖြစ် တိုက်ပွဲဝင်လာသည်မှာ တနှစ်ကျော်ရှိပြီဖြစ်ကြောင်း အမျိုးသမီးစစ်သည်တော်များ စစ်ရေးလေ့ကျင့်နေသည့်ဓာတ်ပုံများကို အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်လာသည်။
“ရှေ့တမ်းစစ်မျက်နှာပြင်မှာ ပါ၀င်တာတွေ ရှိပါတယ်။ မီဒီယာမှာချမပြခဲ့တာတွေလည်း ရှိတာပေါ့။ အခြား Drone အဖွဲ့နဲ့ ဆေးအဖွဲ့တွေသာမက နိုင်တဲ့နေရာကနေ ပါ၀င်ကြပါတယ်။ တပ်ဖွဲ့အတွင်း အမျိုးသမီး ပါဝင်မှုကတော့ ၄၀ ရာခိုင်နှုန်းလောက်ရှိပါတယ်” ဟု KNDF တပ်ရင်း(၅)မှတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
“အမျိုးသမီးတွေခံစားခဲ့ရတဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ ၊ ခွဲခြားဆက်ဆံမှုတွေအတွက် နောင်တချိန် ဖယ်ဒရယ်စနစ်ထူထောင်သွားတဲ့အခါမှာ နိုင်ငံရေးစကားဝိုင်းတွေ၊ ညှိနှိုင်းမှုတွေ၊ မူဝါဒတွေ ရေးဆွဲတဲ့အခါ မှာ အမျိုးသမီးတွေပါဝင်နိုင်ဖို့ ဆက်ပြီးကြိုးစားရမှာ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ အခွင့်အရေး၊ ခံစားပိုင် ခွင့်ရရှိဖို့က အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ အမျိုးသားတွေလည်း တကယ့်လူမှုဘဝမှာ ကြိုး စားပေးဖို့အများကြီး လိုအပ်ပါတယ်” ဟု KNDF တပ်ရင်း(၅)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။စောဖေ
#KNDFတပ်ရင်း(၅)
#အမျိုးသမီးစစ်သည်
#ကရင်နီပြည်နယ်
ပုံအညွှန်း-အမျိုးသမီးစစ်သည်များ စစ်ရေးလေ့ကျင့်နေစဉ် (KNDF B05)
---------------------

👍14😁1
သံအမတ်ဟောင်း အသတ်ခံရမှု သံသယရှိသူ မြန်မာလူငယ်ကို ကူညီဖမ်းဆီးပေးရန် စစ်ကောင်စီကို ထိုင်း တောင်းဆို
======================
အငြိမ်းစား ထိုင်းသံအမတ်ဟောင်းတဦး ဘန်ကောက်ရှိ နေအိမ်၌ အသတ်ခံရမှုဖြစ်စဉ်တွင် ထွက်ပြေးသွားသည့် သံသယရှိသူ မြန်မာတဦးကို ကူညီ ဖမ်းဆီးပေးရေး ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီ အာဏာပိုင်တို့ထံ တောင်းဆိုထားကြောင်း သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
အငြိမ်းစား ထိုင်းသံအမတ်ဟောင်းတဦး ဘန်ကောက်ရှိ နေအိမ်၌ အသတ်ခံရမှုဖြစ်စဉ်တွင် ထွက်ပြေးသွားသည့် သံသယရှိသူ မြန်မာတဦးကို ကူညီ ဖမ်းဆီးပေးရေး ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီ အာဏာပိုင်တို့ထံ တောင်းဆိုထားကြောင်း သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4❤1👍1🖕1
လှည်းကူးတွင် ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်ရှိ ၊ သောက်သုံးရေနှင့် ရိက္ခာအကူအညီများ လိုအပ်နေ
👍6🔥1

===================
ရောင်နီ
(မဇ္စျိမ)။ ။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ရေဘေးသင့်ပြည်သူဦးရေ ၄,၀၀၀ ကျော်ရှိလာပြီး သောက်သုံးရေနှင့် ရိက္ခာအကူအညီများ လိုအပ်လျက်ရှိကြောင်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
လှည်းကူးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်လာမှုနှင့်အတူ အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ရေကြီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် လှည်းကူးတမြို့လုံးနီးပါး ရေနစ်မြုပ်မှုကို ကြုံတွေ့လာရခြင်း ဖြစ်သည်။
“ ရွာဘက်တွေလည်း အကုန်ကြီးတယ် ။ တချို့နေရာတွေဆို သွားလို့မရတော့ဘူး ။ တမြို့နယ်လုံး နီးပါးပါပဲ။ အဓိက မိန်းလမ်းမကြီးဖြစ်တဲ့ ဖောင်ကြီး လမ်းမလည်း ရေမြုပ်သွားပြီ။ အခုဆိုလည်း ပဲခူး၊ ရန်ကုန်လမ်းက ရေမြုပ်နေပြီ။ ထမင်းထုတ်ဝေတာနဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကို ယာယီခိုလှုံရေးနေရာတွေမှာ ဦးစားပေး ရွေ့ပြောင်းပေးနေပါတယ် ” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် လှည်းကူးမြို့နယ် တမြို့နယ်လုံးနီးပါး ရေကြီးမှုကို ကြုံတွေ့နေရကာ တချို့ နေအိမ်များအတွင်း ရေဝင်ရောက်မှုရှိနေကြောင်း သိရသည်။
“ ရေကြီးနေတာက မြို့ပေါ်မှာဆို ခါးလောက်ရှိတယ်။ တချို့နေရာဆို ရင်ဘတ်လောက်ရှိတယ်။ တချို့နေရာဆို လူတရပ်လောက်ရှိတယ် “ ဟု ၄င်းက ဆိုသည်။
လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ယမန်နေ့အထိ ကောက်ယူရရှိထားသည့်စာရင်းအရ ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်အထိရှိနေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ခုနစ်ခု ထက်မနည်း ဖွင့်လှစ်ကာ ကူညီကယ်ဆယ်မှု လုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံက သိရသည်။
“ ဒီစာရင်းက မနေ့က ညအထိစာရင်းပေါ့။ ဒါက ယာယီခိုလှုံရေးစခန်းမှာ နေတာကို ပြောတာပါ။ တချို့အနီးနားအိမ်တွေမှာ ခွဲနေတာတွေ ရန်ကုန်ပြန်နေကြတဲ့သူတွေနဲ့ တခြားနေရာကို ရွေ့ပြောင်းတဲ့သူတွေမပါသေးပါဘူး” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် လှည်းကူးမြို့နယ်ရှိ အချို့ကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
“ အခက်အခဲကတော့ ရှိကြတာပါပဲ။ အဓိကကတော့ ရိက္ခာခြောက်တွေ လိုအပ်နေတယ်။ချက်ပြုတ်စားသောက်လို့ မရတဲ့ နေရာတွေလည်း ရှိနေတယ်ဆိုတော့လေ နောက်တော့ ရွာဘက်တွေမှာ ရေသန့်မရတဲ့ နေရာတွေရှိတယ် ရေမြုပ်သွားလို့ တချို့နေရာတွေဆို ရေအခက်အခဲ ဖြစ်နေကြတယ်။”ဟု ဒေသခံတဦးက ဆိုသည်။
လှည်းကူးမြို့နယ်အတွင်း ရေကြီးမှုဖြစ်ပွားနေသည့်အတွက် ကယ်ဆယ်ရေးရေယာဥ် ၁၂ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့များ စေလွှတ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ယနေ့နံနက်ပိုင်းတွင်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယခုလ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြစ်ရေများမြင့်တက်လာကာ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည်။
လက်ရှိအချိန်၌ ပဲခူးမြို့တွင် နှစ်ပေါင်း ၆၀ အတွင်း ရေကြီးမှုဒဏ်ကို ဆိုးဝါးစွာကြုံတွေ့ခံစားနေရပြီး ရန်ကုန်တိုင်း လှည်ကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရေကြီးရေလျှံ
#လှည်းကူးမြို့
ပုံအညွှန်း - လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်မှု လုပ်ဆောင်နေစဥ်။ (ပုံ - Myanmar Fire Service Department၊ လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)

👍6🔥1😢1
အီတလီ၊ တူရကီတို့က ၂၀၃၂ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပေးအပ်ခံခဲ့သလို ယူကေနဲ့ အိုင်ယာလန်တို့ကလည်း ၂၀၂၈ ယူရိုကို လက်ခံကျင်းပမည်
===================
By PKThawn
အီတလီနဲ့ တူရကီတို့က ၂၀၃၁ ယူရိုပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင်ဖြစ်လာစဉ် ယူနိုက်တက်ကင်းဒမ်းနဲ့ အိုင်ယာလန်သမ္မတနိုင်ငံတို့ကလည်း ၂၀၂၈ ယူရိုပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း UEFA က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ်းလှမ်းမှုနှစ်ခုစလုံးဟာ ကန့်ကွက်ခြင်းမရှိပေမယ့်လည်း ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ၎င်းတို့လက်ခံရမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်ထံမှ တရားဝင်ခွင့်ပြုချက် လိုအပ်နေခဲ့တာပါ။
တူရကီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ၂၀၂၈ ယူရိုအတွက် အပြိုင်ကမ်းလှမ်းခြင်းမှ နုတ်ထွက်ခဲ့ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီနှင့် စပိန်တို့က ကျင်းပမယ်လို့ ဖီဖာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပေမယ့်လည်း ပြိုင်ပွဲကို ၎င်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဥရုဂွေး၊ အာဂျင်တီးနားနဲ့ ပါရာဂွေးတို့မှာလည်း ကစားမှာဖြစ်ပါတယ်။
ဆော်ဒီအာရေဗီးယားဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းမှု စီစဉ်နေကြောင်း နောက်ပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၂၀၀၈ ကနေ ဥရောပချန်ပီယံရှစ်တိုင်းကို ကမ်လမ်းမှု မအောင်မြင်ခဲ့တဲ့ တူရကီဟာ ကနဦးမှာ ၂၀၂၈ နဲ့ ၂၀၃၂ ယူရိုနှစ်ရပ်စလုံးအတွက် လျာထားခံခဲ့ပါတယ်။
ဒါပေမယ့် သူတို့ဟာ ဇူလိုင်လမှာ ၂၀၃၂ ပြိုင်ပွဲအတွက် ကမ်းလှမ်းရာမှာ အီတလီနဲ့ ပူးတွဲကျင်းပဖို့ သဘောတူခဲ့ပြီး ၂၀၂၈ အတွက် လျာထားခံရခြင်းမှ နုတ်ထွက်မလားဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
အမျိုးသမီး ယူရိုပြိုင်ပွဲကို မနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အင်္ဂလန်ဟာ ၁၉၉၆ မှာ အဓိက အမျိုးသားပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့ပြီး အဲဒီဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ အသင်း ၁၆ သင်းသာ ပါဝင်ခဲ့ပါတယ်။
ကပ်ရောဂါကြောင့် တနှစ်ရွှေ့ဆိုင်းခဲ့ပြီး ဥရောပတစ်ဝှမ်းရှိ ကွင်းတွေမှာ ကျင်းပတဲ့ အသင်း ၂၄ သင်းပါ ၂၀၂၀ ယူရို ဖိုင်နယ်ကိုလည်း Wembley ကွင်းမှာ ၎င်းတို့က လက်ခံကျင်းပခဲ့ပါတယ်။
အင်္ဂလန်နဲ့ စကော့တလန်တို့ကြား ဒီပြိုင်ပွဲအတွင်း ၁၂ ပွဲ လက်ခံကျင်းပခဲ့ပါတယ်။
၂၀၂၈ ပြိုင်ပွဲအတွက် အဆိုပြုထားတဲ့ နေရာ ၆ ခုမှာ အင်္ဂလန်မှာဖြစ်ပြီး လန်ဒန်ရှိ အားကစားကွင်းနှစ်ရုံနဲ့ အခြားကွင်းတွေကတော့ မန်ချက်စတာ၊ လီဗာပူးလ်၊ နယူးကာဆယ်နဲ့ ဘာမင်ဂမ်တို့မှာ ဖြစ်ပါတယ်။
ဘဲလ်ဖတ်၊ ဒပ်ဗလင်၊ ဂလပ်စကိုနဲ့ ကာဒစ်ဖ်တို့ကလည်း ပွဲစဉ်တွေအတွက် အစဉ်လိုက်ရှိပါတယ်။
အီတလီဟာ ၂၀၂၀ ယူရိုပြိုင်ပွဲကို ရောမမှာ ပွဲစဉ်တွေကို လက်ခံကျင်းပခဲ့ပေမယ့်လည်း ၁၉၉၀ ကမ္ဘာ့ဖလားနောက်ပိုင်း ပြိုင်ပွဲတရပ်ကို ၎င်းကိုယ်တိုင်ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။
၎င်းတို့ဟာ ၁၉၄၈ မှာ လေးသင်းပါ ယူရိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်နဲ့ ၁၉၈၀ ရှစ်သင်းပါပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။
ဒီနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ကို ဇွန်လမှာ အစ္စတန်ဘူလ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ တူရကီဟာ နိုင်ငံတကာပြိုင်ပွဲကြီးတခုမျှ ပေးအပ်ခံရခြင်း မရှိသေးပါဘူး။
"၂၀၃၂ မှာ တူရကီမှာ ဘောလုံးလောကရဲ့ နှလုံးသားကို အနိုင်ယူလိမ့်မယ်"လို့ UEFA ရဲ့ ကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ တူရကီအားကစားဝန်ကြီး Osman Askin Bak က ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။
"#EURO2032 ကို ချစ်ကြည်ရင်းနှီးတဲ့ အီတလီနိုင်ငံနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတာ ဝမ်းသာပါတယ်။ အားကစားမှာ ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ မြှပ်နှံထားတဲ့ ကျုပ်တို့ရဲ့ လှပတဲ့နိုင်ငံ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်မှာ ကျုပ်တို့တွေရယူတဲ့ ခြေလှမ်းတွေအတွက် ပေးအပ်ခံရမှုကို ဂုဏ်ယူမိပါတယ်။"
တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ပရိသတ်တွေကို "အဆုံးစွန်သော ဥရောပချန်ပီယံရှစ်အတွေ့အကြုံ" ကို ပေးအပ်သွားဖို့ ကတိပြုခဲ့ပါတယ်။
ရုရှားဟာ ၂၀၂၈ ဒါမဟုတ် ၂၀၃၂ ယူရိုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားကြောင်း ကနဦးမှာ ကြေညာခဲ့ပေမယ့်လည်း UEFA က ရုရှားဘောလုံးအဖွဲ့ချုပ်ထံမှ မည်သည့်ကမ်းလှမ်းမှုကိုမျှ ထည့်သွင်းစဉ်းစားမှာမဟုတ်ကြောင်း နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဒါက ယူကရိန်းမှာ စစ်ပွဲကြောင့် ရုရှားကလပ်တွေနဲ့ နိုင်ငံအသင်းတွေကို UEFA ပြိုင်ပွဲတွေအားလုံးကနေ ရပ်ဆိုင်းထားခံရပြီးနောက်မှာ ဖြစ်ပါတယ်။
လာမယ့် ယူရိုပြိုင်ပွဲကို လာမယ့်နှစ် ဂျာမနီနိုင်ငံမှာ ဇွန်လ ၁၄ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
(AFP)
Photo: EPA
#EURO2024 #euro2032

👍5🔥1
အောက်တိုဘာ (၁၀) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
− လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နဲ့ ပြည်သူတွေ သေဆုံးရမှု ထိတ်လန့် ဝမ်းနည်းကြောင်း ယူနီဆက်ဖ် ထုတ်ပြန်တဲ့သတင်း
− “မုန်လိုင်ခက်” တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KIA နဲ့ဆက်သွယ်မေးမြန်းချက်
− ပဲခူးမြို့ ရေကြီးမှုမှာ ရေနစ်သေဆုံးသူရှိလာတဲ့သတင်း
− ဟွာမြောင်အထည်ချုပ်အလုပ်သမားတွေ အလုပ်ရပ်နားခံရမှုနစ်နာကြေး အပြည့်အဝရရှိဖို့ တောင်းဆိုမှု ညှိနှိုင်းလို့ မရတာကြောင့် ILO အထိ ဆက်တက်ဖို့ရှိနေတဲ့ သတင်း
− ပြင်ဦးလွင်ရှိ စစ်တပ်ပိုင်မြေတွေကို အိမ်ယာစီမံကိန်းရောင်းချမှု ပထမဆုံးရက်မှာတင် ဒေါ်လာ ၂ သန်းကျော်ရရှိတဲ့သတင်းနဲ့
− ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားမှုအကျိုးဆက်အတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ကုလအကြီးအကဲပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/-iWVlLcaL0s?si=peoUX1i6jehB1Sbz
#MizzimaTV
#7pmnews
#mizzimaprimetime
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
အောက်တိုဘာ (၁၀) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
− လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နဲ့ ပြည်သူတွေ သေဆုံးရမှု ထိတ်လန့် ဝမ်းနည်းကြောင်း ယူနီဆက်ဖ် ထုတ်ပြန်တဲ့သတင်း
− “မုန်လိုင်ခက်” တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KIA နဲ့ဆက်သွယ်မေးမြန်းချက်
− ပဲခူးမြို့ ရေကြီးမှုမှာ ရေနစ်သေဆ…

👍6🔥1👏1