လှည်းကူးတွင် ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်ရှိ ၊ သောက်သုံးရေနှင့် ရိက္ခာအကူအညီများ လိုအပ်နေ
👍6🔥1

===================
ရောင်နီ
(မဇ္စျိမ)။ ။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ရေဘေးသင့်ပြည်သူဦးရေ ၄,၀၀၀ ကျော်ရှိလာပြီး သောက်သုံးရေနှင့် ရိက္ခာအကူအညီများ လိုအပ်လျက်ရှိကြောင်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
လှည်းကူးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်လာမှုနှင့်အတူ အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ရေကြီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် လှည်းကူးတမြို့လုံးနီးပါး ရေနစ်မြုပ်မှုကို ကြုံတွေ့လာရခြင်း ဖြစ်သည်။
“ ရွာဘက်တွေလည်း အကုန်ကြီးတယ် ။ တချို့နေရာတွေဆို သွားလို့မရတော့ဘူး ။ တမြို့နယ်လုံး နီးပါးပါပဲ။ အဓိက မိန်းလမ်းမကြီးဖြစ်တဲ့ ဖောင်ကြီး လမ်းမလည်း ရေမြုပ်သွားပြီ။ အခုဆိုလည်း ပဲခူး၊ ရန်ကုန်လမ်းက ရေမြုပ်နေပြီ။ ထမင်းထုတ်ဝေတာနဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကို ယာယီခိုလှုံရေးနေရာတွေမှာ ဦးစားပေး ရွေ့ပြောင်းပေးနေပါတယ် ” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် လှည်းကူးမြို့နယ် တမြို့နယ်လုံးနီးပါး ရေကြီးမှုကို ကြုံတွေ့နေရကာ တချို့ နေအိမ်များအတွင်း ရေဝင်ရောက်မှုရှိနေကြောင်း သိရသည်။
“ ရေကြီးနေတာက မြို့ပေါ်မှာဆို ခါးလောက်ရှိတယ်။ တချို့နေရာဆို ရင်ဘတ်လောက်ရှိတယ်။ တချို့နေရာဆို လူတရပ်လောက်ရှိတယ် “ ဟု ၄င်းက ဆိုသည်။
လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ယမန်နေ့အထိ ကောက်ယူရရှိထားသည့်စာရင်းအရ ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်အထိရှိနေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ခုနစ်ခု ထက်မနည်း ဖွင့်လှစ်ကာ ကူညီကယ်ဆယ်မှု လုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံက သိရသည်။
“ ဒီစာရင်းက မနေ့က ညအထိစာရင်းပေါ့။ ဒါက ယာယီခိုလှုံရေးစခန်းမှာ နေတာကို ပြောတာပါ။ တချို့အနီးနားအိမ်တွေမှာ ခွဲနေတာတွေ ရန်ကုန်ပြန်နေကြတဲ့သူတွေနဲ့ တခြားနေရာကို ရွေ့ပြောင်းတဲ့သူတွေမပါသေးပါဘူး” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် လှည်းကူးမြို့နယ်ရှိ အချို့ကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
“ အခက်အခဲကတော့ ရှိကြတာပါပဲ။ အဓိကကတော့ ရိက္ခာခြောက်တွေ လိုအပ်နေတယ်။ချက်ပြုတ်စားသောက်လို့ မရတဲ့ နေရာတွေလည်း ရှိနေတယ်ဆိုတော့လေ နောက်တော့ ရွာဘက်တွေမှာ ရေသန့်မရတဲ့ နေရာတွေရှိတယ် ရေမြုပ်သွားလို့ တချို့နေရာတွေဆို ရေအခက်အခဲ ဖြစ်နေကြတယ်။”ဟု ဒေသခံတဦးက ဆိုသည်။
လှည်းကူးမြို့နယ်အတွင်း ရေကြီးမှုဖြစ်ပွားနေသည့်အတွက် ကယ်ဆယ်ရေးရေယာဥ် ၁၂ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့များ စေလွှတ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ယနေ့နံနက်ပိုင်းတွင်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယခုလ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြစ်ရေများမြင့်တက်လာကာ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည်။
လက်ရှိအချိန်၌ ပဲခူးမြို့တွင် နှစ်ပေါင်း ၆၀ အတွင်း ရေကြီးမှုဒဏ်ကို ဆိုးဝါးစွာကြုံတွေ့ခံစားနေရပြီး ရန်ကုန်တိုင်း လှည်ကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရေကြီးရေလျှံ
#လှည်းကူးမြို့
ပုံအညွှန်း - လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်မှု လုပ်ဆောင်နေစဥ်။ (ပုံ - Myanmar Fire Service Department၊ လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🔥1😢1
အီတလီ၊ တူရကီတို့က ၂၀၃၂ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပေးအပ်ခံခဲ့သလို ယူကေနဲ့ အိုင်ယာလန်တို့ကလည်း ၂၀၂၈ ယူရိုကို လက်ခံကျင်းပမည်
===================
By PKThawn
အီတလီနဲ့ တူရကီတို့က ၂၀၃၁ ယူရိုပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင်ဖြစ်လာစဉ် ယူနိုက်တက်ကင်းဒမ်းနဲ့ အိုင်ယာလန်သမ္မတနိုင်ငံတို့ကလည်း ၂၀၂၈ ယူရိုပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း UEFA က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ်းလှမ်းမှုနှစ်ခုစလုံးဟာ ကန့်ကွက်ခြင်းမရှိပေမယ့်လည်း ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ၎င်းတို့လက်ခံရမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်ထံမှ တရားဝင်ခွင့်ပြုချက် လိုအပ်နေခဲ့တာပါ။
တူရကီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ၂၀၂၈ ယူရိုအတွက် အပြိုင်ကမ်းလှမ်းခြင်းမှ နုတ်ထွက်ခဲ့ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီနှင့် စပိန်တို့က ကျင်းပမယ်လို့ ဖီဖာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပေမယ့်လည်း ပြိုင်ပွဲကို ၎င်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဥရုဂွေး၊ အာဂျင်တီးနားနဲ့ ပါရာဂွေးတို့မှာလည်း ကစားမှာဖြစ်ပါတယ်။
ဆော်ဒီအာရေဗီးယားဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းမှု စီစဉ်နေကြောင်း နောက်ပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၂၀၀၈ ကနေ ဥရောပချန်ပီယံရှစ်တိုင်းကို ကမ်လမ်းမှု မအောင်မြင်ခဲ့တဲ့ တူရကီဟာ ကနဦးမှာ ၂၀၂၈ နဲ့ ၂၀၃၂ ယူရိုနှစ်ရပ်စလုံးအတွက် လျာထားခံခဲ့ပါတယ်။
ဒါပေမယ့် သူတို့ဟာ ဇူလိုင်လမှာ ၂၀၃၂ ပြိုင်ပွဲအတွက် ကမ်းလှမ်းရာမှာ အီတလီနဲ့ ပူးတွဲကျင်းပဖို့ သဘောတူခဲ့ပြီး ၂၀၂၈ အတွက် လျာထားခံရခြင်းမှ နုတ်ထွက်မလားဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
အမျိုးသမီး ယူရိုပြိုင်ပွဲကို မနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အင်္ဂလန်ဟာ ၁၉၉၆ မှာ အဓိက အမျိုးသားပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့ပြီး အဲဒီဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ အသင်း ၁၆ သင်းသာ ပါဝင်ခဲ့ပါတယ်။
ကပ်ရောဂါကြောင့် တနှစ်ရွှေ့ဆိုင်းခဲ့ပြီး ဥရောပတစ်ဝှမ်းရှိ ကွင်းတွေမှာ ကျင်းပတဲ့ အသင်း ၂၄ သင်းပါ ၂၀၂၀ ယူရို ဖိုင်နယ်ကိုလည်း Wembley ကွင်းမှာ ၎င်းတို့က လက်ခံကျင်းပခဲ့ပါတယ်။
အင်္ဂလန်နဲ့ စကော့တလန်တို့ကြား ဒီပြိုင်ပွဲအတွင်း ၁၂ ပွဲ လက်ခံကျင်းပခဲ့ပါတယ်။
၂၀၂၈ ပြိုင်ပွဲအတွက် အဆိုပြုထားတဲ့ နေရာ ၆ ခုမှာ အင်္ဂလန်မှာဖြစ်ပြီး လန်ဒန်ရှိ အားကစားကွင်းနှစ်ရုံနဲ့ အခြားကွင်းတွေကတော့ မန်ချက်စတာ၊ လီဗာပူးလ်၊ နယူးကာဆယ်နဲ့ ဘာမင်ဂမ်တို့မှာ ဖြစ်ပါတယ်။
ဘဲလ်ဖတ်၊ ဒပ်ဗလင်၊ ဂလပ်စကိုနဲ့ ကာဒစ်ဖ်တို့ကလည်း ပွဲစဉ်တွေအတွက် အစဉ်လိုက်ရှိပါတယ်။
အီတလီဟာ ၂၀၂၀ ယူရိုပြိုင်ပွဲကို ရောမမှာ ပွဲစဉ်တွေကို လက်ခံကျင်းပခဲ့ပေမယ့်လည်း ၁၉၉၀ ကမ္ဘာ့ဖလားနောက်ပိုင်း ပြိုင်ပွဲတရပ်ကို ၎င်းကိုယ်တိုင်ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။
၎င်းတို့ဟာ ၁၉၄၈ မှာ လေးသင်းပါ ယူရိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်နဲ့ ၁၉၈၀ ရှစ်သင်းပါပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။
ဒီနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ကို ဇွန်လမှာ အစ္စတန်ဘူလ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ တူရကီဟာ နိုင်ငံတကာပြိုင်ပွဲကြီးတခုမျှ ပေးအပ်ခံရခြင်း မရှိသေးပါဘူး။
"၂၀၃၂ မှာ တူရကီမှာ ဘောလုံးလောကရဲ့ နှလုံးသားကို အနိုင်ယူလိမ့်မယ်"လို့ UEFA ရဲ့ ကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ တူရကီအားကစားဝန်ကြီး Osman Askin Bak က ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။
"#EURO2032 ကို ချစ်ကြည်ရင်းနှီးတဲ့ အီတလီနိုင်ငံနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတာ ဝမ်းသာပါတယ်။ အားကစားမှာ ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ မြှပ်နှံထားတဲ့ ကျုပ်တို့ရဲ့ လှပတဲ့နိုင်ငံ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်မှာ ကျုပ်တို့တွေရယူတဲ့ ခြေလှမ်းတွေအတွက် ပေးအပ်ခံရမှုကို ဂုဏ်ယူမိပါတယ်။"
တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ပရိသတ်တွေကို "အဆုံးစွန်သော ဥရောပချန်ပီယံရှစ်အတွေ့အကြုံ" ကို ပေးအပ်သွားဖို့ ကတိပြုခဲ့ပါတယ်။
ရုရှားဟာ ၂၀၂၈ ဒါမဟုတ် ၂၀၃၂ ယူရိုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားကြောင်း ကနဦးမှာ ကြေညာခဲ့ပေမယ့်လည်း UEFA က ရုရှားဘောလုံးအဖွဲ့ချုပ်ထံမှ မည်သည့်ကမ်းလှမ်းမှုကိုမျှ ထည့်သွင်းစဉ်းစားမှာမဟုတ်ကြောင်း နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဒါက ယူကရိန်းမှာ စစ်ပွဲကြောင့် ရုရှားကလပ်တွေနဲ့ နိုင်ငံအသင်းတွေကို UEFA ပြိုင်ပွဲတွေအားလုံးကနေ ရပ်ဆိုင်းထားခံရပြီးနောက်မှာ ဖြစ်ပါတယ်။
လာမယ့် ယူရိုပြိုင်ပွဲကို လာမယ့်နှစ် ဂျာမနီနိုင်ငံမှာ ဇွန်လ ၁၄ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
(AFP)
Photo: EPA
#EURO2024 #euro2032

👍5🔥1
အောက်တိုဘာ (၁၀) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
− လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နဲ့ ပြည်သူတွေ သေဆုံးရမှု ထိတ်လန့် ဝမ်းနည်းကြောင်း ယူနီဆက်ဖ် ထုတ်ပြန်တဲ့သတင်း
− “မုန်လိုင်ခက်” တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KIA နဲ့ဆက်သွယ်မေးမြန်းချက်
− ပဲခူးမြို့ ရေကြီးမှုမှာ ရေနစ်သေဆုံးသူရှိလာတဲ့သတင်း
− ဟွာမြောင်အထည်ချုပ်အလုပ်သမားတွေ အလုပ်ရပ်နားခံရမှုနစ်နာကြေး အပြည့်အဝရရှိဖို့ တောင်းဆိုမှု ညှိနှိုင်းလို့ မရတာကြောင့် ILO အထိ ဆက်တက်ဖို့ရှိနေတဲ့ သတင်း
− ပြင်ဦးလွင်ရှိ စစ်တပ်ပိုင်မြေတွေကို အိမ်ယာစီမံကိန်းရောင်းချမှု ပထမဆုံးရက်မှာတင် ဒေါ်လာ ၂ သန်းကျော်ရရှိတဲ့သတင်းနဲ့
− ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားမှုအကျိုးဆက်အတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ကုလအကြီးအကဲပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/-iWVlLcaL0s?si=peoUX1i6jehB1Sbz
#MizzimaTV
#7pmnews
#mizzimaprimetime
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
အောက်တိုဘာ (၁၀) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
− လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နဲ့ ပြည်သူတွေ သေဆုံးရမှု ထိတ်လန့် ဝမ်းနည်းကြောင်း ယူနီဆက်ဖ် ထုတ်ပြန်တဲ့သတင်း
− “မုန်လိုင်ခက်” တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KIA နဲ့ဆက်သွယ်မေးမြန်းချက်
− ပဲခူးမြို့ ရေကြီးမှုမှာ ရေနစ်သေဆ…

👍6🔥1👏1
မုန်လိုင်ခက် ဗုံးကြဲခံရမှုတွင် သေဆုံးသူများအနက် အသက် ၁၆ နှစ်အောက် ကလေးငယ် ၁၁ ဦး ပါဝင်
=====================
အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မုန်လိုင်ခက်စစ်ရှောင်ရွာ ဗုံးကြဲတိုက်ခံရမှုတွင် သေဆုံးသူများအနက် အသက် ၁၆ နှစ်အောက် ကျောင်းနေအရွယ် ကလေးငယ် ၁၁ ဦး ပါဝင်ကြောင်း ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် KIA က တရားဝင် ထုတ်ပြန်သည်။
ဒါဇင်နှင့်ချီသော ထိခိုက်ဒဏ်ရာရသူ အရပ်သားများကို လိုင်ဇာမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးနေကြောင်းလည်း ပြောထားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်၊ လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုန်လိုင်ခက် စစ်ရှောင်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းကြောင့် အရပ်သား ၂၉ ဦး သေဆုံးပြီး နောက်ထပ် ၅၇ ဦး ထိခိုက်ဒဏ် ရာရရှိသွားခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် ဒါဇင်နှင့်ချီသော ရုပ်အလောင်းများကို KIA ၏ အစီအစဥ်အတိုင်း ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင်ပင် မြေမြုပ်သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မဇ္ဓျိမ၏ မြေပြင်သတင်းထောက်က စုံစမ်းသိရှိရသည်။
အရပ်သား စစ်ဘေးရှောင်ကျေးရွာကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုသည် “လူမျိုးတုံးသတ်ဖြတ်မှု” ဖြစ်ပြီး အပြစ်မဲ့ ပြည်သူများမှန်းသိလျက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။
ထို့ပြင် စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှုအပေါ် ထိတ်လန့်၀မ်းနည်းကြောင်း ယူနီဆက်ဖ်မြန်မာကလည်း ယနေ့ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မုန်လိုင်ခက်
#Mizzima
#အရပ်သားအစုလိုက်အပြုံလိုက်သေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မုန်လိုင်ခက်စစ်ရှောင်ရွာ ဗုံးကြဲတိုက်ခံရမှုတွင် သေဆုံးသူများအနက် အသက် ၁၆ နှစ်အောက် ကျောင်းနေအရွယ် ကလေးငယ် ၁၁ ဦး ပါဝင်ကြောင်း ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် KIA က တရားဝင် ထုတ်ပြန်သည်။
ဒါဇင်နှင့်ချီသော ထိခိုက်ဒဏ်ရာရသူ အရပ်သားများကို လိုင်ဇာမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးနေကြောင်းလည်း ပြောထားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်၊ လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုန်လိုင်ခက် စစ်ရှောင်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းကြောင့် အရပ်သား ၂၉ ဦး သေဆုံးပြီး နောက်ထပ် ၅၇ ဦး ထိခိုက်ဒဏ် ရာရရှိသွားခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် ဒါဇင်နှင့်ချီသော ရုပ်အလောင်းများကို KIA ၏ အစီအစဥ်အတိုင်း ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင်ပင် မြေမြုပ်သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မဇ္ဓျိမ၏ မြေပြင်သတင်းထောက်က စုံစမ်းသိရှိရသည်။
အရပ်သား စစ်ဘေးရှောင်ကျေးရွာကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုသည် “လူမျိုးတုံးသတ်ဖြတ်မှု” ဖြစ်ပြီး အပြစ်မဲ့ ပြည်သူများမှန်းသိလျက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။
ထို့ပြင် စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှုအပေါ် ထိတ်လန့်၀မ်းနည်းကြောင်း ယူနီဆက်ဖ်မြန်မာကလည်း ယနေ့ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မုန်လိုင်ခက်
#Mizzima
#အရပ်သားအစုလိုက်အပြုံလိုက်သေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍9😭4🔥1🤬1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ အောက်တိုဘာ၂၀၂၃)
========================
စစ်အုပ်စုမှ နိုင်ငံအာဏာကိုမတရားလုယူပြီးသည့်နောက် လူမှုရေးအသင်းအဖွဲ့များကို ဖိနှိပ်ခြင်း ၊မတရားဖမ်းဆီးခြင်းများအပါအဝင် စီမံခန့်ခွဲမှုအလွဲများကြောင့် စီးပွားရေးကျပ်တည်းလာခြင်းကြောင့် သဘာဝဘေးန္တရာယ်ကျရောက်ခြင်းများတွက် ပြည်သူများ အင်တိုက်အားမပါဝင်နိုင်တော့သည်ကို တွေ့ရသည်။

👍4🔥2
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရ
😁9👍2👎1
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရ
=================
001
(မဇ္စျိမ) ။ ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးတို့ကို စစ်တရားရုံးဖြင့် စစ်ဆေးပြီး နှစ်ဆယ်နှစ် ကာလနှင့် ညီမျှသော တသက်တကျွန်းဒဏ်ကို အသီးသီးချမှတ်လိုက်ကြောင်း စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းသည် ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား ဗဟိုဘဏ်က ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့သော်လည်း သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးတင်ရောင်းချခြင်းကို သိလျက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများမှ ပေးအပ်သည့် တံစိုးလက်ဆောင်များကိုရာထူးလုပ်ဆောင်ခွင့်ကို အသုံးပြုပြီး ရယူဆောင်ရွက်ခဲ့ကြောင်း ဆိုထားသည်။
ဆက်လက်ပြီး နိုင်ငံခြားသုံးငွေများ တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်ပြီး အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ ကျူးလွန်ခဲ့သည့်အတွက် သက်ဆိုင်ရာဉပဒေပုဒ်မများဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီး မည်သည့်ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်ကို မူဖော်ပြထားခြင်းမရှိပေ။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဉက္ကဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဉက္ကဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဉက္ကဌတာဝန်များကို ထမ်းဆောင်ခဲ့စဥ်အတွင်း ထိုသို့ ကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးအနေဖြင့်လည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။
ယင်းအပြင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုများကို ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနှင့် အတူ ပူးပေါင်းကျူးလွန်ခဲ့ခြင်း၊ ရာထူးလုပ်ပိုင်ခွင့် အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဆက်သွယ်ပေးခြင်း၊ နိုင်ငံခြားငွေနှင့် မြန်မာကျပ်လဲလှယ်ပေးခြင်း၊ လက်ခံရယူခြင်း၊ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ်ထားရှိခြင်း စစ်စည်းကမ်းများကို ဖောက်ဖျက်ပြီး အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကိုလည်း ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

😁14👍5
ရေဖြူတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ရွာ ၇ ရွာမှ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရ
==================
ကိုရွှေမြိတ်
(မဇ္စျိမ) ။ ။တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်တွင် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် လူနေကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ရေဖြူမြို့နယ်မှ ရပ်တော်မူဘုရားလမ်းဆုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ - DGRF၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့-LLPDF၊ ထားဝယ်နဂါးတပ်ခွဲနှင့် မဟာမိတ်တပ်ဖွဲ့-YPPDFတို့က အောက်တိုဘာလ ၄ ရက်နံနက်တွင် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဒဏ်ရရာရသူများလည်း ရှိကြောင်း DGRF က အောက်တိုဘာလ ၉ရက်တွင်ထုတ်ပြန်သည်။
တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားက စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီက ရေဖြူမြို့ အနောက်ဖက်ကမ်းမှ စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး အင်အား ၁၀၀ ကျော်ဖြင့် ဝင်လာရာ နဘုလယ်၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ၊ ကုန်းသာယာအင်းနှင့် ဝဇွမ်းတော စသည့် ရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
"တောတောင်တွေထဲကို မရှောင်ရဲဘူး။ အခုက စစ်တပ်က အင်အားများတော့ တောနင်းရှာဖွေရင် ဖမ်းဆီး သတ်ဖြတ်ခံရမှာ ကြောက်လို့ နီးစပ်ရာ ရွာနဲ့ မြို့ပေါ်ကို တက်ရှောင်နေရတာ ဖြစ်တယ်”လို့ နဘုလယ်ရွာမှ စစ်ရှောင်တဦးက ပြောသည်။
စစ်ဘေးရှောင်အရေအတွက်ကို မသိရသေးပေ။စစ်ကောင်စီက နေအိမ်အချို့က်ို မီးရှို့ဖျက်ဆီးထားသလို အရပ်သားအချို့ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်းဒေသခံ များကပြောသည်။ လတ်တလောအခြေအနေအရ ရေဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာလာနိုင်၍ ဒေသခံပြည်သူများ စစ်ရေးသတိရှိကြရန် တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတဦးက သတိပေးသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ရေဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာခဲ့ရာ စစ်ကောင်စီခန်းအချို့ တိုက်ခိုက်ခံရသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ယာယီစခန်းနှစ်ခုကိုလည်း စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးခဲ့သည်။
စာတည်း - အေးချမ်း
#mizzima
#ရေဖြူမြို့နယ်
#စစ်ကောင်စီစစ်ကြောင်းထိုး
#ဒေသခံများထွက်ပြေးတိမ်းရှောင်
ပုံ - ရေဖြူမြို့နယ်မှ စစ်ဘေးရှောင်အချို့( ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။

👍8🔥4❤1🤬1
ကျိုက်ထိုတွင် ရေဘေးသင့်ပြည်သူ ၈၀၀ နီးပါး အကူအညီလိုအပ်နေ
====================
YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူ ဦးရေ ၈၀၀ နီးပါးရှိလာပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ ခြောက်ရက်ဆက် မိုးရွာသွန်း၍ တောင်ကျရေစီးဆင်းမှုများကာ ထိုသို့ ရေကြီးရေလျှံလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက္ခမီမြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်တို့တွင် မိုးဆက်တိုက် ရွာသွန်းနေခြင်းဖြစ်သည်။
မိုးရွာသွန်းမှုများသည်နှင့်အမျှ တောင်ကျရေ စီးဆင်းမှု များလာသဖြင့် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ကျိုက်ထိုမြို့နယ် အေးရိပ်ငြိမ်၊ ဇေယျာမွန်ကွက်သစ်တိုးချဲ့၊ မြောက်ပိုင်းတိုးချဲ့၊ ဇေယျာရွှေပြည်နှင့် အောင်ချမ်းသာရပ်ကွက်တို့တွင် နေအိမ်များအထိ ရေဝင်ရောက်လာကာ အဆိုပါ ရပ်ကွက်များမှ ဒေသခံပြည်သူ ၈၀၀ နီးပါး ယာယီကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း ရေဘေးသင့်ပြည်သူများအား ကူညီနေသူတဦးထံက သိရသည်။
အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်၍ အကူအညီပေးနေမှုများ ရှိသော်လည်း ဆေးဝါးကုသမှု၊ အစားအသောက်နှင့် ရေလိုအပ်ချက်များ ရှိနေကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
" အားလုံးပေါင်း ၇၀၀ ကျော် ၈၀၀ နီးနီးရှိတယ်။ အတိအကျတော့ စာရင်းလုပ်ဆဲပဲ။ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်းသုံးခုဖွင့်ထားပါတယ်။ လူက အရမ်းများသွားတော့ လိုအပ်တာလည်း များသွားတဲ့သဘောပေါ့။ တစ်နိုင်တစ်ပိုင် ကူညီကြပေမယ့် မလုံလောက်တာမျိုးပါ။ အဓိကလိုတာကတော့ ဆေးနဲ့ ရေပါပဲ။ အစားအသောက်လည်း လိုပါတယ်" ဟု ရေဘေးသင့်ပြည်သူများအား ကူညီနေသူတဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မိုးရွာသွန်းမှု အနည်းငယ်လျော့နည်းခဲ့၍ ရေပြန်ကျနေပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနိုင်ချေရှိ၍ ရေဘေးသင့်ပြည်သူများမှာ နေအိမ်မပြန်နိုင်သေးကြကြောင်း သိရသည်။
" ဒီမှာက နှစ်တိုင်းရေကြီးနေကျပဲလေ။ ဒီနှစ်က တော်တော်ဆိုးဆိုး ရေများတာ။ ပြီးတော့ မိုးဇလက မိုးဆက်ရွာနိုင်ချေရှိသေးတယ်ဆိုပြီး ပြောလာတာ ရှိသေးတော့ မပြန်ရဲကြဘူး။ ရေထရက်နဲ့ တိုးရင်တော့ ပိုဆိုးပြီပဲ" ဟု ရေဘေးသင့်ပြည်သူများအား ကူညီနေသူက ဆက်လက်ပြောဆိုသည်။
ထို့ပြင် မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများကာ အောက်တိုဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ကျိုက်က္ကော်ဈေးအနီးနှင့် ဇင်းကျိုက်မြို့တို့တွင် ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်၌ ရေအနက် နှစ်ပေခွဲအထိ ရေလျှံမှုဖြစ်ပွားခဲ့ခြင်းရှိသည်။
" မနေ့ကနဲ့ တနေ့ကဆို ပေါင်တဝက်အထိ ရောက်တယ်လေ နှစ်ပေခွဲလောက်ပေါ့။ ဒီနေ့တော့ တော်တော်ရေပြန်ကျနေပါပြီ။ မိုးကတော့ ပုံမှန်ပဲ၊ အရမ်းတော့ မရွာတော့ဘူး" ဟု ကျိုက္ကော် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် လာမည့် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းတည့်ချိန်အထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
စာတည်း ။ ။အောင်ကျော်ဖြိုး
#Mizzima
#ရေကြီးရေလျှံ
#မွန်ပြည်နယ်
ပုံအညွှန်း- ရေဘေးသင့်ပြည်သူများအား ကယ်ထုတ်နေစဉ် (ဓါတ်ပုံ- လူမှုကွန်ရက်၊ ပိုသူကူ လိုသူယူ ကျိုက်ထို)

👍8🔥3😱3❤1😢1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၀ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၀ ...
https://www.youtube.com/watch?v=mf1RO22Bhow

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍11🤮1
Tech firms struggle as Israel-Gaza falsehoods explode
From fake accounts impersonating journalists to war-themed video games fueling false narratives, tech platforms are struggling to ...
https://www.youtube.com/watch?v=_H7aH68q2wM

From fake accounts impersonating journalists to war-themed video games fueling false narratives, tech platforms are struggling to contain a tsunami of misinformation around Palestinian-Israeli hostilities after rolling back content moderation policies.
-…
-…
👍5
- YouTube
Nyd de videoer og den musik, du holder af, upload originalt indhold, og del det hele med venner, familie og verden på YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F27RDivQqF0M&h=AT12aQuOUEnO8gXCuIyFqG_Nib45BFJq__z1OV3esjKtSsWwsgHMtxDl-f28alToLciULlYmRh_FrTTe8IWdZI568ry7FGBti9b_71wIkhqXnw9v6Ee8Le3MAOtGerkC&s=1

👍6

https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F27RDivQqF0M&h=AT0ecQ60Dgp6eRVc9Dczs1Cs3EcUXEfNqVIxxsxxNIYKAmxCf3EqAO49hrijE6yI3sb10GEi9WMpcV_U_Hs1R31dfRAl1Dn0vgdDIoJMvA6BxQ9ZSMXIXH8D03idljj8&s=1