Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​လိုင်ဇာမြို့ရှိသည့် စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဥပဒေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက လုံးဝဂရုမစိုက်ဟု ပြင်သစ် ထုတ်ပြန်
================+

လိုင်ဇာမြို့ရှိသည့် စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဥပဒေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက လုံးဝဂရုမစိုက်ဟု ပြင်သစ် သံရုံးက ထုတ်ပြန်သည်။

" ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းတခုကို မနေ့က လေကြောင်းဖြင့် တိုက်ခိုက်မှု့ ကြောင့် လူများဒါဇင်နဲ့ချီ သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အတွက် ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။ အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဥပဒေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက လုံးဝဂရုမစိုက်ကြောင်း ထပ်မံသက်သေပြလိုက်ခြင်း ဖြစ်သည်" ဟု ပြင်သစ်က ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ကို အပြည့်အဝ အကောင်အထည်ဖော်ရန်ထပ်လောင်း တောင်းဆိုပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အချက်ငါးချက်ပါဝင်သည့် ဘုံသဘောတူညီမှုကိုအကောင်အထည်ဖော်ရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံ‌ကြောင်း ပြင်သစ်သံရုံးက အသိပေးလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) တွင်အကြမ်းဖက်မှုရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပါဝင်သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံ ‌ဆွေးနွေးမှု ပြုလုပ်ရေးပါဝင်သည်။

ထို့ပြင် ဥရောပမိတ်ဖက်များနှင့်အတူ အာဏာသိမ်းမှုမှ ထွက်ပေါ်လာသော စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေပြီး စစ်အစိုးရ၏ မလျှော်မကန် အလွဲသုံးစားပြုမူ လုပ်ဆောင်ချက်များကြောင့် ဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု့ဆိုင်ရာ အကူအညီ ပေးရေးမူဝါဒကို ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ဖျက်အားပြင်းဗုံးဖြင့် လေကြောင်းမှ တိုက်ခိုက်ခံရမှု‌ကြောင့်
စစ်ရှောင်စခန်းမှ ကလေးငယ် ၁၃ ဦးအပါအ၀င် ၃၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ- မုန်လိုင်ခက် တိုက််ခိုက်ခံရမှုအပြီး ‌သေဆုံးသူများကို မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်နေစဉ် (photo-CJ)

#လိုင်ဇာ
#လေကြောင်းတိုက်ခိုက်ခံရမှု
#Mizzima
--------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍6🔥3😁1
စစ်ပွဲအခြေအနေ အစ္စရေးရောက် မြန်မာနဲ့ ဆက်သွယ်မေးမြန်းခန်း| VOA On Mizzima
အစ္စရေးနိုင်ငံကို ဟားမတ်စ်စစ်သွေးကြွတွေ ဝင်တိုက်တဲ့ စစ်ပွဲအတွင်း ၂ ဖက်လုံးက လူပေါင်း ထောင်ကျော် သေဆုံးခဲ့....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FAmwA1LQNZvc&h=AT0b9AmU7wh_TMZqljiGz3OS96e8v5xSEvevGu0gNrTHED6CT2hBD7PnepJ_0TiDkiL7_N3T7IFvgVw0Lu5pUQXNmWgyucR5S36E30ScDxUjV3NLCUIwxPeslPSxz1Vw&s=1
👍5🔥1
လိုင်ဇာမြို့ရှိသည့် စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ရှုတ်ချ၊ လူသားချင်
လိုင်ဇာမြို့ရှိသည့် စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရမှု အပြင်းထန်ဆုံး ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားမှု.....
https://ift.tt/dQCukS9
👍5🔥1
ထိုင်ဝမ်ဟာ မျိုးဆက်သစ်တွေအတွက် ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်လို့ ခေါင်းဆောင်ဖြစ်သူကတိပြု
ထိုင်ဝမ်ဟာ မျိုးဆက်သစ်တွေအတွက် ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်လို့ ခေါင်းဆောင်ဖြစ်သူကတိပြု#InternationalNews#Mizzima----------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FbTniko4eJ9M&h=AT1fo_B0nCmUTyYkRYE4_BcDRq2WmdyKBuppxkyt0cLM2HhOeLUX-QxVY58xT3LXKL1skPJS2N8WdzmE5RsF-Y5_V3OiJ_iyp0_r7En0cy9iVSyWm3wcowJ5UgV2ntEr&s=1
👍3🔥2
ထိုင်ဝမ်မှာ အမျိုးသမီးအရန်တပ်ဖွဲ့ဝင်တွေ စုဆောင်း| VOA On Mizzima
ထိုင်ဝမ်က တရုတ်ရဲ့ ရန်လိုမှုတွေနဲ့ ရင်ဆိုင်နေရတာနဲ့အတူ အရန်တပ်ဖွဲ့တွေမှာ အမျိုးသမီး စစ်မှုထမ်းဟောင်းတွေက...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FFV8mFyoCrNU&h=AT1H5Du0_oMVBKt_CQjn2xJaT-SPq0EYveBFatIg6_e_2-K7y3aFUO0UPOJ6k13D7fnKqfCnSnJlgj9If9ro_gHagohED9G1Dm9jdcTJ4XcrFwaXsBRhheu6BEi_c2X3&s=1
👍7🔥1
အောက်တိုဘာလ( ၁၁ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03-ဒုတိယဗိုလ်ချုပ်ကြီး​​ မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fyg-Cu8194KI&h=AT1-GnenLQ1kULxfF5n_USeYk9EuWIJNRuoHZxUP4nWAQx1qhcZ1IyEYRxXFgGOLXmfbP7C74LfAwWiZBHx2ge7OP9nmfsbSdEecqmK2ziYQ2pQqiSpkpJjz0qPZ4jLM&s=1
👍7🔥1👏1
မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်မှု နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဟု ကနေဒါသံရုံးထုတ်ပြန်
👍14🔥3😢1
​​မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်မှု နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဟု ကနေဒါသံရုံးထုတ်ပြန်
====================

မောင်ခက်နွေ (မဇ္ဈိမ)
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းအား အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ပြီး ထိုလုပ်ရပ်ကို လက်သင့်ခံ၍ မရဟု ကနေဒါသံရုံးက သတင်းထုတ်ပြန်သည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက အောက်တိုဘာ ၉ ရက်ညက အကြမ်းဖက်တိုက်ခိုက်ရာမှာ ကလေးငယ် ၁၁ ဦးအပါအဝင် ၂၉ ဦး သေဆုံးပြီး ၅၇ ဒဏ်ရာရခဲ့သည်ဟု ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) က ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုကို ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးက ယနေ့ အောက်တိုဘာလ ၁၁ ရက် နံနက်တွင် အင်္ဂလိပ်၊မြန်မာနှစ်ဘာသာဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

" အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် သတ်ဖြတ်ခြင်းက နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်။ ဤသည်ကို လက်သင့်ခံ၍ မရပေ"ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နေရပ်ပြောင်းရွှေ့နေထိုင်သူများသည် မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်၏ ပိုမိုဆိုးရွားလာသည့် အကြမ်းဖက်မှုဒဏ်ကို ခံနေရသည့် ထိလွယ်ခိုက်လွယ်ဆုံး အရပ်သားများ ဖြစ်ကြသည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ အရပ်သားများအား ပစ်မှတ်ထားခြင်းကို အဆုံးသတ်ရန်၊ နိုင်ငံတကာ ဥပဒေများကို လိုက်နာရန်နှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီများကို အပြည့်အဝနှင့် အကန့်အသတ်မရှိ ပေးခွင့်ပေးရန်တို့ကိုလည်း ကနေဒါသံရုံးကတောင်းဆိုထားသည်။

ထိုဗုံးကြဲတိုက်ခံရမှုတွင် သေဆုံးသူများအနက် အသက် ၁၆ နှစ်အောက် ကျောင်းနေအရွယ် ကလေးငယ် ၁၁ ဦး ပါဝင်ကြောင်း KIA က တရားဝင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ထိုတိုက်ခိုက်မှုသည် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပြီး အပြစ်မဲ့ ပြည်သူမှန်းသိလျက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောထားသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းအား တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ပြစ်တင်ရှုတ်ချကြောင်းနှင့် တရားမျှတမှုရရှိရေး အဖြေရှာသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့ကလည်း ထုတ်ပြန်ထားကြသည်။

စာတည်း - အေးချမ်း
ပုံစာ - မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူများကို အသုဘချနေသည့် မြင်ကွင်း (ဓာတ်ပုံ - Khon Lay)

#mizzima
#လိုင်ဇာမြို့
#မုန်လိုင်ခက်စစ်ရှောင်စခန်း
#ကနေဒါသံရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥3👏1😁1🤔1
ထိုင်ဝမ်ဟာ မျိုးဆက်သစ်တွေအတွက် ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်လို့ ခေါင်းဆောင်ဖြစ်သူကတိပြု
ထိုင်ဝမ်ဟာ မျိုးဆက်သစ်တွေအတွက် ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်လို့ ခေါင်းဆောင်ဖြစ်သူကတိပြု#InternationalNews#Mizzima----------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FbTniko4eJ9M&h=AT2FuOaQP-7RkFt801v82MHNg_Is8YWl11CavDlFdlPuBMIViCn-S30Nw_mwihbJmfeRa2OOYxVwcFbSBa8AZB9OkEgkcUAXjdjw8RzBSb7cp7fmp-ST5Ps-XYjf5rFb&s=1
👍7😁1
ထိုင်ဝမ်မှာ အမျိုးသမီးအရန်တပ်ဖွဲ့ဝင်တွေ စုဆောင်း| VOA On Mizzima
ထိုင်ဝမ်က တရုတ်ရဲ့ ရန်လိုမှုတွေနဲ့ ရင်ဆိုင်နေရတာနဲ့အတူ အရန်တပ်ဖွဲ့တွေမှာ အမျိုးသမီး စစ်မှုထမ်းဟောင်းတွေက...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FFV8mFyoCrNU&h=AT2ZLLMXiahQGfO7n93qr6dlivPVzttJGvPajaBvPysfohQYl7DBoELUY1qeDM40pRPUVrobAowkUzkbA2gHRU3iKP__mLXMjoxOjM1cNPLP3EjLgr2a6J_xSgTSitYR&s=1
👍4😁1