Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQMdoEVcj4Go&h=AT1jg4kE9Jic1KYi3C8bs5_1udXpTfsBNr-73dhYEkHt2kJRxLZTYE13FBAp-wHFk5XD86oaJNlA9Zgfw6jiiMCf4Aa5K3dDAZUMOx7tiDFPAv89rPrtCYwMUkMaIIEK&s=1
👍2🤮1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fh11Y9HjiOXs&h=AT2BG-uuHTvLchcUnWwilHuRnJg5LlVm1-aIJWIoaiEEeRWDyIx9rI0fOZHjCXEKhRv0-HR56ve2T9nh4e-tRoRTpK2gCbMJAS8kYsaOhq3eb-tkb9gWt8atbuj6a-gC&s=1
👍2🤮1
ပဲခူးမြို့‌ပေါ်ရပ်ကွက်အချို့ ရေပြန်ကျ၊ ရေဘေးသင့်ပြည်သူအချို့ နေရပ်ပြန်
နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင် ရေကြီးမှု ကြုံတွေ့နေသည့် ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၁ နံနက်၌ အမြင့်ပိ....
https://ift.tt/BSxV3de
👍6😁1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fh11Y9HjiOXs&h=AT0ZTgQSndupvtHIDWFVIIVp1gRfkvWPFRbKo7S-A4MpVFJUm-ZtEmT2A4bO1f5x1HiQzI3bt5I_gsF8i5lMbMHUwWrgFd0F8aJbIn66fW4cRtTBIFuHHDewGgtcvK-P&s=1
👍4🔥1
ပဲခူးမြို့‌ပေါ်ရပ်ကွက်အချို့ ရေပြန်ကျ၊ ရေဘေးသင့်ပြည်သူအချို့ နေရပ်ပြန်
နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင် ရေကြီးမှု ကြုံတွေ့နေသည့် ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၁ နံနက်၌ အမြင့်ပိ....
https://ift.tt/Xhkg8v5
👍4🔥1
လိုင်ဇာအနီးစစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုကုလအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများစိုးရိမ်ကြောင်းထုတ်ပြန်
ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO ဌာနချုပ်အနီး ...
https://www.youtube.com/watch?v=h11Y9HjiOXs
👍7😁1🤮1
လိုင်ဇာအနီးစစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုကုလအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများစိုးရိမ်ကြောင်းထုတ်ပြန်

https://www.youtube.com/watch?v=ESGTlBePlLc
👍6😁1🤮1
ဟားမက်ဇ်တွေဖမ်းဆီးတဲ့ထဲပါသွားတဲ့ ထိုင်းအလုပ်သမားတွေရဲ့မိသားစုတွေ စိုးရိမ်သောကရောက်နေ
ဟားမက်ဇ်တွေဖမ်းဆီးတဲ့ထဲပါသွားတဲ့ ...
https://www.youtube.com/watch?v=Ofl6XOPjBq8
👍8🔥1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍4🔥2😁1
ပဲခူးမြို့‌ပေါ်ရပ်ကွက်အချို့ ရေပြန်ကျ၊ ရေဘေးသင့်ပြည်သူအချို့ နေရပ်ပြန်
👍6😁2
ပဲခူးမြို့‌ပေါ်ရပ်ကွက်အချို့ ရေပြန်ကျ၊ ရေဘေးသင့်ပြည်သူအချို့ နေရပ်ပြန်
===================

ရောင်နီ၊ YT
(မဇ္စျိမ)။ ။ နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင် ရေကြီးမှု ကြုံတွေ့နေသည့် ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၁ နံနက်၌ အမြင့်ပိုင်းရပ်ကွက်အချို့ ရေပြန်ကျပြီဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများက ပြောသည်။

ပဲခူးမြို့တွင် အောက်တိုဘာလ ၈ရက် နံနက်မှစတင်၍ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၁၄,၀၀၀ ထက်မနည်း ရေဘေးသင့်ခဲ့သည်။

ယနေ့ လေးရက်မြောက်တွင်မှ ရေအနည်းငယ်ပြန်ကျခြင်းဖြစ်သည်။
“ ရေက တပေ၊တပေကျော်လောက်ကျသွားတယ်။ ရေလုံး၀ကျသွားတာမျိုးတော့ မရှိဘူး။ အမြင့်ပိုင်းက ရေနည်းနည်းပေါ်သွားတယ်။ အနိမ့်ပိုင်းကတော့ လူရင်စို့လောက်ရှိတဲ့ နေရာရှိတယ်။ လူမြုပ်တဲ့နေရာ မြုပ်နေသေးတယ်။ ကူညီကယ်ဆယ်မှုတွေလုပ်နေရတုန်းပါပဲ” ဟု ပဲခူးမြို့အခြေစိုက်ဟံသာ၀တီ(မွန်)လူမှုကူညီရေးအသင်း တာ၀န်ရှိသူက ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြောသည်။

ရေအနည်းငယ် ပြန်ကျနေ၍ ကယ်ဆယ်ရေးစခန်းမှ ပြည်သူအချို့သည် နေအိမ်သို့ ပြန်နေကြပြီ ဖြစ်သည်။

“ လက်ရှိ အခြေအနေကတော်တော်လေးကျသွားပြီ။ ဆိုရှယ်လစ်၊ အလင်းရောင်၊ ပုဏ္ဏားစုရပ်ကွက်အတွင်းမှာ လူတရပ်မြုပ်တဲ့နေရာမရှိတော့ဘူး" ဟု ​ပဲခူးမြို့ နန်းတော်ရာရပ်ကွက် အခြေစိုက် ညီညွတ်ရေးနာမှုကူညီရေးအသင်း တာ၀န်ရှိသူက ပြောသည်။
ပဲခူးမြို့တွင် ယမန်နေ့ည‌နေမှ စတင်၍ မိုးရွာသွန်းမှု မရှိတော့သည့်အတွက် ယနေ့ ညနေပိုင်းတွင် ရေအများစု ပြန်ကျနိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ထားကြသည်။ ရေဘေးကြောင့် ပဲခူးမြို့ပေါ်၌ ကယ်ဆယ်ရေးစခန်း ၂၉ ခုဖွင့်လှစ်ခဲ့ရသည်။

ရေကြီးမှု လေးရက်မြောက်နေ့ ယနေ့တွင် ပဲခူးမြို့အတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိတော့သော်လည်း ရေနစ်မြုပ်နေသည့်နေအိမ်အတွင်းမှ ပြည်သူများအား အစားအသောက်များ ဝေငှခြင်းနှများ ဆက်လုပ်လုပ်ဆောင်နေကြောင်းလူမှုကူညီရေးအဖွဲ့များက ပြောသည်။ ထို့အပြင်ရေပြန်ကျသည့် အမြင့်ပိုင်းရပ်ကွက်များတွင် လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ရေကြီးမှုကြောင့် ဖြတ်သန်းသွားလာမှု ရပ်နားခဲ့ရသည့် ပဲခူး - မော်လမြိုင်လမ်းမှ ပဲခူးမြို့အနီး ၃၉ မိုင်တိုးဂိတ်တွင်လည်း ယနေ့တွင် ရေလုံး၀ကျဆင်းသွားပြီ ဖြစ်သည့်အတွက် ဘုရားကြီးမြို့သို့ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

လတ်တ‌လော ရင်ဆိုင်နေရသော ရေဘေးသည် ပဲခူးမြို့တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးရေဘေးဟု မြို့ခံများကပြောသည်။ လက်ရှိအချိန်တွင် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် သုံးပေခန့်၌ ဆက်လက် တည်ရှိနေသော်လည်း ခုနစ်လက်မခန့် ပြန်လည်ကျဆင်းသွားကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလက ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မိုးဇလက ထုတ်ပြန်သည့် ယနေ့ ညနေ ရာသီဥတုခန့်မှန်းချက်၌ နေရာကွက်မိုးကြီးမည့်ဒေသများတွင် ပဲခူးတိုင်းမပါတော့ပေ။သို့သော် အောက်တိုဘာလ ၁၄ရက်မှစကာ ပဲခူးတိုင်း၌ ပုံမှန်ထက်မိုးကောင်းလာနိုင်ကြောင်း သတိပေးထားသည်။

ပဲခူးမြို့၌ ရေအနည်းငယ်ပြန်ကျနေသလို မြို့ပေါ်ရပ်ကွက် ခုနှစ်ခု ရေကြီးနစ်မြုပ်ခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်လည်း ယနေ့ မိုးရွာသွန်းမှု မရှိတော့ဘဲ ရေပြန်ကျနေပြီဟု ဒေသခံများကပြောသည်။ကျိုက်ထိုမြို့တွင် ရေဘေးရှောင်ပြည်သူ ၈၀၀ ခန့်ရှိခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်လှစ်ထားရဆဲဖြစ်သည်။

စာတည်း - အေးချမ်း
ပုံအညွှန်း - ယနေ့ နံနက်ပိုင်း ရေပြန်ကျပြီးနောက် ပဲခူးမြို့ပေါ်မြင်ကွင်းအချို့။ (ပုံ - လူမှုကွန်ရက်)

#mizzima
#ပဲခူးရေဘေး
#ရေပြန်ကျ
#ကျိုက်ထို
website link >>> https://www.mizzimaburmese.com/article/134282
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤1😁1
​​11.10.2023 (Wednesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================

Highlight

မျဉ်းပြိုင်တေသွား (ညနေ - ၆ နာရီ)
ကိုယ်ရယ်မင်းရယ် သီချင်းရယ် (ည- ၇ နာရီ)
India Movie -Zero ( ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍8🔥1
အခြေခံစပါးရည်ညွှန်းဈေးကို တင်း (၁၀၀) လျင် (၇၅၀၀၀၀)ကျပ် သတ်မှတ်|Business Roundup(11.10.2023)
- ကမ္ဘာ့ရေနံစိမ်း ဈေးမြင့်တက်လာပြီး မြန်မာ့ စက်သုံးဆီဈေးနှုန်းလည်း ၂၀၀၀ ကျပ်အထက်သို့ ပြန်မြင့်တက်လာ- တရားမ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FIHZo8wOMm04&h=AT0KNw91TnFypepw9Lt-eaOA_5-eywAQhIBKLNtRZ2YjB3ZRmM6PpULeKycZTbNJeoMQ5bkbeqTzQim9ZqUht2n-7rqq6UpPW5yEe-XpKP1gcxOL0AFJgv3GdlHVHOYz&s=1
👍5🔥2
အောက်တိုဘာလ( ၁၁ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01-လိုင်ဇာအနီး စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ စိုးရိမ်ကြောင်းထုတ်ပြ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FMOoTaoMOOIk&h=AT1cslSRjV-0-9kAEmWTBqqzH82vJytGeydCuRpsMzgdzrtk8kN0bFEk_2r6Ali_CG-pqTNy6Z9yrPgUCFmc6EGW7nViBd2dcUmNRDrZ4zaQoPu69hfXjl6C0_G50zhY&s=1
👍5🔥2
​​ရုရှား ယူ-၁၇ အသင်းများကို ပြန်လည်လက်ခံဖို့ လက်လွတ်လိုက်တဲ့အတွက် UEFA ကို ယူကရိန်း ကျေးဇူးတင်
=====================

By PKThawn
ရုရှား ယူ-၁၇ ဘောလုံးအသင်းတွေကို ပြန်လည်လက်ခံဖို့ အငြင်းပွားဖွယ် အစီအစဉ်တွေကို စွန့်လွှတ်ခဲ့တဲ့အတွက် UEFA ကို ကျေးဇူးတင်ရှိကြောင်း၊ ရုရှားရဲ့ "အထီးကျန်မှု ဆက်လက်ဖြစ်ရေးအတွက် တိုက်ပွဲဝင်သွားမယ်"လို့ ယူကရိန်းက အင်္ဂါနေ့မှာ ပြောကြားသွားပါတယ်။

“ယူကရိန်းကို ပံ့ပိုးပေးကြတဲ့အတွက် ကျနော်တို့ရဲ့ ဥရောပလုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ရှိပါတယ်”လို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ကျုပ်တို့နိုင်ငံရဲ့ အနေအထားကို ... ကြားသိခဲ့ကြပြီးပါပြီ။ ရုရှားဘောလုံးအဖွဲ့ချုပ်က အထီးကျန်ဖြစ်နေဆဲပါ။ အဲဒါကတော့ သူတို့ နေရမယ့် နေရာပါ"လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ရုရှားရဲ့ စီနီယာအသင်းတွေကို ဆိုင်းငံ့ထားခဲ့ပြီး UEFA ဥရောပဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့လက နိုင်ငံ့လူငယ်အသင်းတွေကို ပြိုင်ပွဲတွေမှာ ပြန်လည်ထည့်သွင်းခဲ့ပါတယ်။

လူငယ်ကစားသမားတွေဟာ လူကြီးတွေရဲ့ လုပ်ရပ်တွေအတွက် အဖိုးအခပေးဆောင်ဖို့ မသင့်ဘူးလို့ ၎င်းက စောဒကတက်ခဲ့တာပါ။
အဲဒီဆုံးဖြတ်ချက်ကြောင့် ရုရှားအသင်းတွေပါဝင်တဲ့ UEFA ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မယ်လို့ တုံ့ပြန်တဲ့အနေဖြင့် ကိဗ်မှာ ဒေါသဖြစ်ခဲ့ကြပါတယ်။

"ရုရှားအသင်းတွေရဲ့ဝင်ခွင့်ကို ကန့်ကွက်တဲ့အနေနဲ့ ကျနော်တို့ရဲ့ ဆန့်ကျင်ကန့်ကွက်မှုကို ထောက်ခံအားပေးခဲ့တဲ့ ဥရောပမိတ်ဖက်အားလုံးကို ကျေးဇူးတင်ရှိပါတယ်"လို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဗာဒီယန် ကော့စတီချန်ကိုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“ဒီကိစ္စမှာ အပေးအယူမျှတာမျိုး မဖြစ်သင့်ပါဘူး”လို့ သူက ပြောပြီး "နိုင်ငံတကာ ဘောလုံးလောကမှာ သူ့ရဲ့ နေရာကို ပြန်လည်ရရှိဖို့ ရုရှားရဲ့ နောက်ဆုံး ကြိုးပမ်းမှု မဟုတ်ဘူး"လို့ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

(AFP)

#russia #ukrainwar #UEFA
👍9😁3
အခြေခံစပါးရည်ညွှန်းဈေးကို တင်း (၁၀၀) လျင် (၇၅၀၀၀၀)ကျပ် သတ်မှတ်|Business Roundup(11.10.2023)
ကမ္ဘာ့ရေနံစိမ်း ဈေးမြင့်တက်လာပြီး မြန်မာ့ ...
https://www.youtube.com/watch?v=IHZo8wOMm04
👍4😁2🔥1