Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၁ အောက်တိုဘာ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်‌ရေး အဖွဲ့လက်အောက်ရှိ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က အခြေခံစစ်ပညာသင်တန်းကို ဖွင့်လှစ် သင် ကြားပေးခဲ့ကြောင်း တနင်္သာရီ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ကယားစစ်ဒေသခွဲတွင် ပြည်သူကာကွယ်ရေးတပ်မတော်၏ ရဲဘော်တွေကို PDF များလိုက်နာ ကျင့်ဆောင်ရမည့် ပြည်သူလူထုလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်သူလုံခြုံရေး ဌာနမှ တာဝန်ရှိ သူများက စဥ်ဆက်မပြတ် သင်ကြားပို့ချပေးလျက်ရှိတယ်လို့ အမျိုးသားညီညွတ် ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၄၀/၂၀၂၃) ကို အောက်တိုဘာ ၁၀ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

လူနည်းစု တိုင်းရင်းသားများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည့် လုပ်ရပ်များကို အိမ်နီးချင်း နိုင်ငံများ အပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်း စစ်ကောင်စီကို ဝိုင်းပယ် ကန့်ကွက်ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အလေးအနက် ပန်ကြား ကြောင်း ထုတ်ပြန်သည်။

တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်အတွက် ဒီမိုကရေစီအင်အားစုများကို ထိရောက်သော ပံ့ပိုးကူညီမှုများနှင့်အတူ လက်တွဲလုပ်ဆောင်ပေးရန် တိုက်တွန်းကြောင်း CRPH မှ ထုတ်ပြန်သည်။

ကချင်ပြည်နယ် လိုင်ဇာဒေသ မုန်လိုင်ခက်ကျေးရွာ စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့်ပစ်ခတ်မှု နှင့်လေကြာင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး ပေါက်ကွဲသည့်တည်နေရာနှင့် ပေ ၂၀၀ခန့်အထိ သက်ရောက်မှုရှိခဲ့ဟု အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။
👍9😁1
​​Mizzima needs your support! 

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ 
👉 https://bit.ly/2VhJ12U 

For more information- https://donate.mizzima.com/mm/ 

#supportmizzima
😁1
​​အမျိုးသမီးနှင့် ကလေးငယ်များပါ သေဆုံးရသည့် စစ်ရှောင်စခန်း ဗုံးကြဲခံရမှုကြောင့် ‘လွန်စွာ စိုးရိမ်’ ကြောင်း ကုလသမဂ္ဂ ပြော
==================

မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူများအတွက် စစ်ဘေးရှောင်စခန်းတခု ဗုံးကြဲခံရမှုတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် အရပ်သားများ သေဆုံးဒဏ်ရာရသည့် သတင်းများကြောင့် “လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ကုလသမဂ္ဂက ပြောသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍1
​​လက်ဘနွန်ကနေ အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ဟု ဟစ်ဇ်ဘိုလာအဖွဲ့ ပြော
===============

လက်ဘနွန်ရှိ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့ အောက်တိုဘာ ၁၁ ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။ ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးကျည်ပစ်ခတ်မှုကြောင့် အစ္စရေးဘက်ကလည်း ပြန်လည် တုံ့ပြန် ပစ်ခတ်မှုများ ရှိခဲ့သည်ဟု သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🥱1
မန်ချက်စတာမှာ ရှိနေတဲ့ ဒေးဗစ် ဒီဂီယာ၊ ယူနိုက်တက်သို့ ပြန်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး မသေချာမရေရာမှုတွေ....
https://ift.tt/xgkHENO
👍5
မြန်မာတွင် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ရုရှားနှင့် မြန်မာစစ်ကောင်စီ ဆွေးနွေး
မြန်မာနိုင်ငံ၊ ရန်ကုန်သို့ ဓာတ်ငွေ့ပိုက်လိုင်းတခု တည်ဆောက်မှုတွင် ရုရှား ပါဝင်ရေးနှင့်ပတ်သက်ပြီး ရုရှားန...
https://ift.tt/oB3Ex60
👍5🔥1👏1🖕1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၁ အောက်တိုဘာ၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်‌ရေး အဖွဲ့လက်အောက်ရှိ မြို့....
https://ift.tt/BuVwxRO
👍5😁1
အမျိုးသမီးနှင့် ကလေးငယ်များပါ သေဆုံးရသည့် စစ်ရှောင်စခန်း ဗုံးကြဲခံရမှုကြောင့် ‘လွန်စွာ
မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူများအတွက် စစ်ဘေးရှောင်စခန်းတခု ဗုံးကြဲခံရမှုတွင် အမျိုး....
https://ift.tt/WT3xJsV
👍6😁1
လက်ဘနွန်ကနေ အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ဟု ဟစ်ဇ်ဘိုလာအဖွဲ့ ပြော
လက်ဘနွန်ရှိ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့ အောက်တိုဘာ ၁၁ ရက်တွင် အစ္စရေးကို ဒုံးကျည်မ...
https://ift.tt/gX1wztD
👍4🥱1
လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ဒီမိုကရေစီအရ.....
https://ift.tt/tGKylae
👍6😁1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FMgcoJuTgZ5c&h=AT2MkF-4u6y01wfskFWQvTwVQMqLgqCUMi3VTysxqyBd9ljnWn_46p60R1LcUqmoiYWmBwPeYQ5IHUQkUg1UJ_j4BCMHy2AU-l7xrP3Ek9agyyruTir9l8ua7BTi5URp&s=1
👍4
​​၉ လကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ထောင်နီးပါး သေဆုံးကြောင်း KNU ပြော 
=============

YT 

(မဇ္ဈိမ)။  ။ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလကြာ တိုက်ပွဲတွင် အရာရှိ အရာခံများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃,၈၆၅ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

KNU နယ်မြေများတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲစာရင်းအနှစ်ချုပ် ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးစာရင်းကို ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်များဖြစ်သော KNLA ၊ KNDO နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲအကြိမ်ရေ ၃,၅၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃,၈၆၅ ဦး သေဆုံးပြီး ၂ ထောင်ကျော် ထိခိုက်ဒဏ်ရာ ရသွားကြောင်း ဆိုသည်။

တိုက်ပွဲများအတွင်း KNLA၊ KNDO ဘက်ကလည်း တပ်ဖွဲ့ဝင် ၁၁၂ ဦး ကျဆုံးခဲ့ပြီး ၃၉၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

KNU ဘက်က ထုတ်ပြန်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု စာရင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ အတည်ပြုခြင်း၊ ထုတ်ပြန်ငြင်းဆိုခြင်း မရှိသေးပေ။

ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) မြိတ်- ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၇) ဖားအံခရိုင်ဟူ၍ နယ်မြေခုနစ်ခုရှိသည်။ 

အဆိုပါ KNU နယ်မြေခုနစ်ခုအနက် တပ်မဟာ (၇) ဖားအံခရိုင်မှလွဲ၍ ကျန်ခြောက်ခုတွင် အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ စစ်ကောင်စီတပ်နှင့် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေသည်။ 

ထို့ပြင် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်နှင့် KNU တပ်တို့အကြား တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်ကျော် ဖြစ်ပွားခဲ့ကြောင်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။

ပုံအညွှန်း- KNLA တပ်သားများ (ဓါတ်ပုံ- KNU (ပုံဟောင်း))

စာတည်း။ ။ နောင်နောင်

#Mizzima
#စစ်ကောင်စီတပ်
#KNU
#နှစ်ချုပ်တိုက်ပွဲ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2👎1
အမျိုးသမီးနှင့် ကလေးငယ်များပါ သေဆုံးရသည့် စစ်ရှောင်စခန်း ဗုံးကြဲခံရမှုကြောင့် ‘လွန်စွာ
မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူများအတွက် စစ်ဘေးရှောင်စခန်းတခု ဗုံးကြဲခံရမှုတွင် အမျိုး....
https://ift.tt/h9yJBOo
👍4
လက်ဘနွန်ကနေ အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ဟု ဟစ်ဇ်ဘိုလာအဖွဲ့ ပြော
လက်ဘနွန်ရှိ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့ အောက်တိုဘာ ၁၁ ရက်တွင် အစ္စရေးကို ဒုံးကျည်မ...
https://ift.tt/t7rUdNi
👍4
လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ဒီမိုကရေစီအရ.....
https://ift.tt/t36vbIu
👍5
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FMgcoJuTgZ5c&h=AT2Ojrd691ZTVtwsDmeIN1Cd9pWkmzuftKQSWS0CRT5Hp1_IlwUK6hDkIy98rWEbpR0DOLYiqhubI6UfTb4n4UOEZbGE41HGVoJNLEYdMQ5wfhPnuv9ecSwu61sdEtKD&s=1
👍1
လှည်းကူးတွင် ရေပြန်မကျသေး၊ သောက်သုံးရေနှင့် စားသောက်ကုန်အကူအညီလိုဟုဆို
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအထိ ရေကြီးနစ်မြုပ်မှု ဆက်လက်ဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ...
https://ift.tt/vcMIwtW
👍4