Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဟင်္သာတခရိုင်၌ ၂လအတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၃၀ ဦးခန့်သေဆုံးဟုဆို
===============

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်အတွင်း ဇူလိုင်နှင့်ဩဂုတ်လ၌ တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင် အမှတ်(၁)တပ်ရင်းကသတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ညနေမှ သြဂုတ်လအတွင်းတိုက်ပွဲ အခြေအနေကို ယနေ့အောက်တိုဘာလ ၁၁ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကြံခင်းမြို့နယ်အနောက်ဘက်တောများအတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက‌ ပြောသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့သည့်အပြင် ဒုတပ်ရင်းမှူးတဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်အမှတ်(၁)တပ်ရင်းကဆိုသည်။ထို့အပြင်MA -1 သေနတ်တလက်နှင့် ကျည်အချို့သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ ဒဏ်ရာရ ဒုတပ်ရင်းမှူးသည် လက်ပြတ်ပြီး မျက်လုံးလည်းထိသွားသည်ဟု ဒေသခံများကပြောသည်။

အဆိုပါတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ စစ်သုံးပစ္စည်း အချို့ဆုံးရှုံးမှုရှိခဲ့ပြီး တပ်ရင်းဒရုန်းအဖွဲ့ခေါင်းဆောင် ရဲဘော်ဇွဲမာန်၊ တပ်ခွဲ ၁ ၊ တပ်စု ၁ ၊ တပ်စိတ်(၂) တပ်စိတ်မှူး ရဲဘော် လင်းယုန်နှင့် တပ်ခွဲ ၃၊ တပ်စု ၁ ၊ တပ်စိတ် (၂) မိုင်းဆရာ ရဲဘော် အားသစ်တို့ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

"ဧရာဝတီတိုင်းရဲ့အခြေအနေဟာ ဧရာဝတီပြည်သူလူထုရဲ့ ပါဝင်မှုအပေါ်မှာ တိုက်ရိုက်အချိုးကျပါတယ်။ အခြားတိုင်းနဲ့ပြည်နယ်က ပြည်သူတွေကို စာနာနားလည်ပြီး တော်လှန် ရေးမှာ အခုထက်အားမြှင့်ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြဖို့ နှိုးဆော်ချင်ပါတယ်"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူကပြောသည်။

ထိုဖြစ်စဥ်များနှင့်ပါတ်သတ်၍ ဟင်္သာတခရိုင်အတွင်းရှိ ကြံခင်းနှင့်မြန်အောင်မြို့ နယ်မှ ဒေသခံများအားဆက်သွယ်မေးမြန်းရာ ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်းက ကြံခင်းနှင့် မြန်အောင်မြို့နယ်များအတွင်းရှိ ချောင်းငယ်များအတွင်း စစ်ကောင်စီတပ် ဖွဲ့ဝင်အချို့၏ အလောင်းများတွေ့ရှိခဲ့ကြောင်း၊ စစ်ကားများပေါ်သို့ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များအားတင်ဆောင်မောင်းနှင်သွားကြသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောသည်။

"ရိုးမထဲမှာ ပစ်ခတ်သံတွေကြားရတဲ့အချိန်တွေတုန်းက သွေးတွေနဲ့ စစ်သားအလောင်းတွေကိုကားနဲ့တင်လာပြီး မြို့ပေါ်ကို ပြန်မောင်းသွားတာတွေရှိခဲ့ပါတယ်"ဟု မြန်အောင်မြို့မှ ဒေသခံတဦးကပြော သည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။လက်ရှိတွင် ကြံခင်း၊မြန်အောင်၊ အင်္ဂပူမြို့နယ်များရှိ ရိုးမနှင့်ထိစပ်နေသော တောတွင်း ဝင်ပေါက်ထွက်ပေါက်နေရာများတွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့်ဖြင့် ပိတ်ဆို့ထားပြီး သစ်ခုတ်ဝါးခုတ်လုပ်ကိုင်သူများကို တောအုပ်များအတွင်းမဝင်ရန် တားမြစ်ထားကြောင်း ဒေသခံများက‌‌ပြောသည်။
ယင်းပြင် ရိုးမအနီး ကျေးရွာများမှ ဒေသခံများအား စစ်ကောင်စီတပ်ဖွဲ့က မကြာခဏဖမ်းဆီးခြင်း၊ရိက္ခာတောင်းယူခြင်းများပြုလုပ်နေသည့်အတွက် စိုးရိမ်နေကြရသည်ဟု ဒေသခံများကပြောသည်။

ဓာတ်ပုံ - စစ်ကောင်စီတပ်ထံမှ သိမ်းယူခဲ့သည့် လက်နက်ခဲယမ်းအချို့
စာတည်း -အေးချမ်း

#mizzima
#ဧရာဝတီတိုင်း
#ဟင်္သာတခရိုင်
#တိုက်ပွဲရှစ်ကြိမ်ဖြစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁1
​​ထိုင်ဝမ်အနေဖြင့် တရုတ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း သမ္မတဆိုင်အင်ဝမ် ပြောကြား 
======================

ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံနှင့် လွတ်လပ်လပ်ပြီး ကန့်သတ်ချက်မရှိသော အပြန်အလှန်ဆက်ဆံရေးဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း ထိုင်ဝမ်သည် လာမည့်မျိုးဆက်သစ်များ အတွက် ဒီမိုကရေစီနိုင်ငံဖြစ်ရမည်ဖြစ်ကြောင်း သမ္မတ ဆိုင်အင်ဝမ်က အောက်တိုဘာ ၁၀ ရက်က ၎င်း၏ သမ္မတသက်တမ်းအတွင်း နောက်ဆုံးအမျိုးသားနေ့မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2
​​အစ္စရေးတွင် ဖိလစ်ပိုင် ၂ ဦး သေဆုံးသည့်နောက် အကြမ်းဖက်တိုက်ခိုက်မှုများကို သမ္မတ မားကို့စ် ရှုတ်ချ 
=====================

“ဂါဇာရဲ့ နယ်စပ်မှာ ဗုံးတွေ ကြဲနေတယ်၊ ဟားမတ်စ်တွေဟာ လူပေါင်း ၁၅၀ ကျော်လောက်ကို ဖမ်းဆီးထားတယ်၊ ဆွေးနွေးပြောဆိုတာမျိုးလည်း ရှိမနေဘူး၊ အစ္စရေးနိုင်ငံကနေ လူတွေကို ဓားစာခံ ဖမ်းဆီးထားတာ ဖြစ်တယ်၊ လူသားချင်း စာနာထောက်ထားတဲ့ အရိပ်အယောင်လည်း မရှိဘူး”ဟု ၎င်းက ဆိုသည်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁2
​​အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီကို မန်နေဂျာအဖြစ် ဘာမင်ဂမ်စီးတီး ခန့်အပ်
========================

By PKThawn
ဘာမင်ဂမ်စီးတီးအသင်းဟာ ဝိန်းရွန်နီကို ၎င်းတို့နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ချန်ပီယံရှစ်ကလပ်သို့ သုံးနှစ်ခွဲစာချုပ်ဖြင့် ရောက်ရှိလာခဲ့တာပါ။
ရွန်းနီဟာ ၁၅ လကြာ ကိုင်တွယ်ပြီးနောက် တနင်္လာနေ့က ထုတ်ပယ်ခံခဲ့ရတဲ့ အပြာရောင်တို့ရဲ့ နည်းပြချုပ် ဂျွန် ယူစတက်စ်ရဲ့ နေရာကို ဆက်ခံခဲ့ပါတယ်။

အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းကို ခန့်အပ်မှုဟာ ဘာမင်ဂမ်အသင်းရဲ့ အမေရိကန်ပိုင်ရှင်အသစ် Shelby Companies Limited မှ ဇူလိုင်လမှာ စတင်ရယူခဲ့ပြီးနောက် ပထမဆုံးသော မန်နေဂျာအပြောင်းအလဲဖြစ်ပါတယ်။
ရွန်းနီဟာ သူ့ရဲ့အင်္ဂလန်အသင်းဖော်ဟောင်းနဲ့ လက်ရှိအင်္ဂလန်ယူ-၂၁ လက်ထောက်နည်းပြ အက်ရှလေကိုးလ်၊ သူ့ရဲ့ ယူတိုက်တက်အသင်းဖော်ဟောင်းနဲ့ အိုင်ယာလန်အသင်းရဲ့ လက်ထောက်နည်းပြဟောင်း ဂျွန်အိုရှီယာတို့က ပံ့ပိုးပေးမှာဖြစ်ပါတယ်။

ကားလ်ရော်ဘင်ဆင်နှင့် Pete Shuttleworth တို့ဟာ ဒီစီယူနိုက်တက်မှာ သူ့ကို ကူညီပြီးနောက် နှစ်ယောက်လုံးဟာ ရွန်းနီရဲ့ ကျောထောက်နောက်ခံ ဝန်ထမ်းမှာလည်း တစိတ်တပိုင်း ပါဝင်မှာဖြစ်ပါတယ်။

ဒါဟာ MLS ကလပ်နဲ့ ဒါဘီကောင်တီတို့နဲ့ လမ်းခွဲပြီးနောက် ရွန်းနီရဲ့ တတိယမြောက် နည်းပြအလုပ်ဖြစ်ပြီး သူ့ရဲ့ ပထမဆုံးပွဲဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ မစ်ဒယ်ဘရော့မှာ ဖြစ်ပါတယ်။

Ref; BBC
#ဝိန်းရွန်နီ #WayneRooney #birmingham #ဘာမင်ဂမ်
👍6❤2🔥2
​​ဘုတလင်မြို့ပေါ် စစ်ကောင်စီအထိုင်စခန်းများကိုတိုက်ခိုက်မှု ရဲ ၂ဦးသေဆုံးဟုဆို
=====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ထွေအုပ်ရုံး၊ရဲစခန်း၊မီးသတ်စခန်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အား Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ဒရုန်းလေယာဉ်များဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်-၉ တပ်ရင်းထံမှ သိရသည်။

အောက်တိုဘာလ ၉ရက်၊ညနေ ၃နာရီခွဲခန့်တွင် ၆၀ မမ ဗုံးသီး ငါးလုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင်တပ်ရင်း-၉ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

" ပစ်မှတ်တွေကို ထိထိရောက်ရောက် တိုက်နိုင်ခဲ့တယ် “ ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ရဲတပ်သားနှစ်ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲတပ်သားသုံးဦးမှာ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း-၉ ထံက သတင်းထုတ်ပြန်သည်။ ယင်းမာပင်ခရိုင် အမှတ်-၉ တပ်ရင်း(NWPDF) Ba Thu Kyawal Column ၊ B-21 နှင့် Chindwin Brothers ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သားများ ထိခိုက်သေဆုံးမှုကို မစ္ဇျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။‌
အောက်တိုဘာလ ၁ ရက်နေ့ကလည်း ဘုတလင်မြို့ ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၇ရက်ကလည်း ဘုတလင်မြို့ မီးသတ်တပ်ဖွဲ့ရုံးမှ Non CDM ဝန်ထမ်း ၁၅ဦးထက်မနည်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်း‌ဆီးခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#ဘုတလင်မြို့
#ထွေအုပ်ရုံး
#ရဲစခန်း
#မီးသတ်စခန်း
#တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2👏1
အစ္စရေးတွင် ဖိလစ်ပိုင် ၂ ဦး သေဆုံးသည့်နောက် အကြမ်းဖက်တိုက်ခိုက်မှုများကို သမ္မတ မားကို့စ
အစ္စေရးနိုင်ငံနှင့် ဟားမတ်စ်စစ်သွေးကြွများကြား ဖြစ်ပွားဆဲ လက်နက်ကိုင် ပဋိပက္ခတွင် ဖိလစ်ပိုင်နိုင်ငံသား န...
https://ift.tt/MwgfYN7
🔥4👍2
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီကို မန်နေဂျာအဖြစ် ဘာမင်ဂမ်စီးတီး ခန့်အပ်
ဘာမင်ဂမ်စီးတီးအသင်းဟာ ဝိန်းရွန်နီကို ၎င်းတို့နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
https://ift.tt/i1rQlMe
👍5🔥1
ဘုတလင်မြို့ပေါ် စစ်ကောင်စီအထိုင်စခန်းများက်ို တိုက်ခိုက်မှု ရဲ ၂ဦးသေဆုံးဟုဆို
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ထွေအုပ်ရုံး၊ရဲစခန်း၊မီးသတ်စခန်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အာ.....
https://ift.tt/fNCrWMY
👍5🔥5
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီကို မန်နေဂျာအဖြစ် ဘာမင်ဂမ်စီးတီး ခန့်အပ်
ဘာမင်ဂမ်စီးတီးအသင်းဟာ ဝိန်းရွန်နီကို ၎င်းတို့နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
https://ift.tt/Br8Aymj
👍7🔥1
ဘုတလင်မြို့ပေါ် စစ်ကောင်စီအထိုင်စခန်းများက်ို တိုက်ခိုက်မှု ရဲ ၂ဦးသေဆုံးဟုဆို
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ထွေအုပ်ရုံး၊ရဲစခန်း၊မီးသတ်စခန်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အာ.....
https://ift.tt/xE5FMRp
👍8🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၁ ရက်ထုတ်လွှင့်မှုများ #PVTV #MizzimaTV -----------------------------------------မဇ္...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FMpfCCyPVzso&h=AT37ZoYRd6HK0qwYq_g9xDw3JGcrxBrrJ7grazA4tVCIszWHGgwk4No_KUye-kKia8aqwHA0Sl8dIIsgHLELRfhOLyYhwnIj9JiWszmalmvDuzbNWeoYR16v9wgbdEYa&s=1
👍8🤮2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၁ ရက်ထုတ်လွှင့်မှုများ #PVTV #MizzimaTV -----------------------------------------မဇ္...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FMpfCCyPVzso&h=AT24qPUZenEFDBeW767ozP2BoM9u03Yzxs8ZzxOgw8FbUkYQQQI7dZGlwDB-_SX2VheVin_r7HjUznJ3-_MGed2fNzeYQSBextXX5_pvpHRKdJ25z5JwyuDeUXleeIfP&s=1
👍4🤮3
​​Mizzima needs your support! 

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ 
👉 https://bit.ly/2VhJ12U 


For more information- https://donate.mizzima.com/mm/ 

#supportmizzima
👍12🤮1
Twenty-nine people were killed and dozens wounded in a military strike on a camp for displaced people in northern Myanmar, a spokesman for an ethnic rebel group that controls the area told AFP on Tuesday. Myanmar's junta has been accused of carrying out multiple bloody attacks on civilian targets as it struggles to quell resistance to its 2021 coup. The latest attack happened around 11:30 pm on Monday (1700 GMT), Colonel Naw Bu of the Kachin Independence Army (KIA) told AFP. Photos: AFP
👍3🔥1😁1