Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထိုင်းနိုင်ငံမှာ တီဘီ အဆုတ်ရောဂါ စစ်ဆေးမှု လုပ်ဆောင် | VOA On Mizzima
ရွှေ့ွှပြောင်းလုပ်သားတွေအတွက် ထိုင်းရဲ့ တီဘီစစ်ဆေးမှုအစီအစဉ်ကမ္ဘာပေါ်က တီဘီရောဂါအဖြစ်အများဆုံးနိုင်ငံတ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FguPQnVcbJjw&h=AT2bIO-pPzfpYjxaqQrb96sHSlKxncvSsQH4rN5N70BmXoZyumvLxXbjPWV_UnV3YSMBWyakSBQAyc3OeS4SBF3qVgYL68gvuCxUTIQX4DiAqt9R_7OZgDONY7MjeR6j&s=1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fdb6gTbhJHH0&h=AT31HEWZpReq5IVptF0LnfhLK0E6HrLLg8PLzHMil7kHsYTfKG8ojmTfpPr-BaIRrlAt3sgXcdUPwj-FdbuRFZmcSg-aEORPgkRll6kDPzM6OWBYCIuntVOolHwItRpA&s=1
❤2🤮1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fdb6gTbhJHH0&h=AT0V7npInJ7flzKGLOV_jjwPrhTFk5Tc2JZAW3DK51zibhr_8NkXdID3GPSbmaZszvNnRu3L7JClueSLGsTTYnlKwPZ1lOxaeLjT_fvq99pPWYkqEAYP6F3BM4VJthfU&s=1
👍2🤮1
စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီ ထုတ်ပြန်
အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fj4HYJW2972U&h=AT0j8KUkOoIqNy80NrfxyNbi3X9cgx43U4inefYqorFpU38J5aRFb9nL-R-mSuPUkFkgt6lfDKDaQq0PD1uAx0oZRFVlorrsL8x2hezdZ4sNt9Hx4qq74Hd33yLZq3c5&s=1
👍4😁1🤮1
စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီ ထုတ်ပြန်
အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fj4HYJW2972U&h=AT0i8koNghFTLjKVF7sbprQNZlgL4BganwfYXSMJEFOgYUnnqygw7lPYlvPF5pDyrVoYokT6xbXOaBEFYfcnfd3MqVbxCdZM4eWBl3XWXi9DgBdemX9zeiRsLiwes54w&s=1
👍5🔥1😁1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F3c1pNt95Rho&h=AT37Q18OrE8NU674kKcBtTTrFxLQ3E09Ic0Xcarsi1flTtl1LtkIhtkJJbmJrFeinv7MsDaOuXgu8-hurqH68mK56jjxbXPYYLav8RF59U1Yh0koY2waRUAsDIZ6ergY&s=1
👍2🤮1
အောက်တိုဘာလ( ၁၂ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00-ထိုင်းသံအမတ်ဟောင်း အသတ်ခံရမှု သံသယရှိသူကို ဖမ်းပေးဖို့ စစ်ကောင်စီထံ ထိုင်းကစာပို့ တဲ့သတင်း 03:37-၉ လကြာ တိုက...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FAQGATUIF_7g&h=AT0zhRqEUtYVeomu9kOTaRsHoXWdXChXyUpC5gJ1lgly4CF983-ec840NhIpRJvr81Qa53VYU5PQ8YxCPw5tIE46Itq-jns_WREh800capZIFi3Q9f0wf4XvqRvuWMbg&s=1
👍2😁2
​​ရုရှားနှင့် စစ်ကောင်စီအကြား နျူကလီးယား အခြေခံအဆောက်အအုံဆိုင်ရာ MoU လက်မှတ်ရေးထိုး
=================

မြန်မာနိုင်ငံ၏ နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် အကဲဖြတ်ရေးနှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီနှင့် နားလည်မှု စာချွန်လွှာ (MoU) တရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားအစိုးရပိုင် Rosatom စွမ်းအင်ကော်ပိုရေးရှင်းက ထုတ်ပြန်သည်။
“မြန်မာမှာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ဦးစားပေး နယ်ပယ်ကဏ္ဍတွေအတွက် အစီအစဉ်တရပ် ဖော်ထုတ်ဖို့နဲ့ မြန်မာမှာ နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် လက်ရှိ လိုအပ်ချက်တွေကို စူးစမ်းတွက်ချက်ဖို့ နှစ်ဖက်စလုံးက စီစဉ်ထားပါတယ်” ဟု ရုရှားကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3🤬2👍1👏1
ဖယ်ခုံမြို့ကျေးရွာအချို့တွင် ကလေးငယ်နှင့် ဒေသခံများ အရေပြားရောဂါ ဖြစ်ပွား
😢8👍2🔥1
ဖယ်ခုံမြို့ကျေးရွာအချို့တွင် ကလေးငယ်နှင့် ဒေသခံများ အရေပြားရောဂါ ဖြစ်ပွား
=============

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေကြားရှိ ကျေးရွာအချို့တွင် ကလေးငယ်များအပါအဝင် ဒေသခံများသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု သိရသည်။

အရေပြားရောဂါ ဖြစ်ပွားနေကြသည်မှာ ခြောက်လခန့် ရှိနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားသူများအထဲတွင် ကလေးငယ်များ အများဆုံးပါဝင်ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) တာဝန်ရှိသူထံမှ သိရသည်။

“ကျွန်မတို့သွားခဲ့တဲ့ ကျေးရွာ သုံးရွာထဲမှာမှ လူဦးရေ ၇၂၀ ဦးရှိတဲ့ထဲ ၁၅၀ ဦးလောက်က ကူးဆက်ခံရနေတယ်၊ အဲထဲမှာမှ အများဆုံးက ကလေးငယ်တွေဖြစ်တယ်။ တရွာကိုအနည်းဆုံး ငါးယောက်ကနေ ၁၀ ယောက်လောက်မှာဖြစ်နေပြီး တချို့ရွာရှိကလေးငယ် လသားအရွယ်တွေ တရွာလုံးနီးပါးဖြစ်နေတာကို တွေ့ရပါတယ်။ ဖြစ်နေတာတော့ပြီး ငါးလ ခြောက်လ ဝန်းကျင်လောက်ရှိနေကြပြီ၊ တဖြည်းဖြည်းကူးဆက်လာတာကနေ အခုထိပေါ့” ဟု ကယန်းအမျိုးသမီးအစည်းအရုံးမှ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဥ်တာဝန်ခံ အားမူ က မဇ္ဈိမ ကိုပြောသည်။

ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) မှ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာ၊ ဖိုးစိုးကျေးရွာ၊ ခေါင်တလိုကျေးရွာနှင့် လေဒူခေါင်ကျေးရွာ တို့အား ကွင်းဆင်းလေ့လာခဲ့ရာတွင် ကျေးရွာလူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် အရေပြားရောဂါ ဖြစ်ပွားနေကြပြီး လသားအရွယ် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။ 

ယင်းကျေးရွာများအပြင် အနီးဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ပြီးခဲ့သည့် ဧပြီလ မတိုင်ခင်ကတည်းက စတင်ကာ ရောဂါဖြစ်ပွားနေကြကြောင်း ဒေသခံများက ဆိုသည်။

“ကလေးတွေမှာက အနာသေးသေးလေးတွေနဲ့ ​ပြင်လိုက်ထွက်တယ်၊ လူကြီးတွေလည်း ပြင်လိုက်ထွက်ပေမယ့် ပိုထူးခြားတာက အလုံးပိုကြီးတယ်၊ ဆေးခန်းထိသွားခွဲရတာတွေရှိတယ်လို့ ပြောပါတယ်” ဟု အားမူက ပြောသည်။

အဆိုပါကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်းများ လာရောက်ကူညီပေးရန် လက်လှမ်းမမီခြင်း၊ ဆေးဝါးလုံလောက်မှုမရှိခြင်းတို့ကြောင့် ရောဂါအခြေအနေပိုဆိုးလာနေခြင်းဖြစ်ကြောင်း သိရသည်။

“သိကျိတ်မှာ ကျန်းမာရေးအဖွဲ့ဆေးခန်းရှိတယ်။ ဒါပေမယ့် မိုးတွင်းကာလဖြစ်တော့ သွားလာရေးခက်ခဲတဲ့ သူတွေအတွက် သိကျိတ်ထိဆင်းဖို့ခက်ခဲကြတယ်။ မိုးရာသီဆို ချိန်းပတ် (ဘီးမချော်ရန် သံကြိုးပတ်ရခြင်း) ပြီးသွားရတဲ့ရွာများတယ်။ တချို့အဆင်ပြေတဲ့သူအနေနဲ့ ဆေးခန်းထိ သွားပြနိုင်ပေမယ့် သွားလာဖို့ ခက်ခဲတဲ့ မိသားစုတွေကတော့ အဲ့တိုင်းပဲ အိမ်နီးနားချင်းလူတွေပဲ အကူအညီတောင်းပြီး လူကြီးဆို အရက်ပျံနဲ့ဆေးလိုက်လို့ နည်းနည်းသက်သာတာတော့ရှိတယ် ပြောတယ်” ဟု ကယန်းအမျိုးသမီးအစည်းအရုံးမှ အားမူက ဒေသခံများ၏ အခက်အခဲကို ရှင်းပြသည်။

ယင်းအရေပြားရောဂါသည် Varicella -Zoster Virus ဗိုင်းရပ်စ်တမျိုးကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ကူးစက်လွယ်ကြောင်းနှင့် ပုံမှန် ဆေးလိမ်း၊ ဆေးသောက်ပြုလုပ်နိုင်ပါက ပျောက်ကင်းနိုင်ကြောင်း ဆရာဝန်တဦးက ပြောသည်။

“Varicella -Zoster Virus တမျိုးကြောင့် ဖြစ်တာပါ။ သူက ကူးစက်တာ လွယ်တယ် ပြောရမယ်။ Mask တပ် လက်အိတ်လေးတွေ နဲ့ စနစ်တကျ ကိုင်တွယ်ရင် ကူးစက်နိုင်ချေကို အနည်းနဲ့အများ လျော့ချနိုင်တယ်။ ဖြစ်ရင်တော့ တကိုယ်ရေ သန့်ရှင်းအောင်နေ ရေများများသောက် ကောင်းကောင်းနား ကောင်းကောင်းစား၊ အဖျားတက်ရင် ပါရာ တိုက်လို့ရတယ်။ ယားရင် ဘာမီတွန် တိုက်လို့ရတယ်။ Loratadine တိုက်လို့ရတယ်။ Acyclovir သောက်ဆေး နဲ့ လိမ်းဆေး၊ တပတ်လောက် ဆေးသောက် ဆေးလိမ်းရင် ကောင်းသွားကြတာများပါတယ်” ဟု ဆရာဝန်တဦးက အကြံပြုသည်။

အရေပြားရောဂါဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ်ရှိ သိကျိတ်ကျေးရွာ၊ ဖိုးစိုးကျေးရွာ၊ ခေါင်တလိုကျေးရွာ၊​ လေဒူခေါင်ကျေးရွာ နှင့် အနီးအနားကျေးရွာများမှ ဒေသခံများသည် အရေပြားရောဂါဖြစ်ပွားနေသည်မှာ ခြောက်လခန့်ရှိနေပြီဖြစ်ပြီး ရောဂါဆက်လက်မကူးစက်နိုင်ရန်နှင့် ရောဂါဖြစ်ပွားနေသည့် ကလေးငယ်များအပါအဝင် ဒေသခံများ ဆေးဝါးကုသနိုင်ရန်အတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနိုင်မည့် အဖွဲ့အစည်းများမှ သွားရောက်ကူညီပေးကြရန် ကယန်းအမျိုးသမီးအစည်းအရုံးမှ တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံအညွှန်း-အရေပြားရောဂါဖြစ်ပွားနေသည့် ကလေးငယ်များ 
ဓါတ်ပုံ- ကယန်းအမျိုးသမီးအစည်းအရုံး

#mizzima
#အရေပြားရောဂါ
#KyWO
#ဖယ်ခုံမြို့နယ်
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢2🔥1😁1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F3c1pNt95Rho&h=AT18-e4dqz4pWSpf4_T7w83N9X-51i3zI-Mkra1JqqUuPj6ntwoN7dy-MVsNK9FX01-s4w6u5oHEWjPze5P20BM56M7lQV_aJ0eKueNgwsfCG3tBZd4G294aPA_AF3cD&s=1
👍2🤮2