ကျွန်းနိုင်ငံတွေကြားရာသီဥတုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူကြေညာချက်အင်ဒိုနီးရှားမှာလက်မှတ်ရေးထိုး
ကျွန်းနိုင်ငံတွေကြား ရာသီဥဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ...
https://www.youtube.com/watch?v=f3taB7QFgek

YouTube
ကျွန်းနိုင်ငံတွေကြားရာသီဥတုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူကြေညာချက်အင်ဒိုနီးရှားမှာလက်မှတ်ရေးထိုး
ကျွန်းနိုင်ငံတွေကြား ရာသီဥဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူကြေညာချက်ကို အင်ဒိုနီးရှားမှာလက်မှတ်ရေးထိုး
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍2🔥1
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ#reels #shorts
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ...
https://www.youtube.com/watch?v=xv9LE8jLcBk

ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍4🔥1
October - 12 [2 Pm] Mizzima News Hour
October - 12 [2 Pm] Mizzima News Hour Mizzima Headline News #2pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=PXdH3PA3xfY

Mizzima Headline News
#2pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
Mizzima Headline News
#2pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
👍2🔥1
အောက်တိုဘာလ( ၁၂ )ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:06-NCA နှစ်ပတ်လည်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ EAO အဖွဲ့တွေနဲ့ ...
https://www.youtube.com/watch?v=wGUGn64IcDk

01:06-NCA နှစ်ပတ်လည်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ EAO အဖွဲ့တွေနဲ့ ပစ်ခတ်မှု မဖြစ်အောင်ကြိုးစားနေပြီး မုန်လိုင်ခက်ကို တိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့ စစ်ကောင်စီငြင်းဆိုတဲ့သတင်း
03:34-ဖယ်ခုံမြို့ကျေးရွာတချို့မှာ ကလေးငယ်နဲ့ ဒေသခံတွေ အရေပြားရောဂါ ဖြစ်ပွားတဲ့သတင်း…

👍3🔥1
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ...
https://www.youtube.com/watch?v=QA1lx6qZaCQ
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ...
https://www.youtube.com/watch?v=QA1lx6qZaCQ
YouTube
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင…

အာဖဂန်ငလျင်ကြောင့် သေဆုံးသူအများစုမှာ အမျိုးသမီးနဲ့ကလေးငယ်တွေဖြစ်#reels #shorts
အာဖဂန်ငလျင်ကြောင့် သေဆုံးသူအများစုမှာ ...
https://www.youtube.com/watch?v=Klv0htlg4Aw

အာဖဂန်ငလျင်ကြောင့် သေဆုံးသူအများစုမှာ အမျိုးသမီးနဲ့ကလေးငယ်တွေဖြစ်
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်…

👍4🔥1😁1
ဂါဇာရှိ ဟားမတ်စ်တို့ကို လုံးလုံးလျားလျား ချေမှုန်းဖျက်ဆီးပစ်မည်ဟု အစ္စရေး ကြုံးဝါး
ဟားမတ်စ် စစ်သွေးကြွအဖွဲ့၏ ရဲတင်းသော အလစ်အငိုက် တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးနောက် အစ္စရေးက ဂါဇာကမ်းမြှောင်ရ.....
https://ift.tt/CaoEPTf

ပဲခူးတွင် ရေအနည်းငယ် ပြန်ကျနေသော်လည်း အကူအညီများလိုအပ်လျက်ရှိ
================
YT
(မဇ္ဈိမ)။ ။ မိုးရွာသွန်းမှုများ၍ ပဲခူးမြစ်ရေလျှံကာ မြို့ပေါ် ရပ်ကွက် အားလုံးနီးပါး ရေနစ်မြုပ်နေသည့် ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့၌ ရေကျဆင်းလာပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့မှစတင်၍ ပဲခူးမြို့တွင် မိုးရွာသွန်းမှုများကြောင့် မြစ်ရေ၊ ချောင်းရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အားလုံးနီးပါး၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခြင်း ငါးရက်အကြာ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပဲခူးမြို့ပေါ် အမြင့်ပိုင်း ရပ်ကွက်အချို့၌ ရေအနည်းငယ် ပြန်ကျ၍ လူသွားလာနိုင်ပြီဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်အချို့တွင်မူ ရေကြီးနစ်မြုပ်မှု ဆက်လက်ကျန်ရှိနေဆဲဖြစ်၍ လူတရပ်ပင် မမှီသေးသည်အထိ ရေကြီးနေဆဲနေရာများလည်း ရှိသေးကြောင်း သိရသည်။
လက်ရှိတွင် ပဲခူးမြို့ပေါ်မှ ရေဘေးသင့်ပြည်သူများအတွက် ယာယီအရေးပေါ်ကူညီကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ထားရပြီး ကယ်ဆယ်ရေးစခန်းများသို့ မရောက်ဘဲ ရေနစ်မြုပ်နေသည့် နေအိမ်အတွင်း၌ပင် နေနေရသည့် ဒေသခံများလည်း ရှိကြောင်း၊ ပဲခူးမြို့ပေါ်တွင် ရေဘေးသင့်ပြည်သူ သောင်းနှင့်ချီ ရှိကြောင်း သိရသည်။
" ကယ်ဆယ်ရေးစခန်းတွေမှာက အစိုးရအဖွဲ့တွေ အုပ်ချုပ်ရေးပိုင်းကသူတွေက တာဝန်ယူပြီးတော့ တအိမ်တထုပ် တထုပ်နဲ့ တာဝန်ယူထားတာ။ ဒီ ပရဟိတအသင်းတွေကျတော့ ရေနက်တဲ့နေရာတွေမှာ ကိုယ်တိုင်ကိုယ်ကျ ကယ်ဆယ်ရေးသွားတယ်၊ လိုက်လှူတယ် လှေလေးတွေနဲ့လေ၊ တောက်လျှောက်သွားနေတယ်" ဟု ဟံသာဝတီ(မွန်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ပဲခူးမြို့ရှိ ရေဘေးသင့်ပြည်သူများအနေဖြင့် နေအိမ်ပြန်ရန် သုံးရက်ဝန်းကျင် ကြာမြင့်ဦးမည်ဖြစ်ပြီး အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။
" လက်ရှိ လိုအပ်နေတဲ့အရာတွေကတော့ စောင်၊ ခြင်ထောင်၊ အဝတ်အစား၊ ဓာတ်ဆား၊ ဆေးဝါး အဲ့ဒါလေးတွေကတော့ အဓိက လိုအပ်နေပါတယ်ဗျ။ ကျွန်တော်ထင်တာတော့ ရေပြန်ကျပြီး ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန်နိုင်ဖို့ သုံးရက်လောက် လိုပါဦးမယ်" ဟု မေတ္တာရွှေစင် ပရဟိတအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၎င်း၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေ သုံးလက်မခန့် မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၌ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်သကဲ့သို့ နေရာကွက်၍လည်း မိုးကြီးနိူင်ကြောင်း၊ ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ- ပဲခူးမြို့ပေါ် ရေကြီးမှုမြင်ကွင်းအချို့ (ဓါတ်ပုံ- လူမှုကွန်ယက်)
#mizzima
#မိုးဇလ
#ပဲခူးမြစ်ရေ
#ဟံသာဝတီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍8😁2
စစ်အာဏာသိမ်းပြီး လပေါင်း ၃၀ ကျော်အတွင်း ချင်းလူမျိုး ၅၀၀ ကျော် အသက်ဆုံးရှုံး
===============
ပါခွီး
(မဇ္စျိမ)။ ။မြန်မာနိုင်ငံတွင် စစ်တပ်က ဥပဒေမဲ့ အာဏာလုယူပြီးနောက် လူအခွင့်အရေးချိုးဖောက်မှုနှင့် နည်းမျိုးစုံဖြင့်သတ်ဖြတ်မှုတို့ကြောင့် ချင်းလူမျိုး ၅၂၈ ဦးသေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်မှုများ ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ ၃၂ လအတွင်း ချင်းလူမျိုး အရပ်သား ၂၁၇ ဦး နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၁၁ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
“အခုအစီရင်ခံစာက ပြည်တွင်းမှာရှိတဲ့ဝန်ထမ်းတွေ ကောက်ယူထားတဲ့ အချက်အလက်တွေကို ဒေသခံ တွေ အတည်ပြုထားတာတွေပါ။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်ပေါ်မူတည်ပြီး ဒေသခံ တွေရဲ့ပြောဆိုချက်တွေကို ပြန်စိစစ်ပြီး အတည်ပြုထားတဲ့စာရင်းတွေဖြစ်ပါတယ်။ ဒီအချက်အလက်တွေ က ချင်းပြည်နယ်တခုလုံးကို လွှမ်းခြုံနိုင်ပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံ ကမဇ္စျိမကိုပြောသည်။
ယခုကဲ့သို့ဖြစ်စဉ်များသည် ချင်းလူမျိုးတခုတည်းသာမဟုတ်ဘဲ မြန်မာနိုင်ငံရှိ မျိုးနွယ်စုအားလုံး တွေ့ကြုံ ခံစားနေရခြင်းဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လက်ပိုက်ကြည့်နေပြီး ထုတ်ပြန်ချက်ထုတ် ပြန်နေရုံမကဘဲ ထိရောက်သော အရေးယူမှုများ အမြန်ဆုံးပြုလုပ်သင့်ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ လက်နက်ကြီးနှင့် ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသူအရပ်သား ၂၁၇ ဦးတွင် အမျိုးသမီး ၃၈ ဦး နှင့် အမျိုးသား ၁၇၉ ဦးရှိကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
အရပ်သားသေဆုံးမှုအတွင်း အသက် ၁၈ နှစ်အောက် မိန်းကလေး လေးဦးနှင့် ယောကျ်ားလေး ၂၀ ဦးဖြစ် ပြီး စုစုပေါင်း ၂၄ ဦး ပါဝင်ကြောင်းသိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံသည့် ချင်းအမျိုးသားများ နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၇၅၀ နီးပါးဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီး ၁၅ ဦး နှင့် အမျိုးသား ၂၉၆ ဦး စုစုပေါင်း ၃၁၁ ဦး ကျဆုံးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ကျဆုံးသူများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၃ ဦး၊ သက်သေဖျောက် သည့်အနေဖြင့် အလောင်းမီးရှို့ဖျက်ဆီးခံရသူ ကိုးဦး၊ ဒဏ်ရာရရှိပြီး ဆေးဝါးကုသခွင့်မရရှိမှုကြောင့် ၁၈ ဦးနှင့် တိုက်ပွဲများအတွင်းကျဆုံးသူ ၂၃၅ ဦးရှိကြောင်း သိရသည်။
ချင်းလူမျိုးများသေဆုံးမှုတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဓမ္မအမှုတော်ဆောင်ဆရာတော် ငါးပါး နှင့် အသင်းထောက်လူကြီးသုံးဦး သတ်ဖြတ်ခံရမှုပါဝင်သလို ချင်းအမျိုးသမီးခြောက်ဦးကို စစ်ကောင်စီ တပ်သားများက အုပ်စုဖွဲ့၍ မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုလည်းပါဝင်ကြောင်း အစီရင်ခံစာကဆိုသည်။
၎င်းအပြင် ချင်းပြည်နယ်အတွင်းနှင့် ပြင်ပများရှိ ချင်းလူမျိုးများပိုင်ဆိုင်သော လူနေအိမ်နှင့် အဆောက် အဦး ၂၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ဘာသာရေးအဆောက်အဦး ၁၀၁ ခု ထက်မနည်း ဖျက်ဆီးခံရ ကြောင်း သိရသည်။
ယခုကဲ့သို့ ချင်းလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်များ ရင်းနှီးခဲ့ရမှုအပေါ် နိုင်ငံရေးအကျိုးအမြတ်များ ရရှိခံစားနိုင်စေရန် နိုင်ငံရေးအချိုးအကွေ့များတွင် ချင်းတော်လှန်ရေးအား မည်သို့ပြုလုပ်သင့်သည့်ကို တော်လှန်ရေးခေါင်းဆောင်များ စဥ်းစားသင့်ကြောင်း ဆလိုင်းဗန်ဆွီးစံက တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသဖြင့် အထိအခိုက်အသေ အပျောက်နည်းပါးစေရန် ပြည်သူများအနေဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး လေကြောင်း ရန် အကာကွယ်များပြုလုပ်ထားရန် လိုအပ်ကြောင်း ICA လက်ထောက်ညွှန်ကြားရေးမှူးက ဆက်ပြောသည်။
စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင် သာလွန်အင်အားသုံး၍ အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေ သဖြင့် ချင်းအမျိုးသားများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော အသက်ရှင်နေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကိုး ကွယ်ခွင့်၊ ဘေးကင်းလုံခြုံခွင့်များ ဆုံးရှုံးလျက်ရှိနေကြောင်း ဆိုသည်။
စစ်ကောင်စီတပ်သည် ဂျနီဗာသဘောတူညီချက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း များကိုဆန့်ကျင်ပြီး ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်နေသဖြင့် နိုင်ငံတကာဥပဒေအရ ပြင်းထန်စွာ အရေးယူ နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ICA အနေဖြင့် ပုံမှန်အချက်အလက် သက် သေများပေးပို့ခြင်းနှင့် လက်တွဲဆောင်ရွက်နိုင်ရန် စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်
ပုံအညွှန်း - ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သင်္ဂြိုလ်နေစဥ်
ဓါတ်ပုံ - ချင်းအမျိုးသားအဖွဲ့ချုပ်
#ချင်းလူမျိုး
#ချင်းရေးရာအဖွဲ့ချုပ်(ICA)
#လူအခွင့်အရေးချိုးဖောက်မှု

❤5😢3🔥1
စစ်ကောင်စီက သယ်ယူခွင့်ကန့်သတ်ထား၍ တနင်္သာရီမြို့နယ်အတွင်းမှ ကျေးရွာအချို့ ဆန်ပြတ်လပ်
🔥4🤬2😱1😢1

=================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက သယ်ယူခွင့် ကန့်သတ်ထား၍ ဆန်ပြတ်လပ်မှုကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်း၊ သကျက်၊ ၆ မိုင်၊ ဘန်လော၊ ဘန်လင်၊ သမီးလှနှင့် မရင်းကြီး စသည့်ကျေးရွာများမှ ဒေသခံများ ဆန်သယ်ယူလာပါက စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ကန့်သတ် စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။
“အခုက ဆိုင်သမားတွေရော အရပ်သားတွေပါ ဆန်ဝယ်ရင် တော်တော်လေးကို ခက်ခဲတဲ့အနေအထား ဖြစ်နေတာ။ အဓိကတော့ ရွာတွေဖက်ကို သယ်ယူခွင့်ပိတ်ခံထားရတာမျိုး ဖြစ်နေတယ်”ဟု ညောင်ပင် ကွင်းကျေးရွာမှ အမျိုးသားတဦးကပြောသည်။
တနင်္သာရီမြို့ပေါ်တွင်နေထိုင်သူများအား ဆန်ဝယ်ခွင့်ကန့်သတ်မှုမရှိသော်လည်း ကျေးရွာနေ ပြည်သူများ ကို ပြန်လည်ရောင်းချသူများအား တခေါက်လျှင်တအိတ် သယ်ယူခွင့်ပြုထားသလို သာမန် အရပ်သားများ ကိုလည်း တအိတ်သာသယ်ယူခွင့်ပြုထား၍ လုံလောက်မှုမရှိသည့် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။
“ဆန်အိတ်က လိုသလောက်သယ်ခွင့်မရဘူး၊ ရွာမှာက အဆင်မပြေတဲ့သူတွေလည်းရှိနေတော့ ခိုးရောင်း နေရတယ်”ဟု သကျက်ကျေးရွာမှ ကုန်စုံဆိုင်င်ရှင် အမျိုးသမီးတဦးက ပြောသည်။
စစ်ကောင်စီက ကျေးရွာများကို ဆန်သယ်ခွင့်ကန့်သတ်ချက်ကြောင့် ဆန်ပြတ်လပ်မှုကြုံနေရသည့်အပြင် ကန့်သတ်ထားသည့်ထက် ပိုသယ်မိ၍ သိမ်းဆည်းခံရသူများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။
“ဆိုင်ကယ်တစီးကို ဆန်တအိပ်ပဲ တင်ခွင့်ရှိတယ်။ ကုန်ကားတွေရော ခရီးသည်တင်ကားတွေမှာပါ ဆန် တင်ခွင့် လုံးဝ မရတော့ဘူး”ဟု မရင်းကြီးကျေးရွာမှ အမျိုးသမီးတဦးကလည်း ပြောသည်။
ထို့ပြင် ဆန်သယ်ယူမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်များက အမည်စာရင်းတောင်းယူခြင်း၊ ဆန်အိတ်သယ်ယူမှု အကွာအဝေးအပေါ်မူတည်ပြီး စစ်ဆေးမေးမြန်းခံရမှုများလည်း ရှိနေကြောင်း သိရ သည်။
လက်ရှိ တနင်္သာရီမြို့ပေါ်တွင် ဆန်တအိတ်ကို ကျပ် ၇၀,၀၀၀ ကျော်ပေါက်ဈေးရှိပြီး ကျေးရွာများတွင် စစ်ကောင်စီ၏ ကန့်သတ်မှုကြောင့် ၉၀,၀၀၀ ကျော်မှ ၁၀၀,၀၀၀ နီးပါး အထိပေး ဝယ်ယူနေရကြောင်း ဒေသခံများကပြောသည်။
တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသောမြို့နယ်ဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသလည်းဖြစ်သည်။
(ပုံစာ -တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာအား တွေ့ရစဉ်)
စာတည်း။ ။စောဖေ
#တနင်္သာရီမြို့နယ်
#ဆန်ပြတ်လပ်မှု
#သယ်ယူခွင့်ကန့်သတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက သယ်ယူခွင့် ကန့်သတ်ထား၍ ဆန်ပြတ်လပ်မှုကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ ညောင်ပင်ကွင်း၊ သကျက်၊ ၆ မိုင်၊ ဘန်လော၊ ဘန်လင်၊ သမီးလှနှင့် မရင်းကြီး စသည့်ကျေးရွာများမှ ဒေသခံများ ဆန်သယ်ယူလာပါက စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ကန့်သတ် စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။
“အခုက ဆိုင်သမားတွေရော အရပ်သားတွေပါ ဆန်ဝယ်ရင် တော်တော်လေးကို ခက်ခဲတဲ့အနေအထား ဖြစ်နေတာ။ အဓိကတော့ ရွာတွေဖက်ကို သယ်ယူခွင့်ပိတ်ခံထားရတာမျိုး ဖြစ်နေတယ်”ဟု ညောင်ပင် ကွင်းကျေးရွာမှ အမျိုးသားတဦးကပြောသည်။
တနင်္သာရီမြို့ပေါ်တွင်နေထိုင်သူများအား ဆန်ဝယ်ခွင့်ကန့်သတ်မှုမရှိသော်လည်း ကျေးရွာနေ ပြည်သူများ ကို ပြန်လည်ရောင်းချသူများအား တခေါက်လျှင်တအိတ် သယ်ယူခွင့်ပြုထားသလို သာမန် အရပ်သားများ ကိုလည်း တအိတ်သာသယ်ယူခွင့်ပြုထား၍ လုံလောက်မှုမရှိသည့် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။
“ဆန်အိတ်က လိုသလောက်သယ်ခွင့်မရဘူး၊ ရွာမှာက အဆင်မပြေတဲ့သူတွေလည်းရှိနေတော့ ခိုးရောင်း နေရတယ်”ဟု သကျက်ကျေးရွာမှ ကုန်စုံဆိုင်င်ရှင် အမျိုးသမီးတဦးက ပြောသည်။
စစ်ကောင်စီက ကျေးရွာများကို ဆန်သယ်ခွင့်ကန့်သတ်ချက်ကြောင့် ဆန်ပြတ်လပ်မှုကြုံနေရသည့်အပြင် ကန့်သတ်ထားသည့်ထက် ပိုသယ်မိ၍ သိမ်းဆည်းခံရသူများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။
“ဆိုင်ကယ်တစီးကို ဆန်တအိပ်ပဲ တင်ခွင့်ရှိတယ်။ ကုန်ကားတွေရော ခရီးသည်တင်ကားတွေမှာပါ ဆန် တင်ခွင့် လုံးဝ မရတော့ဘူး”ဟု မရင်းကြီးကျေးရွာမှ အမျိုးသမီးတဦးကလည်း ပြောသည်။
ထို့ပြင် ဆန်သယ်ယူမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်များက အမည်စာရင်းတောင်းယူခြင်း၊ ဆန်အိတ်သယ်ယူမှု အကွာအဝေးအပေါ်မူတည်ပြီး စစ်ဆေးမေးမြန်းခံရမှုများလည်း ရှိနေကြောင်း သိရ သည်။
လက်ရှိ တနင်္သာရီမြို့ပေါ်တွင် ဆန်တအိတ်ကို ကျပ် ၇၀,၀၀၀ ကျော်ပေါက်ဈေးရှိပြီး ကျေးရွာများတွင် စစ်ကောင်စီ၏ ကန့်သတ်မှုကြောင့် ၉၀,၀၀၀ ကျော်မှ ၁၀၀,၀၀၀ နီးပါး အထိပေး ဝယ်ယူနေရကြောင်း ဒေသခံများကပြောသည်။
တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသောမြို့နယ်ဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသလည်းဖြစ်သည်။
(ပုံစာ -တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာအား တွေ့ရစဉ်)
စာတည်း။ ။စောဖေ
#တနင်္သာရီမြို့နယ်
#ဆန်ပြတ်လပ်မှု
#သယ်ယူခွင့်ကန့်သတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍4🔥2🤬2❤1😢1
ရေစကြိုမှာ စစ်ကောင်စီ၏ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
=============
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့ မြို့မ ရဲစခန်းမှ ခြေလျင်ထွက်လာသည့် အင်အား ၃၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ၁၂ လုံးမိုင်းတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းတွင် ခြေလျင်ထွက်လာသည့် အဆိုပါ စစ်ကြောင်းကို ရေစကြိုမြို့ အထွက်နားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ ရေစကြိုမြို့အထွက် ကခွားနီးစိုက်ပျိုးရေးခြံနားမှာ ၁၂လုံးတွဲမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဒီကောင်တွေ ခြောက်ယောက်လောက်အပြင်းအထန်ဒဏ်ရာရသွားတယ်၊ အဲ့နားမှာပဲ ပြည်သူတွေ စီးလာတဲ့ ကားတွေကိုတားပြီး ဒဏ်ရာရတဲ့ကောင်တွေကို ဆေးရုံကိုခေါ်သွားတယ်လို့ သိရတယ်” ဟုပြောသည်။
ပြီးခဲ့သည့် နှစ်ရက် သုံးရက်မှ စတင်၍ ပခုက္ကူဘက်မှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ရေစကြိုမြို့သို့ ပို့ဆောင်ကာ အင်အားတိုးချဲ့နေပြီး လက်ရှိအချိန်တွင် ရေစကြိုမြို့နယ်အတွင်းရှိ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေကြောင်း ရေစကြို ပကဖ တာဝန်ရှိသူက ဆိုသည်။
၎င်းက “ မနေ့ ည (အောက်တိုဘာ ၁၁ ရက်နေ့) ညပိုင်းက ရေစကြို ဆိပ်ကမ်းကနေ မြစ်အရှေ့ဘက်ကို မော်တော်တွေနဲ့ ကူးသွားပြီး အခုရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေပြီ” ဟုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားရာ ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တခုက သွားရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ ဝင် သုံးဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။
ပုံအညွှန်း-ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များကို တွေ့ရစဉ်
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရေစကြိုမြို့
#မိုင်းဆွဲ

👍11🔥1🥱1