ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်အမျိုးသမီးသေဆုံး ၈ ဦး ဒဏ်ရာရ
==================
YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ် တဦးသေဆုံး၍ ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် ညောင်လေးပင်ခရိုင်အတွင်း အခြေစိုက်၊ အထိုင်ချနေသည့် စစ်ကောင်စီတပ်စခန်းများ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်၊ သေဆုံးခြင်းဖြစ်ကြောင်း KNU က ဆိုသည်။
" တိုက်ပွဲမဖြစ်ပါဘူး၊ ရမ်းသန်းပစ်နေတာ။ ဒီလိုပဲ တနေကုန် ထုနေတာပဲ။ အခုဆို ဈေးတွေမှာလည်း လိုက်ပတ်တယ်။ အဝေးကနေ ဈေးလာဝယ်တဲ့သူဆိုလည်း စစ်တယ်" ဟု ကျောက်ကြီးမြို့နယ် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ ၁၅၅ မမ အမျိုးအစားလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ ရွာကန့်လန့်ကျေးရွာမှ ကလေးငယ် တဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရခဲ့ပြီး နွားနှစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။
" ထိုးဝါးစိုက်ကျေးရွာအုပ်စု၊ ရွာကန့်လန့်ကျေးရွာကပါ။ ကလေးရယ်၊ အမေရယ်၊ သူ့အဖေရယ်လို့တော့ သိရပါတယ်။ ကျွန်တော်တို့ရောက်သွားတော့ လူနာတွေကို ဆေးရုံခေါ်သွားပါပြီ။ နွားနှစ်ကောင်သေပြီး တကောင်ဒဏ်ရာရပါတယ်"ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ထိခိုက်ဒဏ်ရာရသူများမှာ ရွာကန့်လန့်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ်ရှိ စောပွါးစေး၊ အသက် ၃၀ နှစ်အရွယ်ရှိ နော်လားဒူးနှင့် ၎င်းတို့၏ သမီးဖြစ်သူ အသက် နှစ်နှစ်အရွယ်ရှိ နော်ကဲဘလုမူးတို့ဖြစ်သည်။
အဆိုပါနေ့တွင်ပင် မုန်းမြို့နယ်၌လည်း စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၀၇)နှင့် ခမရ (၄၃၉)တို့မှ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ်တဦး သေဆုံး၍ ဆရာတော်တပါးအပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
လက်နက်ကြီးထိမှန် သေဆုံးသူမှာ မုန်းမြို့နယ်၊ ကျော်လှကျေးရွာနေ အသက် ၁၄ နှစ်အရွယ်ရှိ မယုရတီနိုင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများမှာ မုန်းမြို့နယ်၊ သနပ်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော် ၇၄ နှစ်ရှိ ကျောင်းတိုက်ဆရာတော် ဦးကောဝိတ၊ နန္ဒမိတ်ကျေးရွာမှ အသက် ၆၀ အရွယ်ရှိ ဦးတင်ထွန်း၊ အသက် ၅၈ နှစ်အရွယ်ရှိ ဒေါ်မြင့်ဌေး၊ အသက် ၃၅ နှစ်အရွယ်ရှိ ဒေါ်မာလာ၊ အသက် နှစ်နှစ်အရွယ်ရှိ မောင်ပြည့်စုံတို့ ဖြစ်သည်။
ထိခိုက်ဒဏ်ရာရသူများအား KNU ကျေးလက်ဆေးပေးခန်းများမှ ဆေးကုသမှု ပြုလုပ်ပေးထားပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။
" အိမ်တလုံးထဲကို ကျတာ။ အိမ်လည်း ပျက်စီးတာပဲ။ လက်နက်ကြီးအစတွေ ထိတာပေါ့ လူတွေက ၊ အခု မစိုးရိမ်ရတော့ဘူး ဆေးကုထားပြီလေ" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ဒေသခံများ လက်နက်ကြီး ထိမှန်၍ သေဆုံး၊ ထိခိုက်မှု ဖြစ်ပေါ်နေသည့် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေတွင်း တည်ရှိသည်။
KNU တပ်မဟာ (၃) နယ်မြေသည် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိရာ နယ်မြေဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#KNLA
#PDF
ပုံအညွှန်း- စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ဒဏ်ရာရသူအချို့နှင့် ပျက်စီးမှုများ (ဓါတ်ပုံ- KNU)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍13🤬5🔥2😢2
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်
================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီက စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက်ပွဲကို အောက်တိုဘာလ ၁၂ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
အောက်တိုဘာလ ၉ရက်နေ့က ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရ၍ သေဆုံးသွားသူများအတွက် ဝမ်းနည်း ကြေကွဲရပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သပိတ်ကော်မတီက ဆိုသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၃၃ ရက်မြောက်ဖြစ်ကြောင်းသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#သပိတ်စစ်ကြောင်း
ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ် (ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

👍10❤2🔥1😁1
မုန်လိုင်ခက်တိုက်ခိုက်မှု စစ်ခေါင်းဆောင်က “မလုပ်ရဲတာ ဘာမှမရှိ” စကားကို အကောင်အထည်ဖော် ခြင်းဟု CNF ဆို
===============
ပါခွီး
(မဇ္စျိမ)။ ။ကချင်ပြည်နယ်၊ လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုသည် စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မလုပ်ရဲတာဘာမှမရှိ” ဟု ပြောခဲ့သည့်စကားကို လက်တွေ့ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)မှ အောက်တိုဘာလ ၁၁ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။
ယင်းသို့တိုက်ခိုက်မှုကို စက်ဆုပ်ဖွယ်ရာလုပ်ရပ်ဖြစ်ပြီး အင်မတန်ကြီးလေးသော စစ်ရာဇဝတ်မှုကို ချိုး ဖောက်ခြင်းဖြစ်သည့် လူမျိုးသုဥ်းသတ်ဖြတ်မှုဖြစ်သည်ဟု CNF က ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့က မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ရည် ရွယ်ချက်ရှိရှိ အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့သည့်အပေါ် CNF က အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဗုံးကြဲပစ်ခတ်မှုကြောင့် ကလေးသူငယ်နှင့်အမျိုးသမီးများအပါအဝင် ဒေသခံ ၃၀ ကျော် အသက် ဆုံးရှုံးခဲ့ပြီး ၅၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သဖြင့် နစ်နာသူ အပြစ်မဲ့ပြည်သူများ၊ ကချင်ပြည်သူများနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ဆိုသည်။
အကြမ်းဖက်မှုကို ကျူးလွန်နေသော စစ်ကောင်စီအုပ်စုအား နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းပြီး ဖယ်ကြဉ်၊ ကန့်ကွက် အပြစ်ပေးကြပါရန် CNF က တောင်းဆိုထားသည်။
ပြည်သူ၏ရန်သူဖြစ်သော စစ်ကောင်စီကို ကချင်ညီနောင်များနှင့်အတူ ဆက်လက်တိုက်ခိုက်ချေမှုန်းသွား မည်ဖြစ်ပြီး နိုင်ငံရေးခံယူချက် ဦးတည်ချက်တူသော တိုင်းရင်းသားညီနောင်မဟာမိတ်များ၊ NUG အစိုးရ ၊ နွေဦးလက်နက်ကိုင်အင်အားစုများနှင့်အတူ ပြည်သူလူထုဖက်မှရပ်တည်ပြီး အဆုံးတိုင် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး၏ကြေညာချက်တွင် ဖော်ပြထားသည်။
မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုအပြီး နောက်ရက် အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်နှင့် ၂ နာရီ ၅၈ မိနစ်တို့တွင် စစ်ကောင်စီက ချင်းပြည်နယ် ထန်တလန်မြို့ကို လေယာဥ် ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဒေသခံများနေထိုင်ခြင်းမရှိသည့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ သာနေထိုင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းမှ နှစ်ကြိမ်၊ ဗုံးခြောက်လုံးကြဲချခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရကြောင်း သတင်းရင်းမြစ်က ပြောကြားသည်။
စာတည်း။ ။စောဖေ
#ကချင်ပြည်နယ်
#မုန်လိုင်ခက်တိုက်ခိုက်မှု
#ချင်းအမျိုးသားတပ်ဦး(CNF)

👍7🤮7❤1🔥1🥰1
ယူကရိန်းအရှေ့ပိုင်းမြို့တစ်ဝိုက်မှာ ခြေကုပ်ယူမှုပိုမိုအားကောင်းလာကြောင်း ရုရှားပြော
ယူကရိန်းအရှေ့ပိုင်းမြို့တစ်ဝိုက်မှာ ...
https://www.youtube.com/watch?v=WZoRRGY6Jfk

YouTube
ယူကရိန်းအရှေ့ပိုင်းမြို့တစ်ဝိုက်မှာ ခြေကုပ်ယူမှုပိုမိုအားကောင်းလာကြောင်း ရုရှားပြော
ယူကရိန်းအရှေ့ပိုင်းမြို့တစ်ဝိုက်မှာ ခြေကုပ်ယူမှုပိုမိုအားကောင်းလာကြောင်း ရုရှားပြော
#InternationalNews#reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍2🔥1
စစ်တောင်းမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသစိုးမိုးရေး စစ်ဆင်ရေးများဆောင်ရွက်နေ ဟု NUG ပြော
===================
001
(မဇ္စျိမ)။ ။စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ခိုက်နိုင်ရန် စစ်ဆင်ရေးကြီးများကို ဆောင်ရွက်နေပြီး အဓိကစစ်ဆင်ရေးများအနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသ စိုးမိုးရေး စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကပြောသည်။
အောက်တိုဘာလ ၁၁ ရက်နေ့က နွေဦးတော်လှန်ရေးသတင်းများနှင့်ပတ်သက်ပြီး ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီစစ်ဆင်ရေးတွေအနေနဲ့က ရန်သူ့စိုးမိုးနယ်မြေတွေကို ထိုးဖောက်ပြီးတော့ ဝင်ရောက်တိုက်ခိုက်ရတဲ့ စစ်ဆင်ရေးတွေဖြစ်တဲ့အတွက် မဟာဗျူဟာအရ ကျွန်တော်တို့အတွက် အင်မတန်ကို အရေးကြီးတဲ့ စစ်ဆင်ရေးတွေလို့လည်း ပြောလို့ရပါတယ်” ဟုဆိုသည်။
လက်ရှိတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း၏ အနောက်ဘက်ခြမ်းဖြစ်သည့် စစ်တောင်းမြစ်ဝှမ်းဒေသ စိုးမိုးရေးကို ဆောင်ရွက်နေပြီဖြစ်သကဲ့သို့ ပဲခူးတိုင်းအနောက်ဘက်ခြမ်းနှင့် မကွေးတိုင်း၏ ဒေသအချို့ ပါဝင်သည့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသ စိုးမိုးရေးအတွက်ကိုလည်း စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။
စစ်ဆင်ရေးနယ်မြေနှစ်ခု၏အလယ်တွင် မဟာဗျူဟာအရအလွန်အရေးပါသည့် ပဲခူးရိုးမရှိပြီး အဆိုပါ ပဲခူးရိုးမဒေသကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနှင့် မဟာမိတ်တော်လှန်ရေး အင်အားစုများ က ထိုးဖောက်ဝင်ရောက်ပြီး စခန်းသိမ်းတိုက်ပွဲများ၊ စစ်ကောင်စီ၏ စစ်ကြောင်းအား ကြားဖြတ် တိုက်ခိုက် ခြင်းတို့ ဆောင်ရွက်နိုင်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ဦးမောင်မောင်ဆွေက “အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသကို စိုးမိုးနိုင်ဖို့ နည်းမျိုးစုံနဲ့ ပြန်လည်လုပ်ဆောင်နေပေမယ့်လည်း ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သား တွေသာ ပိုမိုပြီးတော့ ထိုးဖောက်ဝင်ရောက်လာနိုင်တယ်။ ပိုမိုပြီးတော့ စိုးမိုးလာနိုင်နေပြီဆိုတာလည်း ထပ်လောင်းပြီးတော့ တင်ပြချင်ပါတယ်”ဟု ပြောသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်းတွင်ရှိသည့် စစ်ကောင်စီ၏ ခါချဉ်တောင်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ဘီးချောင်းကုန်းကို စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ပြီး ၁၆ ဦးကို ချေမှုန်းနိုင်ခဲ့ခြင်းနှင့် အမြန်လမ်း ၁၆၂ မိုင်တွင်ရှိသည့် ဆိတ်ဖူးတောင်စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
စာတည်း။ ။စောဖေ
#စစ်တောင်းမြစ်ဝှမ်းဒေသ
#ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသ
#နယ်မြေစိုးမိုးရေး
#စစ်ဆင်ရေး

👍10😁2
တနင်္သာရီမြို့အခြေစိုက် (၅၅၈) ခြေမြန်တပ်ရင်းကို KNLAနှင့်PDF ဒရုန်းဖြင့်တိုက်ခိုက်
===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီမြို့အခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန် တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) နှင့်တနင်္သာရီတိုင်းစစ်ဆင်ရေးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
အမှတ် (၅၅၈) ခြေမြန်တပ်ရင်းကို အောက်တိုဘာလ ၁၀ ရက် နံနက် ၁၁ နာရီနှင့်ညနေ၃ နာရီခွဲတွင် ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်အား ထိမှန်ခဲ့၍ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများရှိနိုင်ကြောင်းတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေး အဖွဲ့ကထုတ်ပြန်ထားသည်။
“စစ်ကောင်စီဘက်က တော်လှန်ရေးနယ်မြေတွေကို ဦးတည်ချက်ထားပြီးစစ်ကြောင်းထိုးတာတွေ လုပ်လာတယ်။ စစ်ကြောင်းထိုးလာတယ်ဆိုရင် သူတို့ရဲ့ ခြေကုပ်တပ်ရင်း တပ်ဖွဲ့တွေကို အသေချာကာကွယ်နိုင်ပြီလားဆိုတဲ့ မေးခွန်း ရှိလာတယ်ပေါ့။ ဒါကို စမ်းသပ်တဲ့အနေနဲ့ တပ်ရင်းကို ဦးတည်ပြီး တိုက်ခိုက်တာ" ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူစတားက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၁၁)၊ တနင်္သာရီတိုင်းစစ်ဆင်ရေးဌာန၏ လက်ရုံးတပ်ဖွဲ့၊ လေ့ကျင့်ရေးနှင့်နည်းပညာဌာန၏မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon Squad)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း (၂)၊တပ်ခွဲ (၂)၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဟုသိရသည်။
စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းအဖွဲ့ဘက်မှထိခိုက်မှုမရှိကြောင်း စတားကဆိုသည်။
တနင်္သာရီမြို့နယ်အပြင်တိုင်းအတွင်း စစ်ရေးတင်းမာနေသည့် မြို့နယ်များ၌ ပြည်သူများအနေဖြင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များထုတ်ပြန်ထားသည့် စစ်ရေးဆိုင်ရာအသိပေးချက်များကို လိုက်နာပေးရန် တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။
စာတည်း - အေးချမ်း
#mizzima
#တနင်္သာရီမြို့
#(၅၅၈)ခြေမြန်တပ်ရင်း
#KNLA
#PDF
ဓါတ်ပုံ - လေ့ကျင့်ရေးနှင့်နည်းပညာဌာန၏မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon Squad) ပုံ

👍8🥱2❤1👏1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍2😁1🤮1
ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာထွက်ပြေး
=======================
ဓါတု
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၌ ယနေ့ အောက်တိုဘာလ ၁၂ နေ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး ထောင်နှင့်ချီသော အရပ်သားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ရေလယ်ကျွန်းဒေသမှ စစ်ရှောင်များသည် စက်လှေများဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
“ရွာထဲ လူမကျန်သလောက်ပဲပြေးကြတာ၊ စက်လှေတွေနဲ့ မနက်ခင်းက အကုန်ပြေးကြတာ။ မနက် ၃ နာရီလောက်ကတည်းက စခတွေ(စစ်ကောင်စီ)အင်အားလာချဖို့ပြင်နေတာ” ဟု ရေလယ်ကျွန်းဒေသခံ တဦးက မဇ္စျိမကို ပြောသည်။
ယနေ့ အောက်တိုဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြင်းခြံဘက်မှ မြောင်အစပ်နားရှိ ရေလယ် ကျွန်းမြောက်ဘက်ခြမ်းသို့ အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသတွင်း မဟာမိတ်အင်အားစုများမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက မဇ္စျိမကို ပြောသည်။
“မနက်က လက်နက်တွေတင်လာတဲ့ စက်လှေအကြီးသုံးစီး အင်အားအပြည့်နဲ့ ရေလယ်ကျွန်းဘက်လာ ချတာ ဒီကောင်တွေထွက်လာတာနဲ့ ကျွန်တော်တို့ လေးနေရာခွဲပြီးစတိုက်တော့ သူတို့( စစ်ကောင်စီ) ဘက်က လက်နက်ကြီးတွေနဲ့အတန်းလိုက်ပစ်တယ်၊ သူတို့ဘက်က ကျွန်တော်တို့ကို မမြင်ဘူး၊ ကျွန်တော် တို့ဘက်က သူတို့ကို အကုန်မြင်ရတယ်” ဟု ဗိုလ်မိုက်ခဲက ပြောသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦး သေဆုံးကြောင်း ၎င်းကပြောဆိုပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
ထို့ပြင် ရေလယ်ကျွန်းတောင်ဘက်အခြမ်း ကျောက်ဖူးကျေးရွာရှိ ရိပ်သာကျောင်းကိုလည်း ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) များ ခိုလှုံနေကြသည် အထင်ဖြင့် စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့သွားကြောင်း ဒေသခံများက ဆိုသည်။
ရွာပေါင်း ၄၄ ရွာရှိသည့် ရေလယ်ကျွန်းဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလကလည်း စစ်ကောင်စီတပ်က ရွာထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် တောင်ယာလုပ်ကိုင်သူ အမျိူးသမီးတဦး ထိခိုက်ဒဏ်ရာ များ ရရှိခဲ့သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ရေလယ်ကျွန်း
#တိုက်ပွဲဖြစ်
#ဒေသခံထောင်ချီထွက်ပြေး
#mizzima
ပုံ - ယနေ့ စစ်ကောင်စီမှ စစ်ကြောင်းထိုးအပြီးမိုးသည်းထန်စွာရွာသွန်းနေသည့်ရေလယ်ကျွန်းဒေသ (photo- CJ)

👍13😁2
TikTok က ဥပဒေကို အပြည့်အဝ မလိုက်နာဟု မလေးရှား ပြော
=======================
တရုတ်ပိုင် လူမှုမီဒီယာ ပလက်ဖောင်းဖြစ်သော TikTok သည် မလေးရှား ဥပဒေအား အပြည့်အဝ လိုက်နာခြင်း မရှိဘဲ နိုင်ငံအတွင်း အသရေဖျက်မှုများနှင့် လွဲမှားစေသော အကြောင်းအရာများ ပြန့်နှံ့မှုကို ထိန်းချုပ်ဟန့်တားရေးတွင် ပို၍ လုပ်ဆောင်ရန် လိုအပ်နေသည်ဟု မလေးရှားဝန်ကြီးတဦးက ကြာသပတေးနေ့တွင် ပြောသည်။

👍4😁4
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၂ အောက်တိုဘာ၂၀၂၃)
=======================
အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့မနိုင်သည့်နယ်မြေများကို ဆန်သယ်ယူခွင့်မပေး ဘဲဖြတ် တောက်ခြင်း လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများနေထိုင်ရာကို ပစ်ခတ်ခြင်း၊ စစ်ရှောင်စခန်းမှန်းသိသိဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းသည် လက်နက်ကြီးများကိုင်ဆောင်ပြီး သူရဲဘော်ကြောင်သော လုပ်ရပ်ကို လုပ်နေခြင်းဖြစ်သည်။

👍6😁2
Human Rights Barometer |EU က မြန်မာစစ်ကောင်စီကို အရာသွင်းတဲ့ မူဝါဒပြောင်းသွားပြီလား
Human Rights Barometer |EU က မြန်မာစစ်ကောင်စီကို အရာသွင်းတဲ့ ...
https://www.youtube.com/watch?v=BEoc7h5_1yY

#HumanRightsBarometer #စကားဝိုင်း #HumanRightsBarometershorts #reels
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

Oct - 12 [ 7 Pm ] The Mizzima Primetime
Oct - 12 [ 7 Pm ] The Mizzima Primetime Mizzima Headline News #7pmnews #themizzimaprimetime #reels #shorts ...
https://www.youtube.com/watch?v=Z_Jtqo5J4sY

Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍3🤮1
အောက်တိုဘာလ (၁၂)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...စစ်ရေးတင်းမာနေတာကြောင့် ...
https://www.youtube.com/watch?v=zWmiRzMf75I

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...စစ်ရေးတင်းမာနေတာကြောင့် ကျိုက်ထီးရိုးဘုရားဖူးတွေကို PDFက လုံခြုံရေးသတိပေးလိုက်တဲ့ သတင်းနဲ့ အတူ ထိုင်းသံအမတ်ဟောင်းကို အသတ်ခံရမှု သံသယရှိသူကို ဖမ်းပေးဖို့ စစ်ကောင်စီဘက်ကို ထိုင်းအစိုးရက စာပို့ အကြောင်းကြားထားတဲ့သတင်း …
👍2🤮1
EU က မြန်မာစစ်ကောင်စီကို အရာသွင်းတဲ့ မူဝါဒပြောင်းသွားပြီလား | Human Rights Barometer - Episode 24
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ EU-ASEAN ...
https://www.youtube.com/watch?v=poLrtLlhtNo

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ EU-ASEAN အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားမှုဟာ EU က မြန်မာစစ်ကောင်စီကို အရာသွင်းတဲ့မူဝါဒချမှတ်လိုက်တာလား၊ စစ်ကောင်စီကို ဖိတ်ကြားမှုက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုးစားနေတဲ့ နိုင်ငံတက…
👍2😁2
အောက်တိုဘာလ ၁၂ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
အောက်တိုဘာလ ၁၂ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ...
https://www.youtube.com/watch?v=unPAHvOSMgc

————————————————————————————————————————
-လိုင်ဇာအနီးက မုန်လိုင်ခက်စစ်ရှောင်းစခန်းကို တိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့ စစ်ကောင်စီငြင်းဆိုလိုက်တဲ့သတင်း
-စစ်ကောင်စီက ၂နှစ်ကျော်အတွင်း…

👍4🍌2
ထိုင်းနိုင်ငံတဝန်း စီးနင်းရှာဖွေမှုအတွင်း တရားမဝင်သေနတ် ၂,၀၀၀ ကျော် သိမ်းဆည်းရမိပြီး သံသယရှိသူ ၁,၅၀၀ ကျော် ဖမ်းဆီးခံရ
=======================
ထိုင်းနိုင်ငံတွင် လူသေဆုံးသည့် ဘန်ကောက် ရှော့ပင်းမောလ် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပြီးနောက် နိုင်ငံတဝန်း သုံးရက်တာ ဖြိုခွင်းနှိမ်နင်းမှုတရပ် လုပ်ဆောင်ခဲ့ရာ ထိုင်းရဲများက တရားမဝင် သေနတ်အလက် ၂,၀၀၀ ကျော်နှင့် ကျည်ဆန် ၇၅,၀၀၀ ကို တွေ့ရှိသိမ်းဆည်းရမိပြီး သံသယရှိသူ ၁,၅၉၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင် ဖော်ပြသည်။

👍5👎1🔥1👏1