Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကန့်ဘလူမြို့နယ်တွင် ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင် ၆ ဦးသတ်ဖြတ်ခံရ
=======================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ မလယ်တိုက်နယ် ၊ ချောင်းရှည်အပိုင် ကျေးရွာတွင် ကိုးနှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်ခြောက်ဦး နေအိမ်အတွင်း၌ သတ်ဖြတ်ခံရထားကြောင်း ဒေသခံများထံမှ သိရသည်။

သတ်ဖြတ်ခံထားရသည့် မိသားစုဝင်များ၏ ရုပ်အလောင်းများကို အောက်တိုဘာလ ၈ ရက် နေ့လယ်ပိုင်းတွင် အခင်းဖြစ်ပွားရာ နေအိမ်သို့ အလည်လာသည့် ဒေသခံတဦးက တွေ့ရှိခဲ့ကြောင်း ဒေသခံကပြောသည်။

“စေ့ထားတဲ့ အိမ်တံခါးကို ဖွင့်ကြည့်လိုက်တော့ တိုင်နဲ့တွဲပြီး လက်ပြန်ကြိုးတုပ်ကာ ပါးစပ်တွေကို တိတ်ဝါနဲ့ ပိတ်ကပ်ထားတဲ့ ကလေးငယ်လေးနဲ့အတူ အသတ်ခံရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်” ဟု လုံခြုံရေးရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

အဆိုပါ သတ်ဖြတ်ခံရသူများမှာ အသက် ၅၀အရွယ် ဦးသန်းဆွေဝင်း ၊ အသက် ၄၈နှစ်အရွယ် ဒေါ်ဝင်းမေ ၊ အသက် ၃၂နှစ်အရွယ် ဒေါ်နှင်း ၊ အသက် ၂၉နှစ်အရွယ် မောင်စိန်ပန်း ၊ အသက် ၁၄နှစ်အရွယ် မောင်စွမ်းဇာနည် နှင့် အသက် ၉နှစ်အရွယ် မမြနှင်းဝေ တို့ ဖြစ်ကြပြီး အသက်တနှစ်အရွယ် အမျိုးသမီးကလေးငယ် တဦးသာလျှင် အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါသတ်ဖြတ်ခံရသည့် မိသားစုမှာ တောင်သူအလုပ်ဖြင့် လုပ်ကိုင်အသက်မွေးနေကြသူများဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ရွာမှာငယ်ငယ်ကတည်းက နေထိုင်နေတဲ့ သူတွေဆိုတော့ အကျင့်စရိုက်ကို ကောင်းကောင်းသိပါတယ်။ မိရိုးဖလာ တောင်သူတွေ ဖြစ်ကြတယ်” ဟု အခြားဒေသခံ တဦးက ပြောသည်။
မည်သည့်အဖွဲ့က သတ်ဖြတ်သွားခြင်းဖြစ်သည်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပ.လ.ဖ) တို့ကို အကြောင်းကြားထားရာ တာဝန်ရှိသူများက စစ်ဆေးနေကြောင်းလည်း သိရသည်။

“စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတာတော့ ရှိပါတယ်ဗျ ။ အခု အချိန်ထိတော့ တရားခံ အစစ်အမှန်ကို မသိရသေးဘူး “ ဟု ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။
ယင်းဖြစ်စဉ်များနှင့်အတူ ကန့်ဘလူမြို့နယ် မြေမွန်အုပ်စု ၊ သရက်ချောင်း ကျေးရွာတွင်လည်း လွန်ခဲ့သည့် လအနည်းငယ်က မိသားစုဝင်သုံးဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ အမှုမှန် မပေါ်ပေါက်သေးကြောင်း ဒေသခံများနှင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#သတ်ဖြတ်မှု
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢4🤬3❤1
​​13.10.2023 ( Friday ) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================

Highlight

မျဉ်းပြိုင်တေသွား (ညနေ - ၆ နာရီ)
ကိုယ်ရယ်မင်းရယ် သီချင်းရယ် (ည- ၇ နာရီ)
India Movie -Laal.Singh.Chaddha ( ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍7🔥1
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း နဲ့ ဂျပန် အထူးကိုယ်စားလှယ်တို့ မြန်မာနိုင်ငံကို လာရောက်မည်
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဂျပန်အစိုးရ ...
https://www.youtube.com/watch?v=qHV5P0iA9OQ
👍7🔥2😁2🖕2
မိုင်းရှူးမြို့နယ်က မူလတန်းကျောင်းသူ ကျောင်းတွင် ရိုက်နှက်ခံရ၍ ဆေးကုသမှုခံယူ
😢5👍2😁1
မိုင်းရှူးမြို့နယ်က မူလတန်းကျောင်းသူ ကျောင်းတွင် ရိုက်နှက်ခံရ၍ ဆေးကုသမှုခံယူ
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဟိုနမ့်ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသူ အသက် ခုနစ်နှစ်အရွယ် နန်းငင်းနွံသည် ကျောင်းတွင် ဆရာမ၏ ရိုက်နှက်ခြင်းခံရ၍ ဆေးကုသမှုခံယူနေရသည်ဟု မိသားစုနှင့်နီးစပ်သူတဦးက မဇ္ဈိမကိုပြောသည်။

“ကျောင်းက ကလေးတွေက အဘိုးအဘွားတွေကိုလာပြောတာပေါ့နော့။ ကျောင်းမှာ ဆရာမက စာမရလို့ဆိုပြီး ခေါင်းကို တုတ်နဲ့လည်းရိုက်တယ် ခြေထောက်နဲ့လည်းထိုးတယ်။ အိမ်မပြန်နိုင်လို့ လာခေါ်ပါဆိုပြီး သူ့အဘိုးက သွားခေါ်ရတယ်။ အခုဆေးရုံကိုရောက်တာ လေးရက်ရှိပြီတဲ့” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ငါးရက်ခန့်က နန်းငင်းနွံ့အား ၎င်း၏ ဆရာမဖြစ်သည့် အသက် ၃၀ ကျော်အရွယ် နန်းလွန်းဆိုသူက ကျောင်းတွင် စာမရသောကြောင့်ဟု ဆိုကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကလေးငယ်မှာ ခိုလမ်မြို့ ကုတင် (၈၀၀) စစ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

နန်းငင်းနွံ့၏ မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး နန်းငင်းနွံ့မှာ အဘိုးအဘွားများနှင့် နေထိုင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ကလေးငယ်မှာ ဆေးရုံတွင် စောင့်ကြည့်ဆဲ အခြေအနေဖြစ်ပြီး ရိုက်နှက်ခံရသည်မှာ ဦးခေါင်းတွင်သာ ရိုက်နှက်ခံထားရခြင်းဖြစ်ကာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဒဏ်ရာမရှိကြောင်းနှင့် ဦးခေါင်းနှင့် မျက်နှာတွင် ညိုမည်းစွဲဒဏ်ရာများ များစွာရှိနေကြောင်း သိရသည်။

“မနေ့ကတော့ ကျူးလွန်တဲ့ဆရာမ နန်းလွန်းရဲ့ အဖေနဲ့အမေ ဆေးရုံကိုလာကြည့်တယ်ပြောတယ်။ နန်းလွန်းတော့ ပါမလာဘူး။ မိုင်းရှူး ပညာရေးမှူးရုံးက ကလေးမိဘတွေကို ဆက်သွယ်တယ်ဆိုပေမယ့် ဆေးရုံကို လာမကြည့်ဘူး။ ကျူးလွန်တဲ့ဆရာမကို ဘယ်လိုအရေးယူပေးမယ်ဆိုတာလည်း ဘယ်သူကမှ ဘာမှမပြောကြဘူး” ဟု နန်းငင်းနွံ့၏ မိသားစုနှင့်နီးစပ်သူက မဇ္ဈိမကိုပြောသည်။

နန်းငင်းနွံ့၏ အဘိုးအဘွားများမှာ ကျေးရွာတွင်နေထိုင်ကြသူများဖြစ်၍ အသက်ကြီးသူများဖြစ်သည့်အလျောက် ယခုကဲ့သို့ ကလေးငယ်ရိုက်နှက်ခံရခြင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုများအား လုပ်ဆောင်နိုင်စွမ်းမရှိကြကြောင်းလည်း ဒေသခံများကပြောသည်။

"ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာမပြောနဲ့ စိတ်ပိုင်းဆိုင်ရာအရပါ ဆရာ၊ဆရာမတွေရော မိဘတွေရော အကြမ်းဖက်ခွင့် မရှိဘူး။ အပြစ်ပေးတာတွေထက် စိတ်ခံစားချက်တွေ ပါနေကြတာ။ အဲ့ဒီဖြစ်ရပ်ကိုကျွန်မတို့လည်း တွေ့လိုက်ပါတယ်။ ဒီလောက်ကလေးငယ်လေးကို အငြိုးတကြီးနဲ့ ရိုက်ထားသလိုပဲ" ဘားအံ့မြို့နယ်မှ CDM ကျောင်းဆရာမတဦးကပြောသည်။

ထို့အပြင် ကလေးစိတ်ပညာကိုလည်း နားလည်အောင်လေ့လာကြရမှာ ဆရာ၊ ဆရာမတိုင်း၊ မိဘတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ကလေးများ ကိုင်တွယ်ရခက်ခဲနေခြင်းမှာ ကလေး၏ အပြစ်မဟုတ်ဘဲ ဆရာ၊ ဆရာမများ၏ အပြစ်သာဖြစ်ကြောင်းနှင့် မိမိ၏ စိတ်ခံစားချက်ပေါ်မူတည်၍ ကလေးများအား မပြုမူကြရန်လည်း CDM ကျောင်းဆရာမကပြောသည်။

ပုံအညွှန်း - ဆေးရုံတွင်ဆေးကုသမှုခံယူနေရသည့် နန်းငင်းနွံ
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ရှမ်းပြည်နယ်
#မိုင်းရှူးမြို့နယ်
#ရိုက်နှက်မှု
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬17👍4❤1😁1
မိုင်းရှူးမြို့နယ်က မူလတန်းကျောင်းသူ ကျောင်းတွင် ရိုက်နှက်ခံရ၍ ဆေးကုသမှုခံယူ
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဟိုနမ့်ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသူ အသက် ...
https://ift.tt/6w2lGiv
😁2👍1😢1
အစ္စရေးမှကယ်ထုတ်လာတဲ့ထိုင်းတွေ အိမ်ပြန်ရောက်
အစ္စရေးမှကယ်ထုတ်လာတဲ့ထိုင်းတွေ အိမ်ပြန်ရောက်#InternationalNews#Mizzima-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FGJp-DSDGY8A&h=AT2U5T3yEHzRpjI71b0Sdh9fT5nJqhrGvAs9HoEf4a75jXGDHkGvUX1rZWEaxcA3WNV-hVI8Clqkr0oj7_gZf2TQDDHgrF4ZgykEiUozReKUTK9MYgrJ0TS36Dr_M7eY&s=1
👍1🔥1
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ ၁.၇ သန်းခန့်ရှိလာ
မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ သန်းနီးပါးရှိလာခဲ့ပြီး အဲဒီထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ ၂၀၂၁...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F68DbYENLW0Y&h=AT04AY9XkLlqo5qQwi41FHM9wE1AUIJA_sJ0BR06CGMKUpZ1qcgxGLvac21eDUSPmH1Umy5u6eh-jQVoV6xvRR8chOIOZRdSmn_arU6WXBL1SqzYI6wftPTk1IC9Omrf&s=1
👍2🔥1😢1