Golden Boy ဆုအတွက် ဆန်ကာတင်စာရင်းမှာ ဂျုဒ် ဘယ်လင်ဟမ်နဲ့အတူ မန်ယူနှင့် ချယ်လ်ဆီးအသင်းမှ လူငယ်များ ပါဝင်
🔥3

==============
By PKThawn
ရီးယဲလ်မက်ဒရစ် ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်၊ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရာ့စ်မတ်စ် ဟော့ချ်လန်နဲ့ ချယ်လ်ဆီး နောက်ခံလူ လီဗီ ကိုလ်ဝီလ်တို့ဟာ ၂၀၂၃ Golden Boy ဆုအတွက် နောက်ဆုံး ဆန်ခါတင် ၂၅ ဦး စာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။
ဒီဆုကို ပြီးခဲ့တဲ့ ၁၂ လအတွင်း ဥရောပရှိ အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစားသမားကို ပေးအပ်ချီးမြှှင့်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒီဆုကို ဘာစီလိုနာကြယ်ပွင့် ဂါဗီက ရရှိခဲ့ပါတယ်။ ဒီနွေရာသီမှာ ကစားသမား အယောက် ၁၀၀ ကို ဆန်ခါတင်စာရင်းသွင်းခဲ့ပြီး ယခု ဒီဇင်ဘာလမှာ အခမ်းအနားမစတင်ခင် ၂၅ ဦးအထိ ဆန်ခါချခဲ့တာဖြစ်ပါတယ်။
ဒီဆုကို အီတလီသတင်းစာ Tuttosport မှ ၂၀၀၃ မှာ စတင်တည်ထောင်ခဲ့ပြီး ယခင်ဆုရရှိသူတွေထဲမှာ အာလင်း ဟာလန်း၊ ကိုင်လီယန် အမ်ဘာပေ၊ လီယွန်နယ် မက်ဆီနဲ့ ဝိန်းရွန်နီတို့ ပါဝင်ခဲ့ပါတယ်။ ဘယ်လင်ဟမ်၊ ဟော့ချ်လန်နဲ့ ကိုလ်ဝီလ်တို့ဟာ Golden Boy Index မှ ဆုံးဖြတ်တဲ့ နောက်ဆုံးဆန်ခါတင် ၂၀ ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
ဂါဗီဟာ ဒေတာနဲ့ ခွဲခြမ်းစိတ်ဖြာမှု ပလပ်ဖောင်း Football Benchmark မှ အကဲဖြတ်တဲ့ အညွှန်းကိန်းဖြင့် စတုတ္ထအဆင့်မှာ ရှိနေပေမယ့် ပြီးခဲ့တဲ့နှစ်များအရ သူ့ကို ယခုဆန်ကာတင်စာရင်းမှာ ထည့်သွင်းမပြုတော့ဖြစ်ပါတယ်။ Tuttosport ဂျာနယ်လစ်တွေမှ အမည်စာရင်းတင်သွင်းထားတဲ့ မျက်နှာသစ်ကစားသမား wildcard ၅ ဦးလည်း ပါရှိပါတယ်။
ရီးယဲလ်မက်ဒရစ်မှ အာဒါဂူလာ၊ ဂျန့်မှ ဘီလာ အယ်လ်ခါနူးစ်၊ ဒိုင်နမို ဇာဂရက်မှ မာတင် ဘာတူရီနာ၊ ဘင်ဖီကာမှ ဂျော်အို နေးဗက်စ်နဲ့ ဘာစီလိုနာမှ လမိုင်း ယာမယ်လ်တို့ဟာ ယခုနှစ်ရဲ့ wildcard စာရင်းမှာပါဝင်ခဲ့တာပါ။
ဟော့ချ်လန်၊ ကိုလ်ဝီလ်တို့နဲ့အတူ ဘရိုက်တန်တိုက်စစ်မှူး အီဗန်ဖာဂူဆန်၊ နွေရာသီအပြောင်းအရွှေ့ကာလက AZ Alkmaar မှ ပြောင်းရွှေ့လာခဲ့တဲ့ ဘုန်းမောက်နောက်ခံလူ မီလော့စ်ကေ့ဇ်တို့ဟာ ကစားသမား ၂၅ ဦးအနက် ပရီးမီးယားလိဂ်မှ ၎င်းတို့ ၄ ဦး ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
လာလီဂါနဲ့ ဘွန်ဒက်လီဂါတို့ဟာ ဆန်ခါတင် ၅ ဦးဖြင့် အများဆုံးဖြစ်ပြီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာတို့က နောက်ဆုံးဆန်ခါတင် တစ်ဦးစီထက် ပိုများနေပါတယ်။ ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်မှာ တူရင်မှာ ကျင်းပမှာဖြစ်ပြီး ဆုရရှိသူကို နိုဝင်ဘာလမှာ ကြေညာမှာဖြစ်ပါတယ်။
ဘယ်လင်ဟမ်ဟာ ဇွန်လမှာ ရီးယဲလ်မက်ဒရစ်သို့ မပြောင်းရွှေ့ခင် ဒေါ့မွန်အသင်းမှာ ထူးချွန်တောက်ပခဲ့သူဖြစ်ပြီး ယခုနှစ်ဆုအတွက် ရေပန်းအစားဆုံးကစားသမားဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ ဘာနေဗျူးမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေ အချိန်နဲ့အမျှ ပိုကောင်းလာခဲ့ပါတယ်။
Ref; Mirror
Photo: EPA
#goldenboy #ဘယ်လင်ဟမ် #bellingham

👍2🔥1
ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဘုရားဝတ်ပြုခြင်း ကန့်သတ်မှုများရှိဟုဆို
================
(မဇ္ဈိမ)
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် ယခုရက်ပိုင်း နေအိမ်များ၊ ဘုရားကျောင်းများအချို့၌ ဘုရားဝတ်ပြုရှိခိုးခြင်းများ မပြုလုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံတားဆီးနေသည်ဟု သိရသည်။
ချင်းလူမျိုးခရစ်ယာန် အများစုနေထိုင်သည့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တရားလိုပြုလုပ်တိုင်တန်းသည့် အသင်းတော်များလည်းရှိနေသည်ဟု သိရသည်။
‘’ကျွန်တော်တို့ ရန်ကုန်ရောက် ချင်းတွေကို ပစ်မှတ်ထားသလိုတောင်ဖြစ်နေတယ်။ ပြီးခဲ့တဲ့အပတ်ကဆို ထောက်ကြန့်ဘက်ခြမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးက ဘုရားကျောင်းရှေ့လာပြီး ငါ့အပိုင်ထဲမှာ ချင်းတွေ ရှုပ်ရှုပ်ယှက်ယှက် လာမလုပ်ကြနဲ့ဆိုသလိုမျိုး ပြောသွားတယ်။ တခါ ရွှေပြည်သာမှာဆိုရင်လည်း ဘုရားကျောင်းမှာ လူငယ်တွေ သီချင်းတိုက်နေကြတာကို ရဲစခန်းကလာဖမ်းခေါ်သွားတယ်၊ နောက်တော့ပြန်လွတ်ပေးလိုက်တယ်။ နောက်တခါ ဘုရားရှိခိုးရင် ခွင့်ပြုချက်မရှိဘဲ မခိုးရဘူး ဖမ်းခံရမယ်ဆိုပြီးပြောသွားတယ်။" ဟု အမှုတော်ဆောင် တဦး က ပြောသည်။
အသင်းတော်များအနေဖြင့် ဘုရားရှိခိုးကျောင်းများဆောက်လုပ်ရန်အတွက် သာသနာရေး၊ စည်ပင်နှင့် ဌာနဆိုင်ရာ အသီးသီးတွင် အဆင့်ဆင့်ဆောက်လုပ်ခွင့်တင်သည့်အခါတွင်လည်း ဆောက်လုပ်ခွင့်များ ချမပေးခြင်းကြောင့် ရန်ကုန်ရှိ ခရစ်ယာန်အသိုင်းအဝိုင်းအနေဖြင့် နေအိမ်၊တိုက်ခန်းများတွင်သာ စုဝေးပြီး ဝတ်ပြုကိုးကွယ်ခြင်းများ လုပ်နေရသည်ဟုသိရသည်။
‘’ခွင့်ပြုချက်မရှိဘဲ နေအိမ်မှာဘုရားရှိခိုးရင်ဘာဖြစ်လဲဆိုတော့ အဖမ်းခံရတယ်ပေါ့။ ပြီးခဲ့တဲ့နှစ်မှာလည်း အသင်းတော် ပါစ္စတာတပါးကို မြောက်ဒဂုံမှာ ဖမ်းဆီးတာခံရတယ်။ ဆွဲတဲ့အမှုကတော့ ပတ်ဝန်းကျင်ကနေ တိုင်လို့ ဆူညံလို့ ဖမ်းတာပေါ့။ ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးလုပ်တယ်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်အောင်လုပ်တယ်၊ ဒီလို ခေါင်းစဉ်တပ်ပြီးအမှုဆွဲခံရတယ်။ တကယ်တော့ ကျွန်တော်တို့ ခရစ်ယာန်တွေက တပတ်တရက်ပဲ အချိန်ပိုင်းဝတ်ပြုဘုရားရှိခိုးကြတာလေ။ အခုဆိုရပ်ကွက် ထဲမှာတခြားသောဘာသာဝင်တွေ ဆူညံနေအောင် လော်စပီကာတွေ ဖွင့်နေတာပဲလေ။ ကျွန်တော်တို့တွေလည်းနိုင်ငံသားပဲ၊ အတူတူတော့ခံစားခွင့်၊လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသင့်တာပေါ့’’ဟု မြောက်ဒဂုံရှိ ခရစ်ယာန်ဘာသာဝင်တဦးကဆိုသည်။
ပြီးခဲ့သည့်မေလ ၁ရက်နေ့က ထုတ်ဝေသည့် အမေရိကန်အစိုးရ၏ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်(USCIRF) ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာတွင် မြန်မာနိုင်ငံကို တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတွေနဲ့အတူ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှု စိုးရိမ်ရတဲ့နိုင်ငံ Country of Particular Concern (CPC) အဖြစ် သတ်မှတ်ထားရှိသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#USCIRF
#ရန်ကုန်တိုင်း
#ဘုရားဝတ်ပြုခြင်း
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10❤2🤬2😢1
မန္တလေးတွင် မိုးသည်းထန်စွာရွာ၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့ ရေကြီးရေလျှံ
👍4🔥1

==================
007
(မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေ့လယ် ၁ နာရီအထိ ရေမကျသေးကြောင်း သိရသည်။
ယနေ့ နံနက် ၂ နာရီကျော်မှ နံနက် ၆ နာရီဝန်းကျင်အထိ လေးနာရီကြာမိုးသည်ထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် မြို့တွင်းတစ်လျှောက်၊ ၃၅ လမ်းနှင့် ၇၃ လမ်း၊ ၃၅ လမ်းနှင့် ၆၂ လမ်း၊ လမ်း ၃၀ ဘူတာကြီး ရှေ့၊ သိပ္ပံလမ်းနှင့် ၆၂ လမ်းဆုံရာမီးပွိုင့် ဝန်းကျင်တွင် ရေကြီးရေလျှံခဲ့ကြောင်း သိရသည်။ ထို့ပြင် ၇၃ လမ်း(လမ်း ၃၀ နှင့် ၃၈ လမ်းကြား)၊ ၅၆ လမ်း၊ ၅၇ လမ်း၊ ၅၈ လမ်းတို့တွင်နှင့် ၃၆ လမ်းမှ ၃၉ လမ်းကြားဝန်းကျင်နေရာများတွင် ရေကြီးရေလျှံခဲ့ကြောင်း သိရသည်။
“အမေစု လက်ထက်တုန်းက မဖြစ်ဖူးဘူး။ ဒါတွေက အခုမှ စဖြစ်တာ။ အမေစုလက်ထက်တုန်းက၊ ချောင်းတွေဆို ရင် သန့်ရှင်းရေးအမြဲလုပ်တယ်။ အမှိုက်တွေဆယ်ပြီး အကျယ်ကြီးလုပ်ပစ်လိုက်တာ။ အဲဒီကျတော့ ရေစီးက သူ့ဟာနဲ့သူ အဆင်ပြေသွားတာ။ အပေါ်ကိုမတက်တော့ဘူး။ အခုကျတော့ ချောင်းဆယ်သူလည်း မရှိ မြောင်း ဆယ်သူလည်း မရှိဆိုတော့ ရေတွေအကုန်ဝင်ကုန်တာ။ ရေဝင်တဲ့ ရပ်ကွက်တွေမှာ ဘာကူညီကယ်ဆယ်ရေးမှ မရှိဘူး” ဟု ချမ်းမြသာစည်မြို့နယ်(မြို့သစ်) မြရည်နန္ဒာရပ်ကွက် ဒေသခံကပြောသည်။
အလားတူ၊ မြို့သစ် ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် လည်း နေ့လယ်ပိုင်းအချိန်အထိ ရေပြန်ကျမသွားသေးကြောင်း ဒေသခံများကဆိုသည်။
မတ္တရာ၊ စဉ့်ကူးနဲ့တံတားဦးမြို့တို့တွင်လည်း အလားတူရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မန္တလေးနှင့်အနီးတစ်ဝိုက်တွင် လာမည့် ၂၄ နာရီအတွင်း နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက် ၇ နာရီတွင်ကြေညာထားသည်။
ပုံအညွှန်း- မန္တလေးမြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့တွင် ရေကြီးရေလျှံမှုဖြစ်နေသည်(ဓာတ်ပုံ- CJ)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မန္တလေး
#ရေကြီးရေလျှံ

👍4🔥1😱1
စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ KNU ပြော
===================
မဇ္ဈိမ
မကြာခဏ လူအစားထိုး လဲလှယ်တာတွေ လုပ်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီဟာ စစ်အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော် ကြာလာတဲ့အချိန်မှာ နိုင်ငံရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲတွေမှာ အထိနာတဲ့အပြင် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု၊ ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှု အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။
လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို စစ်ကောင်စီက ခမ်းခမ်းနားနား ကျင်းပဖို့ ပြင်ဆင်နေတာပါ။
ဒီလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေပေမယ့် အာဏာသိမ်း စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါ် မရှိတော့ဘူးလို့လည်း KNU က ပြောပါတယ်။
KNU ပြောခွင့်ရသူ ပဒိုစောတောနီးနဲ့ မဇ္ဈိမ သီးသန့် အင်တာဗျူး အပြည့်အစုံကို အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ Mizzima TV နဲ့ တခြား Mizzima platforms တွေမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/6pzFdO3gNHA?si=n1MBKYlW-yEqkAup
#Mizzima
#KNU
#စစ်ကောင်စီ
#NCA
----------------------

YouTube
စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ KNU ပြော
မဇ္ဈိမ
မကြာခဏ လူအစားထိုး လဲလှယ်တာတွေ လုပ်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီဟာ စစ်အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်…

👍17🤣2❤1
အစ္စရေး-ဟားမက်ဇ်ပဋိပက္ခအတွင်း တရုတ်နိုင်ငံသား သုံးဦးသေဆုံး
အစ္စရေး-ဟားမက်ဇ်ပဋိပက္ခအတွင်း တရုတ်နိုင်ငံသား သုံးဦးသေဆုံး ...
https://www.youtube.com/watch?v=ju69SuJ9tGQ

#InternationalNews#reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍7🔥1
အစ္စရေးကို ဟားမက်ဇ်နဲ့ပူးပေါင်းတိုက်ခိုက်မယ့်ရန်သူမျိုး မတွေ့ရသေးကြောင်း အမေရိကန်ပြော
အစ္စရေးကို ဟားမက်ဇ်နဲ့ပူးပေါင်းတိုက်ခိုက်မယ့်ရန်သူမျိုး ...
https://www.youtube.com/watch?v=PJHmUACfvFo

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

🔥3👍1
စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ KNU ပြော
မဇ္ဈိမ မကြာခဏ လူအစားထိုး လဲလှယ်တာတွေ လုပ်နေရတဲ့ အာဏာသိမ်း ...
https://www.youtube.com/watch?v=6pzFdO3gNHA
မဇ္ဈိမ မကြာခဏ လူအစားထိုး လဲလှယ်တာတွေ လုပ်နေရတဲ့ အာဏာသိမ်း ...
https://www.youtube.com/watch?v=6pzFdO3gNHA
YouTube
စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ KNU ပြော
မဇ္ဈိမ
မကြာခဏ လူအစားထိုး လဲလှယ်တာတွေ လုပ်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီဟာ စစ်အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်…
မကြာခဏ လူအစားထိုး လဲလှယ်တာတွေ လုပ်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီဟာ စစ်အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်…
👍16😁3
မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များထံ UNHCR ဝန်ထမ်းယောင်ဆောင်ပြီး ငွေကြေးလိမ်လည်မှုရှိနေဟုဆို
=================
(မဇ္ဈိမ)
မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသည့် ချင်းဒုက္ခသည်များထံမှ UNHCR ၏ ဝန်ထမ်းအယောင်ဆောင်ကာ ငွေကြေးလိမ်လည်မှုများ ရှိနေသည်ဟု မလေးရှားCommunity အဖွဲ့အစည်းထံမှသိရသည်။
‘’ငွေလိမ်တာတွေကတော့ အမျိုးမျိုးပဲရှိတယ်၊ အခုတော့ UN ကဒ်ကိုင်ထားတဲ့ ချင်းဒုက္ခသည်တွေကို ပစ်မှတ်ထားလာကြတယ်။ ပြီးတော့ လိမ်တဲ့သူတွေကလည်း ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အဖွဲ့အစည်းတွေအကြောင်းတော်တော်လေးသိထားတယ် ပြောရမယ်။ ဒါကြောင့် အလိမ်ခံရတဲ့သူကလည်း ယုံကြတာပေါ့။ အခုမလေးရှားမှာ ရောက်နေတဲ့သူတွေ အများစုက ဘယ်နေ့ UNရုံးက ဖုန်းခေါ်မလဲဘဲ စောင့်နေကြတာလေ။ ပြီးတော့ အလိမ်ခံရတဲ့သူတွေကလည်း တချို့က အိုဗာစတေး စာအုပ်မရှိကြဘူး UNကဒ်ပဲကိုင်ထားကြတာ။ ဒီတော့ ရဲစခန်းလည်းသွားပြီး အမှုဖွင့်မတိုင်ကြားရဲဘူး၊တကယ်လို့ အလိမ်ခံရရင်တော့ သက်ဆိုင်ရာကိုယ့်ရဲ့ Community အဖွဲ့အစည်းမှာပဲ အကူညီတောင်းဖို့လိုမယ်’’ဟုလည်း မလေးရှား Communityအဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးက ဆိုသည်။
WhatsApp မှတဆင့် မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များကို ဆက်သွယ်ကာ ပြန်လည်နေရာချထားရေးဆိုင်ရာ အင်တာဗျူး၊ မှတ်ပုံတင်ခြင်းဆိုင်ရာ အင်တာဗျူး ရက်ချိန်းများနှင့် UNHCR စာရွက်စာတမ်းများအတွက် ဘဏ်အကောင့်တခုသို့ ရင်းဂစ် ၃၀၀ မှ ၅၀၀ ကြား လွှဲပြောင်းပေးရန် လိမ်လည်မှုများ ကြုံတွေ့နေရသည်ဟု သိရသည်။
‘’အမျိုးသမီးတဦးက UNHCR ရုံးမှာရှိတဲ့ မှတ်ပုံတင်ရေးနှင့်ပြန်လည်နေရာချထားရေးငှာနအတွက် တာဝန်ထမ်းဆောင်သူနေဖြစ်ကြောင်း လိမ်လည်ပြောဆိုမှုများရှိနေသဖြင့် ၎င်းသည် လိမ်လည်မှုတခုဖြစ်ပြီး၊ UNHCR သည် ၎င်း၏ဝန်ဆောင်မှုများအတွက် အပြန်အလှန်အားဖြင့် မည်သည့်အခါမျှ ငွေကြေးတောင်းခံမည်မဟုတ်ဘဲ အကယ်၍ ငွေကြေးအတွက် အပြန်အလှန်အားဖြင့် UNHCR ၏ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်သည်ဟု တစုံတဦးမှ ဆက်သွယ်လာပါက ရဲနှင့် UNHCRသို့ အကြောင်းကြားကြရန် ‘’Alliance Of chin Refugees က ကြေညာထားသည်။
လက်ရှိမလေးရှားနိုင်ငံတွင် ချင်းလူမျိုးများကိုကူညီရန် ဖွဲ့စည်းထားသည့် သက်ဆိုင်ရာမြို့နယ် Community အလိုက် အဖွဲ့အစည်းများရှိကြပြီး ချင်းလူမျိုးများအားလုံးပါဝင်သည့် (ACR)Alliance Of chin Refugees နှင့် CRC (Chin Rufugee Committee)တို့ထံတွင် စာရင်းပေးသွင်းထားသည့် ချင်းဒုက္ခသည် တသိန်းကျော်ရှိသည်ဟုလည်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မလေးရှားနိုင်ငံ
#ဒုက္ခသည်
#UNHCR

👍3😁3👎1😱1
အောက်တိုဘာလ( ၁၃ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:56-ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း နဲ့ ဂျပန် ...
https://www.youtube.com/watch?v=glI1x-B-3e8

00:56-ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း နဲ့ ဂျပန် အထူးကိုယ်စားလှယ်တို့ မြန်မာနိုင်ငံကို လာရောက်မယ့်သတင်း
03:40-မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CDM ကျောင်းဆရာမကို စစ်ကောင်စီတပ်က ဖမ်းဆီးတဲ့သတင်း
04:47-စစ်အာဏာသိမ်းမှုကြောင့် ပြည်တွ…

😁3👍1
ငွေကြေးဖောင်းပွမှုပြန်လည်မြင့်တတ်လာခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ပြော |Business Roundup(13.10.2023)
ငွေကြေးဖောင်းပွမှုပြန်လည်မြင့်တတ်လာခဲ့ကြောင်း ...
https://www.youtube.com/watch?v=gasx4Tq9oLY

- ငွေကြေးဖောင်းပွမှုပြန်လည်မြင့်တတ်လာခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ပြော
- ယခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းများ ပိတ်သိမ်းမှု များလာ
- ပြည်တွင်းဆန်ဈေး မြင့်တက်ခြင်းကြောင့် ဆန်ပြည်ပတင်ပို့မှု လျော့ကျနေကြောင်း ဆန်စပါးအသင်းပြော
- ပြည်တွင်း ရွှေဈေးနှုန်းမြင့်တတ်လာနေ…

😁3👍2😱1
October - 13 [4 Pm] Mizzima News Hour
October - 13 [4 Pm] Mizzima News Hour Mizzima Headline News #4pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=sT3gRKJavd4

Mizzima Headline News
#4pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…